BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, August 30, 2008

Greeting to Some Human, While Walking like a Human


လူတစ်ယောက်လိုလမ်းလျှောက်၍ လူအချို့ကို နှုတ်ဆက်ခြင်း


၁။

ငါတို့
လမ်းလျှောက်ကြမယ်
….

ဘယ်ကိုရယ်လို့ ဦးတည်ချက်မထားပဲ
ဘယ်မျှရယ်လို့
ကန့်သတ်ချက်မရှိပဲ
ငါတို့
လမ်းလျှောက်ကြမယ်….


၂။

ငါတို့ရဲ့ခြေထောက်တွေက

ဒူးထောက်
ရို့ကျိုးရတာထက်
လှုပ်ရှားသွားလာ

ညာင်းညာရတာကို ပိုနှစ်သက်သတဲ့…..

ငါတို့လက်မောင်းတွေက

နာက်ပစ်ငြိမ်သက်ရတာထက်
ဘယ်ညာလက်လွှဲ
ရဲချင်သတဲ့ ….

ငါတို့မျက်ဝန်းတွေက

ရင်ဆိုင်တိုက်ခိုက်တဲ့လေကို
ကြည့်ချင်သတဲ့ ….

ငါတို့နှလုံးသားက

ဆုံးမစာအပုဒ်တထောင်နဲ့

ဟန်ဆောင်ယဉ်ကျေးရတာထက်

ရိုး
သားမှုနဲ့သွေးထွက်ချင်သတဲ့ ….

ဒါပေမယ့်လည်း
ထဲမှာနမြဲနေရင်း
အသက်
ရှူသံတွေ ကြီးပြင်းခဲ့
ရင်ခုန်သံတွေ
ငြိမ်းချင်းဖွဲ့
စက်
ရုပ်လို ကတတ်ခဲ့ပြီပဲ ….
လူတစ်ယောက်လို
လမ်းလျှောက်ဖို့တော့
အခွင့်အရေး
နည်းခဲ့တယ်

၃။

ရှ့နောက်ဝဲယာက
လမ်းလျှောက်လာကြတဲ့

မြို့ပြရဲ့သ
ရုပ်ဆောင်များခင်ဗျား ….

အားပါးတရ, လက်လွှဲကြပါ
ဘဝဆိုတာ

ဒဏ်ရာတွေနဲ့
ဖွဲ့စည်းထားသမို့
ြေ
ခလှမ်းတွေရှေ့မှာ
ခလုတ်ကန်သင်းတွေ
ရှိနေမှာပဲ
ဝံ့ဝံ့ရဲရဲ
လှမ်းကြပါ

ခင်ဗျားတို့လည်း
မြို့ပြဇာတ်ခုံရဲ့
တထောင့်တနေရာမှာ
လက်လျော့ကြေကွဲခဲ့ရသူတွေပဲ
မဟုတ်လား?
အထင်မှားမိရင်
ခွင့်လွှတ်ပ


အာင်ဒင်
(
ဟန်သစ်မဂ္ဂဇင်း၊ ၁၉၉၅)

2 comments:

Moe Cho Thinn said...

ချိုသင်းလဲ နောက်ဆို လက်လွှဲလမ်းလျှောက်တော့မယ်။ ဒူးထောက်ရတာထက်စာရင် အရသာအများကြီး ပိုရှိလို့။
ကဗျာလေးက ကောင်းလိုက်တာ အကိုရေ။

Moe Cho Thinn said...

အရင်က ဒီကဗျာဖတ်တုန်းက သရုပ်ဖော်ပုံ မရှိပါဘူး။ ခုမှ ထပ်ထည့်လိုက်တာ ထင်တယ်။
ဆရာဦးဝင်းဖေ ပန်းချီကားတွေ အကုန်ဝယ်ထားတယ် ထင်ပါ့။