BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, May 27, 2009

Calling to Exclude China from Addressing Situation in Burma



မြန်မာ နိုင်ငံ ဆိုင်ရာ က မ္ဘာ့ အ ခင်း အကျင်း သစ်
(သို့မဟုတ်) မြန်မာ နိုင်ငံ ပြဿ နာများ ကို တရုပ် နိုင်ငံ မပါဘဲ ဖြေရှင်း ရန် တောင်းဆို ခြင်း


အောင်ဒင်


ကျနော့ ရဲ့ အမိမြေ၊ မြန်မာ နိုင်ငံ က ငြိံမ်း ချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ကြီး ကို အဝေးက ထောက်ခံ ပံ့ ပိုး နေတဲ့ သာမန် ပြည်သူ တစ်ယောက် အနေ နဲ့ နိုင်ငံ တကာ မိသားစု ကြီး ဟာ မြန်မာ နိုင်ငံ က စစ်အာဏာရှင် တွေ ရဲ့ အကြမ်းဖက် အုပ်ဆိုး မှု ကို ကူညီအဆုံးသပ် ပေးနိုင်လိမ့် မယ် လို့ ယုံကြည် မျှော်လင့်ခဲ့ ဖူးပါတယ်။ က မ္ဘာ့ နိုင်ငံ အတော်များများ၊ အထူးသဖြင့် အမေရိ ကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ နိုင်ငံ များ၊ အာဆီယံ၊ တရုတ်၊ အိံ န္ဒိံယ၊ ဂျပန်၊ ကနေဒါ၊ သြ စ တြေလျ၊ စတဲ့ နိုင်ငံ များ မြန်မာ နိုင်ငံ အရေး ဖြေရှင်းရာမှာ ကွဲပြားတဲ့ စိတ်ဝင်စားမှုတွေ၊ အဆင့်မတူ တဲ့ လွှမ်းမိုးမှု တွေ၊ မတူညီ တဲ့ တာဝန် ယူ မှု တွေ နဲ့ ပါဝင်ပတသက်နေကြပါတယ်။ အဲ့ ဒီ နိုင်ငံ တွေရဲ့ မြန်မာ နိုင်ငံ အရေးစိတ်ဝင်စားမှု အပေါ် ကျေးဇူး တင်ပေ မဲ့၊ အခု အချိန်ကတော့ ဒီ နိုင်ငံ များ ရဲ့ ပါဝင်ပတ်သက် မှု တွေ ကို သေသေ ချာချာ ပြန်လည် သုံး သပ် ပြီး နိုင်ငံ တကာ မိသားစု ကြီး က မြန်မာ ပြည်သူ တွေ စစ်ကျွန် ဘဝက လွတ် မြောက် အောင် အထိရောက် ဆုံး စွမ်းဆောင် နိုင်မဲ့ နည်းလမ်း သစ် တစ်ရပ်ကို ရှာ ဖွေဆောင်ရွက် ဖို့ အရေးတကြီး လိုအပ် နေပါပြီ။


ကျနော်တို့ ယေဘူ ယျ ယုံကြည်ကြတာက "တရုတ်၊ အိ န္ဒိ ယ၊ စတဲ့ မြန်မာ့ အိမ် နီးချင်းနိုင်ငံ တွေ နဲ့ အာဆီယံ လိုံ့ ခေါ်ကြတဲ့ အရှေ့တောင် အာရှ နိုင်ငံ များ အသင်း တို့ ရဲ့ ထိရောက်တဲ့ လေးနက် တဲ့ ဆောင်ရွက်ချက် တွေမပါဘဲ မြန်မာ နိုင်ငံ မှာ အပြောင်းအလဲ တွေ ဖြစ်မလာ နိုင် ဖူး" လို့ပါ၊ ဒါပေမ ကျနော်တိဲု့ သဘောပေါက် ရမှာက မြန်မာ နိုင်ငံ ဟာ တရုပ် ရဲ့ လက်အောက်ခံ နိုင်ငံ ဘဝ ကို ရောက်နေ ပြီဆိုတာ ပါဘဲ။ တရုတ် အစိုးရ က မြန်မာ စစ် အုပ်စု ကို လူသတ်လက်နက် တွေ ရောင်းချ၊ ချေးငွေ တွေ ထောက်ပံ့ ငွေ တွေ ပေးပြီး အကြမ်းဖက် အုပ် စိုး မှု ကို ရှင်သန်ကြီးထွားစေတယ်၊ အပြန်အလှန်အား ဖြင့် တရုတ် အစိုးရ က မြန်မာ နိုင်ငံ ကနေ သဘာဝ ဓတ်ငွေ့ နဲ့ ရေနံ တူးဖော် ခွင့်၊ မဟာဗျူဟာမြောက် ရေနံ တင်ပို့ ရေး ပိုက်လိုင်း တည်ဆောက် ခွင့် တွေရနေပါ တယ်၊


