BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, August 1, 2006

Of Economic Sanctions

မိတ်ဆွေများသို့ အလွမ်းမှတ်တမ်း
အောင်ဒင်

(၃) စီးပွားရေးပိတ်ဆို့မှုအကြောင်း

သြဂတ်စ် ၁၊ ၂ဝဝ၆။
မေရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

၁။ မိတ်ဆွေတို့ရေ

အခုစာရေးနေတဲ့အချိန်မှာပဲ အမေရိကန် သမ္မတ အိမ်ဖြူတော်ကနေ ကြေငြာချက်တခု ထုတ်ပြန်တာကို ကြားလိုက်ရတယ်။ ဇူလိုင်လ(၁၁) ရက်နဲ့ ဇူလိုင်လ (၂၆) ရက်တွေမှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အသီးသီးက တခဲနက်ထောက်ခံအတည်ပြုခဲ့ကြတဲ့ မြန်မာနိုင်ငံက နအဖ စစ်အုပ်စု အပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခက်မှုကို နောက်ထပ် သက်တမ်း၃နှစ်တိုးရေး ဥပဒေမူကြမ်းကို သမ္မတ ဘွတ်ရှ်(Bush့) က လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့အကြောင်းသတင်းထုတ်ပြန်ချက်ပါပဲ့  ။

၂ဝဝ၃ခုနှစ်မှာ နအဖစစ်အုပ်စုရဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးကို တုန့်ပြန်ဒဏ်ခက်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ကွန်ဂယက်လွှတ်တော်ကနေ ချမှတ်အရေးယူထားတဲ့ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှုဟာ ၂ဝဝ၉ခုနှစ်အထိ ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။

မိတ်ဆွေတို့ရေ

အဲ့ဒီနေ့၊ ဇူလိုင်လ (၂၆) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အထက်လွှတ်တော် စည်းဝေးခန်းမကြီးထဲမှာ မြန်မာနိုင်ငံနဲ့ပက်သက်တဲ့ ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ကြမယ်ဆိုတာ ကြိုတင်သိထားခဲ့ပါတယ်။ မနက် ၉းဝဝ နာရီကစပြီး အထက်လွှတ်တော်အမတ်ကြီးတွေဟာ ကမBာအရေး၊ အမေရိကန်ပြည်သူများရဲ့အရေးကိစ္စတွေကို လေးလေးနက်နက်၊ ပြင်းပြင်းထန်ထန်၊ ဝေဖန်ဆွေးနွေးကြ၊ ငြင်းခုံကြ၊ ကန့်ကွက်ကြနဲ့ ဥပဒေမူကြမ်းတွေကို မဲခွဲဆုံးဖြတ်နေကြတာပါ။

ခင်ဗျားတို့သိကြတဲ့အတိုင်းအမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကကို ရီပတ်ဘလီကန်ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီ ဆိုတဲ့ နိုင်ငံရေးပါတီကြီး ၂ခုက လွှမ်းမိုးထားကြတာပါ။ အောက်လွှတ်တော်, အထက်လွှတ်တော် နှစ်ရပ်ပေါင်းကို ကွန်ဂရက် လို့ခေါ်ပြီး ဥပဒေပြုအာဏာကို ကိုင်တွယ်ထားတာပါ။ ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်၊ အထက်လွှတ်တော် ၂ရပ်စလုံးက အတည်ပြုထောက်ခံမှ သမ္မတဆီကို ရောက်ရှိမှာဖြစ်ပြီး သမ္မတက သဘောမတူရင် ဗီတိုပါဝါနဲ့ ပယ်ချခွင့်ရှိပါတယ်။ သမ္မတက သဘောတူလို့ လက်မှတ်ရေးထိုးပြီဆိုမှ ဥပဒေဟာ စတင်အသက်ဝင်တာပါ။

