BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, June 8, 2009

Interview with DVB, June 8, 2009, Part 2

Interview with DVB, June 8, 2009, Part 1

Kabar Makyay Buu


က မ္ဘာ မကြေ ဖူး

အောင်ဒင် (ဂျွန် ၅၊ ၂၀၀၉)

မေမေ ရေ
ကောင်းကင် ကြီး က မှောင် လို့
နေ ရောင် က တိမ် မဲ တွေ အောက် မှာ ပုန်းအောင်း
အလင်း ကို အငမ်းမ ရ တောင်း တဲ့ လက် တွေ
ဗလာ လေ ထု ထဲ
အ သက် မဲ့ မဲ့ ကြေကွဲ နေ ။

မေမေ ရေ
ကျနော့ ညီမ လေး
သွေး အိုင် ထဲ၊ ပြို လဲပုံကျ
သူ လို ချင် တာက လူ့အခွင့် အရေး
သူ မျှော်လင့် တာ က ငြိမ်း ချမ်းရေး
သူ ရလိုက် တာက
အကြမ်းဖက် သမား ရဲ့ အညှိုးအတေး ။

မေမေ ရေ
ကျနော့ ညီ အစ် ကို တွေ လဲ
အကျဉ်း ထောင် အမှောင် ထု ထဲ
အနာဂါတ် ကို ယုံကြည် ရဲ ကြ
သူ တို့ ရဲ့ ဘဝ တွေ ကို
သူတို့ ချစ်မြတ် နိုးရာ နိုင်ငံတော် အတွက် စတေး
သံတိုင် နောက်က အခန်း ကျဉ်း ကလေး ဟာ
ကမ္ဘာ မကြေ တေး များ မွေးဖွားရာ နေရာ ပေါ့ ။

မေမေ ရေ
မတရား မှုတွေ ကြီးစိုး လွန်းလှ တော့
ဒီမြေ မှာ အနမ်းတွေ အဆိပ်သင့်
ဒီမြေ မှာ အလွမ်း တွေ တင်းကြပ်
ဒီမြေ မှာ စမ်းရေ တွေ ခမ်း ခြောက်
ဒီမြေ မှာ ပန်းတွေ မပွင့် ကြ ။

မေမေ ရေ
ဒီမြေမှာ ပန်းတွေ မ ပွင့် ကြ တော့
ဒီမြေမှာ ပန်းတွေ မ ပွင့် ကြ တော့
ဒီမြေမှာ ပန်းတွေ မ ပွင့် ကြ တော့။။

Thursday, June 4, 2009

Let's Strike and Oppose Together


သပိတ် စုံ၊ သူပုန် ထ၊ တော် လှန် ကြ စို့


အောင်ဒင်


(တစ်) ဒီမိုကရေ စီ ရေး၊ လူ့အခွင့်အရေး အလံ တော် နဲ့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်


တစ်ထောင့်ကိုးရာ့ကိုးဆယ် ရွေးကောက် ပွဲ အနိုင်ရ ပါတီ ကြီး ဖြစ် တဲ့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ် ဟာ တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ် လူထု အုံ ကြွ မှု ကြီးရဲ့ အသီး အပွင့် တစ်ခု ဖြစ် ပြီး အဲ့ ဒီ အရေး တော် ပုံ ကြီး ရဲ့ ဒီမိုကရေ စီ ရေး နဲ့ လူ့အခွင့်အရေး အလံ တော် ကို ဆက် လက် လွှင့်ထူ နေတာ ပါ၊ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ရဲ့ ဦး ဆောင်မှု အောက်မှာ အကြမ်းမဖက် နိုင် ငံ ရေး လှုပ်ရှားမှု တွေ နဲ့ အ ဖွဲ့ ချုပ် ဟာ နိုင် ငံ ရေး ပြဿ နာ တွေ ကို တွေ့ ဆုံဆွေး နွေး ရေး နည်းလမ်း နဲ့ ငြိမ်းချမ်း စွာ ဖြေ ရှင်း ကြ ဖို့ နအဖ စစ်အုပ် စု ကို အဆက် မပြတ် တောင်း ဆို နေ ခဲ့ တာပါ၊ အဲ့ ဒီ တောင်း ဆို မှု အပေါ် နအဖ စစ်အုပ် စု ရဲ့ တုံ့ပြန် မှု က တော့ အ ဖွဲ့ ချုပ် ခေါင်း ဆောင် တွေ၊ အဖွဲ့ဝင် တွေ၊ ထောက်ခံ သူ တွေ ကို ဖမ်းဆီး အကျဉ်းချ ခြင်း၊ ညှင်း ပန်းနှိပ် ဆက် ခြင်း၊ တိုက် ခိုက် သတ်ဖြတ် ခြင်း၊ ထွက်ပြေး အောင် မောင်း ထုတ် ခြင်း၊ စ တဲ့ အကြမ်း ဖက် နည်း လမ်း များနဲ့ ပါဘဲ၊ အ ဖွဲ့ ချုပ် ကို ထောက် ခံ ကြ သူ ထောင် ပေါင်း များစွာ ဟာ အကြမ်းမဖက် လှုပ်ရှား ရင်း အ ကြမ်း ဖက် ခံ ကြ ရလို့ ဘဝတွေ ပျက်၊ စီးပွါး ပျက်၊ မိသားစု တွေ သေကွဲ ကွဲကြရ၊ ရှင်ကွဲ ကွဲကြရ၊ အကျဉ်း ထောင် ထဲ က နိုင်ငံ ရေး အကျဉ်းသား အရေအတွက် ဟာ လဲ နှစ်ထောင့်တစ်ရာ ရဲ့ အထက် ကို တိုး ပြီး ရင်း တိုး ရင်း၊ အ ခု ဆို လူ ထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ဥပဒေ ပုဒ်မ အမျိုး မျိုး နဲ့ အ မှု တွေ ထပ်တိုး အကျဉ်း ချ နေပြန် ပါ ပြီ၊။ ဒါဟာ ဖြင့် အ ဖွဲ့ ချုပ် ရဲ့ တွေ့ ဆုံဆွေး နွေး ရေး တောင်းဆို မှု ကို နအဖ စစ်အုပ် စု က ပြတ်ပြတ် သားသား ငြင်းပယ် လိုက် တာပါ ဘဲ၊ ဒီ ထက် ရှင်းတာ မရှိ တော့ပါ ဘူး၊ အ ဖွဲ့ ချုပ် က ဘယ်လောက် ပဲ အော်ဟစ် ပြီး တောင်းနေ တောင်းနေ၊ ဒိုင်ယာလော့ ဆိုတာ ဘယ် လိုမှ မဖြစ် နိုင်တော့ ပါ ဘူး၊ နအဖ တဖက်သတ် ရေးဆွဲ ထားတဲ့ နှစ်ထောင့်ရှစ် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ကို ပြန်လည် ပြင်ဆင် ခွင့် ဆိုတာ လဲ ဘယ်တော့မှ ဖြစ်လာ မှာ မဟုတ် ပါဘူး ၊ ဒေါ်အောင်ဆန်း စုကြည် ကို လူ ထု ဆန့်ကျင် မှု နဲနဲ၊ ဒါမှမဟုတ် မရှိသလောက် နဲ့ ပိုင်ပိုင် နိုင်နိုင် ထောင် ချ ပြီး တဲ့ နောက် နအဖ ရဲ့ နောက် ခြေ တစ်လှမ်း က အ ဖွဲ့ ချုပ် ကို မြန်မာ့ နိုင်ငံ ရေး စင် မြင့် ပေါ် က နေ အပြီးတိုင် ဖယ်ရှား တာ ပဲ ဖြစ်ပါ လိမ့် မယ် ။


နအဖ ရဲ့ နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အ ခန်း (၁၀) နိုင်ငံရေး ပါတီ များ၊ ပုဒ်မ ၄၀၅ မှာ ဒီလို ဖော်ပြ ထား ပါတယ်၊


ပုဒ်မ ၄၀၅ ။ နိုင်ငံရေး ပါတီ တစ်ရပ် သည်၊

(က) စစ်မှန် ၍ စည်းကမ်း ပြည့်ဝ သော ပါတီစုံ ဒီမိုကရေစီ စနစ် ကို လက်ခံ ကျင့်သုံး ရမည်၊

(ခ) ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် တည်ဆဲ ဥပဒေ များ ကို လေးစား လိုက် နာ ရ မည်၊

(ဂ) နိုင်ငံရေး ပါတီ အဖြစ် ဥပဒေ နှင့် အညီ ဖွဲ့စည်း မှတ်ပုံတင် ထား ရ မည်၊


ဒီတော့ မကြာခင် မှာ နအဖ က ရွေး ကောက် ပွဲ ဥပဒေ ထုတ် ပြန် ကြေညာ ပြီး ရွေး ကောက် ပွဲ ကော်မရှင် ဖွဲ့စည်း ပါလိမ့်မယ်၊ ပြီးရင် ရွေး ကောက် ပွဲ ကော်မရှင် ကနေ နိုင်ငံရေး ပါတီ များကို မှတ်ပုံတင် ဖို့ ဖိတ်ခေါ်ပါလိမ့် မယ်၊ ပုဒ်မ (၄၀၅) မှာ ဖော်ပြထား တဲ့ အ တိုင်း ရွေး ကောက် ပွဲ ကော်မရှင် မှာ မှတ်ပုံတင် တဲ့ နိုင်ငံရေး ပါတီ ဟာ နှစ်ထောင့်ရှစ် ဖွဲ့စည်း ပုံ ကို လေးစား လိုက်နာ ဖို့ သဘော တူ လိုက်တာပါဘဲ၊ အဖွဲ့ချုပ် က ပါတီ တရားဝင် ဆက်လက် ရပ်တည် နေနိုင် ရေး ဆိုတဲ့ အကြောင်းပြချက် နဲ့ မှတ်ပုံတင် လိုက် မယ် ဆို ရင် အဖွဲ့ချုပ် က နှစ်ထောင့်ရှစ် ဖွဲ့စည်း ပုံ ကို လေးစား လိုက်နာ ဖို့ သဘော တူ လိုက်တာ ဖြစ်ပြီး ရှေ့ က တောင်းဆို ထား တဲ့ နှစ်ထောင့်ရှစ် ဖွဲ့စည်း ပုံ ကို သုံးပွင့်ဆိုင် ပြန် လည်ပြင် ဆင် ရေး၊ တွေ့ဆုံ ဆွေးနွေး ရေး၊ စတဲ့ တောင်း ဆိုချက် တွေ ကို ကိုယ့် ကိုယ်တိုင်က ဖျက်သိမ်း လိုက်တာ ပါဘဲ၊ အဲ့ ဒီ တောင်းဆိုချက် တွေ ကို ဆက်လက် ကိုင်စွဲ ထားလဲ ဘာမှ အရေး မပါတော့ ပါဘူး၊ မှတ်ပုံ မတင် ဘူး ဆို ရင် လဲ အဖွဲ့ချုပ် ဟာ ဖျက် သိမ်း ခံ ရ ဖို့ သေ ချာ သလောက် ပါဘဲ၊

ပုဒ်မ (၄၀၇) ကို ကြည့်ပါဦး၊


ပုဒ်မ (၄၀၇) ။ နိုင်ငံရေး ပါတီ တရပ် ရပ် သည် အောက်ပါ အကြောင်း တစ်ခုခု နှင့် ငြိ စွန်း လျှင် ဆက်လက် ရပ် တည် ပိုင် ခွင့်မရှိစေ ရ၊

(က) တည်ဆဲ ဥပဒေ အရ မတရား အသင်း အဖြစ် ကြေညာ ခံ ရခြင်း၊

(ခ) နိုင်ငံတော် အား လက်နက် စွဲကိုင် ၍ တော်လှန် ပုန်ကန် နေသော သောင်းကျန်း သူ အဖွဲ့အစည်း (သို့မဟုတ်) အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန် သည် ဟု နိုင်ငံတော် က သတ်မှတ်သော အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ် များ (သို့မဟုတ်) မတရား အသင်း အဖြစ် ကြေညာ ခံထား ရ သော အဖွဲ့အစည်း နှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ ဆက်သွယ်ခြင်း၊ (သို့မဟုတ်) အားပေး ကူညီ ခြင်း၊

(ဂ) နိုင်ငံခြား တိုင်းပြည် တစ်ခုခု မှ အစိုးရ (သို့မဟုတ်) ဘာသာရေး အဖွဲ့အစည်း (သို့မဟုတ်) အခြား အဖွဲ့အစည်း တစ်ခုခု (သို့မဟုတ်) ပုဂ္ဂိုလ် တစ်ဦး ဦး ထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ ကို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက် ၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊

(ဃ) ဘာသာရေး ကို နိုင်ငံရေး အတွက် အလွဲ သုံးစား ပြုခြင်း၊

ဒီပုဒ်မ ဟာဖြင့် အပြစ် ရှာစရာ အင်မတန် ကျယ် ပြန့် ပြီး အဖွဲ့ချုပ် ကို လိုအပ်တဲ့ အချိန် မှာ ဖျက် သိမ်း နိုင်ဖို့ ရည်ရွယ်ချက် ရှိရှိ နဲ့ ဖန်တီး ထား တဲ့ ဥပဒေပါ၊ နအဖ က နယ်စပ်ဒေသ အခြေစိုက် နဲ့ ပြည်ပ ရောက် အဖွဲ့အစည်း များ၊ ပုဂ္ဂိုလ် များ ကို အကြမ်း ဖက်သမား များ အဖြစ် စွပ်စွဲ ထားပြီး တချို့ အဖွဲ့ အစည်း တွေ (NCGUB, FTUB, BLC,….) ကို မတရား သင်း ကြေညာ တာ ဟာ အဖွဲ့ချုပ် ကို ဖျက်သိမ်း ဖို့ ကြိုတင် ပြင် ဆင်ထား တာပါ၊ နိုင်ငံခြား သံရုံး များ နဲ့ ဆက်သွယ် ပြီး အထောက်အပံ့ တွေ ညွန်ကြား ချက် တွေ လက်ခံ ရယူ တယ် လို့ လဲ အဖွဲ့ချုပ် ကို နအဖ က မကြာခဏ စွပ်စွဲ နေ တာပါ။ ဒီ တော့ မကြာခင် မှာ နအဖ က အဖွဲ့ချုပ် ကို အမြစ်ပြတ် ချေမှုန်း တော့မှာ အထင်အရှား ပါဘဲ၊


အဖွဲ့ချုပ် က ကော်မရှင် မှာ မှတ်ပုံတင် ရင် လဲ နအဖ ရဲ့ ဖွဲ့စည်းပုံ ကို သဘော တူ ရာ ရောက် သလို အ ရှုံးပေး ဒူးထောက် တာလဲ ဖြစ်ပါတယ်၊ တစ်ထောင့်ကိုးရာ့ကိုးဆယ် ရွေးကောက်ပွဲ ရလဒ် ကို ကိုယ့်ဖာသာ စွန့်လွှတ် တာ ဖြစ် ပြီး ပြည်သူ တွေ ရဲ့ အမြင်လွဲ မှု ကို အကြီး အကျယ် ခံရမှာပါ၊ ပါတီ ဆက် တည် ရှိ နေရင် တောင် မှ လူထု ကိုယ်စားပြု ပါတီ၊ လူထု ထောက် ခံ တဲ့ အဖွဲ့အစည်း မဖြစ်နိုင်တော့ ပါဘူး၊ တိုက် ပွဲ မှာ လက်နက်ချ တဲ့ ခေါင်းဆောင် ကို ဘယ် လူ ထု ကမှ ကြည်ညို မှာမဟုတ်ပါ၊

ဒီတော့ အဖွဲ့ချုပ် ခေါင်းဆောင် များ ဟာ အသေခံ တိုက်ပွဲ ဝင် ပြီး ပြည်သူ လူထု ကို ဆက်လက် ဦးဆောင် မလား၊ ဒါမှမ ဟုတ် အရှုံး ပေး အညံ့ ခံ ပြီး ပြည်သူ လူထု ရဲ့ ပစ်ပယ် မှု ကို ခံယူ မလား၊ တစ်ခုခု ကို ပြတ်ပြတ် သားသား ဆုံးဖြတ် ပြီး အကောင်အထည် ဖော်ရမဲ့ အ ချိန် ဆိုက်ရောက် နေ ပါပြီ ။

(နှစ်) တိုင်းရင်းသား လူမျိုး စု များ အားလုံး တန်းတူ ညီမျှရေး အလံ တော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ


တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ကိုး က စ ပြီး နအဖ နဲ့ အပစ်အခတ် ရပ်စဲ ထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များ အ ကြောင်း ဦးစားပေး ဆွေးနွေးချင်ပါ တယ်၊ သူတို့ ရဲ့ လက်ရှိ အခြေ အနေ က လမ်းဆုံလမ်း ခွ ကို ရောက် နေ ပြီး သူတို့ ရဲ့ ဆုံးဖြတ်ချက် နဲ့ ရွေးချယ် မှု က နအဖ ရဲ့ အောင်ပွဲ ကို ရော တိုင်းရင်းသား များ ရဲ့ ကံကြမ္မာ ကိုပါ အဆုံးအဖြတ် ပေးမှာ မို့ ပါ၊ နအဖ အဆို အရ တိုင်းရင်းသား အပစ်ရပ် အဖွဲ့ပေါင်း (တစ်ဆယ့်ခုနှစ်) ဖွဲ့ ရှိတယ် ဆိုပေ မဲ့ တကယ် တမ်း တောင့်တင်းခိုင်မာ ပြီး နိုင်ငံရေး ရပ်တည် ချက် ရှိတဲ့ အဖွဲ့ က ဆယ်ဖွဲ့ လောက် ပဲ ရှိ ပြီး အဲ့ဒီ ဆယ်ဖွဲ့ က လက်နက် ကိုင် အင်အား လေးသောင်းကျော် လောက် ကို ကိုယ်စားပြုထားတာ ပါ၊ ဒီ တိုင်းရင်းသား အပစ်ရပ် အဖွဲ့ များ ရော၊ ဆက်လက် တိုက်ပွဲ ဝင် နေဆဲ KNU, KNPP, SSA (South), စ တဲ့ အဖွဲ့ များ ရော တိုင်းရင်းသား လူမျိုး စု များ အားလုံး တန်းတူ ညီမျှရေး၊ တိုင်းရင်းသား လူမျိုး စု အခွင့်အရေး များ ရရှိ ရေး အလံ တော် ကို ကိုင်ဆွဲ ပြီး မဟာ ဗမာ လူမျိုးကြီး ဝါဒ နဲ့ စစ်အာဏာ ရှင် စနစ် ကို တော်လှန် တိုက် ပွဲ ဝင် နေတာ နှစ်ပေါင်း ခြောက်ဆယ် ကျော် ပါပြီ၊

