BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, April 13, 2015

ခေတ်ရနံ့မဂ္ဂဇင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလထုတ်မှာပါတဲ့ အယ်ဒီတာအဖွဲ့မှ မေးမြန်းထားတဲ့ ဦးအောင်ဒင်ရဲ့အင်တာဗျူး၊ အပိုင်း (၁)

ခေတ်ရနံ့မဂ္ဂဇင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလထုတ်မှာပါတဲ့ အယ်ဒီတာအဖွဲ့မှ မေးမြန်းထားတဲ့ ဦးအောင်ဒင်ရဲ့အင်တာဗျူး၊ အပိုင်း (၁)

၁၉၈၈ ကာလများက ဗကသ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ၊ နောက်ပိုင်းတွင် နိုင်ငံခြားသို့ထွက်ခွာ သွားသော်လည်း မြန်မာ့နိုင်ငံရေးကိုစဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တတ်စွမ်းသမျှဆောင်ရွက်ခဲ့သူ၊ လောလောဆယ်တွင်လည်း မြန်မာနိုင်ငံ၏လွှတ်တော်များအကြောင်းကို ဝေဖန်ရေးသားလျက်ရှိ သူ ကိုအောင်ဒင် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိခိုက် ကျောင်းသားသပိတ်နှင့် ပညာရေး၊ လွှတ်တော်များအကြောင်းနှင့် မြန်မာ့နိုင်ငံရေးအကြောင်းတို့ မေးမြန်ဆွေးနွေးထားသည်များကို ခေတ်ရနံ့စာဖတ်သူများအတွက် ဖော်ပြလိုက်ပါသည်။

မေး ။ ။ ပထမဆုံးမေးချင်တာကတော့ လက်ပံတန်းမှာ အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်တဲ့ကျောင်းသားသပိတ်ကို ဖြိုခွဲလိုက် တာကို ကိုအောင်ဒင်လည်း သိထားပြီး ဖြစ်မှာပါ။ အဲတော့ ဒီ ကျောင်းသားတွေ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ဆန္ဒ ထုတ်ဖော်တယ်၊ သပိတ်မှောက်တယ်။ အဲဒီအပေါ်မှာ ကိုအောင်ဒင် ရဲ့အမြင် ပြောပေးပါဦး။ ဘာလို့လဲဆိုတော့ ကိုအောင်ဒင်လည်း တစ်ချိန်က ဗကသမှာခေါင်းဆောင်တစ်ယောက် လုပ်လာခဲ့တယ်ဆို တော့ လက်ရှိကျောင်းသားတွေ သပိတ်မှောက်တဲ့အခြေအနေနဲ့ ပညာရေးဥပဒေအပေါ်ဆန့်ကျင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ပထမဆုံး အဲဒီအမြင်လေးပြောပြပေးပါဦး။