က မ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ လို့ ခေါ်ကြတဲ့ အိ န္ဒိ ယ နိုင်ငံ က လဲ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ကြီး ကို စွန့်ပယ်ခဲ့တာ လွန်ခဲ့တဲ့ ဆယ် နှစ် ကျော် ကတဲကပါ၊ တရုတ် အစိုးရ ရဲ့ မြန်မာ နိုင်ငံ တွင်း ခြေကုပ်ယူ ချဲ့ထွင်မှု တွေ ကို စောင့် ကြပ် ထိန်းမတ် နိုင်ဖို့ မျှော်လင့်ချက် တွေ နဲ့၊ နယ်စပ် ဒေသ အခြေ ဆိုက် နာ ဂ သူပုန် တွေ ကို တိုက်ခိုက်ရာမှာ အကူအညီ ရဖို့ မျှော်လင့်ချက် တွေ နဲ့၊ အိ န္ဒိ ယ အစိုးရ က မြန်မာ စစ် အုပ်စု ကို နွေးထွေး ကြင်နာ နေတာ ကြာပါပြီ။ အာဆီယံ ကို ကြည့် ရင်လဲ အဖွဲ့ဝင် နိုင်ငံ တချို့၊ အထူးသဖြင့် ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ လော၊ ဘရူနိုင်း နိုင်ငံ တွေမှာ မြန်မာ စစ် အုပ်စု နဲ့ အလား သ ဏ္ဍာန် တူ တဲ့ အာဏာရှင် အစိုးရ တွေက အုပ်ချုပ် နေကြ တာပါ၊ ဒီတော့ အာဆီယံ အဖွဲ့ကြီး ကနေ မြန်မာ နိုင်ငံ အတွက် ထိရောက်တဲ့ ဆုံးဖြတ် ချက် တွေ ချ ဖို့၊ အရေး ယူ ဖို့ ဆိုတာ မျှော်လင့် နိုင်စရာ မရှိပါ၊ ဒီနိုင်ငံ တွေ အားလုံး ဟာ မြန်မာ နိုင်ငံ မှာ စစ် အုပ်စု နဲ့ ပြည် သူ တွေ အကြား နားလည် မှု တွေ တည်ဆောက် နိုင် ဖို့ အား ကိုး ရမဲ့ နိုင်ငံ တွေ မဟုတ် ပါ ဖူး။


ဒီကနေ့ အထိ မြန်မာ နိုင် ငံ အ ရေး ဝင်ရောက် ဖြေ ရှင်း ပေးနေကြ တဲ့ ကမ္ဘာ့ နိုင် ငံ တွေ ကြားမှာ အားလုံး သဘောတူ တဲ့ ဆုံးဖြတ်ချက် တစ်စုံ တစ်ခု မချ နိုင်ကြ သေးပါ ဘူး၊ ကုလသမ ဂ္ဂ လုံခြုံရေး ကောင်စီ မှာ ပြုလုပ် တဲ မြန်မာ နိုင် ငံ အရေး ဆွေးနွေး ပွဲ တွေ ဟာ လဲ အဖွဲ့ဝင် တစ်ဆဲ့ငါးနိုင် ငံ ကြားမှာ အမြဲတမ်း သဘောထား ကွဲလွဲ မှု တွေ နဲ့ အဆုံးသတ် ခဲ့ကြ တာ ပါ၊ အမေရိ ကန်၊ ဗြိတိန်၊ ပြင်သစ် ဦးဆောင် တဲ့ အုပ်စု က မြန်မာ နိုင် ငံ အရေး မှာ လုံခြုံရေး ကောင်စီ ရဲ့ ထိရောက်တဲ့ တိုက်ရိုက် ပါဝင် ပါတ်သက် မှု ကို တောင်း ဆိုနေ ကြ ပေမဲ့၊ တရုပ်၊ ရုရှား ဦးဆောင် တဲ့ အုပ်စု က တော့ မြန်မာ နိုင် ငံ မှာ ဖြစ် နေတဲ့ ပြဿ နာ တွေ ဟာ လုံခြုံရေး ကောင်စီ က ဝင်ရောက် ဖြေ ရှင်း ပေး ရ မဲ့ အခြေ အနေ မှာ မရှိ ဘူး ဆို ပြီး မြန်မာ နိုင် ငံ ပြဿ နာ ကို လုံခြုံရေး ကောင်စီ ရဲ့ အာဂျင်ဒါ စာရင်း ထဲ က ဖယ် ရှား ဖို့ ကြိုးစား နေ ကြတာပါ၊ ဗီတို ပါဝါ သုံးမယ် ဆို တဲ့ ခြိမ်း ခြောက်မှု တွေ နဲ့ တရုတ် က လုံခြုံရေး ကောင်စီ ရဲ့ မြန်မာ နိုင် ငံ အ ရေး ပါတ်သက် မှု ကို ကြေညာ ချက် တွေ ထုတ်ပြန် တဲ့ အဆင့် မှာ ပဲရှိအောင် ထိရောက်စွာ ကန့်သတ် ထား ပြန်ပါတယ်၊ အဲဒီ ကြေညာ ချက် တွေ ဟာ တကယ်တမ်း ထိ ရောက် တဲ့ အရေးယူ မှု တွေ လုပ် ဖို့ ခြိမ်း ခြောက်မှု တွေ မပါပဲ စိတ်ပူပန် မှု ကို ဖော် ပြ တဲ့ အဆင့် မှာ ပဲ ရှိလို့ မြန်မာ စစ် အုပ်စု အတွက် ဂရုစိုက် စရာ မရှိပါ၊ အလားတူ သဘောထား ကွဲလွဲ မှု တွေ ကို အဖွဲ့ဝင် တစ်ဆဲ့လေး နိုင်ငံ ပါ တဲ့ ကုလသမ ဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန် ရဲ့ မြန်မာ နိုင် ငံ ဆိုင်ရာ မိတ်ဆွေ များ အဖွဲ့ မှာ လဲ တွေ့နေရ ပါ တယ်၊


အခြေအနေ က အလွန့်အလွန် ကို တုန်လှုပ် ခြောက်ချား စရာပါ၊ လူတွေ သေနေ ကြတယ်၊ အကြမ်းဖက်မှု တွေ ဖိနှိပ်မှု တွေ က အဆက်မပြတ် ဖြစ် ပွါး နေ တယ်၊ ဘယ်သူ မှ ဒါ တွေ ကို မရပ် တန့် နိုင် ကြ ဘူး၊ အခု လတ်တလော မှာကိုပဲ ဒေါ် အောင်ဆန်း စုကြည် ဟာ သူ့ ရဲ့ နေအိမ် အကျယ် ချုပ် ကန့်သတ် ချက် တွေ ကို ချိုးဖောက် တယ် ဆို ပြီး မတရား တဲ့ စွပ်စွဲချက် တွေ ကို ရင်ဆိုင် နေရပါ တယ်၊ သူ မ ဟာ နောက်ထပ် ထောင်ထဲ မှာ နှစ် အတော် ကြာ ဆက် နေရ ဖို့ နဲ့ လူထု နဲ့ အဆက်ဖြတ် ခံ ရ ဖို့ သေချာ နေပါတယ်၊ ကြေညာချက် တွေ၊ ရှုတ်ချ တာ တွေ ဟာ အ ဓိပ္ပာယ် ရှိတဲ့ ထိ ရောက်တဲ့ အရေးယူ မှု မဟုတ် ဖူး၊ အခုလို နိုင်ငံ တကာ ရဲ့ တွန့်ဆုပ်တွေဝေ မှု တွေ နဲ့ ဆက်သွားကြ မယ် ဆိုရင် နအဖ စစ်အုပ် စု ကို ပဲ အာဏာ ကို ရှည်ကြာ ဆုပ်ကိုင်ထား နိုင် ဖို့ အခွင့် အရေး ပေး သလို ဆက်ဖြစ်နေမှာပဲ၊ မြန်မာ နိုင်ငံ အရေး မှာ နိုင်ငံတကာ အစိုးရ တွေ ရဲ့ ပါဝင်ပါတ်သက် မှု ကို တကယ် အသုံးဝင် တဲ့ ယန္တရား တစ်ခု ဖြစ် အောင် ပြင်ဆင် ဖွဲ့ စည်း ဖို့ အရေးတကြီး လို အပ် နေပါပြီ၊ ဒါမှလဲ မြန်မာ ပြည်သူ တွေ ကို ထိထိ ရောက်ရောက် ကူ ညီ နိုင်မှာပါ၊ အခု အချိန် မှာ နိုင်ငံတကာ မိသားစု ကြီး အနေနဲ့ အင်မတန် ခေါင်းမာလှ တဲ့ နအဖ စစ်အုပ် စု ကို ဘယ်လို ရင်ဆိုင်ကြ မလဲ ဆိုတာ သမားရိုးကျ သံတမာန် နည်းလမ်းများ ရဲ့ အပြင်ဖက် က နေ စဉ်းစားအဖြေ ရှာ ဖို့ တန်ပါပြီ၊


