BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, March 8, 1993

UNTITLED

အမည်မဲ့

အောင်ဒင်/ဒတ္ထ

မင်္ဂလာပါမိတ်ဆွေ
တနင်းတပိုး ထမ်းရွက်လာတဲ့
မေးခွန်းတွေကို ဘေးမှာချ
ရိုဖရဲဖြစ်နေတဲ့
အသက်ရှူသံကို တည့်မတ်လို့
လေ
ညင်းရဲ့ လတ်ဆတ်မှုထဲ
ခင်ဗျားခိုင်မြဲနိုင်ပါစေ
..

ခွင့်လွှတ်ပါ။
ဘာကိုမှ ရှင်းမပြချင်တော့တာဟာ
ကျေနပ်စရာတစ်ခုပမာ
ကျွန်
တော် ဆေးလိပ်ဖြတ်လိုက်ပါပြီ။

ခံစားချင်တယ်ဆိုရင်တော့
ဟောဒီမှာ
…. ကျွန်တော်ရေးဖွဲ့ထားတဲ့
နွေဦးပေါက်ကဗျာကို ဖတ်ပါ
အနှစ်သုံးဆယ် ကြေကွဲခဲ့သမျှ
တစ်ပိုင်းတစ်စ ဒိုင်ယာရီကိုဖတ်ပါ
ပြီး
မှတ်မိသမျှနဲ့ နှိုင်းယှဉ်
ပရိုမီးသီးရပ်စ် လောက်
ကျွန်တော်မနာကျင်ခဲ့ပါဘူး။

ဒီ့ထက်ပိုပြီး
ခံစားချင်သေးတယ်ဆိုရင်တော့
ကျွန်တော့်ဘဝကို ရှင်းလင်းဖော်ပြစရာ
စာကြောင်းတချို့ရှိလေ
ရဲ့။

ဒီလိုလေ ….
ဘယ်သူ့အတွက်ရယ်လို့ မရည်ရွယ်ဘဲ
လင်းလက်နိုင်သမျှ
ရဲ့ အဆုံးစွန်
ဝင်းပနေတဲ့ ကောင်းကင်ကြီးကလှလို့
….

ကျွန်တော်ကတော့ …
အဲဒီဖြစ်ပျက်သမျှကို ငေးမောတမ်းမက်
အားလုံးအတွက်ရည်စူး
နွေဦးပေါက်ကဗျာ ရေးဖွဲ့ချင်သူပေါ့ ။