မင်းကိုနိုင်
သူငယ်ချင်းရေ
မင်းဟာ
မုန်တိုင်းကို အံတုနေတဲ့ မြက်ပင်လေးတစ်ပင် ဖြစ်တယ်
ဒါပေမယ့် မုန်တိုင်းက မင်းကို အနိုင်ရမှာ မဟုတ်ဘူး …
မင်းဟာ
မီးတောက်မီးလျှံတွေကြားထဲက ပန်းပွင့်လေးတစ်ပွင့် ဖြစ်တယ်
ဒါပေမယ့် မီးတောက်မီးလျှံတွေက မင်းကို ဝါးမြိုနိုင်မှာ မဟုတ်ဘူး …
မင်းဟာ
အမှောင်ထုကြီးထဲက အလင်းတိုင်လေးတစ်တိုင် ဖြစ်တယ်
အနက်ရောင် အမှောင်ထုကြီးက မင်းကို အ±ှုံးပေးရမှာ အသေအချာပေါ့ … ။ ။
အောင်ဒင်
၂၅ ဇန်နဝါရီ ၂ဝဝ၁
မဲဆောက်
0 comments:
Post a Comment