လွမ်းချင်း
အောင်ဒင်
ဇွန် ၂၃၊ ၂၀၁၀
ဟိုး အဝေးမှာ
တိမ်ဆီကို ပျံတဲ့ ငှက်တွေ
ငါ့အလွမ်းတွေ သယ်ဆောင်သွားပါ့၊။
မျက်နှာမူရာ အရပ်တိုင်းမှာ
လေစိမ်းစိမ်း၊ လူစိမ်းစိမ်း နဲ့
အကြည့်စိမ်းတွေ၊ ဒီလူ့ကို အေးစက်ခဲ့ကြ
ကြေမွရပေါင်း များလှပါပြီ၊
မင်းရဲ့ကိုယ်ရနံ့မဲ့တဲ့လေ
မင်းရဲ့အသံမပါတဲ့ သီချင်း
မင်းအရိပ်မရှိတဲ့ ကောင်းကင်
မင်း အငွေ့အသက်မရှိတဲ့ ဝန်းကျင်
ဘဝဆိုတာ ကူးခပ်ရခက်တဲ့ ပင်လယ်ပြင်ကြီးပေါ့၊
ကြေကွဲမှုနဲ့ လေးလံနေတဲ့စိတ်
အိပ်မက်များတဲ့ ညများ
တံခါးခေါက်သံ၊ တံခါးဖွင့်သံ
တဖြေးဖြေး ဝေးဝေးသွားတဲ့ ခြေသံ
လောကရဲ့ ကျိန်စာ ပြင်းထန်လွန်းလှရဲ့၊
မင်းကိုသတိရတဲ့စိတ်နဲ့
ငါ့နေ့တစ်နေ့ကိုစ
မင်းကို တမ်းတခြင်းများနဲ့
တစ်နေ့တာကို ဖြတ်သန်း
မင်းကို လွမ်းတဲ့ အလွမ်းနဲ့
ငါ့နေ့တွေ၊ ညတွေကုန်ဆုံး
မိန်းကလေး ရဲ့
သောကတောင်ကုန်းမှာ မိုးစုန်းစုန်းချုပ်ခဲ့ ပြီ၊
ဟိုး အဝေးမှာ
တိမ်ဆီကို ပျံတဲ့ ငှက်တွေ
ငါ့ အလွမ်းတွေနဲ့ လေးလံနေကြ ၊၊၊
(ပန်းချီ ထိန်လင်း၊SPRING VERSE ၊ 15in X15in ၊ Acrylic on Cotton ၊ ၈ ဧပြီ ၂၀၀၀၊ မန္တလေးထောင်)
4 comments:
အဝေးရောက်နေတဲ့သူတွေရဲ့ ရင်ဘတ်တွေမှာလဲ အကို့လို " လွမ်းချင်း " တွေကိုယ်စီနဲ့ထင်ပါရဲ့.....။
မချစ်တတ်အောင်နေလိုက်ရင်
မလွမ်းတတ်တော့ဘူးပေါ့ခင်ဗျာ..
နောက်တာ..:)
ကြိုက်တဲ့ကဗျာ!!
အစ်ကိုရေ.... ဒီကဗျာလေး ကျွန်တော့် facebook note ထဲမှာသိမ်းထားမယ်နော်။
Post a Comment