အဓိက နိုင်ငံရေးပါတီကြီး၂ခုက လွှတ်တော်၂ရပ်စလုံးမှာ အားပြိုင်နေကြပြီး မတူညီမှုတွေ၊ သဘောထားကွဲလွဲမှုတွေကလည်း များလှပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့၊ ရွေးကောက်ပွဲ လှူဒါန်းငွေများကို ကန့်သတ်ဖို့၊ အီရတ်စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသပြဿနာ၊ ဟာရီကိန်းမုန်တိုင်း ကက်ထရီနာကြောင့် ပျက်ဆီးခဲ့ရတဲ့ ဒေသတွေပြန်လည်ထူထောင်ဖို့၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ အမေရိကန်နိုင်ငံတွင်း တရားမဝင်နေထိုင်သူများအားအရေးယူရေ့း  စသဖြင့် အရေးကိစ္စပေါင်းများစွာမှာ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင်ပါတီအမတ်များအကြားသဘောထားကွဲလွဲမှုတွေကြီးမားလှတာကြောင့် ဥပဒေအဖြစ် အတည်ပြုနိုင်ရေးနှောင်နှေးကြန့်ကြာလှပါတယ့် ။

ဒါပေမယ့်လည်း ဒီပါတီကြီး၂ခုစလုံးရဲ့ မြန်မာနိုင်ငံရေးအပေါ်သဘောထားမှာတော့ ကွဲပြားခြားနားမှုမရှိပါဘူး။ ပါတီကြီး ၂ခုစလုံးကမြန်မာစစ်အာဏာရှင်တွေကို ဆန့်ကျင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ထောက်ခံတယ်။ အင်မတန် ကြမ်းကြုတ်ရက်စက်တဲ့ မြန်မာ စစ်အာဏာရှင် တွေကို စီးပွားရေးပိတ်ဆို့မှုအပါအဝင် ဖိအားပေးမှုတွေနဲ့ အရေးယူရမယ်လို့ လက်ခံယုံကြည်တယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့၊ နောက်ကြောင်းပြန်လှည့်လို့မရတော့တဲ့ ဒီမိုကရေစီရေးတိုးတက်မှုတွေမရှိမချင်း စီးပွားရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လက်ထားရှိဖို့လည်း သူတို့သဘောတူကြတယ့် ။

ဒါကြောင့်လည်း နေ့လည် ၁၂းဝဝနာရီအချိန်မှာ ရီပက်ဘလီကင်ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဆီနိတ်တာ မစ်ခ်ျမက်ကော့နယ်လ် က ၂ဝဝ၃ခုနှစ်က မြန်မာစစ်အုပ်စုကို အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့မှုဟာ ၂ဝဝ၆ခုနှစ်မှာ သက်တမ်းကုန်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းမှာလည်း နိုင်ငံရေးတိုးတတ်ပြောင်းလဲမှုတွေလုံးဝမတွေ့ရသေးတဲ့အတွက်၊ ဒီစီးပွားရေးပိတ်ဆို့မှုကို ၂ဝဝ၉ခုနှစ်အထိ နောက်ထပ် သက်တမ်း၃နှစ်တိုးဖို့အဆိုပြုတဲ့အခါ၊ ရီပက်ဘလီကင်ပါတီရဲ့ ထင်ရှားတဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဆီနိတ်တာ ဂျွန်မက်ကိန်း၊ ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြတဲ့ ဆီနိတ်တာ မက်စ်ဘောကပ်စ် နဲ့ ဟယ်ရီရိဒ် တို့က ချက်ချင်းထောက်ခံကြတယ်။ ပြီးတော့ ပါတီကြီး ၂ရပ်စလုံးက အထက်လွှတ်တော် အမတ်များ အားလုံးက ဒီအဆိုပြုချက်ကို တခဲနက်ထောက်ခံကြောင်းအသံနဲ့ မဲပေးအတည်ပြုလိုက်ကြတယ်။

ဇူလိုင်လ (၁၁)ရက်နေ့ကလည်း အောက်လွှတ်တော်စည်းဝေးခန်းမမှာ လွှတ်တော်အမတ်ကြီး တွမ်လန်းတိုစ့် က တင်သွင်းတဲ့ အလားတူအဆိုပြုချက်ကို ပါတီကြီး ၂ရပ်စလုံးက အောက်လွှတ်တော်အမတ်တွေက တခဲနက်ထောက်ခံအတည်ပြုခဲ့ပြီးပါပြီ့  ။

အဲ့ဒီလို အထက်လွှတ်တော်၊ အောက်လွှတ်တော် ၂ရပ်စလုံးက ထောက်ခံအတည်ပြုထားတဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ သမ္မတ ဘွတ်ရှ်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ခြင်းဖြင့် ဒီဥပဒေဟာ စတင်အသက်ဝင်ခဲ့ပါပြီ။ နအဖစစ်အုပ်စုအပေါ်အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုဟာ ၂ဝဝ၉ခုနှစ်အထိ ဆက်လက် တည်ရှိနေပါလိမ့်မယ်။