တိုင်းရင်း သား အဖွဲ့တွေ အပစ်ရပ် ဖို့ သဘောတူ ကြ တုံး က နိုင်ငံ ရေး ဆွေးနွေး ပွဲ တွေ ဆက်လက် ဖြစ်ပေါ် ပြီး မိမိ တို့ ရသင့် ရထိုက် တဲ့ အခွင့်အရေး တွေ ကို ညှိနှိုင်း ပြီး ရရှိ နိုင်လိမ့်မယ် လို့ မျှော်လင့် ခဲ့ကြ တာပါ၊ ဒါပေ မဲ့ လဲ သူတို့ မျှော်လင့် တဲ့ နိုင်ငံ ရေး ဆွေးနွေး ပွဲ တွေ ဖြစ်ပေါ် လာခြင်း မရှိပါ ဘူး၊ ဗိုလ်ချုပ် ခင်ညွန့် ရှိ စဉ် က နိုင်ငံရေး ကိစ္စ တွေ ကို နောင် တက်လာမဲ့ အစိုးရ နဲ့ မှ ဆွေးနွေး ဖို့ ပြောကြား ခဲ့ ပေ မဲ့ နှစ်ထောင့်သုံး ခုနှစ် ဒီပဲရင်း လုပ်ကြံမှု ကြီး အပြီး၊ နှစ်ပေါင်း များစွာ ရပ်နားထား ခဲ့ ရတဲ အမျိုးသား ညီလာခံ အတုအယောင် ကို ပြန်စချိန် မှာ တော့ တိုင်းရင်း သားအပစ်ရပ် အဖွဲ့တွေ ကို ညီလာခံ တက် ပြီး သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် တွေ ကို တင်ပြခွင့် ပေး ခဲ့ပါတယ်၊ ဒါလဲ နအဖ ရဲ့ လှည့်ဖြား မှု တခု ပါ ဘဲ၊ တိုင်းရင်း သားအပစ်ရပ် အဖွဲ့ များ တင်သွင်း တဲ့ တန်းတူ ညီမျှ ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုချက် တွေ ဟာ အကျဉ်းနည်း နဲ့ ပယ်ချခံ လိုက် ရတာပါ၊ တိုင်းရင်း သားအပစ်ရပ် အဖွဲ့ များရဲ့ တောင်း ဆိုချက် တွေ ကို ထည့် သွင်း စဉ်းစား ခြင်း မပြု ပဲ နအဖ က စစ်တပ် နဲ့ ကာ ကွယ်ရေး ဦးစီးချုပ် ကို အာဏာကုန် အပ်နှင်း ထား တဲ့ နှစ်ထောင့်ရှစ် ဖွဲ့စည်း ပုံ ကို တဖက်သပ် ရေး ဆွဲ အတည်ပြု လိုက်ပါ ပြီ၊ ဆက်လက် ပြီး တော့ လဲ စစ်အာဏာ ရှင် စနစ် ကို တရားဝင် အသက်သွင်း နိုင်ဖို့ အတွက် နဲ့ တစ်ထောင့်ကိုးရာ့ကိုးဆယ် ရွေးကောက်ပွဲ ရလဒ် ကို အပြီးတိုင် ပယ်ဖျက် ဖို့ ရွေးကောက် ပွဲ အသစ်တွေ ကို နှစ်ထောင့်တစ်ဆယ် မှာ ပြုလုပ် ဖို့ ပြင်ဆင် နေပါ ပြီ၊ ဒီအတွက် အရေး ကြီး ဆုံး လုပ်ငန်း စဉ် တရပ် ဖြစ်တဲ့ တိုင်းရင်း သားအပစ်ရပ် အဖွဲ့တွေ ကို နှစ်ထောင့်တစ်ဆယ် မတိုင် ခင် လက်နက် ဖြုတ်သိမ်း ဖို့ ၊ တပ်တွေ ကို ပါတီ တွေ ကနေ ဖယ်ရှား ဖို့၊ စတင် ဆောင်ရွက် နေပါပြီ၊ နအဖ က တိုင်းရင်း သားအပစ်ရပ် အဖွဲ့တွေ ကို သူ တို့ရဲ့ လက်နက် ကိုင် တပ် တွေ ကို အနည်း ဆုံး အရေ အတွက် အထိ လျှော့ ချ ပြီး နအဖ ရဲ့ တိုက်ရိုက် အုပ်ချုပ် မှု အောက် ကို ဒီနှစ် အောက် တိုဘာ လ မတိုင် ခင် လွှဲပြောင်း ပေးဖို့ ညွန်ကြားချက် ထုတ်ပြန် ပြီး ပါပြီ၊

လက်နက် ကိုင် တပ် တွေ ရှိတုံး က တောင် မှ နအဖ ထံမှာ ကိုယ်လို ချင် တဲ့၊ ကိုယ် ရသင့် ရထိုက် တဲ့ အခွင့်အရေး တွေ ကို အရမယူ နိုင်ခဲ့ တာ၊ လက်နက် ကိုင် တပ် တွေ သာ မရှိ တော့ ဘူး ဆိုရင် ဒီ တိုင်းရင်းသား အပစ်ရပ် အဖွဲ့ များ ရဲ့ ကံကြ မ္မာ ဟာ မတွေး ဝံ့ စရာ ပါ၊ လက်နက် ကိုင် တပ် တွေ ရဲ့ ကျောထောက် နောက်ခံ မရှိ တော့ ဘူး ဆို ရင် ဖြင့် ဗမာ စစ်ဘုရင် ကို သစ္စာ စောင့်သိ ရ မဲ့၊ ဗမာ စစ်ဘုရင် ရဲ့ အစောင့်အရှောက် ခံ မြို့စား နယ်စား လေး များ ဘဝ ကို ရောက် ရတော့ မှာပါ၊ အဲဒီ အချိန် မှာ ဖြင့် ဒီတိုင်း ရင်းသား ခေါင်း ဆောင် တွေ ဟာ သူတို့ ကိုယ်စား ပြု တဲ့ တိုင်းရင်းသား လူမျိုးစု များ ရဲ့ ငြိုငြင်မှု၊ မယုံကြည် မှု၊ ပစ်ပယ်မှု၊ ကိုခံ ရမှာ ဖြစ် သ လို နအဖ က လဲ သူ တို့ ကို ရေရှည် မျက်နှာသာ ပေး မှာ မဟုတ် ပြန်ပါဘူး၊