ကျနော် က" အာဆီယံ ဖိုက်" လို့ အမည် ပေး ထားတဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ နဲ့ အင်ဒိုနီးရှား နိုင်ငံ များ ဟာ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်း တဲ့ အပြောင်းအလဲ တွေ ဖြစ် ပေါ် လာ ဖို့ အထူး လိုလား ကြောင်း မကြာခဏ ထုတ် ဖော် ပြသနေကြတာပါ၊ ဒီနိုင်ငံ တွေ ဟာ မြန်မာ စစ်အုပ်စု ရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှု တွေ ကြောင့် ပျက်ဆီး ယိုယွင်း နေတဲ့ အာဆီယံ အဖွဲ့ ကြီး ရဲ့ ဂုဏ် သိ က္ခာ ကို လဲ ပြန်လည် မြှင့်တင် ချင် ကြတာ မို့ နအဖ စစ်အုပ် စု နဲ့ အနောက်ဒီမိုကရေစီ နိုင်ငံ တွေ ကြား ဝင်ရောက် ညှိ နှိုင်းပေးချင်ကြတာပါ၊ ဒီတော့ အရေအတွက် လဲ မများပဲ တကဲ့ကို စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက် ကြမဲ့ နိုင်ငံတွေ ချည်းပါ တဲ့ နိုင်ငံ တကာ ဖြန်ဖျေ ရေး အုပ်စု သစ် တစ် ခု ကို အမေရိကန်၊ ဥရောပသမ ဂ္ဂ နဲ့ အာဆီယံ ငါးနိုင်ငံ ပူးပေါင်း တည် ထောင်ကြ မယ် ဆိုရင် ဒီ နိုင်ငံတကာ ယန္တရား အသစ် ဟာ ထိရောက်တဲ့ ဖိအားပေးမှု၊ စွဲဆောင်မှု တွေ ကို ပူးတွဲ ကျင့်သုံး ပြီး မြန်မာ စစ်အုပ် စု နဲ့ မြန်မာ့်ဒီမိုကရေစီ အင်အားစု များ အကြား အဖြေ ရှာပေး နိုင်မှာ ပါ၊