၂။

မိတ်ဆွေတို့ရေ

အခုလိုအမေရိကန်ပြည်ထောင်စုရဲ့ နအဖစစ်အုပ်စု အပေါ်အရေးယူမှုတွေဟာ ဒါဆို ၂ဝဝ၉ခုနှစ်အထိ မပြောင်းမလဲ တည်ရှိနေမှာလား။ မဟုတ်ပါဘူး။ မြန်မာနိုင်ငံတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေရှိလာပြီဆိုရင် အဲ့ဒီအပြောင်းအလဲ တွေနဲ့လိုက်လျောညီထွေတုန့်ပြန်ဖို့၊ အပြုသဘောတုံ့ပြန်ဖို့ပြင်ဆင်ထားတာတွေရှိပါတယ့်  ။

ဒီစီးပွားရေးပိတ်ဆို့မှုကို ကွန်ဂယက်လွှတ်တော်က တနှစ်တခါပြန်လည်သုံးသပ်ကြမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံတင်ပြချက်နဲ့ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများရဲ့တင်ပြချက်တွေကို ကွန်ဂယက်လွှတ်တော်အမတ်တွေက လေ့လာသုံးသပ်ပြီး၊ မြန်မာနိုင်ငံတွင်းမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေရှိပြီဆိုရင်ဖြင့် ဒီအရေးယူမှုတွေကို ဝမ်းသာအားရ ရုတ်သိမ်းပေးကြမှာပါ။

ကြားကာလထဲမှာလည်း ကွန်ဂယက်လွှတ်တော်ကနေ သမ္မတကို လိုအပ်သလိုအရေးယူဆောင်ရွက်ဖို့ အာဏာအပ်နှင်းထားပါတယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တင်ပြမှုနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ မေတ္တာရပ်ခံချက်တွေကို သုံးသပ်ပြီး မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီရေးရာတိုးတက်ဖြစ်ထွန်းမှုတွေရှိနေပြီလို့ သမ္မတက လက်ခံယုံကြည်ရင် ဒီအရေးယူမှုတွေကို တဆင့်စီဖြစ်စေ၊ အားလုံးကို ဖြစ်စေ သမ္မတအာဏာနဲ့ ရုပ်သိမ်းပေးနိုင်ပါတယ့်  ။

ဒီတော့ စီးပွားရေးပိတ်ဆို့မှုထဲမှာ ဘာအရေးယူမှုတွေပါသလဲလို့ သိချင်မှာပါပဲ။ ၂ဝဝ၃ခုနှစ်ဇူလိုင်လမှာ ချမှတ်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးဥပဒေမှာ အရေးယူမှု ၄ မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) မြန်မာနိုင်ငံကလာတဲ့ သွင်းကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံတွင်းဝင်ရောက်ခွင့်မပြုတဲ့ အရေးယူမှု

(၂) အမေရိကန်နိုင်ငံသားတွေ၊ အမေရိကန်ဘဏ်လုပ်ငန်းတွေကို နအဖစစ်အုပ်စုရဲ့ ဘဏ်လုပ်ငန်းများနဲ့ ပက်သက်ံခြင်းမပြုဖို့၊ ပိတ်ပင်ထားဖြစ်ချက်

(၃) အမေရိကန်နိုင်ငံတွင်းမှာရောက်ရှိနေတဲ့ နအဖစစ်အုပ်စုနဲ့ အပေါင်းအပါများပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ငွေစာရင်းတွေကို အမေရိကန်အစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာထားဖို့နဲ့

(၄)ဲ့ ၁၉၉၇ခုနှစ်ကတည်းကချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုသို့ပြည်ဝင်ခွင့်မပြုရေးကန့်သတ်ချက်မှာ နအဖအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပြင် စစ်တပ်က ဗိုလ်မှူးချုပ်ရာထူးနဲ့ အထက်ရှိသူများနဲ့ မိသးစုဝင်များ၊ နအဖပိုင် စီးပွားရေးလုပ်ငန်းများမှ မန်နေဂျာနဲ့ ညွန်ကြားရေးမှူးရာထူးနဲ့ အထက်ရှိသူများနဲ့ မိသားစုဝင်များ၊ ကြံ့ဖွံ့အဖွဲ့ဝင်များ၊ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းအကျိုးဖြစ်ထွန်းနေတဲ့ စီးပွားရေးသမားများကို တိုးချဲ့ပိတ်ပင်မှု့  စတဲ့ အရေးယူမှုတွေပါဝင်ပါတယ်။