တချို့ မျှော် လင့် ကြ သလို လက်ရှိ အခြေ အနေ ကို ဆက် ထိန်း ထား ပြီး ရွေးကောက် ပွဲ ပြီး မှ ဆက်ဆွေး နွေး ကြ ဖို့ ဆိုတာ ကို လဲ နအဖ က လက်ခံ မှာ မဟုတ် ပါဘူး၊ အနှစ် နှစ်ဆယ် နီးပါး ကြာ တဲ့ အပစ်အခတ် ရပ်ဆဲ ရေး ကာလ မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့ များ အတွက် သေချာ သိမြင် လာ တာ က တော့ သူ တို့ တောင်းဆို နေတဲ့ လူမျိုး စု အခွင့်အရေး တွေ၊ တန်းတူ ညီမျှ မှု တွေ ကို နအဖ ဗိုလ်ချုပ် တွေ ဆီ က ရမှာ မဟုတ် ပါဘူး၊ ဒေါ် အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ဝန်းရံ မှ၊ ဒီမိုကရေစီ အင်အားစု ကြီး နဲ့ ပူးပေါင်း ဆောင်ရွက် မှ ရနိုင် မှာပါ၊ ဒီအခြေ အနေ မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့ များ အနေနဲ့ နအဖ ရဲ့ ဖိအားပေး မှု ကို ခေါင်းငုံ့ ခံ၊ တပ် တွေ လျှော့ ချ လွှဲပြောင်း၊ နှစ်ပေါင်းများစွာ တိုက်ပွဲဝင် ခဲ့တဲ့ တိုင်းရင်းသား ရပိုင်ခွင့် တွေ ကို မေ့ပစ် ပြီး နအဖ ဗိုလ်ချုပ် တွေ ရဲ့ လက်အောက် ခံ ဘဝ ကို လက်ခံ မှာ လား၊ ယုံကြည်ချက် အ တွက် ဒီမိုကရေစီ အင်အားစု ကြီး နဲ့ လက်တွဲ ပြီး တိုက် ပွဲ ဝင် ကြ မှာ လား၊ ပြတ်ပြတ် သားသား ရွေးချယ် ရ မဲ့ အချိန် ရောက် နေ ပါပြီ၊

(သုံး) အကြပ်အတည်း များ နဲ့ နအဖ ၊ အမြစ် ပြတ် ချေမှုန်း ရေး စီမံ ချက်


တကယ် တော့ နအဖ ဗိုလ်ချုပ် တွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ ဟာ နှစ်ထောင့်တစ်ဆယ် ရွေးကောက်ပွဲ အကောင်အထည် ဖော်ရေး အတွက် အကြီးမားဆုံး အတားအဆီး တွေပါ၊ အဖွဲ့ချုပ် နဲ့မြေပေါ်တိုင်းရင်းသား ပါတီ များ က နိုင်ငံရေး အကျဉ်းသားများ မလွတ် မချင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အများ လက်ခံ နိုင်အောင် မပြင်မခြင်း၊ တွေ့ဆုံဆွေးနွေး ပွဲ တွေ မဖြစ်မခြင်း၊ ရွေးကောက်ပွဲ မဝင် ဘူး လို့ ဆုံးဖြတ် ထားပါတယ်၊ တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ က လဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို သုံးပွင့်ဆိုင် ဆွေးနွေး ပြီး မပြင်မခြင်း၊ အဖမ်းခံ ထောင်ကျ နေ တဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေ မလွတ်မခြင်း၊ ရွေးကောက်ပွဲ ဝင်မှာ မဟုတ် ပါဘူး၊ ဒီ အင်အား စု ကြီး နှစ်စု ရဲ့ ခိုင်မာ တဲ့ ရပ်တည် ချက် ကြောင့်ပဲ နအဖ ဟာ နှစ်ထောင့်တစ်ဆယ် မှာ ရွေးကောက်ပွဲ လုပ်မယ် လို့ မကြာခဏ ကြွေးကြော် နေပေမဲ့ လက်တွေ့ကြ တဲ့ လုပ်ရပ် တွေ ကို အခုထိ မလုပ်ဆောင်နိုင်သေးပါ ဘူး၊ ဒီကနေ့ ထိ မြန်မာ နိုင်ငံ ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် နဲ့ အညီ ပြန်လည် ပိုင်းခြား သတ်မှတ်ခြင်း မလုပ် နိုင်သေးပါဘူး၊ တိုင်း ၇ တိုင်း ကို ဒေသကြီးများ အဖြစ် ပြောင်းတာ၊ အသစ်ပေါ်လာ တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ (တယ် လို့ဆိုတဲ့) ဇုံ တွေ တိုင်း တွေ ကို မဖွဲ့စည်း နိုင် သေးပါဘူး၊ မြို့တော် ဖြစ်သွား တဲ့ နေပြည်တော် ကြတ်ပြေး ကို သီးခြား ပိုင်းခြား ပြီး မန္တလေး နဲ့ ပဲခူး ဒေသကြီး ဧရိယာ တွေ ကို ပြန်လည် မသတ်မှတ် နိုင်သေးပါ ဘူး၊ ရွေးကောက် ပွဲ ဥပဒေ နဲ့ နည်း ဥပဒေ တွေ မထုတ် ပြန် နိုင်သေး ဘူး၊ ရွေးကောက် ပွဲ ကော်မရှင် မဖွဲ့စည်း နိုင် သေး ပါဘူး၊ အဖွဲ့ ချုပ် နဲ့ တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ မပါဝင် တဲ့ ရွေးကောက်ပွဲ ကို လဲ ကုလသမဂ္ဂ နဲ့ နိုင်ငံ တကာ အစိုးရ တွေ က သက်ဆိုင်သူ အားလုံး ပါဝင် တဲ့၊ တရားမျှတ တဲ့ ရွေးကောက် ပွဲ အဖြစ် အသိအမှတ် ပြု မှာ မဟုတ် ပါဘူး၊၊


