BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Monday, March 8, 1993

UNTITLED

အမည်မဲ့

အောင်ဒင်/ဒတ္ထ

မင်္ဂလာပါမိတ်ဆွေ
တနင်းတပိုး ထမ်းရွက်လာတဲ့
မေးခွန်းတွေကို ဘေးမှာချ
ဖ
ရိုဖရဲဖြစ်နေတဲ့
အသက်ရှူသံကို တည့်မတ်လို့
လေ
ညင်းရဲ့ လတ်ဆတ်မှုထဲ
ခင်ဗျားခိုင်မြဲနိုင်ပါစေ
.. ။

ခွင့်လွှတ်ပါ။
ဘာကိုမှ ရှင်းမပြချင်တော့တာဟာ
ကျေနပ်စရာတစ်ခုပမာ
ကျွန်
တော် ဆေးလိပ်ဖြတ်လိုက်ပါပြီ။

ခံစားချင်တယ်ဆိုရင်တော့
ဟောဒီမှာ
…. ကျွန်တော်ရေးဖွဲ့ထားတဲ့
နွေဦးပေါက်ကဗျာကို ဖတ်ပါ
အနှစ်သုံးဆယ် ကြေကွဲခဲ့သမျှ
တစ်ပိုင်းတစ်စ ဒိုင်ယာရီကိုဖတ်ပါ
ပြီး
… မှတ်မိသမျှနဲ့ နှိုင်းယှဉ်
ပရိုမီးသီးရပ်စ် လောက်
ကျွန်တော်မနာကျင်ခဲ့ပါဘူး။

ဒီ့ထက်ပိုပြီး
ခံစားချင်သေးတယ်ဆိုရင်တော့
ကျွန်တော့်ဘဝကို ရှင်းလင်းဖော်ပြစရာ
စာကြောင်းတချို့ရှိလေ
ရဲ့။

ဒီလိုလေ ….
ဘယ်သူ့အတွက်ရယ်လို့ မရည်ရွယ်ဘဲ
လင်းလက်နိုင်သမျှ
ရဲ့ အဆုံးစွန်
ဝင်းပနေတဲ့ ကောင်းကင်ကြီးကလှလို့
….

ကျွန်တော်ကတော့ …
အဲဒီဖြစ်ပျက်သမျှကို ငေးမောတမ်းမက်
အားလုံးအတွက်ရည်စူး
နွေဦးပေါက်ကဗျာ ရေးဖွဲ့ချင်သူပေါ့ ။