BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, April 20, 2015

Burma's Parliament Watch Part (90)


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၃၊ ဧပြီလ ၉ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)
 
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉၀) ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (ခ) နှင့် (ဂ)

#အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်နှင့် ကော်မရှင်အား ခွင့်ပြုထားသော အာဏာများ

ဥပဒေရဲ့ ရည်ရွယ်ချက်တွေက အင်မတန်ကောင်းမွန်ပါတယ်။ ပုဒ်မ (၄) မှာ (က) အဂတိလိုက်စားမှုပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ (ခ) သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ပေါ်ထွန်းစေရန်၊ (ဂ) အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ (ဃ) အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွါးများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ (င) အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ (စ) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်လာစေရန် ဆိုပြီး ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ (၁၆) မှာ ပြဋ္ဌာန်းထားတဲ့ ကော်မရှင်ရဲ့ တာဝန်များမှာလည်း အလွန်ကျယ်ပြန့်ပါတယ်။ ကော်မရှင်မှ ပဏာမစိစစ်ရေးအဖွဲ့နဲ့ စုံစမ်းရေးအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးပြီး ကြီးကြပ်လမ်းညွှန်နိုင်ပါတယ်။ လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးနိုင်ပါတယ်။ စစ်ဆေးရေးမှူးချုပ်ခန့်အပ်ရန် သမ္မတအား အကြံပြုနိုင်ပါတယ်။ ပဏာမစိစစ်ရေးအဖွဲ့နဲ့ စုံစမ်းရေးအဖွဲ့များကို အဂတိလိုက်စားမှုများအား စုံစမ်းစစ်ဆေးစေပြီး ၎င်းအဖွဲ့များမှ တင်ပြသော စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ထံ တင်ပြရမှာဖြစ်ပါတယ်။ ကော်မရှင်ရဲ့ နှစ်ပါတ်လည်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ထံ တင်ပြရမှာဖြစ်ပါတယ်။ အဂတိလိုက်စားမှုပပျောက်ရေးအတွက် အစိုးရအဖွဲ့အစည်းများအား လုပ်ငန်း၊ စီမံချက်များရေးဆွဲရန် အကြံပေးရပါမယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ ပြည်သူလူထုပါဝင်နိုင်ရေးအတွက် လိုအပ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တိုင်ကြားစာများကို စိစစ်လက်ခံပြီး မမှန်ကန်သော တိုင်စာများကို ပယ်ချလို့ မမှန်မကန်တိုင်ကြားသူများကို ဥပဒေအရ အရေးယူရပါမယ်။ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌများက ပေးအပ်သော အခြားတာဝန်များကိုလည်း ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပုဒ်မ (၁၇) မှာ ပြဋ္ဌာန်းထားတဲ့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်များဟာလည်း အလွန်ကျယ်ပြန့်ပါတယ်။ ကော်မရှင်မှာ အဂတိလိုက်စားမှုနဲ့ပါတ်သက်တဲ့ ငွေကြေး၊ ပစ္စည်းတွေကို သိမ်းဆည်းခွင့်၊ သိမ်းဆည်းရာမှ ခံဝန်ချက်ဖြင့် ပြန်လည်ထုတ်ပေးခွင့်၊ ခွင့်ပြုချက်ကို ရုပ်သိမ်းခွင့်တွေရှိပါတယ်။ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးရာမှာ သက်ဆိုင်တဲ့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းများ၊ စာရင်းဇယားများကို ရှာဖွေခွင့်၊ မိတ္တူကူးခွင့်၊ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခွင့်၊ ဘဏ်နှင့်  ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ ထိန်းသိမ်းထားသော အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့်  ငွေကြေး၊ ပစ္စည်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းခွင့် ရှိပါတယ်။ စုံစမ်းစစ်ဆေးဆဲကာလအတွင်း သက်ဆိုင်ရာစာရင်းများ၊ မှတ်တမ်းများ၊ ငွေကြေးနှင့် ပစ္စည်းများအား လွှဲပြောင်းခြင်း၊ ဖျောတ်ဖျက်ခြင်း၊ ဖုန်းကွယ်ခြင်း၊ အသွင်ပြောင်းလဲခြင်းများမပြုရန် တားမြစ်အမိန့်ထုတ်ပြန်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပါတ်သက်ပြီး အစိုးရအဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုနိုင်ပါတယ်။ ကော်မရှင်ရဲ့ ဆင့်ခေါ်ချက်အရ သက်သေထွက်ဆိုမည့်သူများအတွက် သက်သေစရိတ်၊ ခရီးစရိတ်များ ထုတ်ပေးနိုင်ပါတယ်။ သတင်းပေးများအား အကာအကွယ်ပေးနိုင်ပါတယ်။ ဆုငွေချီးမြှင့်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးပြီးလို့ အဂတိလိုက်စားမှုမြောက်ကြောင်းသေချာရင် ပြစ်မှုကျူးလွန်သူကို တရားရုံးများမှာ နိုင်ငံတော်ကိုယ်စား အမှုဖွင့်၊ တရားစွဲဆိုနိုင်ပါတယ်။ ဒီဥပဒေအရ တရားစွဲဆိုတဲ့ အမှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားပါတယ်။ 

အဲဒီလောက် ရည်ရွယ်ချက်ကောင်းကောင်း၊ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝနဲ့ ဖွဲ့စည်းထားတဲ့ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" ဟာ လက်တွေ့အခြေအနေမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်စွမ်းမရှိတာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်အရ ကော်မရှင်စတင်ဖွင့်လှစ်တဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှ ဩဂုတ်လ (၂၁) ရက်နေ့အထိ ငါးလကျော်ကာလအတွင်း ပြည်သူလူထုထံမှ တိုင်ကြားစာပေါင်း (၅၃၃) စောင် လက်ခံရရှိခဲ့ပြီး စုံစမ်းစစ်ဆေးအရေးယူနိုင်ခဲ့တာ အမှု (၃) မှုသာရှိကြောင်း သိရပါတယ်။

#ကော်မရှင်၏ တုန့်ပြန်ချက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများက ဝေဘန်ကြတာကို ကော်မရှင်က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့မှာ မြန်မာ့အလင်းသတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးပြီး တုန့်ပြန်ပါတယ်။ ကော်မရှင်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မယ်လို့ ယူဆရတဲ့ ဆောင်းပါးရှင် "အောင်သစ္စာ" ဆိုသူရေးတဲ့ "ပီပီပြင်ပြင်ဖြစ်စေချင်ပါသည်" ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အောက်ပါအတိုင်း ကော်မရှင်ရဲ့ တုန့်ပြန်ချက်တွေကို ဖတ်ရှူရပါတယ်။