ဒါ့အပြင် ၁၉၉၇ခုနှစ်ကတည်းက ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုတ်နှံမှုမပြုရန် ကန့်သတ်ပိတ်ပင်ချက်၊ မြန်မာ့စစ်အုပ်စုအားလက်နက်နဲ့ စစ်ဖက်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ကန့်သတ်ပိတ်ပင်ချက်နဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများဖြစ်ကြတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမBာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တွေကနေ မြန်မာနအဖစစ်အုပ်စုကို ငွေကြေးချေးငှားခြင်း၊ ထောက်ပံ့ခြင်းမပြုရေး ပိတ်ပင်ကန့်သတ်ချက်တွေကိုလည်း ဆက်လက်ပြီးထားရှိဖို့ အတည်ပြုထားပါတယ်။

၃။

မိတ်ဆွေတို့ရေ

အမေရိကန်ပြည်ထောင်စုရဲ့ နအဖစစ်အုပ်စုအပေါ်စီးပွားရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်အရေးယူတာကို အကောင်းမြင် ကြိုဆိုသူတွေရှိကြသလို ပြစ်တင်ဝေဖန်သူတွေလည်းရှိကြတယ်။ အခုလိုအမေရိကန်ပြည်ထောင်စုက နအဖစစ်အုပ်စုကို စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အရေးယူဒဏ်ခတ်အောင် စည်းရုံးလှုံ့ဆော်မှုထဲ ပါဝင်သူတယောက်အနေနဲ့မိတ်ဆွေတို့ကို ရှင်းပြချင်ပါတယ့် 

မိတ်ဆွေတို့ရေ

တချို့က မေးခွန်းထုတ်ကြတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုအောက်မှာ နအဖစစ်အုပ်စုပြုကျမသွားပါလာ့း တဲ့  ။

မှန်ပါတယ်။ ဒီစီးပွားရေးပိတ်ဆို့မှုတခုတည်းနဲ့ နအဖစစ်အုပ်စု ပြုတ်ကျသွားမှာ မဟုတ်ပါဘူး။ စီးပွားရေးပိတ်ဆို့မှုရဲ့အဓိက ရည်ရွယ်ချက်က နအဖစစ်အုပ်စုရဲ့ ငွေဝင်လမ်းကြောင်းတချို့ကို ပိတ်ဆို့ပစ်ခြင်းအားဖြင့် နအဖစစ်အုပ်စုမှာ စီးပွားရေးအရချို့တဲ့လာမယ်။ လူသတ်ယန္တရားကြီးကို လက်နက်တပ်ဆင်နိုင်စွမ်း လျှော့နည်းလာမယ်။ အဲ့ဒီလို စီးပွားရေး၊ နိုင်ငံရေး အားအင်ချိနဲ့မှုတွေကြောင့် နောက်ဆုံးနအဖစစ်အုပ်စုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ရောက်ရှိလာဖို့ပဲ မျှော်လင့်ပါတယ်။