အောင်ဒင်။ ။ ကျွန်တော်တို့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြောရင်တော့ ဗျာ ကျွန်တော်တို့တုန်းက ကျောင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ ကျေနပ်မှုမရှိလို့ ဆန္ဒပြတယ်။ အဲ ဆန္ဒပြတာကြီးကို အစိုးရဘက်က တရားဝင်ပေါ့ ရင်ဆိုင်တွေ့ဆုံဆွေးနွေးဖြေရှင်းတာမျိုး တစ်ခါမှ တော့ မရှိခဲ့ဘူး။ ဒါ ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ကာလတွေ ပေါ့။ ဒီဘက်ခေတ်မှာတော့ သူတို့ဆန္ဒပြတယ်။ အဲဆန္ဒပြတဲ့အပေါ် မှာ အစိုးရက တုံ့ပြန်တာရှိတယ်။ ကျောင်းသားခေါင်း ဆောင်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့သူတို့တောင်းဆိုသလို လေးပွင့်ဆိုင် ဆွေးနွေး ပွဲလုပ်ပြီးတော့ တွေ့ဆုံဆွေးနွေးတာတွေ ရှိတယ်။ ဒါ တကယ်ကျတော့ တိုးတက်မှုတစ်ခုလို့ မြင်လို့ရတာပေါ့။ တစ်ချိန်က ဒါမျိုး တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းတယ်ဆိုတာရှိကို မရှိခဲ့တာ။ အဲလို ဆွေးနွေးပွဲဖြစ်အောင်လို့ပဲ ဒီကျောင်းသားတွေ ရဲ့ဆန္ဒပြမှု တွေက၊ နိုင်ငံတစ်ဝန်းဆန္ဒပြမှုကအစိုးရအပေါ်မှာ သက်ရောက်မှု ရှိခဲ့တာပေါ့။ ဒါကျောင်းသားတွေရဲ့ ညီညွတ်မှု၊ ခိုင်မာမှုနဲ့ အားကောင်းမှုတစ်ရပ်ပေါ့။ ဒါကို ကျွန်တော် လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဆွေးနွေးကြတဲ့အခါ၊ ဆွေးနွေး တယ်ဆိုကတည်းက အပြန်အလှန်အပေးအယူဆိုတာ ရှိတယ်။ ကိုယ်လိုချင်တာအားလုံး ရရမယ်ဆိုတဲ့ ယတိပြတ်ဆုံးဖြတ်ချက်ကြီး နဲ့သွားမယ်ဆိုရင် ဘယ်ဆွေးနွေးပွဲမှ မအောင်မြင်နိုင်ပါဘူး။ အလားတူပဲ ဘာတောင်းတောင်း မပေးဘူးလို့ တစ်ဖက်က တင်းခံ ထားရင်လည်း ဘယ်လိုဆွေးနွေးပွဲမှ မအောင်မြင်ပါဘူး။ ဆွေးနွေးပွဲ လို့ပြောတယ်ဆိုကတည်းက ဆွေးနွေးတဲ့အခါမှာ ဘယ်လောက် အတိုင်းအတာထိရရင် ကိုယ်က လက်ခံနိုင်တယ်၊ ဘယ်လောက် အတိုင်းအတာအထိ မရဘူးဆိုရင်တော့ လက်မခံနိုင်ဘူးဆိုတဲ့ မူ လေးတစ်ခု ချမှတ်ထားမယ်ဆိုရင်တော့ သိပ်ကောင်းမှာ။ အဲလို မူမရှိတဲ့အခါကျတော့ ရလဒ်အပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု အတိုင်းအတာမရှိတော့ ဆန္ဒပြပွဲတွေကဆက်ဖြစ်တယ်။ ဆက် ဖြစ်တဲ့အခါကျတော့ နောက်ဆုံးဒီအကြမ်းဖက်ဖြိုခွဲတာတွေ ဖြစ် လာတယ်။ ကျွန်တော်ကတော့ အကြမ်းဖက်ဖြိုခွဲတာအားလုံး ဆန့် ကျင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အရပ်သားလူမိုက်တွေငှားပြီး အကြမ်းဖက်တာပဲဖြစ်ဖြစ်၊ တာဝန်ကျ လက်နက်ကိုင်အဖွဲ့အစည်း များက အကြမ်းဖက်တာပဲဖြစ်ဖြစ် ဒီကျောင်းသားလူငယ်တွေ အပေါ်မှာ အကြမ်းဖက်တာ အားလုံးကို ကျွန်တော်တို့ ဆန့်ကျင်ပါ တယ်၊ ကန့်ကွက်ပါတယ်။ အခု ဒီအကြမ်းဖက်မှုရဲ့နောက်ဆက်တွဲ သပိတ်က ရပ်နားသွားခဲ့ပြီ။ အဲတော့ ကျောင်းသားလေးတွေက လွှတ်တော်မှာသွားပြီးတော့ ကြားနာပွဲတက်ပြီးတော့ သူတို့ရဲ့ လိုလားချက်တွေကို တင်ပြနေကြတာလည်း ကျွန်တော် ကြားသိရ တယ်။ ဒီအတွက်လည်း ကျွန်တော် ထောက်ခံတယ်။ အပြောင်း အလဲတွေကိုဆွေးနွေးတင်ပြဖို့ဆိုတာ တကယ်လည်းလိုအပ်တဲ့ အချက်ပါပဲ။ အရင်ဆုံးကတော့ အစိုးရအနေနဲ့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။

