ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့
(က) နိဒါန်း
၁။ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရက (၁၉၉ဝ)ပြည့်နှစ် မေလမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတရပ်ကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ် တော်ကိုယ်စားလှယ် (၃၉၂)နေရာ အနိုင်ရရှိပြီး အဖွဲ့ချုပ်ရဲ့ မဟာမိတ်များဖြစ်ကြတဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများက လွှတ်တော်ကိုယ်စားလှယ် (၆၇)နေရာ အနိုင်ရရှိခဲ့ပါတယ်။ စစ်တပ်က ထောက်ခံအားပေးတဲ့ တိုင်းရင်း သားစည်းလုံးညီညွှတ်ရေးပါတီကတော့ လွှတ်တော်ကိုယ်စားလှယ် (၁ဝ)နေရာသာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာဖြင့် ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများကို နိုင်ငံတော်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးစုအခွင့်အရေးများကို အာမခံချက်ပေးမယ့် နိုင်ငံတော်သစ်အဖြစ် တည်ဆောက်ဦးဆောင်သွားဖို့ တာဝန်အပ်နှင်း လိုက်တာပါပဲ ။
၂။ ဒါပေမယ့်လည်း “ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျားကို ပြန်ပါ့မယ် ”လို့ ကတိပေးခဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိကို ပျက်ကွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်၊ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန် ခဲ့တဲ့အပြင် ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တိုင်းရင်းသားပါတီများက စစ်အစိုးရနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ကျင်းပပြီး တိုင်းပြည် ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကမ်းလှမ်းတာကိုပါ ငြင်းပယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကိုလည်း (၁၉၉ဝ)ရွေးကောက်ပွဲက ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒမပါ၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ဆန္ဒ မပါပဲ၊ တဖက်သတ် ရေးဆွဲခဲ့ပြီး အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို (၂ဝဝ၈)ခုနှစ် မေလမှာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ေºကးကြော်နေပါတယ်။
ဒါဟာဖြင့် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး အကြောက်တရားကင်းတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ကြတဲ့ ပြည်သူ လူထုတရပ်လုံးကို စစ်အစိုးရက စိန်ခေါ်လိုက်တာပါပဲ။
ဒါဟာဖြင့် (၁၉၉ဝ)ရွေးကောက်ပွဲရလာဒ်ကို တရားဝင် ငြင်းပယ်လိုက်တာပါပဲ။
စစ်အစိုးရက သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားတဲ့နည်းလမ်းများနဲ့ အတည်ပြုလိုက်နိုင်တာနဲ့တပြိုင်နက် (၁၉၉ဝ)ရွေးကောက် ပွဲရလာဒ်ဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ (၁၉၉ဝ)ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များရဲ့အခန်းက ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အဆင့်အတန်း ပျက်ပြယ်သွားပါပြီ။ အဆိုးဆုံးကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်ကို တရားဝင် ရောက်ရှိသွားပြီး၊ ကျနော်တို့ရဲ့ သားစဉ်မြေးဆက် တွေ စစ်ကျွန်ဘဝ ရောက်ကြရတော့မှာပါ ။
(ခ) အမျိုးသားညီလာခံနှင့် အခြေခံမူများ
၁။ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာစိုးမိုးမှုကို တရားဝင်စေဖို့အတွက် ရည်ရွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက နှစ်ပေါင်း (၁၄)နှစ်ကျော်ကြာအောင် အချိန်ယူပြီး စစ်တပ်က လက်ရွေးစင် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ရေးဆွဲခဲ့တာပါ။ (၁၉၉ဝ) ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အချို့၊ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကိုယ်စားလှယ်အချို့ ပါဝင်ကြပေမယ့် သူတို့ဟာလည်း စစ်တပ်ရဲ့ဖိအားပေး အကြပ်ကိုင်မှုတွေအပေါ် မလွန်ဆန်နိုင်ခဲ့ကြပါဘူး။
၂။ ဒါကြောင့် အမျိုးသားညီလာခံက ချမှတ်လိုက်တဲ့ အခြေခံမူတွေကို ထည့်သွင်းရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို အာမခံချက် ပေးမထားသလို တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ အပါအဝင် လူမျိုးစုအခွင့်အရေးများကိုလည်း ငြင်းပယ်ထားတာ တွေ့ရပါတယ်။ အထင်ရှားဆုံးကတော့ ဒီဖွဲ့စည်းပုံအရ စစ်တပ်ဟာ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ်အဖြစ် တရားဝင် တည်ရှိလာမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုပုဂ္ဂိုလ် ဖြစ်လာမှာပါ။ တပ်မတော်တခုလုံးကတော့ ဥပဒေရဲ့အထက်မှာ တည်ရှိပြီး တိုင်းပြည်ရဲ့ အာဏာသုံးရပ်(- ဖြစ်တဲ့) အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာတွေကို ထင်သလို ချယ်လှယ်ခွင့် ရမှာပါ။ ပြည်သူလူထုတရပ်လုံးကတော့ ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ်နဲ့ စစ်တပ်ကို အလုပ်အကျွေးပြုရတော့မှာပါ။ အသေးစိတ် အများနားလည်အောင် ရှင်းပြချင်ပါတယ်။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ အပ်နှင်းထားသောအာဏာများ