ဒီ အကြပ်အတည်း ကို ဖြေ ရှင်း ဖို့ နအဖ ရွေး ချယ် လိုက်တဲ့ နည်းလမ်း က တွေ့ဆုံ ဆွေး နွေးရေး မဟုတ်ပါ ဘူး၊ အခု ကျနော် တို့ မြင် တွေ့ နေရတဲ့ ထိပ်တိုက် ရင်ဆိုင်ရေး နဲ့ အမြစ် ပြတ် ချေမှုန်းရေး ပါပဲ၊ နအဖ က ပြတ်သားပါ တယ်။ ရန်သူ ကို ရန် သူ လို့ ပဲမြင် ပါ တယ်၊ စေ့ စပ်ဆွေး နွေး ရေး ဆို တာ နအဖ ရဲ့ အဘိဓာန် မှာ မရှိပါ၊ ဒေါ်အောင်ဆန်း စုကြည် ကို ထောင်ချ၊ အချုပ် သက်တမ်း တိုး ပြီး အဖွဲ့ချုပ် ကို ချေမှုန်း ပစ်မယ်၊ တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ ကို လဲ အဖွဲ့များ ကြား မှာ သွေးခွဲ၊ အဖွဲ့ တစ်ခု ချင်း ရဲ့ ခေါင်းဆောင် တွေ ကြား မှာ သွေး ခွဲ၊ သူတို့ ကိုယ် စားပြု တဲ့ လူမျိုးစု များ ကြားမှာ သွေးခွဲ ပြီး လက်အောက် ခံ၊ သစ္စာခံ ဖြစ် မလာသူ ကို အမြစ်ပြတ် ချေ မှုန်း ပစ် တော့မှာပါ၊ နိုင်ငံပြင်ပ မှာ လဲ သူ့ မဟာမိတ် တရုတ် နိုင်ငံ ရဲ့ အကာအကွယ် ပေးမှု၊ သူ့ အလိုတော်ရိ တွေ ရဲ့ ဝါဒဖြန့်ချိ မှု တွေ နဲ့ သူ မတရားမှု တွေ ဘယ်လောက် ပဲ ကျူးလွန် ၊ ကျူးလွန် ထိရောက်တဲ့ အရေး ယူမှုတွေ ဖြစ်မလာ နိုင် ဖူးလို့ ယုံကြည်ထား ပုံရပါတယ်၊ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ ဆိုတဲ့ အဓိက အဟန့်အတား များ ကို အပြီးသပ်ချေမှုန်း ပြီးမှ သူ့ရဲ့ နှစ်ထောင့်တစ်ဆယ် ရွေးကောက်ပွဲ လုပ်
ဇာတ် ကို ဆက် ဖန်တီး မှာပါ၊

နအဖ က အစွမ်းကုန် ပြတ်သားရက်စက် နေချိန် မှာ ကျနော် တို့ အဖွဲ့ချုပ် ခေါင်းဆောင် တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေ လဲ တွေ့ဆုံဆွေးနွေးရေး အိပ်မက် ဆက် မမက် သင့် တော့ ပါဘူး၊ ပြတ်သားကြဖို့ အချိန်တန် ပါပြီ၊ မေ သုံးဆယ် ရက် နေ့ ည Voice of America မြန်မာ ပိုင်း က ထုတ်လွှင့် တဲ့ တိုက် ရိုက် လေ လှိုင်း အစီအစဉ် မှာဆရာ ဦးဝင်း တင် ပြော သလို ပြည်တွင်း ပြည်ပ၊ လက်နက်ကိုင် လက်နက်မဲ့၊ အင်အားစု အားလုံး ပါဝင် လှုပ်ရှားကြမဲ့ နိုင်ငံရေး သစ် ဆိုတာ ကို အမြန်ဆုံး တည်ဆောက် တုံ့ပြန် ကြ ရမှာပါ၊

နအဖ က အမြစ်ပြတ် ချေမှုန်း တာ ကို ငြိမ်ခံ ပြီး နအဖ အလိုကျ ပျက်ဆီး သွားကြမှာလား၊?

ရှိသမျှ အင်အား တွေ ကို ပြန်လည် စုစည်း ပြီး မြေပေါ် မြေ အောက်၊ လက်တွဲ တော် လှန်၊ အောင် ပွဲ ခံ ကြ မှာလား၊?

ကျနော် တို့ရဲ့ ကျဆုံး သွားခဲ့ ပြီ ဖြစ်တဲ့ သူရဲကောင်း တွေ ရဲ့ ဝိ ဥာဉ် တွေ က ကောင်းကင် ဘုံ က နေ ကျနော် တို့ ကို စောင့် ကြည့် နေ ကြ တယ် ဆို တာ မမေ့ ကြ ပါနဲ့၊