မေး ။ ။ သပိတ်စစ်ကြောင်းတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ တွေတွေ့ရတယ်။ သပိတ်စစ်ကြောင်းက သုံးကြောင်းခွဲချီတက်တယ်။ အဲဒီမှာနှစ်ကြောင်းကတော့ရပ်နားပြီး စောင့်ကြည့်ပြီးတစ်ကြောင်း ကတော့လက်ပံတန်းမှာချီတက်မယ်ဆိုတဲ့အတွက်နောက်ဆုံး အကြမ်း ဖက်ဖြိုခွဲတာကိုခံလိုက်ရတဲ့အခြေအနေနဲ့ကြုံရတယ်ဆိုတော့ စောစော က ကိုအောင်ဒင်ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။ ကျွန်တော် တို့ကျောင်းသားတွေရှဲ့Strategy အပိုင်းဟာသိပ်ရှင်းရှင်းလင်းလင်း မရှိလှဘူးလို့ဆိုရမယ်ထင်တယ်။ အဲဒါနဲ့ပတ်သက်လို့ ကိုအောင်ဒင့် အမြင် သိချင်ပါတယ်။

အောင်ဒင်။ ။အရင်တုန်းက ကျွန်တော်တို့ခေတ်ကဆို တက္ကသိုလ် ကောလိပ်တွေက ရန်ကုန်မှာပဲ အများစုက အခြေစိုက်တာကိုး။ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း၊ တက္ကသိုလ်တစ်ခုနဲ့တစ်ခုဆို တာနီးနီးလေးလေ။ ကျောင်းသားတွေ တစ်ကျောင်းနဲ့ တစ်ကျောင်း ဆက်ဆံဆွေးနွေးတာ၊ ပြောဆိုတာ၊ ညှိနှိုင်းတာကလည်း  ပိုပြီးလွယ်ကူခဲ့တာပေါ့ဗျာ။အခုဒီဘက်ခေတ်ကတော့တက္ကသိုလ်ကောလိပ် တွေက နိုင်ငံအနှံ့အပြား၊တချို့ဆိုလို့ရှိရင်တကယ့်ကို တောကြီး မျက်မည်းထဲမှာသွားပြီးတည်ဆောက်ထားတာရှိတာကိုး။ကျွန်တော် တို့ခေတ်မှာဆို တက္က သိုလ်က ၂ဝ၊ ၃ဝ ထက် မပိုဘူးလေ။ အခု ခေတ်က တက္ကသိုလ် ကောလိပ်က ၂ဝဝ နီးပါးရှိတယ်။ အဲ ၂ဝဝ နီးပါးမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေ၊ နောက်နိုင်ငံတစ်ဝန်းကို ပျံ့နှံ့နေတဲ့ ကျောင်းသားကျောင်းသူတွေ ညှိနှိုင်းဆွေးနွေး ပြီးတော့ အားလုံးလက်ခံသဘောတူတဲ့မဟာဗျူဟာ နည်းဗျူဟာကြီး ချမှတ် ဖို့ဆိုတာတော်တော်ခက်ခဲပါလိမ့်မယ်။ ဒီအခက်အခဲ ကြောင့်လည်း အခုလိုမျိုးအဆင်မပြေမှုတွေဖြစ်တယ်လို့ကျွန်တော်တော့မြင်ပါတယ်။