၁။ ကာကွယ်ရေးဦးစီးချုပ်ဟာ စစ်တပ်ရဲ့အရေးအရာအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ စစ်တပ်အင်အား တိုးချဲ့မှု၊ ရာထူးအပြောင်းအလဲ၊ စစ်တပ်နေရာချထားမှု၊ စစ်တပ်အတွက် နှစ်စဉ်ကုန်ကျစရိတ်၊ စစ်လက်နက်ဝယ်ယူမှု၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ စသဖြင့် စစ်တပ်ရဲ့အရေးကိစ္စအားလုံးကို ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရှိရမယ်လို့ အာဏာ အပ်နှင်းထားပါတယ်။ ဒီတော့ နိုင်ငံရဲ့ဝန်ထမ်းအဖွဲ့အစည်းတခုသာဖြစ်ရမယ့် တပ်မတော်ဟာ နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်မှု အောက်မှာလည်း မရှိ၊ လွှတ်တော်ရဲ့ ဥပဒေပြုမူအောက်မှာလည်း မရှိ၊ စစ်တပ်တွင်း ဖြစ်ပေါ်တဲ့ အမှုအခင်းများ၊ တပ်မတော်သား ရာဇဝတ်မှုကျုးလွန်သူများကို ထောင်စစ်ခုံ±ုံးနဲ့ တရားစီရင်မှာဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ဟာ နိုင်ငံတော်တရားစီရင်ရေး စနစ်ရဲ့အောက်မှာလည်း မရှိပဲ၊ နိုင်ငံတော် အချုပ်အခြာအာဏာသုံးရပ်စလုံးရဲ့ အထက်မှာ တည်ရှိနေပါတော့တယ်။
၂။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစတဲ့ အချုပ်အချာအာဏာ သုံးရပ်စလုံးရဲ့အောက်မှာ မရှိပေမယ့် အဲဒီအချုပ်အချာအာဏာ သုံးရပ်စလုံးကို စိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်ခွင့်လည်း ပေးထားပါတယ်။ အောက်မှာ အသေးစိတ် ရှင်းပြပါ့မယ်။
၃။ တကယ်လို့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာခဲ့ရင် တိုင်းပြည်တခုလုံးကိုသော်‚ တစိတ်တဒေသကိုသော်‚ အရေးပေါ်အခြေအနေကြေငြာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ သုံးရပ်ကို ကိုင်တွယ်ပြီး အုပ်ချုပ်ခွင့်ရှိတယ်လို့လည်း အာဏာအပ်နှင်းထားပါတယ်။ အရေးပေါ်အခြေအနေဆိုတာကလည်း ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားတာကို ဆိုလိုတာပါ။ ဒါကြောင့် တချိန်မှာ နိုင်ငံရေးအင်အားစုတစုက ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေငြာပြီး နိုင်ငံတော်အာဏာသုံးရပ်ကို ကိုင်တွယ်အုပ်ချုပ်ဖို့ တရားဝင် ခွင့်ပြုထားတာ ပါပဲ။ ရှင်းရှင်းပြောရရင် စစ်တပ်ကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို အာဏာသိမ်းခွင့် တရားဝင် ပေးထားတာပါပဲ။
၎။ ပြီးတော့ အဲဒီလို စိတ်တိုင်းကျ အာဏာသိမ်းထားတဲ့အချိန် ဖြစ်ပေါ်ခဲ့တဲ့ ပြစ်မှုများနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ‚ကာကွယ်ရေးဦးစီးချုပက တာဝန်ပေးအပ်ထားတဲ့ တပ်မတော်အရာရှိများကို မည်သည့်နည်းနဲ့မျှ အရေးယူပိုင်ခွင့် မရှိလို့လည်း အကာအကွယ် ပေးထားပြန်ပါတယ်။
(ဃ) ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်၏ ဥပဒေပြုအာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်
၁။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်မှာ ဗဟိုအဆင့်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော် ၂ ရပ်ရှိပြီး၊ အဲဒီလွှတ်တော် ၂ ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်လို့ ခေါ်ပါတယ်။ ပြည်သူ့လွှတ်တော်ကို မြို့နယ်များက ရွေးချယ်တင်မြေ‡ာက် ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ကိုယ်စားလှယ် (၄၄ဝ) ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ် (၃၃ဝ)ကိုသာ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပြီး၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိ (၁၁ဝ)က ရွေးကောက်ပွဲဝင်စရာမလိုပဲ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကြမှာပါ။ ဒီနည်းနဲ့ ပြည်သူ့လွှတ်တော်ရဲ့ လေးပုံတပုံကို ကာကွယ်ရေးဦးစီးချုပ်က ထိမ်းချုပ်ထား ပါတယ်။
