BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, August 30, 2008

A Poem of a Modern-Day Student

ကျောင်းသားကဗျာ

အောင်ဒင်
(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ အိုးဝေစာစောင်၊ ၁၉၈၈ အောက်တိုဘာ)


စာသင်ခန်းထဲမှာ
ကဗျာတစ်ပုဒ် စပ်ဖူးတယ်
….
စာသင်ခန်းထဲမှာ
ဗားတော့ဘရက် ဖတ်ဖူးတယ်

စာသင်ခန်းထဲမှာ
ဆေးလိပ်ခိုးသောက်ဖူးတယ်

စာသင်ခန်းထဲမှာ
ဆရာဆူတာခံရဖူးတယ်


စာသင်ခန်းထဲ
စာမေးပွဲဖြေရမှာကို ကြောက်
စာအမေးခံရမှာကို ကြောက်
ပျင်းစရာကောင်းတဲ့ ပြဋ္ဌာန်းစာအုပ်ကြီးတွေကို ကြောက်
ရင်း
ကျောင်းအတန်တန်ပြေးဖူးတဲ့ လူတစ်ယောက်
ခုတော့ …
စာသင်ခန်းထဲ ပြန်ရောက်ချင်တယ်
စာမေးပွဲတွေ ပြန်ဖြေချင်တယ်
စာသင်ခန်း
ငါလွမ်းတယ်ကွယ် ….

တောထဲတောင်ထဲမှာ
စာမေးပွဲမရှိ
စာသင်ခန်းမရှိ
ပြဋ္ဌာန်းစာအုပ်မရှိ
လက်နက်ကိုင်နည်းလမ်းနဲ့
ကြမ်းတမ်းတဲ့ငှက်ဖျားရောဂါပိုးတွေ ရှိတယ်
လူမျိုးစုတော်လှန်ရေးသမားတွေ ရှိတယ်
သူတို့တွေနဲ့ အတူလက်တွဲလို့
စစ်အာဏာရှင်တွေကို ရင်ဆိုင်မယ်
ဗမာပြည်ကို ကယ်တင်မယ်
အမိမြေကို ပြန်ရယူမယ်


ဒီမိုကရေစီရဲ့
ရွှေရောင်ဝင်းပတဲ့လမ်းမ
ငါတို့သွေးစက်များက လမ်းပြရှေ့ဆောင်
ပန်းပွင့်များအားလုံးအတွက် အောင်ပွဲ
ငါတို့သွေးနဲ့ လဲရမယ်
….

မဝေးလှတဲ့
အနာဂတ်ရဲ့ စာသင်ခန်းထဲ
ငါမရှိလည်း ငါရှိနေသလို
မင်းမရှိလည်း မင်းရှိနေသလို
သူမရှိလည်း သူရှိနေသလို


သူငယ်ချင်းတို့ရယ် ….
စွယ်တော်ရွက်တွေ ဝေတိုင်း
ငါတို့ကို သတိရပါ …
ကံ့ကော်ပွင့်တွေ ပွင့်တိုင်း
ငါတို့ကို သတိရပါ

သမဂ္ဂအဆောက်အဦသစ်ဖွင့်ပွဲ”
ငါတို့ဝိဥာဉ်တွေလည်း
ပါဝင်ဆင်နွဲပါရစေလား
…. ။ ။



A Day That Ended Successfully

ခက်ခက်ခဲခဲ ကုန်ဆုံးရတဲ့နေ

အောင်ဒင်
(ဟန်သစ် မဂ္ဂဇင်း၊ ၁၉၉၅)


မျက်နှာသစ်တယ်
ရေသောက်တယ်
တံခါးဝမှာ ထိုင်တယ်
မြင်နိုင်သမျှကောင်းကင်ကင်ကို ငေးမော
ခါးသက်သောအသံကို နားစွင့်
ဒီတစ်မနက်စာ အသင့်ဖြစ်နေတော့တယ်။

ပြီးမှ
တွေ့နေကျငှက်ကလေးတွေကို နှုတ်ဆက်
နေရောင်အလင်း ဝင်းပြက်
ငါချစ်မက်မြတ်နိုးရာ ကမ္ဘာ
ခုတော့လည်း အိပ်မက်ဆန်စွာ....