တချို့ကလည်း ဝေဖန်ကြတယ်။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆိုမှုက နအဖစစ်အုပ်စုကို မထိခိုက်ပဲ သာမာန်ပြည်သူတွေကိုပဲ ထိခိုက်နစ်နာသတဲ့  ။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်နအဖစစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကို ကုန်ပစ္စည်းတင်ပို့မှုကနေ နှစ်စဉ်ရနေကျဒေါ်လာသန်းလေးရာကျော်ကို ဆုံးရှုံးနေရတာပါ။ ဒီစီးပွားရေးပိတ်ဆို့မှုသာမရှိရင်နအဖရဲ့ စစ်အသုံးစားရိတ်မှာ နှစ်စဉ်ဒေါ်လာသန်းလေးရာကျော်တိုးမြင့်ရရှိပြီး၊ တိုက်လေယာဉ်ပျံတွေ၊ တင့်ကားတွေ၊ အမြောက်သေနတ်တွေ၊ စစ်သင်္ဘောတွေ ဝယ်ယူပြီး သူ့ရဲ့ စစ်တပ်ကြီးကို အင်အားဖြည့်နိုင်မှာပါ။ သူ့ရဲ့ထောက်လှမ်းရေးယန္တရားကိုလည်း အဆင့်မြင့်နည်း ပညာတွေ ဝယ်ယူ တပ်ဆင်နိုင်မှာဖြစ်ပြီး ပြည်တွင်းဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပိုပြီးနှိပ်ကွပ်နိုင်မှာပါ။ ဒီပိုက်ဆံတွေနဲ့ နအဖစစ်အုပ်စုက အကျဉ်းထောင်တွေကို တည်ဆောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ဒီထက်များများ အကျဉ်းချနိုင်မှာပါ့  ။ ဒီဝင်ငွေတွေကို ပိတ်ဆို့တားမြစ်လိုက်တဲ့အတွက် နအဖစစ်ဗိုလ်ချုပ်များအတွင်း ကိုယ်ကျိုးစီးပွားရှာနိုင်တဲ့ အခွင့်အလမ်းတွေကျဉ်းမြောင်းသွားတာကြောင့် ဗိုလ်ချုပ်တွေအချင်းချင်းပဌိပက္ခတွေ၊ အတွင်းတိုက်ပွဲတွေဖြစ်ပြီး သွေးကွဲနေကြတာလည်း အထင်အရှားပါပဲ။ ဒါကြောင့်အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုဟာနအဖကို မထိခိုက်ဘူးဆိုတဲ့ ဝေဖန်ချက် ကို ကျနော်တို့လက်မခံနိုင်ကြပါဘူး

လူထုရဲ့အထွေတွေကြပ်တည်းမှုနဲ့စီးပွားရေးချွတ်ချုံကျမှုတွေဟာလည်းနအဖစစ်အုပ်စုရဲ့ မတရားအုပ်စိုးမှု၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ ကိုယ်ကျိုးရှာအလွဲသုံးစားလုပ်မှုတွေနဲ့ တရားဥပဒေကင်းမဲ့မှုကြောင့်ပဲဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့်လို့အပြစ်ပုံချတာ သဘာဝကျလှပါဘူ့း  ၂ဝဝ၃ခုနှစ်ကချမှတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃နှစ်သက်တမ်းရှိသေးတဲ့ အရေးယူမှုဟာ နအဖစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အပေါင်းအပါတွေကိုသာ ပြစ်ဒဏ်ခတ်တာပါ။ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာစေဖို့မရည်ရွယ်ပါဘူး။

မြန်မာပြည်သူတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကလည်း ခုမှချက်ချင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ဦးနေဝင်းရဲ့ မဆလ အစိုးရလက်ထက် ၁၉၈၇ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမBာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း နဝတ၊ နအဖ စစ်အုပ်စုလက်ထက်မှာ ပိုပြီးဆိုးဝါးလာခဲ့တာပါ။ ရီစရာလည်းကောင်း၊ ရင်နာစရာလည်းကောင်း၊ စိတ်ပျက်စရာလည်းကောင်းတဲ့ထင်ရှားမှုတခုကတော့ သန်းပေါင်းများစွာသော ပြည်သူလူထုကြီးက စီးပွားရေးကြပ်တည်းမှု၊ ဆင်းရဲနွမ်းပါးမှုတွေကို ခါးခါးသီးသီးခံစားနေကြရချိန်မှာ ဗိုလ်ချုပ်ရူးကြီးသန်းရွှေနဲ့ သူ့ရဲ့ မိသားစု၊ တပည့်တပန်းနဲ့၊ အပေါင်းအပါတွေက ကမBာ့အချမ်းသားဆုံး ပုဂ္ဂိုလ်ကြီးတွေဖြစ်နေကြတာပါပဲ့  နအဖစစ်အုပ်စုရဲ့မတရားသဖြင့်အုပ်စိုးမှု တည်ရှိနေသ၍ နိုင်ငံတကာရင်းနှီးမြုတ်နှံမှုတွေ၊ ပြည်ပကုန်သွယ်မှုတွေဟာ သာမာန်ပြည်သူလူထုကို အကျိုးမဖြစ်စေပဲ နအဖစစ်ဗိုလ်ချုပ်တွေ၊ သူတို့မိသားစုဝင်တွေ၊ သူတို့နဲ့ အကျိုးစီးပွားရှာနေတဲ့ ဘိန်းဘုရင်တွေ၊ ခေတ်ပျက်သူဌေး တွေရဲ့ အကျိုးစီးပွားတွေပဲတိုးပွားလာမှာပါ