၂။ အမျိုးသားလွှတ်တော်ဆိုတာက ပြည်နယ်နဲ့ဒေသကြီး (၁၄)ခုက တခုကို ကိုယ်စားလှယ် (၁၆)ယောက်စီနဲ့ စုစုပေါင်း ကိုယ်စား လှယ် (၂၂၄)ယောက်နဲ့ ဖွဲ့စည်းမှာပါ။ ဒါပေမယ့် ပြည်နယ်နဲ့ဒေသတခုကို (၁၂)ယောက်နှုန်းနဲ့ စုစုပေါင်း ကိုယ်စားလှယ် (၁၆၈) ယောက်ကိုသာ လူထုက ရွေးချယ်တင်မြေ‡ာက်ခွင့်ရပြီး၊ ပြည်နယ်နဲ့ဒေသတခုကို (၄)ယောက်နှုန်းနဲ့ ကိုယ်စားလှယ် (၅၆)ယောက်ကို တော့ ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အရာရှိများကို ခန့်အပ်တာဝန်ပေးမှာပါ။ ဒီနည်းနဲ့ အမျိုးသားလွှတ်တော်ရဲ့ လေးပုံ တပုံကို ကာကွယ်ရေးဦးစီးချုပ်က ထိမ်းချုပ်ထားပါတယ်။
၃။ တကယ်လို့ နိုင်ငံဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် သူတို့ရဲ့လက်ရှိအလုပ်အကိုင်က အနားယူရပါမယ်။ သူတို့ကို နိုင်ငံတော်က ပေးအပ်ထားတဲ့ နေအိမ်၊ ကား စတာတွေကိုလည်း စွန့်လွှတ်ရပါမယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်လို့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမယ့် တပ်မတော်အရာရှိများကတော့ သူတို့ရဲ့ စစ်ဖက် ရာထူးများက နှုတ်ထွက်စရာ မလိုသလို နေတဲ့အိမ်၊ စီးတဲ့ကားတွေကိုလည်း ပြန်အပ်စရာ မလိုပါဘူး။
၎။ တကယ်တော့ ပြည်ထောင်စုလွှတ်တော်ဆိုတာ နိုင်ငံတော်ရဲ့ ဥပရေပြုရေးအတွက် အမြင့်မားဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ရမှာပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအရ မြန်မာနိုင်ငံရဲ့လွှတ်တော်ဟာ စစ်တပ်ရဲ့အရေးအရာတွေကို ဥပဒေပြဌာန်းခွင့် မရှိပါဘူး။ စစ်တပ်ရဲ့အရေးကိစ္စတွေနဲ့ စစ်တပ်ရဲ့ နှစ်စဉ်ဘတ်ဂျက်တွေကို တပ်မတော်အရာရှိလွှတ်တော်ကိုယ်စားလှယ်များက သီးခြားဆွေးနွေး ကြမှာ ဖြစ်ပြီး၊ အဲဒီ တပ်မတော်ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကိုသာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များက အတည်ပြုပေးရမှာပါ။ အဲဒီလိုနဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ အလိုရှိရာကို အတည်ပြုပေးရတဲ့ ရာဘာ တံဆိပ်တုံးအဆင့်ကို ရောက်ရှိသွားမှာပါ။
၅။ ပြည်နယ်နဲ့ဒေသတွေမှာတော့ ပြည်နယ် (သို့) ဒေသလွှတ်တော်တရပ်သာ ရှိမှာပါ။ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ မြို့နယ် များက ကိုယ်စားလှယ် (၂)ယောက်စီ၊ ပြည်နယ် (သို့) ဒေသတွင်းမှာရှိတဲ့ ပြည်နယ်အဆင့်မရသေးတဲ့ တိုင်းရင်းသားလူမျိုးစုများက ကိုယ်စားလှယ် (၁)ယောက်စီနဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးတဲ့၊ စုစုပေါင်းကိုယ်စားလှယ်အရေအတွက်ရဲ့ လေးပုံ တပုံရှိတဲ့ တပ်မတော်အရာရှိများနှင့် ပြည်နယ် (သို့) ဒေသလွှတ်တော်ကို ဖွဲ့စည်းရမှာပါ။ ဒီလိုနဲ့ တပ်မတော်အရာရှိများက ရွေးကောက်ပွဲဝင်စရာ မလိုပဲ ပြည်နယ် (သို့) ဒေသလွှတ်တော်ရဲ့ လေးပုံတပုံကို ထိမ်းချုပ်ထားမှာပါ။
၆။ ပြည်နယ်၊ ဒေသလွှတ်တော်တွေမှာလည်း ဒေသလုံခြုံရေးနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေ၊ နယ်စပ်ဒေသများနဲ့ပတ်သက်တဲ့ ကိစ္စတွေကို တပ်မတော်ကိုယ်စားလှယ်များကသာလျှင် သီးခြားဆွေးနွေးခွင့်ရှိပြီး၊ ‚ကိုယ်စားလှယ်များရဲ့ တင်ပြချက်ကိုသာ ပြည်နယ်၊ ဒေသလွှတ်တော်က အတည်ပြုပေးရမှာပါ။ ဒီလိုနဲ့ပဲ ပြည်နယ်၊ ဒေသလွှတ်တော်ဟာ စစ်တပ်အလိုဆန္ဒကို အတည်ပြု ပေးရတဲ့ ရာဘာတံဆိပ်တုံးအဆင့်ကို ရောက်ရှိသွားမှာပါ။
(င) ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်၏ အုပ်ချုပ်ရေးအာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်
၁။ နိုင်ငံတော်မှာ သမ္မတတယောက်နဲ့ ဒု-သမ္မတ နှစ်ယောက် ရှိပါလိမ့်မယ်။ လွှတ်တော်အုပ်စု သုံးစုက သမ္မတလောင်းတယောက်စီ အမည်စာရင်း တင်သွင်းပြီး လွှတ်တော်တခုလုံး(ပြည်ထောင်စုလွှတ်တော်)က မဲပေးရွေးချယ်ကြရမှာပါ။ မဲအများဆုံးရသူက သမ္မတ ဖြစ်ပြီး ကျန် နှစ်ယောက်က ဒု-သမ္မတများ ဖြစ်လာမှာပါ။
၂။ လွှတ်တော်အုပ်စု (၃)စုကို ဒီလိုခွဲထားပါတယ်။
(က)ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (၃၃ဝ)ဦး၊
(ခ)အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ်များ (၁၆၈)ဦး
(ဂ)အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်းမှ တပ်မတော်ကိုယ်စားလှယ်များ (၁၁ဝ + ၅၆)= (၁၆၆)ဦး
၃။ သမ္မတနဲ့ ဒု-သမ္မတဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းအချို့က ဒီလိုပါ
(က) လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန်မလို။
(ခ) နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရင်းနှီးကျွမ်းကျင်သူ ဖြစ်ရမည်။
(ဂ) အနည်းဆုံးအသက် (၄၅)နှစ် ရှိရမည်။ နိုင်ငံတွင်း အနည်းဆုံး အနှစ်(၂ဝ) တဆက်တည်း နေထိုင်သူ ဖြစ်ရမည်။
