ဒတ္ထ/ အောင်ဒင်
အရင် ကလို ပါ ပဲ
သစ် ပင် တွေ သစ် ရိပ်ပြိုကွဲ
နေ က ပက်ကြားအက် တွေ ကို အားဖြည့်
ကတ္တရာ လမ်းမတွေ ပျော်ကျ
မြင် တွေ့ရ သမျှ အရာ ဝတ္ထု တိုင်းက
မီးတောက် ကို စား သောက် ထားကြ သလို မျိုး ။
လရောင် ကို ခိုးယူ လို့
ဘဝ အတွက် စိုက်ပျိုး ချင်သူတွေ တောင်
တံလှပ် တောမှာ ရေရှာ ကြ
သရက် ပွင့် တို့ အခါအခွင့် သင့်ကြ ။
စားပွဲ ထက်က ဖုံမှုန့်တွေ ဟာ
အပြင်ဖက် က အမှိုက်သရိုက် တွေဆီ
ပြေးသွား ပူးပေါင်း လိုက်ကြတယ် ။
ခပ်တည်တည် မှုန်ကုတ်ကုတ် နဲ့
စိတ်ရှုပ် စရာ ကောင်းလှတဲ့ လေကို
အခန်းကျဉ်း ထဲ မှာ သော့ခပ် ထားလိုက်တယ် ။
ကဲ ... နှုတ်ဆက် ခဲ့ပြီ …တဲ့
နှင်းစက် တွေက မြက်ခင်းပြင် ထဲ ပြန်ဝင်သွား
နေ့ခင်းကြောင်တောင် မှာ
ခြင်တစ်ကောင်က သားကောင်ကို ရှာတွေ့
ရေဘုံပိုင် အပျက်ထဲ က
သံချေးတက် ချွေးစက်တွေ ထွက်အလာ
နွေဦး …ဟာ
လူတွေ မေ့လျော့မသွားခင်
ပြန်လည် ရောက်ရှိလာ တော့တယ် ။ ။ ။
မှတ်ချက်
၁၉၈၆ လောက်တုံးက အကိုကြီး ကို အောင်ချိမ့် စီစဉ် ထုတ်ဝေတဲ့ "အထက်တန်း ကျ တဲ့ ရေ နဲ့ နွေဦး"
ကဗျာ မဂ္ဂဇင်း မှာ ဖော်ပြ ခဲ့တဲ့ ကဗျာ ပါ။
ထိန်ထိန် (ပန်းချီ ထိန်လင်း) ရဲ့ ကျေးဇူး နဲ့ ဒီကဗျာ လေး ကို ပြန်လည် ရရှိ ခဲ့ ။
0 comments:
Post a Comment