(လေး) သပိတ်စုံ၊ သူပုန် ထ၊ တော်လှန် ကြစို့


အမျိုးသား လွတ် မြောက်ရေး တိုက်ပွဲ အတွင်းမှာ ကျနော် တို့ ရဲ့ သူရဲကောင်း တွေ ကျင့်သုံး အောင်မြင် ခဲ့ တဲ့ မဟာ ဗျူဟာ တစ်ခု ရှိပါ တယ်၊ အဲ့ဒါ က တော့ " သပိတ်စုံ၊ သူပုန် ထ၊" တဲ့၊ လူထု အုံ ကြွမှု နဲ့ လက်နက်ကိုင် တော်လှန်ရေး ကို ဟန်ချက်ညီ ညီ ပူးတွဲ အကောင်အထည် ဖော် ရင်း အောင်ပွဲ ကိုရယူ တာပါ၊ ဒီ မဟာ ဗျူဟာ ဟာ အဂ်လိပ် ကိုတော်လှန် တော့ လဲ မှန် ခဲ့ တယ်၊ ဂျပန် ကို ဆန့်ကျင် တော့ လဲ မှန် ခဲ့ တယ်၊ ခေတ် အဆက်ဆက် အမျိုးသား လွတ်မြောက် ရေး တိုက်ပွဲ တွေ မှာ မှန်ခဲ့၊ မှန်ဆဲ ဖြစ်တဲ့ ဗျူဟာ ပါ။ တကယ် ကို ပဲ လူထု အုံ ကြွမှု နဲ့ လက်နက်ကိုင် တော်လှန်ရေး၊ ဟန်ချက် ညီညီ လှုပ်ရှားကြရင် ပေါ့၊ တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ် လူ ထု အရေးတော် ပုံ ကြီး မှာ မြန်မာ တစ်နိုင်ငံ လုံး မြို့တိုင်း ၊ မြို့တိုင်း က လမ်း တွေ ပေါ်မှာ သန်းပေါင်း များစွာ သော ပြည်သူ တွေ ရဲ့ အာဏာရှင် ဆန့်ကျင်ရေး သပိတ် တွေ စုံ ခဲ့ ပေမဲ့ သူ ပုန် တွေ က မထနိုင်ခဲ့ ကြ ပါ ဘူး၊ ဒါ ကြောင့် လဲ လက်နက်ကိုင် တော် လှန်ရေး ရဲ့ ခြိမ်း ခြောက်မှု ကို မရင် ဆိုင် ရ တဲ့ စစ်အာဏာရှင် တွေ က နယ်စပ် အခြေစိုက် တပ် တွေ ကို အချိန်မီ ပြန်ခေါ် ပြီး သပိတ်မှောက် ပြည် သူ တွေ ကို ရက်ရက်စက်စက် ချေမှုန်း နိုင်ခဲ့တာ ပါ၊ ဒီ တ ခါ တော့ သပိတ် သမား တွေ နဲ့ သူ ပုန် တွေ တကဲ့ကို ပဲ ဟန်ချက် ညီ ဖို့ လို ပါ ပြီ၊ မဟုတ် လို့ ကတော့ နှစ်ဖက် စလုံး ပျက်သုံး ပြီး တနိုင်ငံ လုံး၊ တမျိုးသား လုံး စစ်ကျွန် တွေ ဖြစ်ကြရတော့ မှာ ပါ၊


အဖွဲ့ချုပ် အနေနဲ့ တွေ့ဆုံဆွေးနွေး ရေး ကမ်းလှမ်း ချက် တွေ ကို၊ အခြားအခြား သော ကြေညာချက် တွေနဲ့ အတူ သေတ္တာ ထဲ သော့ခတ် သိမ်းထား သင့် ပါပြီ၊ ရိုက် ရဲ တာ သတ္တိ မဟုတ် သလို ရိုက်သမျှ ခံ ရဲ တာ လဲ သတ္တိ မဟုတ် ပါဘူး၊ ဗိုလ်ချုပ် တွေ က ပါတီ ကို အပြီးတိုင် ဖြိုလှဲ တော့ မဲ့ အချိန်မှာ မတုန် မလှုပ် ကျောက် ရုပ် လုပ်မနေပဲ ဆရာ ဦး ဝင်းတင် လမ်းညွန် သလို မြေပေါ် မြေအောက် အင်အားစု များ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ များ နဲ့ လက် တွဲ ပြီး အောင်ပွဲဆီ ဖောက်ထွက် ဖို့ အချိန်တန်ပါပြီ၊ ပြည်သူ လူထု တရပ် လုံး၊ တပ်မတော် သား များ အပါအဝင်၊ အားလုံး က နအဖ စစ်ဗိုလ် တွေ ကို အစွမ်းကုန် မုန်းတီး စက် ဆုပ် နေကြတာ ပါ၊ မှန်ကန်တဲ့၊ ခိုင်မာ တဲ့ ဦးဆောင်မှု ရှိ ရင် အဲ့ဒီ ဦးဆောင် မှု အောက် မှာ ပြည်သူ လူထု ကြီး တရပ် လုံး က နအဖ စစ်ဗိုလ် တွေ ကို ညီညာဖျဖျ တော်လှန် ကြမှာ ပါ၊ သူတို့ လိုအပ် နေ တာ က ခေါင်းဆောင် မှု ဖြစ် ပြီး အဲ့ဒီ ခေါင်းဆောင် မှု ကို အဖွဲ့ချုပ် ဆီ က မျှော်လင့် နေကြ တာ ပါ၊ အဖွဲ့ချုပ် က သာ ပြည်သူ လူထု ကြီး တရပ် လုံး ကို အာဏာ ရှင် ဆန့်ကျင် ရေး လှုပ်ရှားမှု မှာ ပါဝင် ကြ ဖို့ ဖိတ် ခေါ် မယ်၊ ဦးဆောင် မယ် ဆိုရင် အားလုံး က အမျိုးသား လွတ်မြောက် ရေး အလံ တော် ကို ညီညာ ဖြဖြ လွှင့်ထူ ကြမှာ ပါ၊ အဖွဲ့ချုပ် က သာ ကိုယ်တိုင် က အကြမ်း မဖက် ရေး လုပ်ငန်းစဉ် ကို ကိုင်စွဲ ထား ပေမဲ့ လက်နက် ကိုင် တော်လှန်ရေး ရဲ့ အရေးပါ မှု ကို အသိအမှတ် ပြုပြီး ပူးပေါင်း ဆောင်ရွက် ကြ ဖို့ ဖိတ်ခေါ် ရင်၊ တိုင်းရင်းသား လူ မျိုး စု များ ရဲ့ တန်းတူညီမျှရေး နဲ့ အခွင့်အရေး တွေ ဟာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး တွေ နဲ့ တန်းတူ အရေးကြီး ပြီး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ကြီးက နေ သယ်ယူ ဆောင်ကျဉ်း ပေးဖို့ ကတိ ပြုမယ် ဆို ရင်၊ တိုင်းရင်းသား အပစ်ရပ်၊ အပစ်မရပ် အဖွဲ့ တွေ အားလုံး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒေါ် အောင ဆန်း စုကြည် ကို အင်နဲ့အားနဲ့ ဝိုင်းရံ ကြမှာပါ၊

(၅) နောက်ဆုံး မှတ်ချက်


ဒီစာစု ကို ရေး သူဟာ မြန်မာ နိုင်ငံ နဲ့ မိုင် တစ်သောင်း ကျော် ကွာဝေး တဲ့ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေသူ ပါ၊ ဒီတော့ "ဟိုး အဝေး လုံခြုံ စိတ်ချ အန္တရာယ် ကင်း ဘေးလွတ် ရာ က နေ လက်သီး လက်မောင်း တန်း ပြ နေတယ်" လို့ စွပ်စွဲ ပြစ်တင်ရင် လဲ ခံရမှာပါ၊ "သတ္တိ ရှိရင် မင်းမြန်မာ နိုင်ငံ ပြန်လာ ပြီး လုပ်ပါလား " လို့ ခါးခါးသီးသီး ပြောရင် လဲ ကြောက်ပြီး ထွက် ပြေး လာ သူ မို့ ငြိမ်ခံ ရုံ ပါ ပဲ၊ တခု တော့ ရှင်းပြချင်ပါတယ်၊