ဒီ "မြန်မာ့ မိတ်ဆွေ ခွန်နှစ် နိုင်ငံ" ဟာ သူတို့ ရဲ့ အဆင့်မြင့် သံတမာန် များ ကို အမြန် ဆုံး စည်းဝေး စေ ပြီး မြန်မာ နိုင်ငံ မှာ တိုးတက်မှု တွေ ဖြစ် ပေါ်လာရေး အားလုံး လက်ခံ သဘော တူ တဲ့ အစီအစဉ်/လုပ်ငန်းစဉ် တစ်ရပ် ကို ဘုံမျှော်လင့်ချက်တွေ၊ အဆင့်လိုက် ရည် မှန်းချက်တွေ၊ နဲ့ ပြင်ဆင်ရေး စွဲ ပြီး မြန်မာ နိုင်ငံက လူ ဖန်တီး တဲ့ အကြပ် အတည်း တွေ ကို အဆုံး သတ်ရေး တာဝန်တွေ ခွဲဝေ ယူကြရ မှာပါ၊ အမေရိကန် နဲ့ အီးယူ က နအဖ ကို စွဲဆောင်နိုင်မဲ့ ကမ်းလှမ်း ချက် တွေ နဲ့ အသင့် ပြင် ထား ရမှာ ဖြစ် ပြီး အာဆီယံ ငါး နိုင်ငံ ကတော့ ဒီ စွဲ ဆောင်မှု တွေ တကယ်ဖြစ်လာ ရေးအ တွက် နအဖ ဘက်က အပြုသဘော ဆောင်ရွက် အောင် ဒီ အုပ်စု ရဲ့ ရှေ့တန်း က နေ တာဝန်ယူ ကြိုးစား ရမှာပါ၊ အင်ဒိုနီးရှား သမ္မ တ ကြီး ဆူစီလို ဘန်ဘန်း ရပ်ဟိုရိုနို ဟာဖြင့် ဒီ အုပ်စု ရဲ့ ကိုယ်စား နအဖ ရဲ့ အာဏာ အရှိဆုံး ဗိုလ် ချုပ် မှူးကြီး သန်း ရွှေ နဲ့ ညှိနှိုင်း ဆွေးနွေး ရမဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ် ပါပဲ၊ သူကနေ ပြီး သန်းရွှေ ကို မြန်မာ နိုင်ငံ မှာ ထာဝရ ငြိမ်း ချမ်းရေး ကို တည် ဆောက် ပြီး စစ်အုပ်စု နဲ့ ဒီမိုကရေစီ အင်အားစုများ ရဲ့ ပူပန် မှု တွေကို တပြိုင်နက်ထဲ ဖြေရှင်း ကြ မဲ့ လုပ်ငန်းစဉ် ကို လက်ခံလာအောင် ဆွေးနွေးရမှာပါ၊ စွဲ ဆောင်မှု တွေ သက်သတ် နဲ့ တော့ အလုပ် ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါ ကြောင့် မို့ နအဖ ဗိုလ်ချုပ် တွေ ကို သူတို့ ကျူးလွန် နေကြတဲ့ လူသား မျိုးနွယ်စု အပေါ် ရာဇဝတ်မှု များ အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး တင် ဖို့ ပြင်ဆင် ခြိန်းခြောက် ခြင်း ဟာ ဖြင့် စွဲဆောင် မှု ကမ်းလှမ်းချက် တွေ ကို နအဖ ဗိုလ်ချုပ် တွေ က စိတ်ဝင်စား လာ စေနိုင်ပါတယ်၊ ဒီ "မြန်မာ့ မိတ်ဆွေ ခွန်နှစ် နိုင်ငံ"ီ အုပ်စု သစ် ဟာ ပါဝင်သူ နိုင်ငံ တွေ များ ပြီး အလုပ် မဖြစ် အဖြေမထွက် တဲ့ လက်ရှိ နိုင်ငံတကာ အစည်းအဝေး များ ထက် ပိုပြီး ထိရောက် စွာ ဆောင်ရွက် နိုင်မှာ ပါ၊


ဒီမှာ လဲ အခက် အခဲ တွေ ရှိ နေ သေး ရဲ့၊ အာဆီ ယံ ငါးနိုင်ငံ က ဒီ အုပ်စု မှာ ပါ ဝင် ဖို့ ကို တွန့်ဆုတ် နေနိုင်ပါတယ်၊ တရုတ် အစိုးရ က လဲ ဒီ အုပ်စု ဝင် တွေ ကို သူ့ မဟာမိတ် နအဖ ကို မနှောက် ရှက် ကြဖို့ ဖိအား တွေ ပေး ပြီး အခြေအနေ ကို ပို ရှုပ်ထွေး အောင် လုပ် နိုင်ပါ တယ်၊ ပြီးတော့ ဒီ အုပ်စု အသစ် ဟာ အမေရိကန် သမ္မ တ အိုဘားမား နဲ့ နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တို့ ရဲ့ အားကောင်းတဲ့ ဦး ဆောင်မှု မပါဘဲ မ အောင်မြင် နိုင်ပါ ဘူး၊ The Tom Lantos Block Burma Jade Act 2008 မှာ ပြဌာန်း ထား တဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရ ရဲ့ အထူး ကိုယ်စားလှယ် ကို အမြန်ဆုံး ခန့်အပ် ဖို့ လို ပါတယ်၊ ဒါမှ သာ အမေရိကန် ပြည်ထောင်စု ရဲ့ မြန်မာ နိုင်ငံ အရေးံ အ ဆက် မ ပြတ် ပါဝင် ပါတ်သက် မှု နဲ့ အလေး အနက် ရှိ မှု ကို ပြနိုင်မှာပါ၊ လွန်ခဲ့ တဲ့ သုံး လ လောက် က စခဲ့ တဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ မူဝါဒ ပြန်လည် သုံး သပ် ခြင်း ကို လဲ အပြီးသတ် ပြီး လက်ရှိ အရေး ယူမှု တွေ ဖိအား ပေးမှု တွေ ကို ဆက် ပြီး ထိမ်း သိမ်း ထားဖို့၊ သံတမာန် ရေး လှုပ် ရှားမှု တွေ ကို နှစ်ဆ တိုး ဖို့ နဲ့ "မြန်မာ့ မိတ်ဆွေ ခွန်နှစ် နိုင်ငံ"ီ အုပ်စု သစ် ကို ဦး ဆောင် ဖို့ တို့ စတင် သင့် ပါ ပြီ၊