ငေးတယ်
အစိမ်းရောင်သစ်ရွက်တွေ ရောထွေး
တိုတောင်းလှစွာ အကွာအဝေးကန့်သတ်
ထပ်ခါတလဲလဲ ကျက်မှတ်ရဆဲဝန်းကျင်
ငါဘာကြောင့် အသက်ရှင်နေပါလိမ့်...

တွေးတယ်
ငယ်ဘဝနဲ့ ငါ့ငွေလမင်း
လှိုင်းထနေတဲ့ မြမြက်ခင်း
ရင်းနှီးသောအပြုံးများ အေးစက်စက်
အဆိပ်ခွက်ကိုင်ထားသော လက်များ
အမှန်တရားရဲ့ နှောင့်နှေးကြန့်ကြာမှု
တုပဖန်ဆင်းခြင်း အတတ်ပညာ
ကိုယ့်ကိုကိုယ် လိမ်ညာရာမှာသာ အောင်မြင်ခဲ့...

လမ်းလျှောက်တယ်
အရှေ့မှအနောက်ကို လျှောက်တယ်
အနောက်မှအရှေ့ကို လျှောက်တယ်
ပြီး၊ ပြန်လျှောက်တယ်
လျှောက်ရင်းမောပန်း ဟောဒီလမ်းမှာ
ခြေရာများလည်း ထပ်ခါထပ်ခါ...

ဘယ်လောက် ဆွေးမြေ့စရာကောင်းသလဲ
ကြယ်တံခွန်နဲ့ ဝေးတယ်
သမုဒ္ဒရာနဲ့ ဝေးတယ်
ပစ္စုပ္ပန်နဲ့ ဝေးတယ်
အနာဂတ်နဲ့ ဝေးတယ်...

တွေးပြန်တယ် ပြီးတော့၊ ငေးတယ်
ကံကြမ္မာကို မချင့်မရဲဖြစ်
စိတ်ညစ်ကြေကွဲ၊ အရောင်ခပ်မွဲမွဲမျက်နှာ
ကိုယ့်ကိုကိုယ် ပြန်မမြင်ရတာကျတော့
ကံကောင်းပြန်ရော...

ဒီလိုနဲ့ မောပန်းသွားမှ
ဝတ္တရားတစ်ခု ထမ်းဆောင်ရသလို
ညနေစာကို မျိုချပြီး
တံခါးဝမှာ ငြိမ်ငြိမ်သက်သက်ထိုင်
မြင်နိုင်သမျှ ကောင်းကင်ကင်ကိုငေးမော
ခါးသက်သောအသံကို နားစွင့်
ဒီတစ်ညနေစာ အသင့်ဖြစ်နေတော့တယ်။

ခုမှပဲ
ဒီတစ်နေ့ဟာ၊ အသေအချာ ကုန်ဆုံးသွားတော့တယ်
ဝမ်းမြောက်ဖွယ်ပ။



Greeting to Some Human, While Walking like a Human


လူတစ်ယောက်လိုလမ်းလျှောက်၍ လူအချို့ကို နှုတ်ဆက်ခြင်း


၁။

ငါတို့
လမ်းလျှောက်ကြမယ်
….

ဘယ်ကိုရယ်လို့ ဦးတည်ချက်မထားပဲ
ဘယ်မျှရယ်လို့
ကန့်သတ်ချက်မရှိပဲ
ငါတို့
လမ်းလျှောက်ကြမယ်….


၂။

ငါတို့ရဲ့ခြေထောက်တွေက

ဒူးထောက်
ရို့ကျိုးရတာထက်
လှုပ်ရှားသွားလာ

ညာင်းညာရတာကို ပိုနှစ်သက်သတဲ့…..

ငါတို့လက်မောင်းတွေက

နာက်ပစ်ငြိမ်သက်ရတာထက်
ဘယ်ညာလက်လွှဲ
ရဲချင်သတဲ့ ….

ငါတို့မျက်ဝန်းတွေက

ရင်ဆိုင်တိုက်ခိုက်တဲ့လေကို
ကြည့်ချင်သတဲ့ ….