တချို့ကလည်း ပြောကြတယ်။ အမေရိကန်ပြည်ထောင်စုက သူရဲ့ အကျိုးစီးပွားမယ်မယ်ရရမရှိတဲ့ မြန်မာနိုင်ငံအရေး ကိစ္စမှာ စီးပွားရေးပိတ်ဆို့မှုတခုတည်းကိုပဲကိုင်တွယ်ပြီး ဝတ္တရားကျေဆောင်ရွက်နေတာပါ့ တဲ့။

ဒါလည်းမှားပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ အမေရိကန်အစိုးရရဲ့သံတမန်ရေးရာလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းပဲဖြစ်ပါတယ်။ ကျူးဘားက ကက်စ်ထရိုလို၊ မြောက်ကိုရီးယားက ကင်ဂျုံးအီလို၊ အီရန်က အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေလို၊ မြန်မာနိုင်ငံက ဗိုလ်ချုပ်သန်းရွှေလို ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေကို ပျော့ပြောင်းနူးညံ့စွာ သိမ်းသွင်းစည်းရုံးလို့ရနိုင်တယ်ဆိုတဲ့အယူအဆကို အမေရိကန်ပြည်ထောင်စုက လက်မခံပါဘူး။ တကယ်လည်း စိတ်ရှည်လက်ရှည်အချိန်ပေးပြီး ပျော့ပျော့ပြောင်းပြောင်း စည်းရုံးရင် အာဏာရှင်တွေစိတ်ပြောင်းလာလိမ့်မယ်ဆိုတဲ့ အယူအဆဟာအင်မတန်မှ စိတ်ကူးယဉ်ဆန်တဲ့၊ မှားယွင်းတဲ့ အယူအဆပါ။ ကမBာ့သမိုင်းတလျှောက်လုံးအာဏာရှင်တွေဟာ ဖိအားနဲ့ သူတို့အကျိုးစီးပွားကို ထိခိုက်တဲ့ ကန့်သတ်ချက်တွေကို သာတုံ့ပြန်ခဲ့ကြပြီး ဖိအားမပါတဲ့ချဉ်းကပ်မှုတွေကိုတော့ သူတို့ရဲ့ အာဏာရှင်အုပ်ချုပ်ရေးသက်တမ်းရှည်ဖို့အတွက်အခွင့်အရေးတရပ်လို အသုံးချခဲ့ကြတာပါ

ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကော်မရှင်ကနေ မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တာ ၂၈ ခုရှိပါပြီ။ အဲ့ဒီဆုံးဖြတ်ချက်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ၁၉၉ဝရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့၊ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ငြိမ်းချမ်းစွာ အဖြေရှာဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို နအဖကလိုက်နာဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကော်မရှင်မှာ ဒီဆုံးဖြတ်ချက်တွေ အသက်ဝင်လာအောင်၊ ဒီဆုံးဖြတ်ချက်တွေကို လိုက်နာအောင်၊ အရေးယူနိုင်တဲ့ သြဇာအာဏာမရှိလို့ပဲ။ ဒါကြောင့်ဒီကနေ့ကျနော်တို့က မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ အခါကျတော့ နအဖစစ်အုပ်စု ကြောက်လန့်တုန်လှုပ်လာရတယ်။ လုံခြုံရေးကောင်စီဆိုတာ ကမBာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို မလိုက်နာရင်နည်းလမ်းပေါင်းစုံနဲ့ အရေးယူနိုင်ခွင့်တွေရှိတာမို့ နအဖစစ်အုပ်စုဟာ လုံခြုံရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို မချနိုင်အောင် တရုတ်နဲ့ရုရှားအင်အားကြီးနိုင်ငံတွေကို မျက်နှာချိုသွေးချဉ်းကပ်နေရတာပါ့  ။

