BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, January 20, 2002

Mesage to Fiiends

မိတ်ဆွေများသို့ မေတ္တာစာ

အောင်ဒင်
ဇန်နဝါရီ ၂ဝ၊ ၂ဝဝ၂ ညနေ ၆း၅၅ နာရီ

ငါတို့ဘာလုပ်ကြမလဲ
?

ပင်လယ်လို ငိုညည်းနေကြမှာလား၊
မုန်တိုင်းလို ရမ်းကား
ရူးသွပ်မှာလား၊
ခန့်မှန်းရခက်တဲ့ မိုးတိမ်တွေလို
မတည်မငြိမ် ရွေ့လျားနေကြမှာလား၊
မီးတောင်လို
အချိန်စောင့်ပြီးမှ ပေါက်ကွဲရမှာလား
?

တချို့က
အတိတ်ကို လှလှပပပြန်ရေး
ကိုယ်ရည်သွေးတီးလုံးတွေနဲ့ မွမ်းမံ
ပြတိုက်နံရံမှာ ချိတ်ဆွဲကျန်ရစ်ခဲ့
….

တချို့က
ပညာရှိဝတ်
ရုံခြုံလွှမ်း
ကျမ်း
စာတွေ၊ နှီးနှောဖလှယ်ပွဲတွေ
စက္ကူပေါ်ကစီမံကိန်းတွေနဲ့
လိုက်လို့မမီအောင် ချီတက်သွားကြပြီ


တချို့လည်း
နာကျည်းဆဲ၊ ငို
ကြွေးဆဲ
အလွမ်းတွေထဲမှာ နေသားတကျ
ဖန်ဆင်းခံရတဲ့ ဘဝတခုလို


ငါ့စပယ်
ရုံလေးကတော့
အပွင့်တွေဝေလိုက်
အပွင့်တွေ
ကြွေလိုက်
အရာခပ်သိမ်းကို နားလည်ပေးလိုက်နဲ့
မိုက်မိုက်မဲမဲ သင်းပျံ့ဆဲ


မိတ်ဆွေတို့ရေ
ဆောင်းပီသအောင်
နှင်းတွေကျလိုက်ကြပါစို့
။ ။