မေမေ နဲ့ စကားပြောခြင်း
အောင်ဒင်
ဒီဇင်ဘာ ၁၅။ ၂၀၀၈
ဒီကနေ့
မေမေ နဲ့စကား ပြောဖြစ် တယ် ။
အံ့ ဩ မိ ရဲ့
မိုင်တစ်သောင်းကျော် အကွာအဝေး က
တယ်လီဖုန်း အသံလှိုင်းတွေ ဟာ
စကားလုံး တွေကိုသာမက
ချစ်ခြင်းမေတ္တာကိုပါ သယ်ဆောင်ပေးကြ ။
ကြည် နူး မိရဲ့
အနှစ်လေးဆယ်ကျော် အိုမင်းခဲ့တဲ့ သံယောဇဉ်
နူးညံ့ နက်ရှိုင်း ရှင်သန်နေဆဲ
ဘဝ ရဲ့ မုန်တိုင်းတွေ ကြားထဲ .. ။
အခက်ခဲဆုံး စိန်ခေါ်မှုတွေကို
ကျနော်ရင်ဆိုင်ရ တော့
ကျနော့်ရဲ့ အခိုင်မာဆုံးအားပေးသူဟာ မေမေ ပေါ့ ။
အဆိုးဝါးဆုံး နှစ်တွေကို
အ ပြိုပြို အလဲလဲ ဖြတ်သန်းရတော့
ကျနော့်ကို ခိုင်မတ်စေခဲ့တာ မေမေ ပေါ့ ။
ပထမဆုံး ရင်းနှီးချစ်ခင်ရသူ
ပထမဆုံး အားထားကိုးကွယ်ရသူ
ဘဝတလျှောက်လုံးယုံကြည်ရဲခဲ့ ရသူ
နောက်တော့လဲ …..ချန်ခွဲထားရစ်ခဲ့ရ သူ ။
ကြေကွဲမိ ရဲ့
မေမေ့ ရဲ့ အထီးကျန်ဆုံး နေ့ရက်တွေမှာ
ကျနော်တတ်နိုင်တာက
မိုင်တစ်သောင်းကျော် အကွာအဝေးက
ပြတ်တောင်းတုန့်ဆိုင်း အသံလှိုင်းများသာ ။။။
5 comments:
အဲဒါကြောင့်ပြောတာပေါ့။
အမေ့မေတ္တာဆိုတာအေးမြဆုံးပါဆို။ :)
အကို့ရဲ့ အကောင်းဆုံး ကဗျာတပုဒ်ပဲလို့ ထင်မိတယ်။
Cheers!
ထပ်တူထပ်မျှခံစားရပါတယ်.ကိုအောင်ဒင်ရေ..
ကဗျာတွေအားလုံးကြိုက်ပါတယ်..
အထူးသဖြင့်.တနင်္ဂနွေကိုအကြိုက်ဆုံးပါ
ပြတ်တောင်တုန့်ဆိုင်းအသံလှိုင်းတွေကို လက်ခံဖို့ အမေတယောက်ရှိနေသေးတာကိုက အတော်ကျေနပ်ဖို့ကောင်းတဲ့ ကိစ္စပါဗျာ။
ကဗျာလေးက ရိုးသလောက် ထိတယ်။
အကို့ရဲ့ကဗျာတပုဒ်ခြင်းဆီကို အလေးအနက်
ခံစားသွားခဲ့ပါတယ် .. ။
Post a Comment