ဆောင်းပါးရှင်က အထက်မှာဖော်ပြခဲ့တဲ့ တိုင်စာ (၅၃၃) စောင်အနက် သက်သေခံချက်မပါဝင်တဲ့ တိုင်စာပေါင်း  (၁၆၇) စောင်ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ခ) အရ အရေးကြီးတဲ့သက်သေခံချက်များမပါရင် ကော်မရှင်က အရေးယူဆောင်ရွက်လို့ မရပါ။ ထပ်မံတိုင်ကြားစာ (၁၀၈) စောင်မှာလည်း အရေးကြီးတဲ့ သက်သေခံချက်မပါလို့ အရေးယူလို့ မရပါလို့ ဆိုပါတယ်။ တချို့တိုင်စာတွေက အကြောင်းအရာတစ်ခုတည်းအပေါ် အကြိမ်ကြိမ်မိတ္တူဆွဲပြီး တိုင်ကြားနေတာဖြစ်တယ်လို့ ဆိုပါတယ်။ အကြိမ် (၃၀) နီးပါးအထိ ထပ်ခါထပ်ခါ တိုင်တန်းသူများတောင်ရှိတယ်လို့ ဆိုပါတယ်။ တရားစီရင်ရေးနဲ့ ပါတ်သက်တဲ့ တိုင်စာ (၉၅) စောင်မှာ အဂတိလိုက်စားမှုနဲ့ စုံစမ်းအရေးယူလို့ရတာ (၂) စောင်ပဲရှိပြီး ကျန်တိုင်စာများက တရားရုံးကတောင် အမိန့်တစ်စုံတစ်ရာချမှတ်ခြင်းမရှိသေးပဲ တရားသူကြီးက ဘက်လိုက်ပြီး စစ်ဆေးနေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကို ကြိုတင်ပြီး ဖော်ပြတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ တချို့တိုင်စာများဟာ ကော်မရှင်နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပဲ အခြားဋ္ဌာနဆိုင်ရာများနဲ့သာ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ အထက်ပါ တိုင်စာ (၅၃၃) စောင်အပြင် နောက်ပိုင်းရောက်ရှိလာတဲ့ တိုင်စာတွေမှာလည်း ကော်မရှင်နဲ့ မသက်ဆိုင်တဲ့ သိမ်းဆည်းမြေယာပြန်ရဖို့ အသနားခံတဲ့စာတွေ၊ စီးပွါးရေးပြိုင်ဘက်ချင်း အညှိုးနဲ့ တိုင်တန်းတာတွေ၊ တရားရုံးအဆင့်ဆင့်မှာ အယူခံဝင်ခွင့်ရှိရက်နဲ့ ကော်မရှင်က အရေးယူဖို့ တိုင်တန်းတာတွေ၊ မောင်နှမများအကြား အမွေခွဲတာ မကျေနပ်လို့ တိုင်တန်းတာတွေ၊ စတဲ့ တိုင်စာတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။

ဆောင်းပါးရှင်က ဆက်ပြီးရှင်းပြပါတယ်။ အစိုးရဋ္ဌာနအဖွဲ့အစည်းတွေမှာ နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားလုပ်တာ၊ မမှန်မကန်သုံးစွဲတာတွေဟာ အဂတိလိုက်စားမှုမဟုတ်ပဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ မသက်ဆိုင်ပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနများက ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ စတဲ့ တည်ဆဲအခြားဥပဒေများနဲ့ အရေးယူရမည့်ကိစ္စတွေဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆက်ပြီးရှင်းပြတာက "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" မှာ "နောက်ကြောင်းပြန်အာဏာသက်ရောက်ရမည်" ဟု ပြဋ္ဌာန်းထားခြင်းမရှိတဲ့အတွက် ဒီဥပဒေ အာဏာစတင်သက်ရောက်တဲ့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက အမှုတွေကို ကော်မရှင်က ကိုင်တွယ်ခွင့်မရှိပါ။ ဒါ့အပြင် ပုဒ်မ (၇၃) မှာ "၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (ဥပဒေအမှတ် ၆၇/၄၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်" လို့ ပြဋ္ဌာန်းထားတဲ့အတွက် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီမှာ ပေါ်ပေါက်ခဲ့တဲ့ အဂတိလိုက်စားမှုတွေအားလုံးကို တိုင်တန်းအရေးယူစရာ ဘာဥပဒေမှ မရှိတော့ပါ။

အထက်ပါတင်ပြချက်များအရ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" နဲ့ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" တို့မှာ ချို့ယွင်းချက်၊ အားနည်းချက်တွေ တွေ့မြင်ရပါတယ်။ ဒီချို့ယွင်းချက်၊ အားနည်းချက်တွေကို အချိန်မီ မပြင်ဆင်နိုင်ရင်၊ သို့မဟုတ် ပြင်ဆင်ဖို့ ပျက်ကွက်နေရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေဟာ ပို၍ပို၍ကြီးမားခိုင်ခန့်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။

#အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ချို့ယွင်းချက်များ၊ ပြင်ဆင်ရန်များ

(၁) ကော်မရှင်အနေနဲ့ လူထုအကြား ပညာပေးရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" နဲ့ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" တွေ တည်ရှိနေတာကို မသိကြတဲ့ ပြည်သူ သန်းပေါင်းများစွာရှိပါတယ်။ တစ်ခါတစ်ရံမှ ကြေညာချက်ထုတ်တာ၊ သတင်းစာမှာ တစ်ခါတစ်ရံဆောင်းပါးရေးတာလောက်နဲ့ မလုံလောက်ပါ။ ကော်မရှင်အဖွဲ့ဝင်များကိုယ်တိုင်က မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဥပဒေအကြောင်း၊ ကော်မရှင်အကြောင်း ပညာပေးဆွေးနွေးပွဲများ တိုးမြှင့်ဆောင်ရွက်သင့်ပါတယ်။

(၂) ပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ခ) အရ အရေးကြီးတဲ့ သက်သေခံချက်မပါရင် ကော်မရှင်က အရေးယူလို့ မရပါ။ ဒါပေမည့် "အရေးကြီးတဲ့ သက်သေခံချက်" ဆိုတာ ဘာကိုဆိုလိုမှန်း ဥပဒေမှာ အဓိပ္ပာယ်ဖွင့် ရှင်းလင်းမထားပါ။ ကော်မရှင်အနေနဲ့ "သက်သေခံချက်မပါတဲ့ တိုင်စာ" များကို ချက်ချင်းပယ်ချခြင်းမပြုပဲ တိုင်တန်းသူများအား တိုက်ရိုက်ဆက်သွယ်လို့ "အရေးကြီးတဲ့ သက်သေခံချက်ကို ထပ်မံတင်သွင်းဖို့" ပညာပေးသင့်ပါတယ်။

(၃) ကော်မရှင်အနေနဲ့ တက္ကသိုလ်၊ ကောလိပ်များမှ ဥပဒေပညာဋ္ဌာနများ၊ ဥပဒေကျောင်းသားကျောင်းသူများ၊ လွတ်လပ်သောရှေ့နေကွန်ယက်များနဲ့လည်း မကြာခဏတွေ့ဆုံဆွေးနွေးပြီး အဂတိလိုက်စားမှုပပျောက်ရေး ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

(၄) ကော်မရှင်အနေနဲ့ သမ္မတက ညွှန်ကြားမှ၊ တိုင်တန်းသူရှိမှ အရေးယူဆောင်ရွက်တာမျိုး မဖြစ်သင့်ပါ။ ကော်မရှင်ရဲ့ စုံစမ်းရေးမှူးများဟာ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများလိုပဲ အဂတိလိုက်စားမှုတွေကို မျက်ခြေမပြတ် ခြေရာခံစုံစမ်းဖော်ထုတ်အရေးယူတာမျိုး ဖြစ်သင့်ပါတယ်။

(၅) အစိုးရအဖွဲ့အစည်းများအတွင်းမှာ တာဝန်ရှိသူများက လာဘ်ယူပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရင်းနှီးရာကုမ္ပဏီများသို့ လက်သိပ်ထိုး ကန်ထရိုက်ချပေးတာ၊ ပစ္စည်းဝယ်ယူရာမှာလည်း ရင်းနှီးရာကုမ္ပဏီကနေ လက်သိပ်ထိုးဝယ်ယူတာ၊ ပုဂ္ဂလိကကုမ္ပဏီအချို့ကို အထူးဦးစားပေးခြင်း၊ အထူးအခွင့်အရေးပေးခြင်းဖြင့် တိုင်းပြည်ဘဏ္ဍာငွေကို ဆုံးရှုံးနစ်နာစေတာတွေဟာ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှုတွေ ဖြစ်ပါတယ်။ ဥပဒေပုဒ်မ (၆၈) မှာလည်း အဂတိလိုက်စားမှုနှင့် စပ်လျင်း၍ဖြစ်စေ၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် စပ်လျင်း၍ဖြစ်စေ၊ ငွေကြေးနှင့် ပစ္စည်းကို စုံစမ်းစစ်ဆေးအရေးယူခြင်းနှင့် စပ်လျင်း၍ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ရှိစေကာမူ ဤဥပဒေအရသာလျင် အရေးယူရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ စတဲ့ တည်ဆဲအခြားဥပဒေများရှိနေပေမည့် အစိုးရအဖွဲ့အစည်းအတွင်း အလွဲသုံးစားလုပ်မှုများဟာ အဂတိလိုက်စားမှုမြောက်ပြီး ကော်မရှင်က အရေးယူရမှာ ဖြစ်ပါတယ်။

