BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, June 8, 2009

Kabar Makyay Buu


က မ္ဘာ မကြေ ဖူး

အောင်ဒင် (ဂျွန် ၅၊ ၂၀၀၉)

မေမေ ရေ
ကောင်းကင် ကြီး က မှောင် လို့
နေ ရောင် က တိမ် မဲ တွေ အောက် မှာ ပုန်းအောင်း
အလင်း ကို အငမ်းမ ရ တောင်း တဲ့ လက် တွေ
ဗလာ လေ ထု ထဲ
အ သက် မဲ့ မဲ့ ကြေကွဲ နေ ။

မေမေ ရေ
ကျနော့ ညီမ လေး
သွေး အိုင် ထဲ၊ ပြို လဲပုံကျ
သူ လို ချင် တာက လူ့အခွင့် အရေး
သူ မျှော်လင့် တာ က ငြိမ်း ချမ်းရေး
သူ ရလိုက် တာက
အကြမ်းဖက် သမား ရဲ့ အညှိုးအတေး ။

မေမေ ရေ
ကျနော့ ညီ အစ် ကို တွေ လဲ
အကျဉ်း ထောင် အမှောင် ထု ထဲ
အနာဂါတ် ကို ယုံကြည် ရဲ ကြ
သူ တို့ ရဲ့ ဘဝ တွေ ကို
သူတို့ ချစ်မြတ် နိုးရာ နိုင်ငံတော် အတွက် စတေး
သံတိုင် နောက်က အခန်း ကျဉ်း ကလေး ဟာ
ကမ္ဘာ မကြေ တေး များ မွေးဖွားရာ နေရာ ပေါ့ ။

မေမေ ရေ
မတရား မှုတွေ ကြီးစိုး လွန်းလှ တော့
ဒီမြေ မှာ အနမ်းတွေ အဆိပ်သင့်
ဒီမြေ မှာ အလွမ်း တွေ တင်းကြပ်
ဒီမြေ မှာ စမ်းရေ တွေ ခမ်း ခြောက်
ဒီမြေ မှာ ပန်းတွေ မပွင့် ကြ ။

မေမေ ရေ
ဒီမြေမှာ ပန်းတွေ မ ပွင့် ကြ တော့
ဒီမြေမှာ ပန်းတွေ မ ပွင့် ကြ တော့
ဒီမြေမှာ ပန်းတွေ မ ပွင့် ကြ တော့။။

0 comments: