မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၂၆) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (စ)
နိုင်ငံတော်၏
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစားရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ
ဒီဥပဒေက နိုင်ငံတော်အေးချမ်းသာသာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဥပဒေ အမှတ် ၁၀/၂၀၁၁ အဖြစ်နဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့ နေ့စွဲနဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ၊ အများပြည်သူမသိစေချင်လို့ သတင်းစာတွေမှာ ဖော်ပြခြင်းမရှိခဲ့ပါ၊
နိုင်ငံတော်ပြန်တမ်းမှာသာ စာမျက်နှာ ၄၇၅ နဲ့ ၄၇၆ မှာဖော်ပြပါတယ်၊ ဒီဥပဒေရဲ့ ပုဒ်မ ၁၊
ပုဒ်မခွဲ (ခ) မှာ "ဤဥပဒေသည် ချက်ခြင်းအာဏာတည်ရမည်" လို့ ပြဋ္ဌန်းထားတာမို့
ထုတ်ပြန်တဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့ကစပြီး ဒီဥပဒေဟာ အသက်ဝင်တည်ရှိနေပြီး တည်ဆဲဥပဒေတစ်ခုဖြစ်နေပါပြီ၊
ဒီဥပဒေဟာ နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်ရေးအာဏာနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုအာဏာ၊
ငွေရေးကြေးရေးစီမံခန့်ခွဲရေးအာဏာတွေကို ကန့်သတ်ချုပ်ချယ်ထားတာမို့ အမြန်ဆုံး ဖျက်သိမ်းသင့်ပါတယ်၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို
အထူးရန်ပုံငွေပေးတဲ့ ဥပဒေ
ဒီဥပဒေရဲ့ နိဒါန်းမှာ အခုလိုဖော်ပြထားပါတယ်၊
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်ဟုလည်းကောင်း၊
ပုဒ်မ ၁၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသော လက်နက်ကိုင်တပ်ဖွဲ့
ဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ ၁၃၉တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက်တပ်မတော်က
ဦးဆောင်ရမည်ဟုလည်းကောင်း ပြဋ္ဌန်းထားသည်၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အချုပ်အချာအာဏာမဆုံးရှုံးစေရေးအတွက်
အရေးကြီးလိုအပ်သော အသုံးစားရိတ်များ သုံးစွဲနိုင်ရန်အလို့ငှါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီသည် ဤဥပဒေကို ပြဋ္ဌန်းလိုက်သည်"။
ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ) မှာ "အထူးရန်ပုံငွေဆိုသည်မှာ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ နိုင်ငံတော်အား
ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရာတွင်လည်းကောင်း၊ အထူးလိုအပ်သည်များကို သုံးစွဲနိုင်ရန်
ထူထောင်ထားသောရန်ပုံငွေကို ဆိုသည်၊" လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ အခန်း (၂)
အထူးရန်ပုံငွေထူထောင်ခြင်း၊ ပုဒ်မ ၃ မှာ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အရ
အထူးရန်ပုံငွေသို့ နှစ်စဉ်လိုအပ်သော ငွေကြေးပမာဏကို နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ဖြင့်
ဖြည့်ဆည်းပေးရမည်။" လို့ ပြဋ္ဌန်းထားပါတယ်၊
အခန်း (၃) မှာ ဒီအထူးရန်ပုံငွေနဲ့ပါတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လုပ်ပိုင်ခွင့်များကို
အောက်ပါအတိုင်း ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၄) မှာ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို
ထမ်းဆောင်ရာတွင် ကုန်ကျသောအသုံးစားရိတ်များကို အထူးရန်ပုံငွေမှ ပြည်တွင်းသုံးငွေ (သို့မဟုတ်)
နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲခွင့်ရှိသည်၊" ပုဒ်မ (၅) မှာ "အထက်ပါ အထူးရန်ပုံငွေသုံးစွဲခြင်းနှင့်
စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊
စာရင်းစစ်ဆေးခြင်း ခံယူရန်မလို၊" ဟု ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၆) မှာတော့
"နှစ်စဉ်အထူးရန်ပုံငွေအသုံးစားရိတ်များကို ဘဏ္ဏာရေးနှစ် ကုန်ဆုံးသည့်အခါတွင် နိုင်ငံတော်သမ္မတထံ
ရှင်းလင်းတင်ပြဆောင်ရွက်ရမည်၊" လို့ ပြဋ္ဌန်းထားပါတယ်၊
ဆိုတော့ ဒီဥပဒေကို အရပ်သုံးစကားနဲ့ ရှင်းအောင်ပြောရရင်
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို
ထမ်းဆောင်ရန်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်းသမျှငွေကြေးကို
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက်မလိုပဲ နိုင်ငံတော်ဘဏ္ဏာထဲကနေ
နှစ်စဉ်ဖြည့်ဆည်းပေးပြီး အဲဒီရန်ပုံငွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိတ်တိုင်းကျ
အသုံးပြုခွင့်ပေးတဲ့ ဥပဒေပါ၊
ဒီအထူးရန်ပုံငွေဆိုတာ နိုင်ငံတော်အရ/အသုံးခန့်မှန်းခြေငွေစာရင်းမှာ
ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက်ခွင့်ပြုတဲ့ နှစ်စဉ်အသုံးစားရိတ်အပြင် ထပ်မံခွဲဝေပေးရတာပါ၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀၃)၊ ပုဒ်မခွဲ (ခ) ပုဒ်မငယ် (၄) မှာလည်း "ပြည်ထောင်စု၏ ဘဏ္ဏာငွေ
အရအသုံးဆိုင်ရာဥပဒေကြမ်းတွင်ပါရှိသော တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာစာချုပ်တစ်ခုခုအရဖြစ်စေ
ကျခံရမည့် အခြားအသုံးစားရိတ်များနှင့် စပ်လျင်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်၊
သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းမပြုရ" လို့ ပြဋ္ဌန်းထားပြန်ပါတယ်၊
ဒီတော့ "နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစားရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ"
ဟာ တည်ဆဲဥပဒေဖြစ်နေပြီမို့ ကာကွယ်ရေးဦးစီးချုပ်တောင်းဆိုသမျှကို ပြည်ထောင်စုလွှတ်တော်က
ငြင်းပယ်ခွင့်မရှိ၊ အတည်ပြုပေးရမှာပါ၊
ပြည်သူလူထုကို
မျက်ကွယ်ပြုသည့်ဥပဒေ
ကျနော့်အမြင်မှာတော့ ဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊
အခန်း (၁) နိုင်ငံတော်အခြေခံမူများမှာပါဝင်တဲ့ ပုဒ်မ ၄၊ နိုင်ငံတော်၏ အချုပ်အချာအာဏာသည်
နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌တည်သည်" ဆိုတဲ့ ပြဋ္ဌန်းချက်ကို
တိုက်ရိုက်ချိုးဖောက်တယ်လို့ ထင်ပါတယ်၊
ပြည်သူလူထုဟာ နိုင်ငံတော်အချုပ်အချာအာဏာရဲ့ မူလပိုင်ရှင်ပါ၊
ပြည်သူလူထုက သူတို့ကို ကိုယ်စားပြုဖို့ ပြည်ထောင်စုလွှတ်တော်ကို ရွေးချယ်တင်မြှောက်၊
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်နဲ့ ပြည်သူလူထုကိုကိုယ်စားပြုပြီး
တိုင်းပြည်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို စီမံခန့်ခွဲနိုင်ကြတာပါ၊
ပြည်ထောင်စုလွှတ်တော်က ပြည်သူလူထုကို တာဝန်ခံရသလို နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ကလည်း
ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ပြည်သူလူထုကို တာဝန်ခံရပါတယ်၊ ဒါကြောင့်လည်း ပြည်သူလူထုဟာ
နိုင်ငံတော်သမ္မတရဲ့ တိုင်းပြည်ဘဏ္ဏာသုံးစွဲမှုတွေကို ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် သိရှိနိုင်ပါတယ်၊
စီစစ်မေးမြန်းနိုင်ပါတယ်၊ ဒါပေမည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူမဟုတ်ပါ၊
ပြည်သူလူထုကို ကိုယ်စားပြုသူမဟုတ်ပါ၊
၂၀၁၃ ခုနှစ် မတ်လ ၁၃ရက်နေ့က အတည်ပြုပြဋ္ဌန်းခဲ့တဲ့ ၂၀၁၃ခုနှစ်
ပြည်ထောင်စု၏ ဘဏ္ဏာငွေ အရ/အသုံး ဆိုင်ရာဥပဒေအရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ အသုံးစားရိတ်ဟာ
ကျပ်သန်းပေါင်း တစ်သန်းကျော် (ကျပ်သန်းပေါင်း ၁၀၆၇၃၆၅ ကျော်) ရှိတယ်လို့ သိရပါတယ်၊
ဒီငွေပမာဏဟာဖြင့် စုစုပေါင်း ဘတ်ဂျက်ရဲ့ ၂၁ ရာခိုင်နှုံးရှိပါတယ်၊ ဒါပေမည့် ကာကွယ်ရေးဦးစီးချုပ်ရဲ့
အထူးရန်ပုံငွေမှာ ဘယ်၍ဘယ်မျှခွင့်ပြုလိုက်တယ်ဆိုတာ ကျနောတို့ ပြည်သူတွေ သိခွင့်မရပါ၊
ကာကွယ်ရေးဝန်ကြီးဋ္ဌာနအသုံးစားရိတ်က ၂၀၁၁-၁၂ မှာ တိုင်းပြည်ဘဏ္ဏာရဲ့ ၂၉ ရာခိုင်နှုံး၊ ၂၀၁၂-၁၃
မှာ ၂၃ရာခိုင်နှုံးရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဝေဘန်ဆွေးနွေးချက်တွေအရ ဒီနှစ်မှာ
၂၁ရာခိုင်နှုံးအထိ လျှော့ချခဲ့တာလို့ သိရပါတယ်၊ ဒီ ကာကွယ်ရေးအသုံးစားရိတ်ကို တိုင်းပြည်ဘဏ္ဏာရဲ့
၁၇ ရာခိုင်နှုံးအထိ လျှော့ချဖို့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးစတီဗင်သာဘိတ် ကအဆိုပြုပေမည့်
ထောက်ခံသူ ၆၀ဦးပဲရှိပြီး ကန့်ကွက်သူ ၄၄၅ ယောက်နဲ့ ရှုံးနိမ့်သွားတယ်ဆိုတာလည်း သိရပါတယ်၊
ဒါပေမည့် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူးရန်ပုံငွေဟာ အရင်နှစ်တွေမှာ ဘယ်လောက်ရှိခဲ့ပြီး
ဒီနှစ်မှာ ဘယ်လောက်အထိ တိုးမြှင့်သွားတယ်ဆိုတာကိုလည်း ပြည်သူများသိခွင့်မရှိပါ၊ ဒီတော့
တစ်ဘက်မှာ အများပြည်သူမြင်တွေ့နိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ အသုံးစားရိတ်ကို လျှော့ချပြပြီး
အခြားတစ်ဘက်မှာ ပြည်သူလူထုမမြင်မတွေ့နိုင်တဲ့ အထူးရန်ပုံငွေကို မြှင့်တင်သုံးစွဲနေတာရော
မဖြစ်နိုင်ဘူးလား၊ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊
ဒီရန်ပုံငွေဟာ နည်းနည်းလေးတော့ မဖြစ်နိုင်ပါ၊ တိုင်းပြည်ဘဏ္ဏာရဲ့
သိသာထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်၊
ကာကွယ်ရေးဦးစီးချုပ်က တောင်းသမျှကို
နိုင်ငံတော်သမ္မတက ဖြည့်ဆည်းပေးရမှာဖြစ်လို့ နိုင်ငံတော်သမ္မတရဲ့ အာဏာကို သေးသိမ်စေရာရောက်ပါတယ်၊
ပြည်ထောင်စုလွှတ်တော်က ဒီအထူးရန်ပုံငွေကို ငြင်းပယ်ခွင့်၊ လျှော့၍ခွင့်ပြုခွင့် မရှိတာမို့
လွှတ်တော်ရဲ့ ငွေရေးကြေးရေးစီမံခန့်ခွဲမှုအာဏာကို သေးသိမ်စေပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်က
ဒီရန်ပုံငွေကို ဘယ်လို ဘယ်ပုံသုံးစွဲသလဲဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမှ မေးမြန်းခွင့်၊
တင်ပြစေခွင့်၊ စာရင်းစစ်ခွင့်မရှိလို့ တာဝန်ခံမှု၊ တာဝန်ယူမှုကင်းမဲ့ပါတယ်၊ ပြည်သူလူထုရဲ့
ကိုယ်စားလှယ်မဟုတ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူလူထုပိုင်ဆိုင်တဲ့ ဘဏ္ဏာငွေတွေကို
စိတ်တိုင်းကျသုံးစွဲခွင့်ပြုထားတဲ့ ဥပဒေမို့ ဒီ "နိုင်ငံတော်၏ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစားရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ" ကို ပြည်ထောင်စုလွှတ်တော်မှ
အမြန်ဆုံးဖျက်သိမ်းသင့်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
ဇွန် ၁၄၊ ၂၀၁၃
ဇွန် ၁၄၊ ၂၀၁၃


The
award presentation was preceded by a panel discussion on “Examining the
Transition to Democracy in Burma” featuring both Min Ko Naing and
fellow Burmese activist, political prisoner, and leader of the 88
Generation Ko Ko Gyi, moderated by NED Senior Director for Asia and Global Programs Brian Joseph.
“We
believe that civil society is the foundation of democracy,” Min Ko
Naing said. New policies and reforms in Burma will need to pass through
the Parliament but will also require changes in the community, so the
role of civil society is complementary and equally important, Ko Ko Gyi
explained. The 88 Generation is working to strengthen civil society and
educate the Burmese public about their rights.
Representative
Crowley agreed, and called for the United States to maintain a
“carefully calibrated” approach to Burma. He warned that overstating the
positive changes and successes of the democratic transition in Burma
risks overlooking the important challenges that still remain, including
the issue of Burma’s ethnic nationalities who “need to feel like they
have a future in the country.”
Presenting
the Democracy Award to Min Ko Naing, Gershman described Min Ko Naing’s
role as a leader of the Burmese democracy movement, beginning in 1988
when he organized the All Burma Federation of Student Unions to lead a
general strike in protest of the military government.
Accepting
the award, Min Ko Naing thanked the NED and the U.S. Congress for their
consistent support of the democracy movement in Burma. “It was surely a
fact that the international recognition and unyielding support serve as
a great spiritual encouragement to those who are fighting for freedom
at one corner of the world,” he said.