အမေရိကန် ပြည်ထောင်စု ကို ကျနော် နှစ်ထောင့်တစ် ခုနှစ် ကစတင် ရောက် ရှိ ပြီး ဒီကနေ့ အထိ နိုင်ငံတကာ ကမ်ပိန်း တွေ ကို အကောင် အထည်ဖော်ရင်း၊ နိုင်ငံတကာ အစိုးရ တွေ ကို မြန်မာ နိုင်ငံ အရေး ကို ထိထိရောက်ရောက် ကူညီ ဖို့ တောင်း ဆို ရင်း၊ သေသေချာချာ သိလာရ တာ က တော့ တရုတ် အစိုးရ ရဲ့ အခိုင်အမာ အကာအကွယ် ပေးမှုအောက် မှာ ကုလသမဂ္ဂ က မြန်မာ စစ် အုပ်စု ကို ထိထိ ရောက်ရောက် အရေး ယူ ဖို့ဆိုတာ မဖြစ် နိုင် ဆိုတာပါ ဘဲ၊ အမေရိကန် ပြည်ထောင်စု နဲ့ ဥ ရောပ သမဂ္ဂ နိုင်ငံ များ အနေနဲ့ လဲ မြန်မာ့ ဒီမိုကရေ စီ ရေး လှုပ်ရှားမှု ကြီး ကို ဘယ်လောက် ပဲ ထောက်ခံ ၊ထောက်ခံ တရုတ် ကို ကျော်လွန် ပြီး ဆောင်ရွက် ဖို့၊ တရုတ် ကို ဖိအား ပေး အကြပ်ကိုင် ပြီး မြန်မာ စစ် အုပ် စု ကို ထိမ်းချုပ် ဖို့ ဆို တာ မဖြစ် နိုင်သလောက် ပါဘဲ၊ အထူး သဖြင့် အခု အမေ ရိကန် ပြည်ထောင်စု နဲ့ ဥ ရောပ နိုင်ငံ များ စီးပွါး ပျက်ကပ် ကျ ရောက် နေ ချိန် မှာ စီးပွါးရေး တောင့်တင်း ခိုင်မာ နေ ဆဲ ဖြစ် တဲ့ တရုတ် ကို အမေ ရိကန် ပြည်ထောင်စု နဲ့ ဥ ရောပ နိုင်ငံ များ က အရေး တကြီး လိုအပ် နေ တဲ့ အချိန်၊ ချော့ ပေါင်း နေရ တဲ့ အချိန် ပါ၊ ပြီးတော့ အမေ ရိကန် ပြည်ထောင်စု နဲ့ ဥ ရောပ နိုင်ငံ များ အတွက် မြန်မာ နိုင်ငံ ထက် ပို ပြီး အရေး ကြီး တဲ့ ကမ္ဘာ အရေး အခင်း တွေ က လဲ အများ ကြီး ပါပဲ၊


ဒီလိုနဲ့ နောက်ဆုံးမှာ တော့ မြန်မာ နိုင်ငံ အရေး ကိစ္စ ဟာ မြန်မာ ပြည်သူ တွေ သာ ကိုယ့် အားကိုယ် ကိုး ပြီး ကိုယ့် ဖာသာ ဖြေ ရှင်း ရ မယ် ၊ နိုင်ငံ တကာ ရဲ့ ပါဝင် ကူညီ မှု တွေ ဟာ အကန့် အသတ် ရှိတယ်၊ ဆိုတာ ကို သဘောပေါက် နားလည် ခဲ့ ရသူပါ၊ အဲ့ဒီ နား လည် စိတ် နဲ့ ဒီစာ စု ကို ရေး ဖြစ် ပါတယ်၊ သဘော မတူ ရင် လဲ လွတ်လပ် စွာ ကွဲလွဲ ကြ ပါ၊ လွတ်လပ် စွာ ကွဲလွဲ ခွင့်ပြု ပါ။


လေးစား စွာ


အောင် ဒင်

ဂျွန် တစ်၊ နှစ်ထောင့်ကိုး

Monday, June 1, 2009

Rain Yesterday



မနေ့ က မိုး


ဒတ္ထ /အောင်ဒင်

(တစ်ထောင့်ကိုးရာ့ရှစ်ဆယ် နှစ်များ အတွင်း က ရှူမဝ ရုပ်စုံ မဂ္ဂဇင်း မှာ ဖော်ပြခဲ့ ဖူး)

နှလုံးသား မှာ၊ တံခါးလာ ခေါက်

ခြောက် လှန့် သူ လား၊ အိပ်မက် လားဟင်

ရင်ခွင် ဦး အနမ်း၊ နှုတ်ဆက် ပန်း ပွင့်

မရင့်ကျက် သော၊ ပင့်သက် အမော တွေ

နွေ ပြေးလွင့် ပျောက်၊ မိုးစက် ရောက် ခဲ့

မိုး ပေါက် နဲ့ ပန်း၊ မိုးရဲ့ လမ်း ထက်

ဖြန်းပက် ခိုလှုံ ခဲ့ပြီ ကော ကွယ် ၊


နှလုံး သား ၌၊ နှစ် ခြိုက် ခုံမင်

ယုံ ချင် သည့် ပန်း၊ လန်းတော့ လန်း ရဲ့

လွမ်း မဲ့ အိပ်မက်၊ မိုးစက် နက် ဖြန်

ပြန် မှာ စိုး ကြောက် နေ ပေါ့ ကွယ်၊

နှလုံးသား ရဲ့၊ တံခါး အဖွင့်

ပင့်သက် တွေ ဝေ၊ ရင့် ကျက်စေ သား

အား ငယ် အောင့် မေ့၊ အိပ်မက် နေ့ တွေ

အဖြေ ရှာ ခက်၊ ခြေ ရာ နက် ပေါ့

ပြန်တော့ မဲ့ မိုး၊ ညှိုး တော့ မဲ့ ပန်း

ဆောင်း ၌ လန်း နိုင် ပါ့ မလား ကွယ်၊ ၊ ၊