BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, April 1, 1984

Message


မှာတမ်း

-
-- နှုတ်ဆက်သီချင်း

ညင်းသီဆိုဖွဲ့ ချန်ထားခဲ့မယ်။


နှင်းစက်များဖြင့်၊ ကြွားဝင့်ပျိုလွင်

ရာသီပင်တို့၊ မျက်ရည်စို့ဝဲ

အေးစက်ဆဲည၊ ထာဝရမတည်

နာရီရွေ့လျား၊ တံခါးညောင်းပိတ်

ဆောင်းအိပ်တော့မယ် ---။


ဘယ်လို---

အပူကိုကြောက်

ရွက်ခြောက်ရင်ခွင်၊ မခုံမင်ဘူး

ပန်းဦးပွင့်ဝေ၊ မကြွေချင်ဘူး

ရည်စူးသမျှ၊ ဘဝပုံပြင်

သင်္ခါရ နိမိတ်

လန့်ထိတ်သတဲ့ --- လား။


အားနာလိုက်တာ ---

ကံက္မြာနဲ့၊ ကာလခရီး

ဖန်တီးမရ၊ တစ်ဒင်္ဂတွေ

ဝေကြ ကြွေကြ

နေကြ သေကြ

ဒါ --- ဘဝ --- တဲ့။


မမုန်းနဲ့လေ ---

နွေမှာနေရဲ၊ မြေမှာခြေမြဲ

အံခဲသ္တိ၊ ပကတိနုပျို

ပင်အိုမာန၊ သည်မှာပြစို့

ပန်းတချို့တော့ ကြွေလိမ့်မယ်။


အာင်ဒင်
ရှုမဝရုပ်စုံမ္ဂဇင်း၊ ၁၉၈၄ ခုနှစ်၊ ဧပြီလ