မေး ။ ။ အမျိုးသားပညာရေးဥပဒေကို အကြောင်းပြုပြီးတော့ ကျောင်းသားသပိတ်တွေ ဖြစ်ပေါ်လာတယ်။ ကိုအောင်ဒင်က ဒီအမျိုးသားပညာရေးဥပဒေကိုလည်း သေချာဖတ် လေ့လာထား တယ်ဆိုတဲ့အခါကျတော့ အခု မပြုပြင်ခင်ပေါ့ လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေအပေါ် အမြင်လေးကို လည်း တစ်ချက်လောက် ပြောပေးပါဦး။

အောင်ဒင်။ ။ ဒီအမျိုးသားပညာရေးဥပဒေပေါ့နော်။ သူတို့ ဒီလွှတ် တော်မှာ ဥပဒေကြမ်း တင်ပြီးတော့ စပြီးဆွေးနွေးကတည်းက ကျွန်တော် တောက်လျှောက်လေ့လာကြည့်ပါတယ်။ ဥပဒေကို အ တည်ပြုပြီးတဲ့အခါကျတော့လည်း ထပ်ပြီးတော့ လေ့လာပါတယ်။ ဘာတွေ လွှတ်တော်က ပြင်ဆင်သလဲ၊ ဖြည့်စွက်သလဲပေါ့။ ဆို တော့ အဓိက အဲမှာ စတွေ့တာကတော့ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်နဲ့ပတ်သက်ပြီးတော့ တရားဝင်ခွင့်ပြုချက်ရှိတယ်ဆိုတာ ဖော်ပြထားတာ မတွေ့ရဘူး။ ဒီအချက်က ကျွန်တော့်အနေနဲ့တော့ ဒီဥပဒေမှာ လိုအပ်ချက်ရှိတယ်၊ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ အလားတူပဲ တက္ကသိုလ်ကောလိပ်များ လွတ်လပ်ခွင့်ဆိုတဲ့ နေရာမှာပညာရေးဝန်ကြီး ဌာနလက်အောက်မှာရှိတဲ့တက္ကသိုလ် ကောလိပ်တွေကိုသာ ဒီဥပဒေကသက်ရောက်မှုရှိပြီးတော့ အခြား ပေါ့နော်၊ အခြားဆိုတာ နည်းပညာတက္ကသိုလ်တွေက သိပ္ပံနဲ့နည်း ပညာဝန်ကြီးဌာနလက်အောက်ကိုရောက်နေတာကိုး။ အဲဒီလိုမျိုး အခြားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တက္ကသိုလ်ကောလိပ်များ အတွက်ကျတော့ ဒီအမျိုးသားပညာရေး ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပညာရေးလွတ်လပ်ခွင့်တွေက သိပ်ပြီးတော့ သက်ရောက်မှုမရှိတာ တွေ့တယ်။ ဒါကိုလည်း ကျွန်တော့်အနေနဲ့ လိုအပ်ချက်တစ်ရပ်လို့ မြင်တယ်။