၎။ ဒီရွေးချယ်ပုံအရ စစ်တပ်က အဆိုပြုတဲ့ ကိုယ်စားလှယ်တယောက်ဟာ သမ္မတလောင်း ဖြစ်လာမှာပါ။ စစ်ရေးဆိုင်ရာ ရင်းနှီးကျွမ်း ကျင်သူ ဖြစ်ရမည်ဆိုတဲ့ ကန့်သတ်ချက်အရ အခြားအုပ်စု(၂)စုက တင်သွင်းတဲ့ သမ္မတလောင်းဟာလည်း တပ်မတော် အရာရှိ ဟောင်းတွေဖြစ်ဖို့ အလားအလာ အများကြီး ရှိနေပါတယ်။ ပြီးတော့ ဒီ သုံးယောက်ထဲက တယောက်ကို သမ္မတအဖြစ် ရွေးချယ်ကြ တဲ့အခါ တပ်မတော်ကိုယ်စားလှယ်က သမ္မတဖြစ်လာဖို့၊ အနိမ့်ဆုံး ဒု-သမ္မတ ဖြစ်လာမှာပါ။ ပြည်ထောင်စုလွှတ်တော်မှာ တပ် မတော်ကိုယ်စားလှယ်က (၂၅%) ပါဝင်တာမို့ တပ်မတော်က ထောက်ခံတဲ့သူသာ သမ္မတ ဖြစ်လာမှာကတော့ အသေအချာပါပဲ။
၅။ တပ်မတော်ကိုယ်စားလှယ် (သို့) တပ်မတော်က ထောက်ခံတဲ့သူသာ သမ္မတဖြစ်လာမှာ ဆိုပေမယ့် အဲ့ဒီနိုင်ငံတော်သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ သြဇာသက်ရောက်မှု မရှိပါဘူး။ တပ်မတော်အပေါ်မှာ သြဇာသက်ရောက်ခွင့် မရှိပါဘူး။ ပြောင်းပြန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ နိုင်ငံတော်သမ္မတအပေါ်မှာ သြဇာသက်ရောက်မှု ရှိပါတယ်။
၆။ နိုင်ငံတော်သမ္မတဟာ ဝန်ကြီးအဖွဲ့ကို ဖွဲ့ရာမှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ဒေသရေးရာဝန်ကြီးစတဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာ သုံးနေရာကို သူ့ဖါသာ ခန့်ခွင့် မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော်အရာရှိ များကိုသာ ခန့်အပ်ရမှာပါ။ အလားတူပဲ ဒုတိယဝန်ကြီးများကို ခန့်အပ်တာဝန်ပေးရာမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသ ရေးရာ ဒုတိယဝန်ကြီးများကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော်အရာရှိများကိုသာ ခန့်အပ်ရမှာပါ။ ဒါကိုကြည့် ခြင်းဖြင့် နိုင်ငံတော်သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုတာ အထင်အရှားပါပဲ။
၇။ ဝန်ကြီး (သို့) ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသူဟာ နိုင်ငံဝန်ထမ်းတယောက်ဖြစ်ရင် သက်ဆိုင်ရာဌာနက အငြိမ်းစား ယူရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီဝင်တယောက်ဖြစ်ရင်လည်း သက်ဆိုင်ရာပါတီကနေ ဝန်ကြီးသက်တမ်းတလျှောက် အနားယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်မယ့် တပ်မတော်အရာရှိဝန်ကြီးများကတော့ စစ်ဘက်တာဝန်ကနေ အငြိမ်းစားယူစရာ မလိုပါဘူး။ ချွင်းချက်ပေးထားပါတယ်။
၈။ အလားတူပါပဲ၊ ပြည်နယ် (သို့) ဒေသဝန်ကြီးချုပ်ဟာ သူရဲ့ပြည်နယ် (သို့) ဒေသအစိုးရအဖွဲ့မှာ လုံခြုံရေးနဲ့ နယ်စပ်ဒေသအရေး ဝန်ကြီးဌာနတွေကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော်အရာရှိများကိုသာ ခန့်အပ်ရမှာပါ။
၉။ အလားတူပါပဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံတွေမှာလည်း ကာကွယ်ရေးဦးစီးချုပ်က သက်ဆိုင်ရာဦးစီးအဖွဲ့ရဲ့ လေးပုံတပုံကို ခန့်အပ်မှာဖြစ်ပြီး ဒေသလုံခြုံရေးရာ အကြီးအကဲကိုလည်း ကာကွယ်ရေးဦးစီးချုပ်ကပဲ ခန့်အပ်တာဝန်ပေးမှာပါ။
၁ဝ။ ဒီလိုနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော်သမ္မတထက် အာဏာပိုကြီးပြီး တိုင်းပြည်ရဲ့ဗဟိုအဆင့်၊ ပြည်နယ်၊ ဒေသအဆင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းများ၊ ဇုံများအဆင့်အထိ အုပ်ချုပ်ရေးအာဏာကို လွှမ်းမိုးဆုပ်ကိုင်ထားမှာပါ။
(စ) ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်၏ တရားစီရင်ရေးအာဏာတွင် ဝင်ရောက်စွက်ဖက်ခွင့်
၁။ နိုင်ငံတော်မှာ တရားစီရင်ရေးအာဏာဟာ အမြင့်မားဆုံး အာဏာသုံးရပ်ထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်တရားစီရင်ရေးအာဏာဟာ အဖိနှိပ်ခံပြည်သူများပေါ်သာ သက်ရောက်ပြီး တိုင်းပြည်ရဲ့ သီးခြားအခွင့်ထူးခံ လူတန်းစားဖြစ်တဲ့ တပ်မတော်အပေါ်မှာ သက်ရောက်ခြင်း မရှိပါဘူး။
၂။ ဒီဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်ရေးရာကိစ္စအဝဝကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိပါတယ်။ အဲဒီအရေးကိစ္စ တွေထဲမှာ တရားစီရင်ရေးကိစ္စလည်း ပါပါတယ်။ တပ်မတော်သားတယောက်နဲ့ ပါတ်သက်တဲ့ အမှုအခင်းတွေကို ကာကွယ်ရေးဦးစီး ချုပ်က ခန့်အပ်မယ့် စစ်ခုံ±ုံးကသာ ကိုင်တွယ်မှာ ဖြစ်ပြီး အရပ်ဖက်တရား±ုံးများက စီရင်ခွင့် မရှိပါဘူး။ ဒီနည်းနဲ့ တပ်မတော်ဟာ ဥပဒေရဲ့အထက်မှာ ရောက်ရှိနေပါတော့တယ်။
