ခွင့်မသာ
အောင်ဒင်
ကောင်းကင်ကို
တွေ့မြင်ရပါ၏
ကျဉ်းမြောင်းသည့် အစိပ်အပိုင်း ငယ်တစ်ခုမျှသာ ။
မြေပြင်ကို
တွေ့မြင်ရပါ၏ ။ မြင် ရရုံ မျှ
ခြေဖဝါးစုံချ နင်းခွင့်မရ ။
သန့်ရှင်းလတ်ဆတ် တဲ့ လေ နုအေး ကို
ယုယကျွမ်းဝင်၊ ထွေးပိုက် ချင်ရဲ့
ထွေးခွင့်မသာ။
မိုးကုတ်စက်ဝိုင်းတွင်
နေလုံးမေးတင် နှုတ်စက်စဉ် ကို
မြင်လိုပါ၏၊ မြင်ခွင့်မသာ ။
အကျဉ်းသားဟာ
သူမပါဝင်ရတော့တဲ့ ကမ္ဘာလောက ကြီးကိုတမ်းတ
သတိရနေရုံ မျှသာ ။ ။ ။
(တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ကိုး၊ မေလ လောက်က အင်းစိန် အကျဉ်းထောင်၊ အထူး တိုက်၊ အခန်း အမှတ် တစ် ရဲ့ နံရံမှာ ဒီကဗျာကို ရေးခဲ့တယ် ။)
2 comments:
ဟား...မိုက်တယ်။ မိုက်တယ်။ ကျနော်တို့ရဲ့အောင်ပွဲကို ရအောင်ယူရမယ်။ ပြီးရင် စာပေကိစ္စတွေဆက်လုပ်မယ်။
ကိုယ့်ဆရာ ဒီရောက်နေတာကိုး ကောင်းပါတယ် ပျော်အောင်နေ ဆရာသမား
Post a Comment