အခြားသောလိုအပ်ချက်တွေ ကျွန်တော်တွေ့ပါတယ်။ လိုအပ်ချက်တွေတွေ့တယ်ဆိုပေမဲ့ လည်း ရိုးရိုးသားသားပြောမယ် ဆိုလို့ရှိရင်တော့ ၁၉၆၂ ခုနှစ်က စလို့ ဒီ ၂ဝ၁ဝအတွင်းပေါ့နော်။ စစ်အစိုးရအဆက်ဆက်က ပြဋ္ဌာန်းခဲ့တဲ့ ပညာရေးဥပဒေများနဲ့ နှိုင်းယှဉ်လို့ရှိရင်လက်ရှိအမျိုးသား ပညာရေးဥပဒေက အားကောင်း ခိုင်မာမှုရှိတယ်။ ပညာရေးလွတ်လပ်ခွင့်ကို တစ်စုံတစ်ရာ အာမခံ ချက်ပေးထားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ပြောချင်တာက တော့ သိပ်ဆိုးဝါးတဲ့ဥပဒေမဟုတ်ဘူးဗျ။ အဲဒါတော့ ကျွန်တော် ပြောရဲတယ်။ အဲ တစ်ခုပဲရှိ တယ်။ ကျွန်တော်တို့မျှော်လင့်ချက်တွေ တချို့ထပ်ပြီးတော့ ဖြည့်စေချင်တယ်။ အဲလိုဖြည့်ဖို့အတွက်လည်း ကျွန်တော်တို့ဝိုင်းပြီးအကြံပေးချင်တယ်။ အထူးသဖြင့် ကျောင်း သားများရဲ့လွတ်လပ်ခွင့်၊ ကျောင်းသားများရဲ့ လွတ်လပ်စွာ ဖွဲ့စည်း တည်ထောင်ခွင့်။ ဥပမာဆိုရင်တော့ ဒီကျောင်းသားတွေဗျာ အခုဆိုရင် တက္ကသိုလ်ကောလိပ်ကျောင်းသားတွေက ကျောင်းတက် တော့ ဆင်တူဝတ်စုံ(ယူနီဖောင်း)ဝတ်ပြီး တက်နေရတယ်။ ဒါ ကျောင်းသားတွေရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်လိုက်တာပဲ။ ဒါမျိုး တွေကို ကျွန်တော်တို့ပြင်ချင်တယ်။ တစ်ချိန်တည်းမှာပဲ ပညာ ရေးအဆင့်အတန်း မြှင့်ဖို့အတွက်ဆိုလို့ရှိရင် တချို့အချက်တွေ ဆိုပါတော့၊ ကျွန်တော်တို့ ဒီမှာ အမှတ်လေးဆယ်နဲ့ အောင်မှတ် ပေးတယ်။ အဲဒါပြင်သင့်တယ်ဗျ။ တကယ်ကျတော့ အမှတ်လေး ဆယ်နဲ့ပေးတဲ့အောင်မှတ်က တကယ်အောင်တယ်လို့ ပြောလို့မရ ဘူး။ အခု နိုင်ငံတကာတက္ကသိုလ်တွေမှာ အမှတ်ခြောက်ဆယ်နှင့် အထက်ရမှ အောင်တယ်ပြောလို့ရတယ်။ ဆိုတော့ အဲဒါကြီး အခု ချိန်အထိမြန်မာနိုင်ငံမှာ လေးဆယ်နဲ့အအောင်ပေးတဲ့ခေတ်၊နောက် အမှတ်နည်းတာနဲ့အမှတ်များတာကိုပေါင်းပြီးတော့ Moderation လုပ်ပြီး အအောင်ပေးတဲ့ခေတ်၊ အဲဒီကျင့်စဉ်တွေကိုလည်း ပြင်ဖို့ လိုတယ်။ နောက်တစ်ခါ ကျောင်းသားဗဟိုပြုပညာရေးစနစ်ကို သေသေချာချာ တည်ဆောက်ဖို့လိုတယ်။ ဆရာ၊ ဆရာမများကို လည်း တစ်ဖက်မှာသူတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဖို့ လိုအပ်သလို သူတို့အရည်အချင်းတွေ၊ သူတို့မှာ ကျောင်းသားတွေ ကို အမှတ်တကယ်သင်ကြားပို့ချနိုင်တဲ့အရည်အချင်းတွေ ရှိ၊ မရှိဆို တာကိုလည်း တိတိကျကျစစ်ဆေးပြဋ္ဌာန်းဖို့လိုတယ်။ ဆိုတော့ အဲဒါတွေပြင်နိုင်မယ်ဆိုလို့ရှိရင် ဒီဥပဒေက ပိုပြီးကောင်းလာမှာပါ။

0 comments: