သို့ … ရဲဘော်တူးနိုင်
အောင်ဒင်/ဒတ္ထ
၂၆ နိုဝင်ဘာ ၂ဝဝဝ၊ ၅း၃ဝနာရီ (ညနေ)၊ မဲဆောက်
(မိုးကြိုး၊ ၂ဝဝ၁ ဇန်နဝါရီ၊ အမှတ် ၁၇)
မီးခိုးတွေတလူလူလိပ်တက်
မင်းကတော့ ထွက်ခွာသွားခဲ့ပြီ
နှုတ်မဆက်လက်မပြ
ဒါပေမဲ့ … ထာဝရ။
မမျှော်လင့်ခဲ့ကြပါဘူး
အခူးဆွတ်ခံပန်းတပွင့်လို
ပြိုကွဲကြေမွ
သူစိမ်းတွေ ရဲ့ မြေမှာ ပြာကျရလိမ့်မယ်လို့ …
ရဲဘော်ရေ
သွားနှင့်ပေဦးတော့
အမှန်တရားဟာ အမြဲတမ်းနောက်ကျတတ်တယ်တဲ့
တို့ကတော့စောင့်တုန်း
အိပ်မက် ရဲ့နှင်းဆီတောင်ကုန်းကြီးမှာ
မိုးစုန်းစုန်းချုပ်တဲ့အထိ ….
ဟိုး … အဝေး ဒေါနတောင်တန်းကြီးတွေက
မင်းကို သတိရနေကြမယ်
တော်လှန်ရေးရဲ့မပြီးဆုံးတဲ့သီချင်းတွေကို
မင်း ရဲ့နောက်ဆုံးအသက် ရှူသံနဲ့ ဖွဲ့စပ်လို့
ရပ်တန့်နားနေခြင်းမရှိတဲ့ သောင်းရင်းမြစ်လို
တို့ ဆက်လက်စီးဆင်းကြမယ် ….
ဒါပေမဲ့လည်း
နှစ်သစ်ကူးပွဲတော်ညတွေဟာ
ဘယ်တော့မှ ပြည်စုံလှပမှာ မဟုတ်တော့ …. ။
(၂၃ နိုဝင်ဘာ ၂ဝဝဝ နေ့က ကျဆုံးသွား၍ မဲဆောက်သုဿန်တွင် မီးသင်္ဂြီုဟ်ခဲ့ရသော ရဲဘော်တူးနိုင်သို့ အမှတ်တရ။)
0 comments:
Post a Comment