၃။ ဒီဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးများကို ခန့်အပ်တာဝန်ပေး ရတာပါ။ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးများကို ခန့်အပ်နိုင်သလို ဖြုတ်ချပိုင်ခွင့် လည်း ရှိပါတယ်။ တကယ်တော့ အုပ်ချုပ်မှု့အာဏာနဲ့ တရားစီရင်ရေးအာဏာဟာ တန်းတူဖြစ်ပြီး တခုနဲ့တခု အပြန်အလှန် ထိန်းညိ‡ပေးနေရမှာ၊ တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ရမှာက ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒါပေမယ့် ဒီနအဖရဲ့ ဖွဲ့စည်းပုံဥပဒေမှာတော့ နိုင်ငံတော်သမ္မတဟာ တရားသူကြီးများကို ခန့်အပ်ခွင့်ရှိသလို ဖြုတ်ချခွင့်လည်း ရှိတဲ့အတွက်ကြောင့် တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာရဲ့ လက်အောက်ခံ ဖြစ်နေပါပြီ။ တပ်မတော်ရဲ့အရေးကိစ္စတွေကိုလည်း ကိုင်တွယ် ခွင့်မရှိတဲ့အပြင် သမ္မတကိုယ်တိုင်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ သြဇာအောက်မှာ ရှိနေတဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ဟာ တရားစီရင်ရေးမှာလည်း စိတ်တိုင်းကျ စွက်ဖက်ခွင့် ရနေပါတယ်။
(ဆ) တိုင်းရင်းသားလူမျိုးစုများအပေါ် ဖိနှိပ်ကန့်သတ်မှု
၁။ နိုင်ငံတော်ကို ဒေသကြီး (၇)ခုနဲ့ ပြည်နယ် (၇)ခုအဖြစ် ဖွဲ့စည်းထားတာကိုက တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူ ညီမျှရေးကို ငြင်းပယ်လိုက်တာပါ။
၂။ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသားများအတွက် ပြည်နယ် (၇)ခု (ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ချင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (၁)ခု(ဝ)နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုံ (၅)ခု(နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်) ခွဲခြားပေးထားပါတယ်။
၃။ ဒီဖွဲ့စည်းပုံအရ ပြည်နယ်အားလုံးမှာ ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းထားရှိပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ လေးပုံ တပုံက ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိတွေ ဖြစ်မှာပါ။ တိုင်းရင်းသားများရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး မျှော်လင့်ချက်ဟာ ဒီမှာတင် ပျက်ပြယ်သွားပါပြီ။ ပြည်နယ်တွေရဲ့အရေးကိစ္စကို တပ်မတော်အရာရှိများက ဝင်ရောက်ချယ်လှယ် နေကြမှာပါ။
၎။ ဒီဖွဲ့စည်းပုံမှာပဲ ပြည်နယ်ရဲ့အကြီးအကဲဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တိုက်±ိုက် ရွေးချယ် တင်မြေ‡ာက်ခွင့် မရှိပါဘူး။ နိုင်ငံတော်သမ္မတကသာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ သူစိတ်တိုင်းကျသူ တယောက်ကို ခန့်အပ်တာဝန်ပေးမှာပါ။ တိုင်းရင်းသားတွေအဖို့ ကိုယ့်ခေါင်းဆောင်ကိုယ်တောင် ရွေးချယ်ခွင့်မရပဲ ပြည်မက ရွေးချယ် တာဝန်ပေးသူကိုသာ လက်ခံကြရမှာပါ။
၅။ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ပြည်နယ်အစိုးရအဖွဲ့ကို သူ့စိတ်ကြိုက် ဖွဲ့စည်းခွင့် မရှိပါဘူး။ ပြည်နယ်ဝန်ကြီး ဖြစ်သင့်သူတွေကို ရွေးချယ်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြပြီး နိုင်ငံတော်သမ္မတက သဘောတူညီမှ ခန့်အပ်ခွင့် ရှိတာပါ။ အဲဒီပြည်နယ်အစိုးရအဖွဲ့ မှာလည်း လုံခြုံရေးနဲ့ နယ်စပ်ဒေသအရေးကိစ္စတွေအတွက် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးအပ်တဲ့ တပ်မတော်အရာရှိတွေ ကိုပဲ ခန့်အပ်ရမှာပါ။
၆။ ပြည်နယ်တွေဟာ တရားသူကြီးတွေကိုလည်း ဒေသခံတိုင်းရင်းသားများဆန္ဒနဲ့ ခန့်အပ်လို့ မရပြန်ပါဘူး။ နိုင်ငံတော်သမ္မတကသာ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တိုင်ပင်ပြီး ပြည်နယ်တရားသူကြီးများကို ခန့်အပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်များရဲ့ တရားစီရင်ရေးအာဏာဟာ ပြည်မဗဟိုအစိုးရရဲ့ ကိုင်တွယ်မှုအောက်မှာပဲ ရှိပါတယ်။
၇။ အထက်မှာ ဖေါ်ပြခဲ့သလို ပြည်နယ်တွေမှာ လွှတ်တော်ရေးရာနဲ့ အုပ်ချုပ်ရေးရာတွေမှာလည်း ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ် ထားတဲ့ တပ်မတော်အရာရှိများက ဝင်ရောက်စွက်ဖက်နေမှာ ဖြစ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်တရားသူကြီးများကို နိုင်ငံ တော်သမ္မတက တိုက်±ိုက်ခန့်အပ်မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးများနဲ့ အဝေးကြီး ဖြစ်နေပါပြီ။
၈။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံများမှာတော့ လွှတ်တော်အစား ဦးစီးအဖွဲ့များ ဖွဲ့စည်းမှာ ဖြစ်ပြီး ဦးစီးအဖွဲ့များက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုအာဏာကို ကိုင်တွယ်ကြမှာပါ။ ထုံးစံအတိုင်း ဦးစီးအဖွဲ့ဝင် လေးပုံတပုံဟာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော် အရာရှိများ ဖြစ်ပြီး လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာများကို ကိုင်တွယ်ကြမှာပါ။ အဲဒီ ဦးစီးအဖွဲ့များရဲ့ ဥက္ကဋ္ဌများကိုလည်း နိုင်ငံတော် သမ္မတက တိုက်±ိုက်ခန့်အပ် တာဝန်ပေးမှာပါ။