(၆) ကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်မှုများအပေါ်မှာ ပွင့်လင်းမြင်သာမှုရှိသင့်ပါတယ်။ ကော်မရှင်ရုံးကိုလည်း ပြည်သူလူထု လာရောက်ဖို့ခက်ခဲတဲ့ နေပြည်တော်မှာတင် မဟုတ်ပဲ တိုင်းဒေသကြီး၊ ပြည်နယ်များရဲ့ မြို့တော်များမှာ ပါ ဖွင့်လှစ်သင့်ပါတယ်။ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ၊ အရေးယူမှုများကိုလည်း အများပြည်သူသိအောင် အချိန်နဲ့အမျှ ထုတ်ပြန်ကြေညာသင့်ပါတယ်။

(ဒီတစ်ပိုင်းလုံး ပြည်သူ့ခေတ်မှာ ကျန်ရစ်ခဲ့တယ်။)

#အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၏ ချို့ယွင်းချက်များ၊ ပြင်ဆင်ရန်များ

ဒီဥပဒေမှာလည်း အားနည်းချက်တွေ တွေ့ရပါတယ်။

(၁) ပုဒ်မ (၃)၊ ပုဒ်မခွဲ (ဏ) မှာ "နစ်နာသူ" ဆိုတာကို "သူတစ်ဦးဦးက အဂတိလိုက်စားမှုကျူးလွန်ခြင်းကြောင့် ထိခိုက်နစ်နာရသူ" လို့ အဓိပ္ပာယ်ဖွင့်ဆိုတာ ကျဉ်းမြောင်းလှပါတယ်။ ပုဂ္ဂလိကအမှုအခင်းများကိုသာ ရည်ညွှန်းသလို ဖြစ်နေပါတယ်။ အစိုးရ၊ လွှတ်တော်၊ တရားရုံးချုပ်စတဲ့ နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများအတွင်းမှာ နိုင်ငံရေးအာဏာရှိသူများ၊ လုပ်ပိုင်ခွင့်အာဏာရှိသူများ၊ အဆင့်မြင့်အရာရှိများကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကြောင့် ထိခိုက်နစ်နာရသူများက မြန်မာနိုင်ငံသားအားလုံးဖြစ်ပါတယ်။ ဒါကြောင့် "နစ်နာသူ" ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်အဓိပ္ပာယ်ဖွင့်ဆိုသင့်ပါတယ်။

(၂) ပုဒ်မ (၇)၊ ပုဒ်မခွဲ (က) မှာ "ကော်မရှင်အဖွဲ့ဝင်၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ" လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ (၉) အရ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အတွက် သတ်မှတ်ထားတဲ့အရည်အချင်းဆိုတာကလည်း (က) မြန်မာနိုင်ငံသားဖြစ်သူ၊ (ခ) အသက် ၄၅ နှစ်မှ ၇၀နှစ်အတွင်းရှိသူ နဲ့ (ဂ) ရွေးချယ်တဲ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌများက တည်ကြည်ဖြောင့်မတ်ပြီး သမာသမတ်ရှိသူဟု ယူဆခြင်းခံရသူဆိုတဲ့ အချက် ၃ ချက်ထဲ ဖြစ်ပါတယ်။ လွှတ်တော်ရုံးအဖွဲ့မှာ အမှုထမ်း၊ အရာထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများကတောင် ကော်မရှင်အဖွဲ့ဝင်ဖြစ်ဖို့ သတ်မှတ်တဲ့ အရည်အချင်းများထက် ပိုပြီးများပြားပြည့်စုံပါသေးတယ်။ 

တကယ်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်ယူမည့် ပုဂ္ဂိုလ်များအနေနဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများပြည့်မီရုံတင်မကပဲ ကိုယ်တိုင်က ဘဝတစ်လျှောက်လုံး အဂတိလိုက်စားမှုကင်းရှင်းခဲ့သူ၊ မတရားမှုတွေ မကျူးလွန်ခဲ့သူ၊ ပြည်သူလူထုကြည်ညိုလေးစားသူ၊ အဂတိလိုက်စားမှုတွေကို ရဲရဲရင့်ရင့်တိုက်ခိုက်ချေမှုန်းဖို့  ပြတ်ပြတ်သားသားပိုင်းဖြတ်ထားသူတွေ ဖြစ်ဖို့လိုပါတယ်။ အဲဒီလို အရည်အချင်းရော၊ သန့်ရှင်းစင်ကြယ်မှုရော၊ သတ္တိရှိမှုရော ပြည့်စုံတဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ခန့်အပ်တာဝန်ပေးနိုင်ဖို့ အမည်စာရင်းတင်သွင်းသူ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရော၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကရော အချိန်ယူစိစစ်ရွေးချယ်ကြရမှာပါ။ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ (၂) ယောက်က "တည်ကြည်ဖြောင့်မတ်ပြီး သမာသမတ်ရှိသူ" လို့ ယုံကြည်တာနဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကပါ ထောက်ခံအတည်ပြုပေးရမယ်ဆိုတာ အဓိပ္ပာယ်မရှိပါ။

(၃) ပုဒ်မ (၂၁) မှာ ကော်မရှင်ဟာ (က) နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးတင်ပြရန် တာဝန်ပေးခြင်း၊ (ခ) နိုင်ငံရေးရာထူးတာဝန်လက်ရှိဖြစ်သူတစ်ဦးကို အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေအရအဆိုတင်သွင်းခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌများက စုံစမ်းစစ်ဆေးတင်ပြရန် တာဝန်ပေးအပ်ခြင်း၊ (ဂ) အဂတိလိုက်စားမှုကျူးလွန်ခြင်းကြောင့် ထိခိုက်နစ်နာရသူက တိုင်ကြားခြင်း စတဲ့ကိစ္စများကိုသာ အရေးယူဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာဖြင့် ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်နှောင်ထားသလို ဖြစ်နေပါတယ်။ ဒီပြဋ္ဌာန်းချက်အရ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ (၂) ဦးနဲ့ နစ်နာသူကိုယ်တိုင်က တာဝန်ပေးတာ၊ တိုင်တန်းတာမဟုတ်တဲ့ ကိစ္စတွေကို ကော်မရှင်က အရေးမယူနိုင်တော့ပါ။

တကယ်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆိုတာ ပြည်ထောင်စုဝန်ကြီးဋ္ဌာနကြီးတစ်ခု ဖြစ်ပါတယ်။ အခြားပြည်ထောင်စုဝန်ကြီးဋ္ဌာနများမှာ ဝန်ကြီးတစ်ဦး၊ ဒုဝန်ကြီး (၂) ဦးသာရှိပြီး ကော်မရှင်မှာတော့ ဝန်ကြီး (၁) ဦးနဲ့ ဒု-ဝန်ကြီး (၁၄) ဦးတောင်ရှိနေပါတယ်။ ဒီလောက်ကြီးမားတဲ့ ဋ္ဌာနကြီးရဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာက ပုဒ်မ (၂၁) အရ ကျဉ်းမြောင်းလှပါတယ်။ ကော်မရှင်ရဲ့ စုံစမ်းရေးမှူးများဟာ တိုင်တန်းသူမရှိစေကာမူ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများလိုပဲ အဂတိလိုက်စားမှုအခြေအနေများကို နိုင်ငံတဝှမ်းမှာ မျက်ခြေမပြတ်စုံစမ်းထောက်လှမ်းပြီး အရေးယူနိုင်ဖို့ လိုအပ်လှပါတယ်။ နောက်တစ်ခါ "နစ်နာသူ" ဆိုရာမှာလည်း နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုကြောင့် ထိခိုက်နစ်နာရတဲ့ မြန်မာနိုင်ငံသားအားလုံးမှ မည်သူမဆိုက တိုင်တန်းနိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာလည်း လွှတ်တော်ဥက္ကဋ္ဌများမှ တဆင့်မဟုတ်ပဲ ကော်မရှင်ကို တိုက်ရိုက်တိုင်တန်းနိုင်ခွင့် ရှိရပါမယ်။