သိပ်မကြာသေးခင်ကပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်နဲ့ သူ့လက်ထောက် ဂမ်ဘာရီတို့ရဲ့ မေတ္တာရပ်ခံချက်တွေကို လျစ်လျူရှုပြီးနအဖက ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်သက်တမ်း တိုးချုပ်နှောင်ထားပြန်ပါတယ်။ ဖိအားမပါတဲ့ ကုလသမဂ္ဂခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်ကို ဂရုမစိုက်ကြောင်း ပြလိုက်တာပါ။ ဒါပေမယ့် ကမBာ့အလုပ်သမားအဖွဲ့ချုပ်ကြီးက မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ဖေါ်ထုတ်လို့အကျဉ်းကျနေတဲ့ စုစုနွေးနဲ့ ရှေ့နေကြီး ဦးအေးမြင့်တို့ပြန်လွှတ်ပေးဖို့တောင်းဆိုတော့ ရက်ပိုင်း၊ လပိုင်းအတွင်းမှာပဲပြန်လွှတ်ပေးလိုက်ပါတယ်။ ILO ရဲ့ တောင်းဆိုချက်မှာ တွဲဖက်ပါဝင်နေတဲ့ မလိုက်နာရင် မြန်မာနိုင်ငံစစ်အုပ်စုရဲ့ အဓမ္မလုပ်အားပေးမှုတွေကို ILO က နိုင်ငံတကာတရားရုံးကို တိုင်တန်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို နအဖစစ်ဗိုလ်တွေမထီမဲ့မြင်မပြုရဲကြပါဘူ့း  ။

စီးပွားရေးပိတ်ဆို့မှုကို တဘက်က ကိုင်စွဲထားတဲ့ အမေရိကန်အစိုးရရဲ့ သံတမန်ရေးရာလှုပ်ရှားမှုတွေကြောင့် အခုဆိုရင်ကမBာနိုင်ငံတွေကြားမြန်မာ့အရေးကို တညီတညွတ်တည်း တုံ့ပြန်နိုင်မဲ့အခြေအနေကောင်း တွေဖြစ်ပေါ်နေပါပြီ။ မနှစ်က မြန်မာ့အရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ လေ့လာသုံးသပ်ကြဖို့ အမေရိကန်ပြည်ထောင်စုက လှုံ့ဆော်စည်းရုံးတော့ အာဆီယံအဖွဲ့ဝင်လည်းဖြစ်၊ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင်လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ထောက်ခံခဲ့တယ်။ အခုအမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေမြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်တခုချမှတ်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတွေက မြန်မာ့အရေးလုံခြုံရေးကောင်စီက ဝင်ရောက်စွက်ဖက်မှာကို ဆက်လက်အကာအကွယ်မပေးနိုင်တော့ဘူးလို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုလာရပြီ ။ အာဆီယံအဖွဲ့ကြီးရဲ့ တခြားနိုင်ငံရဲ့အရေးကိစ္စကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ မူဝါဒကို ကျော်လွနခဲ့်ပြီ ။ ဒါတွေဟာဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ သံတမန်ရေးရာလှုပ်ရှားမှုရဲ့ ရလာဒ်တွေပါပဲ။

သိပ်မကြာခင် မြန်မာနိုင်ငံရဲ့အရေးကိစ္စဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တာဝန်ယူဖြေရှင်းရမယ့် ပြဿနာတခုဖြစ်လာတော့မှာပါ။ မလိုက်နာလို့မရတဲ့၊ မလိုက်နာရင်ပြင်းထန်တဲ့ အရေးယူမှုတွေခံရမယ့် အကျိုးဆက်တွေရှိတဲ့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို နအဖစစ်အုပ်စုရင်ဆိုင်ရတော့မယ်။ ကမBာ့အဆင့်အမြင့်ဆုံးအာဏာပိုင်အဖွဲ့ကြီးရဲ့ ဖိအားပါတဲ့ဆောင်းဆိုမှုတွေအောက်မှာ ကမBာ့နိုင်ငံအားလုံးက မြန်မာ့အရေးကိစ္စကို တညီတညွတ်တည်းတုန့်ပြန်ကြတော့မှာပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုအနေနဲ့ အားကိုးခိုလှုံစရာရှိမှာ မဟုတ်တော့ပဲ၊ အမျိုးသားဒီမိုကရေစီးအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့သဘောတူရတော့မှာပါ။


လေးစားစွာဖြင့်

အောင်ဒင်