၉။ နောက်အရေးကြီးတဲ့တချက်ကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အခန်းကဏ္ဍပါ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ဗဟိုအစိုးရရဲ့လက်အောက်က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ဗဟိုကနေ ပြည်နယ်၊ ဒေသ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံများ၊ မြို့နယ်များအထိ အဆင့်ဆင့် တည်ရှိမှာပါ။ ပြီးတော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှာ ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပြည်နယ်နဲ့ ဒေသအကြီးအကဲဟာ ပြည်နယ်၊ ဒေသအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူ့ရဲ့±ုံးအဖွဲ့က ပြည်နယ်၊ ဒေသအစိုးရရဲ့ ±ုံးအဖွဲ့ ဖြစ်လာမှာပါ။ အလားတူပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံ များက အထွေထွေအုပ်ချုပ်ရေးဌာန အကြီးအကဲက အဲဒီ တိုင်းနဲ့ဇုံများ ဦးစီးအဖွဲ့များရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူရဲ့±ုံးအဖွဲ့က ဦးစီးအဖွဲ့များရဲ့ ±ုံးအဖွဲ့လည်း ဖြစ်ပါတယ်။
၁ဝ။ ဒီလိုနဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များကို ငြင်းပယ်ထားပြီး ဗဟိုအစိုးရရဲ့ လက်အောက်ခံဘဝနဲ့ ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ ဥပဒေပြုရေး အရေးအရာအားလုံးမှာ ချုပ်ကိုင်ချယ်လှယ်တာကိုပဲ ခံကြရတော့မှာပါ။
(ဇ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
၁။ ဒီဖွဲ့စည်းပုံအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အဖွဲ့ဝင် (၁၁)ယောက်နဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီကောင်စီက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေငြာခြင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသလို နိုင်ငံတော်မှာ အာဏာအကြီးဆုံးဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ဖို့လည်း တာဝန်ရှိပါတယ်။
၂။ အဖွဲ့ဝင် (၁၁)ယောက်ကတော့
(၁) သမ္မတ
(၂) ဒုသမ္မတ-၁
(၃) ဒုသမ္မတ-၂
(၄) ပြည်သူ့လွှတ်တော်အကြီးအကဲ
(၅) အမျိုးသားလွှတ်တော်အကြီးအကဲ
(၆) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၇) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၈) ကာကွယ်ရေးဝန်ကြီး
(၉) နိုင်ငံခြားရေးဝန်ကြီး
(၁ဝ) ပြည်ထဲရေးဝန်ကြီးနဲ့
(၁၁) နယ်စပ်ဒေသရေးရာဝန်ကြီးတို့ ဖြစ်ပါတယ်။
၃။ ဒီဖွဲ့စည်းမှုမှာကြည့်ရင် သမ္မတဟာ တပ်မတော်ကိုယ်စားလှယ်များ ထောက်ခံမှ တက်လာမှာ ဖြစ်သလို၊ ဒုသမ္မတ တယောက်ဟာ လည်း တပ်မတော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြေ‡ာက်ထားသူပါ။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသဝန်ကြီးများဟာလည်း ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသူတွေပါ။ နိုင်ငံခြားရေး ဝန်ကြီးဟာလည်း သမ္မတက ခန့်အပ်ထားသူဆိုတော့ ဒီကောင်စီမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အလိုဆန္ဒကို ထောက်ခံမဲ့သူက အနည်းဆုံး (၈)ယောက် ရှိပါတယ်။ ဒါကြောင့်မို့ ဒီကောင်စီဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အလိုဆန္ဒကို တံဆိပ်တုံးထု ထောက်ခံပေးရ မယ့်အဖွဲ့သာ ဖြစ်ပါတယ်။
(ဈ) နောက်မှ ပြင်၍ မရနိုင်ပါ။
၁။ နအဖစစ်အုပ်စုက ဒီဖွဲ့စည်းပုံကို အတည်ပြုပြီးရင် ပြန်လည်ပြင်ဆင်ဖို့ခက်အောင်လုပ်ထားပါသေးတယ်။ ဒီလိုပါ
၂။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်(ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်း)ကို တင်ရမှာပါ။ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် (၂ဝ%)က ဥပဒေမူကြမ်းတရပ်အနေနဲ့ တင်ရမယ်လို့ ဆိုပါတယ်။
၃။ ဖွဲ့စည်းပုံရဲ့အဓိကအခန်းတွေဖြစ်တဲ့ နိုင်ငံတော်အခြေခံမူဝါဒများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ၊ ဥပဒေပြုအာဏာဖွဲ့စည်းမှု၊ အုပ်ချုပ်မှုအာ ဏာဖွဲ့စည်းမှု၊ တရားစီရင်ရေးအာဏာဖွဲ့စည်းမှု၊ အရေးပေါ်အခြေအနေစတဲ့ အခန်းတွေကို ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅%)ကျော် ထောက်ခံမဲ လိုအပ်တဲ့အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲက (၅ဝ%)ကျော် ထောက်ခံမဲလည်း လိုအပ်ပါတယ်။ အခြားအခန်းကဏ္ဍတွေကိုတော့ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ (၇၅%)ကျော် ထောက်ခံမဲနဲ့ ပြင်နိုင်တယ်လို့ ဆိုပါတယ်။