(၄) ပုဒ်မ (၁၆)၊ ပုဒ်မခွဲ (ဇ) မှာ ကော်မရှင်သည် "နှစ်ပါတ်လည်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများထံ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ တကယ်တော့ ကော်မရှင်ရဲ့ နှစ်ပါတ်လည်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ကို တရားဝင်တင်ပြသင့်ပါတယ်။ ဒါမှပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ကော်မရှင်ရဲ့ အစီရင်ခံစာကို ဝေဘန်သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက်များကို ထောက်ပြနိုင်မှာပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းတာဝန်ပေးတဲ့ ကော်မရှင်ဖြစ်တာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်ဝေဘန်နိုင်ဖို့ အထူးလိုအပ်ပါတယ်။

(၅) ပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ခ) မှာ "တိုင်ကြားမှုမှာ အရေးကြီးသည့် သက်သေခံချက်များမပါရင် ကော်မရှင်က စုံစမ်းစစ်ဆေးခြင်းမပြုရ" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမည့် "အရေးကြီးတဲ့ သက်သေခံချက်" ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိပါ။ ဒါကြောင့်မို့ "အရေးကြီးတဲ့ သက်သေခံချက်" ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို ရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်။ တိုင်တန်းသူအနေနဲ့ သက်သေအထောက်အထား အပြည့်အစုံပြနိုင်ဖို့ဆိုတာ လွယ်ကူလှမယ်မဟုတ်ပါ။ ဒါကြောင့်မို့ သက်သေအထောက်အထားမပြည့်စုံသော်လည်း တိုင်တန်းတဲ့ကိစ္စဟာ စုံစမ်းစစ်ဆေးထိုက်တဲ့ ကိစ္စဖြစ်မယ်ဆိုရင် အမှုကိုလက်ခံစုံစမ်းခွင့် ပြုသင့်ပါတယ်။

(၆) ပုဒ်မ (၁)၊ ပုဒ်မခွဲ (ခ) မှာ "ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့ရက်မှ စတင်၍ အာဏာတည်စေရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ သမ္မတရဲ့ အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၁၃) အရ ဒီဥပဒေဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ကစလို့ အာဏာတည်ပါတယ်။ ဒါပေမည့် ဒီဥပဒေမှာ "နောက်ကြောင်းပြန်အာဏာသက်ရောက်ခွင့်" ပြဋ္ဌာန်းမထားလို့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုများကို ဒီဥပဒေနဲ့ အရေးယူလို့ မရနိုင်ပါ။ ပုဒ်မ (၇၃) မှာ "၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေ (ဥပဒေအမှတ် ၆၇/၄၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုများကို အရေးယူစရာ ဥပဒေလည်း မရှိတော့ပါ။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက အဂတိလိုက်စားမှုများအားလုံးကို အလိုအလျောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဒီသဘာဝမကျမှု၊ မမျှတမှုကို ပြင်ဆင်သင့်ပါတယ်။  

၂။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှူတိုက်ဖျက်ရေး ဗဟိုအဖွဲ့

ပြည်ထောင်စုလွှတ်တော်က "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့မှာ ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ ဒီဥပဒေ ပုဒ်မ (၅) အရ ပြည်ထောင်စုအစိုးရဟာ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရဋ္ဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့" ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ သတင်းစာတွေမှာ တရားဝင်ထုတ်ပြန်ကြေညာချက်ကို မတွေ့ရပေမည့် ဒီဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဒီဗဟိုအဖွဲ့မှာ ပြင်ပပုဂ္ဂိုလ်များ လုံးဝပါဝင်ခြင်းမရှိပဲ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန စတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာဋ္ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်လိမ့်မယ်လို့ ယူဆရပါတယ်။ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ပြည်ထောင်စုဝန်ကြီးတွေ အဖွဲ့ဝင်အဖြစ်ပါဝင်တာကြောင့် ဒီ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" ဟာ ပြည်ထောင်စုဝန်ကြီးဋ္ဌာနအချို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဒီဥပဒေ ပုဒ်မ (၂) အရ ပုဒ်မခွဲ (က) ကနေ (ဋ္ဋ) အထိ ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အကြမ်းဖက်မှုများအားလုံးနဲ့ ပါတ်သက်ပြီး ကျူးလွန်သူ၊ ကျူးလွန်ရန်အားထုတ်သူ၊ အားပေးကူညီသူ၊ လှုံ့ဆော်သူ သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်သူများကို ထိထိရောက်ရောကအရေးယူနိုင်ဖို့ ရည်ရွယ်ပါတယ်။ အကြမ်းဖက်မှုဆိုရာမှာလည်း "ပြည်တွင်း၌ဖြစ်ပွါးသော အကြမ်းဖက်မှု၊ နိုင်ငံသား သို့မဟုတ် နိုင်ငံအတွင်းအမြဲတမ်းနေထိုင်သူ နိုင်ငံခြားသားမှ ပြည်ပတွင်ကျူးလွန်သော အကြမ်းဖက်မှု၊ အများပြည်သူ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ နိုင်ငံတော်ပိုင် ပစ္စည်းများ၊ အဆောက်အအုံများကို ထိခိုက်နစ်နာဆုံးရှုံးစေခြင်းများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ ပြည်ပရှိ နိုင်ငံပိုင်သံရုံးများ၊ အဆောက်အအုံများ၊ ပစ္စည်းများအပေါ် အကြမ်းဖက်မှု၊ နိုင်ငံတော်အတွင်း မှတ်ပုံတင်ထားသည့် ယာဉ်၊ ယန္တရားများအပေါ်တွင် အကြမ်းဖက်မှု၊ နိုင်ငံတော်ကို အခြေပြု၍ နိုင်ငံတော်ကို၎င်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို၎င်း အကြမ်းဖက်မှုများ၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နယ်မြေနှင့် ကမ်းလွန်ရေတိမ်တွင် ကျူးလွန်သည့် အကြမ်းဖက်မှုများ၊ စသည်ဖြင့် ကျယ်ပြန့်စွာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ဥပဒေ အခန်း (၄) မှာ မြို့ပြလေကြောင်းပျံသန်းရေးနှင့် လေဆိပ်များဆိုင်ရာ အကြမ်းဖက်မှုများ၊ အခန်း (၅) မှာ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်များနှင့် စပ်လျင်းသည့် အကြမ်းဖက်မှုများ၊ အခန်း (၆) မှာ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ အကြမ်းဖက်မှုများ၊ အခန်း (၇) မှာ နျူကလီးယား ဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက်အအုံများနှင့် ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၈) မှာ ပင်လယ်ရေကြောင်းသွားလာရေးနှင့် ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၉) မှာ ကမ်းလွန်ရေတိမ်ပိုင်းရှိ ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံများနှင့် ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၁၀) မှာ ပေါက်ကွဲစေသောပစ္စည်းများနှင့် ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၁၁) မှာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုနှင့် ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၁၂) မှာ အကြမ်းဖက်မှုကို ငွေကြေးနှင့် ပစ္စည်းထောက်ပံ့ခြင်းများ စသည်ဖြင့် ပို၍ကျယ်ပြန့်စွာ တင်ပြထားပါတယ်။
အဲဒီလောက် ကြီးမားကျယ်ပြန့်တဲ့ အကြမ်းဖက်မှုများကို တားဆီးအရေးယူဖို့ တာဝန်အပ်နှင်းထားတဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" ကို ပုဒ်မ (၆) နဲ့ အခန်း (၄) ကနေ အခန်း (၁၃) အထိမှာ အင်မတန်ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်များ၊ အာဏာများ အပ်နှင်းထားပါတယ်။ ပုဒ်မ (၃)၊ ပုဒ်မခွဲ (လ) အရ ဗဟိုအဖွဲ့ဟာ အကြမ်းဖက်မှုများ တားဆီး၊ ထိန်းချုပ်၊ နှိမ်နင်း၊ အရေးယူနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၊ အဖွဲ့များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဗဟိုအဖွဲ့ဟာ ပြည်ထောင်စုအစိုးရကိုယ်စား နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနဲ့လည်း အကြမ်းဖက်မှုဆန့်ကျင်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခွင့်ရှိပါတယ်။


