BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, December 10, 1992

The One Who Always Comes Late


နာက်ကျသူ


စာရွက်တရွက်ကို
ဆုတ်ဖြဲလိုက်တော့
ဒီဇင်ဘာကိုငါတွေ့တယ်။


နှင်းတွေ

နှင်းတွေ

မြေပြင်ပေါ်အလုအယက်ခုန်ဆင်းနေလိုက်ကြတာ ….
ကြာက်မက်ဖွယ်တစ်စုံတစ်ခုကနေ
ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေသလိုမျိုး။


ပျံလွှားငှက်တွေလည်း

အုပ်ဖွဲ့ပျံသန်းလာကြလေရဲ့

ညည်းတွားသံသဲ့သဲ့

လနဲ့အတူမျောလွင့်လာတယ်
ကံကောင်းခွင့်မရရှာတဲ့

အဆိပ်သင့်မက်မုန်ပွင့်များအတွက်တော့

ဒီဆောင်းဟာ
ခါးသက်နေရော့မယ်။


ပြိုးပြိုးပျက်ပျက်

ဆးစက်ရောင်စုံခြယ်သ
ပျာ်စရာပွဲတော်ညများ
ဝတ်
±ုံလွှာလွှာပါးပါး
ဆံမျှင်စဖားလျား

အနမ်းတို့လန်းစွင့်ဝင့်
ºကွား
အားလုံးလည်း
မူးယစ်ရီဝေ
ြေ
ခထောက်တွေ ပျံသန်းနေလိမ့်မယ်


တချိန်က

အာင်မြင်ကျော်ကြားခဲ့တဲ့ကောင်းကင်ကြီးတောင်မှ
မှုန်လို့
မှိုင်းလို့
ဒီဇင်ဘာဟန်ဆောင်လို့။


ချစ်သူများရဲ့

ချိန်းဆိုထားတဲ့နာရီ

စ့ရောက်ခဲ့ပြန်ပြီ။


ဆွတ်ပျံဖွယ်ဂီတနဲ့

အးစက်စက်ခရစ္စမတ်ည
လရောင်တစ်စွန်းတစ်စကျနေတဲ့

ဝက်သစ်ချပင်အိုကြီးရဲ့အောက်

ချစ်တဲ့သူရေ

ဒီနှစ်လည်း

တစ်ယောက်တည်း
စာင့်မျှော်လွမ်းရစ်ပေဦးတော့။


စာရွက်တရွက်ကိုဆုတ်ဖြဲပြီး

ဒီဇင်ဘာကိုငါမေ့မယ်။


ဒတ္ထ

2 comments:

Anonymous said...

Good to see them here!
yeah, this poem, nyimalay. self-written bio and and the other one that i received have from your email. i reckon you wrote this one in prison?

မောင်ရှင်းသန့် said...

ဆရာဒတ္ထ ရဲ့ ကဗျာတွေ ရှာရင်းရောက်လာခဲ့တာပါခင်ဗျာ .... ။
အခုလို တင်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ .... ။
နောက်လည်း မျှော်လင့်လျှက်