ငါတို့နှလုံးသားက

ဆုံးမစာအပုဒ်တထောင်နဲ့

ဟန်ဆောင်ယဉ်ကျေးရတာထက်

ရိုး
သားမှုနဲ့သွေးထွက်ချင်သတဲ့ ….

ဒါပေမယ့်လည်း
ထဲမှာနမြဲနေရင်း
အသက်
ရှူသံတွေ ကြီးပြင်းခဲ့
ရင်ခုန်သံတွေ
ငြိမ်းချင်းဖွဲ့
စက်
ရုပ်လို ကတတ်ခဲ့ပြီပဲ ….
လူတစ်ယောက်လို
လမ်းလျှောက်ဖို့တော့
အခွင့်အရေး
နည်းခဲ့တယ်

၃။

ရှ့နောက်ဝဲယာက
လမ်းလျှောက်လာကြတဲ့

မြို့ပြရဲ့သ
ရုပ်ဆောင်များခင်ဗျား ….

အားပါးတရ, လက်လွှဲကြပါ
ဘဝဆိုတာ

ဒဏ်ရာတွေနဲ့
ဖွဲ့စည်းထားသမို့
ြေ
ခလှမ်းတွေရှေ့မှာ
ခလုတ်ကန်သင်းတွေ
ရှိနေမှာပဲ
ဝံ့ဝံ့ရဲရဲ
လှမ်းကြပါ

ခင်ဗျားတို့လည်း
မြို့ပြဇာတ်ခုံရဲ့
တထောင့်တနေရာမှာ
လက်လျော့ကြေကွဲခဲ့ရသူတွေပဲ
မဟုတ်လား?
အထင်မှားမိရင်
ခွင့်လွှတ်ပ


အာင်ဒင်
(
ဟန်သစ်မဂ္ဂဇင်း၊ ၁၉၉၅)

A Lifeboat of A Father and A Son


သားအဖ နှစ်ယောက် ရဲ့လှေ

အောင်ဒင်
(
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၄)

တောင်ကျချောင်းရေတွေက
ကျနော်တို့လှေကို တိုးဝင်
ရိုက်ပုတ်
နှစ်မြုတ်တော့မယ်
အဖေ ..

ဟိုးတောင်ထိပ်မှာတော့
မိုးရိပ်တို့ ညို့မှောင်နေ
ရဲ့
ရွာခဲ့လို့ရွာခဲ့ပြီပဲ
….

ရေစီးသန်သန် လှိုင်းထန်ထန်မှာ
လှေနံရံကို ကျစ်ကျစ်ဆုပ်
ကျနော်တုန်လှုပ်နေပါပြီ ….

အလို

မျက်နှာမပျက်ပါလား …
တချက်မညိုးပါလား
မိုးနဲ့ရေစီးကြားကလှေ
လှေထဲက သားအဖ
ကျနော်က
ကြောက်လန့်၊ တုန်လှုပ်၊ တွေဝေ .. လို့
အဖေက
ရိုးအပြိုင်းပြိုင်းလက်များမှ
လက်ကျန်
ကြွက်သားနဲ့
လှော်တက်အားကိုး ရေကိုတိုး
သတ္တိမာန နိုးကြားနေရဲ့ ….

ကျနော်တွေးမိတယ်အဖေ
ကျနော့်မမွေးခင် အနှစ်လေးဆယ်မှာ
အဖေ့လှေ ဘယ်နှစ်ခါမှောက်ခဲ့ပြီးပြီလဲ
ရေစီးထဲက ဘဝမာနနဲ့
လူတယောက်ရဲ့ ထာဝရသတ္တိ
စိတ်ဓာတ်ကို သံမဏိနဲ့တည်ဆောက်
ရေအောက်နစ်မြုတ်ခဲ့ နာရီများအတွက်
အဖေ့မှာ အိပ်မက်မရှိဘူးထင်ရဲ့ ….

ဟုတ်ကဲ့
အဖေ
ရေစီးတွေကြားထဲမှာ
မုန်တိုင်းထဲမှာ
အခက်အခဲတွေကြားထဲမှာ
ကျနော်လည်း
လှော်တက်မြဲမြဲ လှော်ရဲရမှာပ
စိတ်ချ အဖေ …
ကျနော်တို့လှေ မနစ်စေရဘူး