Monday, April 13, 2015

Interview with The Irrawaddy, April 3, 2015

INTERVIEW
‘I Don’t Think it is Possible to Scrap the Entire System and Build a New One’
By KYAW ZWA MOE / THE IRRAWADDY| Friday, April 3, 2015 |

A former second vice-chairman of the All Burma Federation of Student Unions, Aung Din was incarcerated from 1989 to 1993 for participating in the pro-democracy uprising in 1988. After traveling to the United States, he worked as executive director of the US Campaign for Burma between 2003 and 2012, and was also involved with the Free Burma Coalition for two years. In this interview with Kyaw Zwa Moe, editor of The Irrawaddy’s English edition, Aung Din discusses recent reforms in the country, the evolution of the United States’ foreign policy towards Burma, and the prospects of free and fair elections in the next decade.


How much has the foreign policy of the international community changed toward Burma since the new government took power?


Many years ago, the United States determined its policy on Burma would depend on the human rights situation in the country. But these days, the US takes three factors into consideration. Human rights is still an important factor, alongside economics and geopolitics. The US would like to have a government that is friendly towards it in Burma, while it is trying to counterbalance the rise of China in the Asia-Pacific region.

Considering these factors, they believe that their engagement policy is right. There may be unexpected difficulties and setbacks in pursuing this policy, but they will not reverse from it, they will only push ahead. At the same time, they are expecting a free and fair election in 2015. If the election were free and fair, the legislative landscape will be stronger in 2016. There will be larger democratic forces and ethnic forces in the parliament. Then the parliament will be stronger than it is in its current term—at least, I expect so. To make it happen, US administration is taking steps to support the 2015 election.

From Washington’s point of view, what kind of country is Burma?


I recently talked with a senior figure in the US administration. He said they regard our country as a normal one. We have a government, opposition, government supporters and supporters of the opposition. There are conflicts, and sometimes violence and crackdowns, but that these are however quite normal for many countries of the world. That there are protests happening daily in his country. That they no longer regard our country as a failed state where there is conflict between the oppressed and the dictators. That they regard our country as a normal state because things happening in our country are not unusual. That the Burmese government now understands that they can’t demonetize banknotes, use the army in dispersing demonstrations, and that the army can’t launch a coup, and if they do not break these rules, the international community has no reason to interfere in the country’s affairs.

At the same time, many student protesters have been arrested recently, with the government reacting in the same manner as it did 20 years ago.


The international community, including the US and UN, opposed this brutal crackdown. But, there is something we need to think about with regard to their choice of words. Their declarations only chose to use words like “regret” and “disappointment”. No statement uses the words “condemn” or “denounce”. In declarations, the choice of words expresses severity.

You mean that the international community has completely toned down its voice?


They have changed the way they think. They will engage constructively with the government. They will tell the government secretly that it is doing wrong, but they will not publicly condemn it.

What are the major achievements and the major failures of the reform process?


There has been the creation of institutional mechanisms. The government is responsible to the parliament, the judicial system is responsible to the president and the parliament. These institutions are not perfect, but they have a framework. This is a very good thing. The military regime in the past was responsible to nobody.
Political prisoners have been released and opposition forces including Daw Aung San Suu Kyi were able to join the political fold. There has been an emergence of civil society organizations. The government has admitted the need for internal peace and to fight poverty.

The bad things are there are opposing factions within the government and USDP, even as the top leaders wish for change. The president is not decisive. There are many bad guys in the cabinet. In fact, some of the cabinet members are tarnishing the president’s dignity and he can’t take decisive action against them. There are people who are corrupt or abuse their positions of power in the cabinet. Racial and religious tensions are very high and they may break out into riots.

Many have questioned that if the reform process has been stalled. Nepotism still thrives in these administrative mechanisms and the government fails to address it. Though the government admits that the country is in poverty, it has no economic policies to improve the lives of the poor.


In my view, reforms can’t be completed in three or four years. It takes a longer period. During that period, it may go forward, reverse and stall from time to time. All players must take responsibility. What can we do if we want to remove the influence of evil forces acting upon the president? If civil society organizations view him as an enemy, he would respond in kind. We are calling for national reconciliation. How much the two sides are willing to bury the hatchet is questionable.

The political atmosphere today is in accord with what was set out by the military regime. In many ways it seems things will not change at all and those in charge have always maintained the upper hand.


It is difficult to say that. They have divided themselves. In the past, the military was a single entity. Now it has divided between the military and the USDP. The USDP has been divided in government. Under the constitution, the president and ministers are not allowed to discharge party duties once they join the cabinet. Even if the influence of former Snr-Gen Than Shwe still prevails, it is not that big. Now I see some USDP members who would like to listen to the voices of the people. We need to mobilize more of them. This is something we need to think about. We need to be prepared to cooperate with anyone, should they be the active generals or former military members in the USDP, if they have a desire for the development of the country.

You are a former political prisoner. During your time in the US, you were very critical of the Burmese government. How do you assess the government now?


As I became an individual activist, I took a look at both sides—the government and the democratic forces. And I found that there are both good and bad people in the government. Previously, I thought it was full of bad guys and I was surprised to see that there are also good guys. And this is welcoming. Then I take a look at the democratic forces, which I had joined with in the past. In the past, all of them were good guys. Now, there are shades of grey in both sides.
Now is the time we need to rebuild the country. If we went on like this with these tensions, it would only delay the rebuilding of the country. We are obliged to make things better, building on the current situation. We can’t just be sitting, doing nothing but blaming. Now is the time we need to grasp any available opportunity out of current situation and make things better. We have got breathing space, which is beneficial to both sides.

Do you see any possibility of a true civilian government in the next five to ten years that will be elected through free and fair elections?


I think it is unlikely. We might need to wait 20 more years. I myself was a hardliner. I studied revolutions in Eastern Europe. In those cases, the dictators were toppled by public uprisings, then elected governments came into power. But, those elected governments are not competent and there are corrupt persons among them. The problems left by the former dictators grew larger and the expectations of people diminished. This was followed by economic decline. Finally, people overthrew the governments they had elected themselves and the country became unstable. Egypt is the closest example. I don’t want our country to end like that. I don’t think it is possible to scrap the entire system and build a new one. Even if the new system could be built, there is a high risk the system will return to dictatorship, like in the case of the Soviet Union.

The two sides must make compromises, coordinate and cooperate. There should not be a ‘winner takes all’ concept anymore.