၎။ လွှတ်တော် နှစ်ရပ်စလုံးမှာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော်အရာရှိများက (၂၅%) နေရာယူထားတာပါ။ သူတို့မပါပဲနဲ့ (၇၅%)ကျော် ထောက်ခံမဲ မရနိုင်သလို သူတို့ပါဝင်ထောက်ခံဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီဖွဲ့စည်းပုံကို နောက်မှ ပြန်ပြင်ကြတာပေါ့လို့ စဉ်းစားနေရင် အကြီးအကျယ် မှားပါလိမ့်မယ်။
၅။ တကယ်လို့များ ရွေးချယ်ခံ ကိုယ်စားလှယ်များအားလုံးကလည်း တစိတ်တည်းတဝမ်းတည်းနဲ့ (၇၅%) ထောက်ခံကြမယ်၊ တပ်မတော်ကိုယ်စားလှယ်တချို့က ရွေးချယ်ခံကိုယ်စားလှယ်များဘက်ပါပြီး ဖွဲ့စည်းပုံကိုပြင်ဖို့ ထောက်ခံလို့ (၇၅%)ကျော် ထောက်ခံ မဲရရင်တောင်မှ ကာကွယ်ရေးဦးစီးချုပ်က ချက်ချင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေငြာပြီး အာဏာသိမ်းမှာ အသေအချာပါပဲ
(ည) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)၏ စွက်ဖက်ချယ်လှယ်မှု
၁။ နအဖစစ်အုပ်စုက ကြံ့ဖွံ့ကို လူထုအဖွဲ့အစည်းတရပ်အသွင်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့်လည်း တဖြေးဖြေးနဲ့ ကြံ့ဖွံ့ဟာ နအဖရဲ့ လက်±ုံးတပ်တခု ဖြစ်လာပြီး တိုင်းသူပြည်သားများကို စောင့်ကြပ်ကြည့်±ှုရင်း နှိပ်စက်အနိုင်ကျင့်တဲ့ ယန္တယားတခု ဖြစ်လာပါတယ်။ ရပ်ကွက်ထဲ ဧည့်စာရင်းစစ်၊ ကင်းလှည့်တာကအစ ပါသလို ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို စောင့်ကြည့် ထောက်လှမ်းရာမှာလည်း ပါပါတယ်။ အခုဆိုရင် ကြံ့ဖွံ့ဟာ နအဖစစ်အာဏာရှင်များရဲ့ အားပေးမှုနဲ့ ဒီမိုကရေစီလှုပ်ရှားသူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးထိမ်းသိမ်းခြင်းစတဲ့ ဥပဒေမဲ့အပြုအမူများကို ရဲရဲတင်းတင်း ဆောင်ရွက်နေပါပြီ။ အဲဒီကြံ့ဖွံ့အဖွဲ့က လာမယ့် လူထုဆန္ဒခံယူပွဲကို ကြီးကြပ်အကောင်အထည်ဖေါ်မှာ ဖြစ်ပြီး နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မရ,ရတဲ့နည်းနဲ့ အတည်ပြု မှာပါ။
၂။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသဖြင့် အတည်ပြုပြီးရင် ဒီကြံ့ဖွံ့ဟာ နိုင်ငံရေးပါတီ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရွေးကောက်ပွဲအသစ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒီနည်းနဲ့ နောက်ဖြစ်ပေါ်လာမယ့် လွှတ်တော်အသစ်တွေမှာ တပ်မတော်ကိုယ်စား လှယ် (၂၅%)အပြင် တပ်မတော်ရဲ့ သြဇာခံအဖွဲ့အစည်းဖြစ်တဲ့ ကြံ့ဖွံ့ကိုယ်စားလှယ်တွေကလည်း ရာခိုင်နှုန်း တစုံတရာ နေရာယူ ထားကြမှာပါ။ ဒီတော့ ဒီနအဖရဲ့ မတရားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်မှ ပြန်လည်ပြင်ဆင်ကြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် သလို ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်ထဲကနေ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးစုများ တန်းတူညီမျှရေး တွေကို တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ကြဖို့ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။
၃။ ရှေ့မှာ တင်ပြခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးသွားရင် စစ်တပ်ဟာ သီးခြားအခွင့်ထူးခံ လူတန်းစားတရပ် အဖြစ် တရားဝင် ပေါ်ပေါက်လာမှာဖြစ်ပြီး မြန်မာပြည်သူများကတော့ ဒုတိယတန်းစား နိုင်ငံသားများသာ ဖြစ်လာမယ်လို့ တင်ပြ ခဲ့ပါတယ်။ အမှန်တကယ်တော့ ဒီထက်ဆိုးပါတယ်။ စစ်တပ်က ထိပ်ဆုံးကနေ၊ ဥပဒေရဲ့အထက်ကနေ သီးခြားအခွင့်ထူးခံ လူတန်းစား တရပ်အဖြစ် တည်ရှိနေသလို ကြံ့ဖွံ့နဲ့ လက်နက်ချတိုင်းရင်းသားအဖွဲ့အစည်းတချို့ဟာလည်း စစ်တပ်ရဲ့ မျက်နှာသာပေးမှု၊ အားပေး ထောက်ခံမှုနဲ့ လူထုတရပ်လုံးရဲ့ အထက်မှာ၊ ဥပဒေရဲ့အထက်မှာ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားများဟာ ဒုတိယတန်းတောင် မဟုတ်၊ တတိယတန်းစားနိုင်ငံသားများအဆင့်နဲ့ စစ်တပ်နဲ့ကြံ့ဖွံ့ရဲ့ မတရားအနိုင်ကျင့်မှုတွေကို သားစဉ်မြေး ဆက် ခံကြရတော့မှာပါ။
(Ë)ဒီမိုကရေစီအင်အားစုများ ရွေးကောက်ပွဲ ဝင်ခွင့်မရနိုင်ပါ
၁။ တချို့ကလည်း မျှော်လင့်ကြပါတယ်။ ဒီမိုကရေစီအင်အားစုများ တက်ညီလက်ညီနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ရင် လွှတ်တော်ကိုယ်စား လှယ်နေရာ အများစုကို ရနိုင်တယ်။ ပြီးတော့ လွှတ်တော်တွင်းကနေ တိုင်းပြည်ကို ကြိုးစားကယ်တင်သင့်တယ်လို့ ယူဆနေကြသူတွေ လည်း ရှိပါတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယနေ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပါဝင်ယှဉ်ပြိုင်ခွင့်မရအောင် ကန့်သတ် ထားပါတယ်။
၂။ ဒီဖွဲ့စည်းပုံအရ ပြစ်မှုတခုခုနဲ့ အကျဉ်းကျဖူးသူ၊ တရား±ုံးတခုခုက ပြစ်ဒဏ်ချမှတ်ခြင်းခံရသူတွေဟာ ရွေးကောက်ပွဲ ဝင်ခွင့်မရှိပါ ဘူး။ ဒီကနေ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဖွဲ့ဝင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ လူ့အခွင့် အရေး လှုပ်ရှားသူတွေအားလုံးနီးပါးဟာ အကျဉ်းထောင်ထဲ အကြိမ်ကြိမ်ရောက်ခဲ့ကြ၊ ရောက်နေကြတဲ့သူတွေပါ။ သူတို့တွေအတွက် ရွေးကောက်ပွဲ ဝင်နိုင်ခွင့် လုံးဝမရှိပါဘူး။
၃။ တာဝန်ရှိ အဖွဲ့အစည်းတခုခုက ရွေးကောက်ပွဲဝင်ရန် မသင့်လို့ ဆုံးဖြတ်ထားတဲ့ ပုဂ္ဂိုလ်တဦးဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ (၁၉၈၉)မှာ ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်မရှိလို့ ဆုံးဖြတ်ထားတဲ့ အတွက် အဲဒီဆုံးဖြတ်ချက်ဟာ ဆက်လက်အတည်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ခွင့်မရနိုင်ပါ။
၎။ ပြည်ပအစိုးရတခုခုကို သြဇာခံသူတွေဟာလည်း ရွေးကောက်ပွဲ ဝင်ခွင့်မရလို့ ကန့်သတ်ထားပါတယ်။ ဒီတော့ နအဖအစိုးရက ဒီနေ့ ဒီမိုကရေစီလှုပ်ရှားသူတွေအားလုံးကို ပြည်ပသြဇာခံများလို့ အကြိမ်ကြိမ် စွပ်စွဲထားတာကို သတိရဖို့ပါပဲ။
၅။ ဒီဖွဲ့စည်းပုံမှာ နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ ဒီဖွဲ့စည်းပုံအရ နိုင်ငံရေးပါတီများအားလုံးဟာ စည်းကမ်းကျတဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို လိုက်နာရမယ်လို့ ဆိုပါတယ်။ နအဖစစ်အုပ်စုရဲ့ စည်းကမ်းကျတဲ့ စစ်မှန်သော ပါတီစုံဒီမိုကရေစီဆိုတာကိုက အမှန်တကယ်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားတဲ့စနစ်မို့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများအနေနဲ့ လက်ခံနိုင်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကအနှစ်သာရကလည်း နိုင်ငံရဲ့အမြင့်ဆုံးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှံထားတာဖြစ်လို့ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများအတွက် ဒီဖွဲ့စည်းပုံကို လိုက်နာဖို့ဆိုတာ အတော်ခက်ပါလိမ့်မယ်။
၆။ လက်ရှိ တည်ရှိဆဲပါတီများအတွက်လည်း ကန့်သတ်ချက်တွေ ရှိပါသေးတယ်။ တကယ်လို့ နိုင်ငံရေးပါတီတခုဟာ မတရားသင်း အဖွဲ့အစည်းတခုအဖြစ် ကြေငြာခံရမယ်ဆိုရင်၊ သူပုန်အဖွဲ့အစည်းများကို ဆက်သွယ်တယ်၊ ထောက်ခံအားပေးတယ်လို့ တွေ့ရှိရင်၊ နိုင်ငံရေးပါတီတခုဟာ ပြည်ပနိုင်ငံတခုရဲ့ အစိုးရဆီကဖြစ်စေ၊ အဖွဲ့အစည်းတခုဆီကဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးဆီကဖြစ်စေ၊ ငွေကြေးနဲ့ အခြားထောက်ပံ့မှုများ ရယူရင် အဲဒီပါတီကို တရားဝင်တည်ရှိခွင့်မှ ရပ်စဲပြစ်မယ်လို့ ဆိုပါတယ်။ ဒီတော့ နအဖစစ်အုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ပအဖွဲ့များနဲ့ ဆက်သွယ်တယ်၊ နိုင်ငံခြားငွေကြေး အထောက်အပံ့တွေ ရယူတယ်၊ လက်နက် ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက်တယ် စသဖြင့် ကြိမ်ဖန်များစွာ စွပ်စွဲထားတာပါ။ ဒါကြောင့် ဒီဖွဲစည်းပုံအခြေခံဥပဒေကို အတည်ပြု ပြီးရင် နအဖက အဖွဲ့ချုပ်ကို တရားဝင်တည်ရှိခွင့် ±ုပ်သိမ်းလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
(ဌ) ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့
၁။ ကျနော်တို့ ပြည်သူများအတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံကို ထောက်ခံပြီး ဘဝအဆက်ဆက်၊ သားစဉ်မျိုးဆက် စစ်တပ်ကျွန် အဖြစ်ခံမလား၊ နအဖရဲ့ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချပြီး နအဖကို (၁၉၉ဝ) ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုမလား။ နအဖကတော့ ကျနော်တို့ကို စိမ်ခေါ်လိုက်ပါပြီ။
၂။ ကျနော်တို့ ရွေးချယ်ရမှာလည်း တခုပဲ ရှိပါတယ်။ တသက်လုံး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်များကို စစ်တပ်ကျွန် ဖြစ်ရမယ့် ဘဝကို မရွေးချယ်နိုင်ပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်မရှိတဲ့၊ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးတွေကို ငြင်းပယ်ထားတဲ့၊ စစ်တပ်ကို သီးခြားအခွင့်ထူးခံ လူတန်းစား (သို့) အုပ်ချုပ်သူလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် သတ်မှတ်လိုက်တဲ့၊ ဒီနအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့အားလုံး တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့။
လေးစားစွာ
အောင်ဒင်
အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့
ဖေဖေါ်ဝါရီ ၁၂ ၂ဝဝ၈ (ပြည်ထောင်စုနေ့)
0 comments:
Post a Comment