ညီမလေးရဲ့ စမ်းချောင်းကလေး
အောင်ဒင်
စက်တင်ဘာ ၈၊ ၂ဝဝ၁။ ည ၁ဝးဝဝ နာရီ။
ဒီညမှာမှ
လရောင်ဟာ ထူးထူးခြားခြား လှပနေရဲ့။
သံတိုင်နောက်ကလူဟာ
လရောင်ကို ကောက်ယူပိုင်ဆိုင်နိုင်ခွင့်မရှိ
ထိန်းချုပ်လို.မရတော့တဲ့ သတိရခြင်းတွေသာ
အုတ်တံတိုင်း အထပ်ထပ်ကို ထိုးဖောက်ပျံသန်း
အဝေးက ဒေါနတောင်တန်းကြီးဆီ
ပျောက်ကွယ်နေတဲ့ မိုးကုတ်စက်ဝိုင်းအဆုံးဆီ
ပြဲီးတော့
ညီမလေးရှိမယ့် စမ်းချောင်းကလေးဆီ…..
လွမ်းတယ်
ညီမလေးရယ်…..
ဟိုး…မိုင်ထောင်ချီ အဝေးက
အလွမ်းတွေ တသွင်သွင်စီးနေမယ့်
စမ်းချောင်းကလေးရဲ့ နံဘေးမှာ
ငါ့ ညီမလေး
တော်လှန်ရေးကို နွေးထွေးပွေ့ဖက်
ကြေကွဲရင့်ကျက်နေရော့မယ်။
အိပ်မက်တွေ ဖါးလျားကျနေမယ့်
မိုးမခပင်ကြီးအောက်မှာ
တို‹ ပြန်ဆုံနိုင်ကြဦးမှာလား…။
တောင်ကုန်းစိမ်းစိမ်းထက်က
ငါ တို့ရဲ့ မြင့်မြတ်သောအလံတော်
တို့ချစ်တဲ့ အမိနိုင်ငံတော်
မေ့တတ်သူများရဲ့ ဥပေက္ခာ ပြုခြင်းပွဲတော်
ချစ်သူတွေရဲ့ခေါ်သံတွေပျောက်ဆုံး
အမုန်းတွေနဲ့ နိဂုန်းချုပ်ကြမှာလား….။
မှိုင်းမှုန်ပျပျ
ယမ်း နံ့နဲ့အဆိပ်သင့်ညတွေက
ငါတို့ကို တဘဝစီခြားထားလေရဲ့။
ရာဇဝင်သစ်ကိုရေး ဖို့
ငါတို့ ရွေးချယ်ခဲ့တယ်
ညီမလေးရေ၊ ဆက်ရေး
ဒါငါတို့ရဲ့ ကိုယ်တိုင် ရွေးချယ်မှုပဲ
လက်ရေးလှလှလေးတွေနဲ့ ဆက်ရေး
ဖျက်ရာစင်းကြောင်းတွေလည်း ရှိလိမ့်မပေါ့
ဆက်ရေး
ဘဝဆိုတာ ပေးဆပ်ခြင်းတွေချည်းပဲ မဟုတ်ဘူး...
လှိုင်းနဲ့တူတဲ့ မျှော်လင့်ခြင်းတွေ
ငါတို့ကို ရစ်သိုင်းနှောင်ပတ်
ဖြူစင်သူတွေ ခေါင်းမတ်ဝင့်ထည်ရမယ့်အရပ်ဟာ
အသေအချာရှိတယ်
အသေအချာရှိတယ်
ယုံကြည်ပါ ညီမလေးရယ်….
အဲ့ဒီလို
လရောင်အောက်က စမ်းချောင်းကလေးကို
ကျနော်လွမ်းနေမိတော့တယ်…။