အနုပညာ သင်ခန်းစာတွေ ရနိုင်တဲ့ `နွေတညမှ အစပြု၍´ ငြိမ်းဝေ (ကဗျာ့အိုးဝေ)

အနုပညာ
သင်ခန်းစာတွေ ရနိုင်တဲ့ `နွေတညမှ အစပြု၍´

(က)

၁၉၈၈ ခု၊ ဇူလိုင်လ ၂၈ ရက်၊ ၀ါဆိုလပြည့်နေ့။
နေ့လယ် သုံးနာရီလောက်မှာ ရွှေတိဂုံ စေတီတော်ကြီးရဲ့ အရှေ့ဘက် စောင်းတန်းများမှ တဆင့် လူတချို့ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဘုရား ရင်ပြင်တော်ပေါ် တက်လာကြ ပါတယ်။ သူတို့ တတွေဟာ မည်သူမျှ ဘုရားပေါ်တက်လို့ မရအောင် ပိတ်ဆို့ စောင့်ကြပ်နေ ကြတဲ့ လုံခြုံရေးတပ်တွေရဲ့ ရှေ့က အေးအေးဆေးဆေး ဖြတ်ကျော်လာပြီးမှ ရင်ပြင်တော်ပေါ် ရောက်လာကြ တာပါ။
ဒီလူအုပ်ဟာ စောင်းတန်း တချို့ထဲက ဘုရားဖူးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမောင်းထုတ်ပြီး ပါလာတဲ့ ဖဲထုပ်တွေ ချကာ ဖဲရိုက်တဲ့သူက ရိုက်ပါတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးမလား ဆိုပြီး ဘုရားဖူးတွေကို ပြောင်ပြောင် တင်းတင်း လိုက်မေးပါတယ်။ ပါလာတဲ့ အရက်ပုလင်းတွေ ဖန်ခွက်တွေ ချပြီး အရက်ဝိုင်း ဖွဲ့ကြပါ တယ်။ ပြီးတော့ ရင်ပြင်တော်ပေါ်က အလှူခံပုံး ဟူသမျှကို ရိုက်ခွဲပြီး အလှူငွေပိုက်ဆံတွေကို ယူလိုက်ကြပါတယ်။
ဒီလူတွေဟာ စုတ်ပြတ်နေတဲ့ အ၀တ်အစားတွေ ၀တ်စားထားကြပြီး အရက်နံ့ တထောင်းထောင်းနဲ့  မူးယစ်သေစာများ သောက်စားထားကြသူတွေ ဖြစ်ပါတယ်။ အပေါစားမိတ်ကပ်နဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ မိန်းမတွေလည်း ပါလာပါတယ်။
အဲသလို မူးယစ်ရမ်းကားနေသူတွေ ရင်ပြင်တော်ပေါ် တက်လာတဲ့အချိန်က သမ္မတသက်တမ်း နှစ်ရက်တည်းသာ ရှိသေးတဲ့၊ သားသတ်သမားလို့ နာမည်ကြီးနေတဲ့ သမ္မတသစ် ဦးစိန်လွင်ကို ဆန့်ကျင်တဲ့ အနေနဲ့၊ ဘုရားရင်ပြင်တော် ပေါ်မှာပဲ တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျောင်းသားထုရဲ့ ဆန္ဒပြဟောပြောပွဲ ကျင်းပနေချိန် ဖြစ်ပါတယ်။ ရင်ပြင်တော်ပေါ် ရုတ်တရက် ရောက်လာတဲ့ အဲဒီ လူဆိုးလူရမ်းကား အမူးသမားများရဲ့ နှောက်ယှက်မှုကြောင့် ကျောင်းသားတွေရဲ့ ဟောပြောမှုကို နားထောင်နေကြတဲ့ ပရိသတ်အဖို့ ဆက်လက်နားထောင်ဖို့ ခက်ခဲလာခဲ့ရပါတယ်။ ကျောင်းသားတွေက ဒီလိုမလုပ်ဖို့ လိုက်လံပြောဆိုတဲ့အခါ ကျောင်းသား များကို ရန်လုပ်ဆဲဆိုကြပါတယ်။
ကျောင်းသားတွေဟာ ချက်ချင်းဆိုသလိုပဲ သဘောပေါက်နားလည်လာရပြီး လူရမ်းကား လူဆိုးလူမိုက်များနဲ့ အချင်းမပွားတော့ဘဲ ဟောပြောပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဘုရားစောင်းတန်းတွေပေါ်က နည်းပေါင်းစုံနဲ့ ပြန်ဆင်းကြရပါတယ်။ လေးဘက်လေးတန် ပိတ်ဆို့စောင့်ကြပ်နေကြတဲ့ လုံခြုံရေးတပ်တွေ မသိအောင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်များထဲကတဆင့် ပုန်းလျှိုးဝင်ရောက် ထွက်ပြေးကြရပါတော့တယ်။
အဲဒီနေ့ညမှာပဲ ရွှေတိဂုံစေတီတော်ပေါ်က အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို အစိုးရပိုင် ရေဒီယိုက ထုတ်ပြန်ကြေညာ အသံလွှင့်ပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဖူးပြည်သူတွေကို အနှောက် အယှက်ပေးပြီး ဘုရားပိုင် အလှူခံရငွေတွေကို လုယက်တဲ့ ကျောင်းသားဆိုးများကို ဂေါပကအဖွဲ့ရဲ့ တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့များက ရင်ပြင်တော်ပေါ်တက်ပြီး ရှင်းလင်းခဲ့ရကြောင်း အသံလွှင့်ချက်ကို တတိုင်းပြည်လုံးက ကြားကြရ ပါတော့တယ်။

(ခ)

အထက်ပါ (က) အပိုဒ်မှာ ပါရှိတဲ့ အကြောင်းအရာတွေကတော့ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ထဲက စာပိုဒ်တချို့ကို ကျနော်နားလည်ထားသလို အကျဉ်းချုပ်ပြီး ပြန်ရေးပြလိုက်တာပါ(စာ- ၁၃၄ )။
စာရေးသူ (ကို) အောင်ဒင်ဟာ အဲဒီ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က လူဆိုးလူမိုက်များနဲ့ အချင်းမများ ရလေအောင် ဟောပြောပွဲကို ရပ်ဆိုင်းပြီး ဘုရားရင်ပြင်တော် ပေါ်က လျှို့ဝှက်စွာ ထွက်ပြေးခဲ့ရတဲ့ ကျောင်းသားများ ထဲက အသက် ၂၀ ကျော် စက်မှုတက္ကသိုလ် ကျောင်းသား ခေါင်းဆောင် တဦးပဲ ဖြစ်ခဲ့ပါတယ်။ သူဟာ နောင်အခါ ‘ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ့်တပ်ဦး’ ရဲ့ ခေါင်းဆောင်တဦး ဖြစ်လာပါတယ်။

အထက်ပါ အကြောင်းအရာတွေကို ‘အောင်ဒင်’က သူ့ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ ထည့်ရေးခဲ့တာပါ။ ‘နွေတညမှ အစပြု’ ၍ စာအုပ်ဟာ စာရေးသူ အောင်ဒင် ဖြတ်သန်းကျင်လည် ပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု များကို ပြန်လည်စုစည်း ဖေါ်ပြထားတဲ့ စာအုပ်ပါပဲ။  တနည်းအားဖြင့် ပြောရရင် မြန်မာပြည်ရဲ့ ရာဇ၀င်သမိုင်းမှာ ပြင်သစ်ပြည်က ၁၈၇၁ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးကြီးလို အင်မတန် ကြီးမားမြင့်မားလှတဲ့ လူထုအုံကြွမှုကြီး ဖြစ်တဲ့ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီး နောက်ပိုင်း ၁၉၈၉ ခု နှစ်လည်ပိုင်းအထိ အချိန် ကာလအတွင်း သူ့ရဲ့ (စက်မှုတက္ကသိုလ်ကျောင်းသား တဦးရဲ့) နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်တဲ့ သဘော ရေးသားထားတာပါပဲ။ တနည်းအားဖြင့်ပြောရရင် ‘နွေတညမှ အစပြု၍’ စာအုပ်ဟာ ‘အောင်ဒင်’ ရဲ့ အထုပ္ပတ္တိတပိုင်း စာအုပ်ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။


