ကြောင်မလေး
အောင်ဒင်
(ဒီဇင်ဘာ ၂၉၊ ၂၀၁၀)
မြို့ပြရဲ့ ထောင့်ကျဉ်းကလေးတခုမှာ
ကိုယ့်ဘဝကိုယ် တံခါးပိတ်
တိုးတိုးတိတ်တိတ်နေတတ်ခဲ့၊
ဒါပေမည့်လဲ
ငါ့တံခါးက မလုံခြုံတော့
မင်း ဝင်လာတာကို ငါမတားမြစ်နိုင်ခဲ့ဘူးကွယ်၊
နူးညံ့တဲ့ ခေါင်းအစုံနဲ့
ငါ့ရင်ခွင်ကို တိုးဝှေ့တော့
အလေ့အကျင့်ရပြီးသား အေးစက်မှုတွေ
ရုတ်တရက် ပြိုကျသွား၊
ငါ့စိတ်ကို ထိုးဖောက်
အရိုးထဲ အသားထဲ တောက်လျှောက်ဝင်ရောက်သွား
မင့်နှုတ်ခမ်းလှလှကလေးက
ချစ်စရာ စကားလုံးများစွာဖန်ဆင်း
ငါ့ကို တချက်မှ ငြင်းဆန်ခွင့်မပေးခဲ့
ဒီလိုနဲ့
ငါ့နိုင်ငံတော်ကို မင်းသိမ်းပိုက်ခဲ့ပေါ့၊
မင်းဟာ အစားပုတ်တယ်
မင်းဟာ စကားများတယ်
မင်းဟာ စပ်စုတတ်တယ်
မင်းဟာ ငါ့အိပ်မက်တွေကို ချုပ်နှောင်ရစ်ပတ်တယ်
မင်းဟာ အာဏာရှင်ပဲ
တော်လှန်ဖို့ ငါမဝံ့ရဲခဲ့ပါ၊
ခုတော့လဲ
မလုံခြုံတဲ့ တံခါးကပဲ
နှုတ်မဆက်ပဲပြန်ထွက်သွားခဲ့ပေါ့
ငါ့မှာတော့
မင်းလက်သဲချွန်ချွန်ကလေးတွေနဲ့ ကုတ်ဖွခဲ့လို့
နှလုံးသားမှာ ခြစ်ရာစင်းကြောင်းတွေနဲ့ကျန်ရစ်ခဲ့ရ
တခါတုံးက ကြောင်မလေး ရေ၊၊၊
2 comments:
အဟမ်း အဟမ်းးးး
ငါ့အကိုကြီး တယ်နုနေပါလား။
အစ်ကို ဒီကဗျာလေး ဖတ်လိုက်တာ ချောင်းဆိုးသွားတယ် ။ :))
Post a Comment