ရုရှစာရေးဆရာ ‘အီလျာအာရင်ဘတ်’ သည်လည်းပဲ သူဖြတ်သန်း ကျင်လည်ရတဲ့ အချိန်ကာလ တခုအကြောင်း မှတ်တမ်းသဘော ရေးခဲ့ဖူးပါတယ်။ ‘လူများ၊ သက္ကရာဇ်များ ဘ၀များ’ စာအုပ်မှာ ရေးခဲ့တာပါ။ ဒီစာအုပ်ထဲမှာ သူ့ကိုယ်သူ ဗဟိုပြုပြီး ရေးတယ်ဆိုပေမယ့် သူနဲ့ခေတ်ပြိုင်၊ သူနဲ့ စာရေးဖော်စာရေးဖက် တခြား စာရေးဆရာ၊ ကဗျာဆရာများ အကြောင်း ကိုလည်း မှတ်တမ်းသဘော ရေးခဲ့ပါတယ်။

အောင်ဒင်သည်လည်းပဲ သူ့ရဲ့ ‘နွေတညမှ အစပြု’ ၍ စာအုပ်ထဲမှာ သူ့ကိုယ်သူ ပင်တိုင်ထား ရေးတယ် လို့ စာရေးသူက ၀န်ခံထားသော်ငြားလည်းပဲ သူနဲ့ ခေတ်ပြိုင် သူနဲ့ အတူ သူလိုပဲ နိုင်ငံရေး လှုပ်ရှားတက်ကြွသူ ကျောင်းသားများ၊ ကျောင်းသား ခေါင်းဆောင်များ ကိုလည်း မှတ်တမ်းတင်ဖို့ မပျက်ကွက်ခဲ့ပါဘူး။ ဒါကြောင့်မို့လည်း ဒီစာအုပ်ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ လောလောဆယ်မှာဖြင့် အပြည့်စုံဆုံး စာအုပ်အဖြစ် အသိအမှတ်ပြုရမလို ဖြစ်လာခဲ့ပါတယ်။
‘နွေတညမှ အစပြု၍” စာအုပ်အလိုအရ ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်နဲ့ စစ်တပ်က အာဏာသိမ်းပြီး စ အချိန်တွေမှာ ကျောင်းသားတွေဟာ အုတ်နံရံကြီးကို အကြိမ်ကြိမ် ခေါင်းနဲ့ ပြေးဆောင့်ခဲ့ကြတယ်၊ မိုးကို ဒူးနဲ့ တိုက်ခဲ့ကြ တယ်။ သူတို့ကို နားလည်ဖို့ ဆိုရင် စာဖတ်သူတွေဟာ သူတို့ ပြောတာတွေ၊ သူတို့ လျှောက်လှမ်း သွားနေပုံတွေနဲ့ သူတို့ခင်းလို့ ပေါ်ပေါက်လာတဲ့ လမ်းအသွယ်သွယ်ကို ကြည့်ပြီး မြင်ပြီး မှသာ နားလည်နိုင်မှာပါ။ နားလည်ဖို့ မလွယ်ကူသလို နားလည်ဖို့ လွယ်ကူ နေတာလည်း ရှိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ကျောင်းသားတွေ၊ လူတွေက ခေါင်းနဲ့ဆောင့်လို့ ပြိုကျသွားရတဲ့ အာဏာရှင် ခေတ်သမိုင်းတွေဆိုတာ အထင်အရှား ရှိခဲ့တာပဲ။
‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍” စာအုပ်မှာ နိုင်ငံ့အရေးထဲ တစတစ ပါဝင်စူးနစ်လာကြတဲ့ ကျောင်းသားတွေကို အခုအချိန် လိုပဲ၊ နိုင်ငံရေးသမားတွေက အသုံးချလို့၊ ငြိမ်းချမ်းတဲ့ အခြေအနေကို ဖျက်လိုဖျက်ဆီး လုပ်ချင်လို့၊ ပညာကောင်းကောင်း မသင်ချင်လို့ နိုင်ငံရေးထဲ ပါဝင်လာကြတာ ဖြစ်တယ် လို့ ဟိုအရင်ကတည်းက အပြောအဆို ခံခဲ့ကြရပါလား ဆိုတဲ့ အချက်တွေကိုလည်း သွားတွေ့ရပါတယ်။

သင်ခန်းစာ ယူကြရမယ့် အချက်တွေကလည်း ဒုနဲ့ဒေး ပါပဲ။ ကျောင်းသားတွေ ကွဲကြပြဲကြ၊ အပြန်အလှန် စွပ်စွဲ ပြောဆိုကြ၊ ခေါင်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေကို အပူတပြင်း လိုက်ရှာကြ၊ ဒီကြားထဲ အာဏာရှင်တွေက ရိုက်နှက် သတ်ဖြတ် ဖမ်းဆီးထောင်ချတဲ့ အလုပ်ကို တဖက်က လုပ်ပြီး တဖက်ကလည်း ကျောင်းသားထု အတွင်း သွေးကွဲသွား စေဖို့၊ လူမိုက်လူရမ်းကား တွေနဲ့ ရင်ဆိုင် ဖြိုခွင်းတာမျိုး၊ လူထုအချင်းချင်း ရန်တိုက်ပေးတာမျိုး အပြင် ကျောင်းသား ခေါင်းဆောင် တဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖော်ထုတ်ဝါဒဖြန့် သိက္ခာချတဲ့ နည်းမျိုးစုံကိုလည်း အသုံးပြု ခဲ့ကြတာတွေဟာ အခုခေတ်လိုပဲ ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါလား ဆိုတာ ဒီစာအုပ်မှာ သွားတွေ့ရပါတယ်။

လူတွေကလည်း ကျောင်းသားတွေအပေါ် အမျိုးမျိုးသော နှလုံးသားဓာတ်ခံအပေါ်မူတည်ပြီး အခုခေတ်လိုပဲ အမျိုးမျိုး မြင်ခဲ့ကြ၊ အမျိုးမျိုး ပြောခဲ့ကြတာပါပဲ။ ကျောင်းသားတွေဟာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့ အလုပ်ကို မသိသား ဆိုးရွားစွာ လုပ်ကြတယ်၊ ကျောက်တုံးကို အပ်နဲ့ ထိုးဖောက်သလို ဖြစ်နေတယ်၊ ထင်ပေါ် ကျော်ကြားချင်ကြတယ်၊ လက်ခုပ်သံတွေကို သာယာခဲ့ကြတယ်၊ တချို့ဆိုရင် အမျိုးသားခေါင်းဆောင် ဆိုတာမျိုးအထိ စိတ်ကူးယဉ်ကြတယ် အစ ရှိသဖြင့် အပြောခံခဲ့ ဝေဖန်ခံခဲ့ကြရတဲ့ အဖြစ်ဟာလည်း အခု မျက်မှောက်ခေတ် ကျောင်းသားတွေရဲ့ အဖြစ်နဲ့ တထေရာတည်း ပါပဲ။

အာဏာရှင်တွေဟာ သူတို့ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ဘယ်တုန်းကမှ ရင်ဝယ်သားလို သဘောထား ဖြေရှင်း ကြတာ မတွေ့ရတဲ့ အဖြစ်ကိုလည်း ဒီစာအုပ်ထဲမှာ တွေ့ကြရပါတယ်။ အခု မနေ့တနေ့ကပဲ ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ သဲကြီးမဲကြီး ၀ိုင်းရိုက်ကြ၊ ကျောင်းသား သမဂ္ဂအလံကို အငြိုးတကြီးနဲ့ မြေကြီးပေါ်ချနင်းပြီး ဒေါသ ထွက်နေတဲ့ ရဲတွေလိုပဲ ရှစ်လေးလုံး ကာလအတွင်းက အင်းလျားကန်ဘောင် တနေရာမှာ ပြေးစရာ မရှိလို့ ရေထဲဆင်းပြေးရတဲ့ ကျောင်းသူတွေကို ဆံပင်ဆွဲပြီး ရေထဲနှစ် ရိုက်နှက်ကြတဲ့ လုံထိန်းတွေ ဆိုတာ ဟိုအရင် ကတည်းက ရှိခဲ့တာပဲ။


ကျောင်းသားသမိုင်းမှာ ဗိုလ်အောင်ကျော်မှရယ်လို့ နံပါတ်တုတ်နဲ့ ရိုက်သတ်ခံခဲ့ရတာ မဟုတ်ပါလား ဆိုတာ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ တွေ့ကြရမှာပါ။ အသက် ၂၀ ကျော် ကိုအောင်ဆန်းလို လူငယ်တွေ နိုင်ငံရေးထဲ ပါဝင်လာကြပြီး မြေပေါ်မြေအောက် လှုပ်ရှားမှုတွေကို အလုပ်လုပ်ရင်းသင် သင်ကြားရင်းအလုပ်လုပ်နဲ့ လူငယ် ဘ၀တွေကို စတေးသွားကြရတဲ့ အဖြစ်တွေဟာ ခုခေတ်မှရယ်လို့ မဟုတ်ပါလားဆိုတာ ‘နွေတညမှ အစပြု၍ ’ စာအုပ်မှာ အထင်းသား တွေ့ကြရပါတယ်။

တနေရာမှာတော့ တိုင်းပြည် ဒီမိုကရေစီရေး အတွက် အင်မတန် အန္တရာယ်ကြီးပြီး ကြမ်းတမ်းလှတဲ့ လမ်းကြောင်းပေါ် လျှောက်နေရပေမယ့် ချစ်သူကို လွမ်းတမိတဲ့ ညကလေး တညအကြောင်း ထည့်ရေးလိုက်တော့ ဂျာမာန်ကဗျာဆရာ ‘ဗားတော့ဗရက်’ ရဲ့ ကဗျာစာသားလေးကို သွားပြီးသတိရစေ ပါသေးတယ်။ ဗားတော့ဗရက်က ‘ချစ်သူကို တ၀က် တပျက်သာ ချစ်ရတဲ့ ခေတ်ပါလား’ လို့ရေးခဲ့ပါတယ်။

အောင်ဒင်ဟာလည်းပဲ သူ့ရဲ့ ‘နှင်းထုထဲက အလွမ်းည’ ခေါင်းစဉ် အောက်က စာပိုဒ်တွေထဲမှာ မင်းကိုနိုင်နဲ့ အတူတွဲပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲက အင်းလျားကန်ဘောင်မှာ ဂစ်တာတလက်နဲ့ ‘ခင်ဝမ်း’ ရဲ့ ‘နှင်း’ သီချင်းကို အော်ဟစ်ငိုကြွေး သီဆိုရင်း ချစ်သူကို တ၀က်တပျက်သာ ချစ်ခွင့်ကြုံ ကြရတဲ့ သူ့တို့ဘ၀ကို သူတို့ကိုယ်တိုင် ပြန်လွမ်းမိကြတဲ့အကြောင်း ထည့်ရေးခဲ့ပါတယ်(စာ-၃၃၀၊ နှင်းထုထဲက အလွမ်းည)။

သူက ဒီလိုရေးလိုက်တဲ့အခါ ပဲခူးရိုးမ တနေရာမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ဖို့ လုပ်နေတဲ့ လူငယ်တဦးသာ ဖြစ်သူ ‘ကိုဗဟိန်း’ က သူ့ချစ်သူဆီ လရောင်အောက်မှာပဲ စာထိုင်ပြီး ရေးခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းကိုလည်း သွားပြီး သတိရလိုက်မိပါသေးတယ်။

အောင်ဒင်ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ ပြန်လည် ငြင်းခုန် ဆွေနွေးစရာကိစ္စများ မရှိမဟုတ်၊ ရှိတော့ ရှိပါတယ်။ ဥပမာ ၀န်ကြီးချုပ်ဟောင်း ဦးနုက စင်ပြိုင်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာတာကို အဲဒီအချိန်က လူတွေ နိုင်ငံရေး သမားတွေနဲ့ ကျောင်းသားတွေက ဘာ့ကြောင့် မထောက်ခံခဲ့ကြတာလဲ ဆိုတဲ့ အချက် (စာ- ၂၁၃) နဲ့၊ ဒေါက်တာ မောင်မောင်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြလို့ ငြိမ်းချမ်းစွာ အပြောင်းအလဲ ဖြစ်ရေး အခွင့်အရေး တခုကို လက်လွှတ် ခဲ့ရပြန်တယ် ဆိုတဲ့ အချက် (စာ- ၃၉၄) များကတော့ ပြန်လည်ဆွေးနွေး ငြင်းခုန်ရမယ့် အချက်များ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေက ‘နွေတညမှ အစပြု၍’ စာအုပ်မှာ အဓိက မကျပါဘူး။ အဓိက ကျတဲ့ အချက်က အဲဒီခေတ်ကာလ ကြီး တနံတလျား အတွင်း ကျောင်းသားတွေရဲ့ စွန့်စား စွန့်လွှတ် ပေးဆပ်ခဲ့ကြရတဲ့ အာဏာရှင်ဆန့်ကျင်ရေး သမိုင်းကြီးကို မီးမောင်း ထိုးပြလိုက်နိုင်တဲ့ အချက်သာ အဓိက ဖြစ်ပါတယ်။
(ဂ)
တပိုင်းတစ ကိုယ်ရေး အထုပ္ပတ္တိ ဆန်ဆန် ရေးတဲ့ စာအုပ်တွေ မကြာခဏ ဖတ်ကြရပါတယ်။ ဒီအထဲမှာမှ ဗိုလ်ချုပ် စိုးဝင်းရဲ့ စာအုပ်မျိုး၊ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ စာအုပ်မျိုးတွေကို လေ့လာဖတ်သင့်ပါတယ်။ သူတို့ အထုပ္ပတ္တိ စာအုပ်တွေထဲက ယူသင့်တာယူပြီး ပယ်သင့်တာ ပယ်ကြရမှာတွေလည်း မလွဲမသွေ တွေ့ရမှာပါပဲ။

ဒီနေရာမှာ ဖြည့်စွက်ပြီးပြောရမယ်ဆိုရင် ‘အောင်ဒင် ’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ကိုလည်း လက်ရှိ တိုင်းပြည် အုပ်ချုပ်ခွင့်ရပြီး ပြဿနာများနဲ့ နပမ်းလုံးနေကြရသူများ အားလုံးကို ဖတ်စေချင်ပါတယ်။ ပညာရေး လွတ်လပ်ခွင့် တောင်းဆိုနေ ကြရတဲ့၊ ကြမ်းတမ်းခက်ထန်လှတဲ့ ဘ၀တွေ ဖြတ်သန်းကျော်လွှားနေကြရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသား မိဘများသည်လည်း ဖတ်စေချင်ပါတယ်။ အခုတလော ကျောင်းသား လှုပ်ရှားမှုတွေ အပေါ် အပြစ်မြင်လို့ ပဲ ဖြစ်ဖြစ် အကောင်းမြင်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်သူမဆို ထင်မြင်ချက် အမျိုးမျိုး ပြောဆိုနေကြသူ အားလုံးလည်းပဲ မပျက်မကွက် ဖတ်စေချင်ပါတယ်။


ကဗျာဆရာ ‘မောင်အောင်ပွင့်’ ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာခေါင်းစဉ် လိုပါပဲ။ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ကို ဖတ်ရှုပြီးတဲ့နောက် ကျနော်တို့ရဲ့ ဟောဒီ မျက်မှောက်ခေတ် တခေတ်ကို ‘ငါးရိုးနင်နေတဲ့ ခေတ်ကြီး တခေတ်’ သာ ဖြစ်တယ် လို့ပဲ အမည်တပ်ပြီး ကြေကွဲလိုက်ပါရစေ။     ။