နောက်ဆုံး မှာတော့ စစ်မှန် တဲ့ အပြောင်း အလဲ တွေ ဟာ မြန်မာ နိုင်ငံ တွင်း က ပဲ ဦး ဆောင် ဖြစ် ပေါ် ရ မှာ ပါ၊ ဒါပေ မဲ့ လဲ အောင် မြင် ခဲ့ ကြ တဲ့ အခြား နိုင်ငံ များ ရဲ့ ဒီမိုကရေစီ ရေး လှုပ်ရှား မှု တွေ မှာ၊ ချီလီ မှာ၊ အာဂျင်တီး နား မှာ၊ ဂွါ့တိမာလာ မှာ၊ တောင်အာ ဖရိက မှာ၊ ဖိလစ် ပိုင် မှာ၊ မြောက် အိုင် ယာလန် မှာ၊ မရေတွက် နိုင် တဲ့ အ ခြား နိုင်ငံ တွေ မှာ၊ နိုင်ငံ တကာ အရေးယူ မှု တွေ ဟာ အပြောင်း အလဲ များ ဖြစ်ပေါ် ရေး အတွက် အောင် ပွဲ ရဲ့ လို အပ် ချက် များ ဖြစ် ခဲ့ တာ အထင် အရှား ပါ၊ အ စော ပိုင်း တုံး က ဘယ် လို မှ လုပ် လို့ မရ တော့ ပါဘူး လို့ ထင်ထား တဲ့ နည်းလမ်း တွေ ဟာ မှန်ကန် တဲ့ မဟာဗျူဟာ ကို ရှာဖွေ ကျင့် သုံး ပြီး အဆက် မပြတ် အလေး ပေး ဆောင်ရွက် မယ် ဆို ရင် အောင် မြင် မှု ကို ယူ ဆောင်ပေး နိုင်မှာပါ၊ ကျနော် တို့။မြန်မာ့ ဒီမိုကရေစီ လှုပ် ရှား သူ တွေ အားလုံး က တော့ အမေရိကန် ပြည် ထောင်စု ရဲ့ ဦးဆောင် မှု နဲ့ သမ္မတ အိုဘားမား ရဲ့ အရေးယူ မှုတွေ ကို ဆောင့်ကြည့် မျှော် လင့် နေကြ ပါ တယ်။။။။။.


(အောင် ဒင် ဟာ မြန်မာနိုင်ငံ တွင်း မှာ ၁၉၈၉ ကနေ ၁၉၉၃ အထိ လေးနှစ် ကျော် အကျဉ်းကျ ခဲ့ တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ယောက် ဖြစ်ပါတယ်၊ အခု လက်ရှိ မှာ တော့ Washington, DC အခြေဆိုက် U.S. Campaign for Burma ရဲ့ အမှုဆောင် ညွန်ကြားရေး မှူး အဖြစ် တာဝန် ယူ ရင်း အမေရိကန် အစိုးရ နဲ့ ကွန်ဂရက် လွှတ်တော် ကို မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ များ ကြံ့ခိုင် သန်စွမ်း ဖို့ စည်းရုံး နေသူ ဖြစ်ပါတယ်၊ )


(မှတ်ချက်…..Far Eastern Economic Review တွင်၂၀၀၉ ခုနှစ် မေလ နှစ်ဆယ့်ခြောက် ရက် နေ့ က ဖော် ပြ သော Burma’s Last Chance ဆောင်းပါး ကို စာရေး သူ ကိုယ် တိုင် တိုက် ရိုက် ပြန်ဆို သည်၊

http://www.feer.com/international-relations/20098/may56/Burmas-Last-Chance)

Tuesday, May 26, 2009

Burma's Last Chance


Far Eastern Economic Review
http://www.feer.com/international-relations/20098/may56/Burmas-Last-Chance

May 2009

Burma's Last Chance

by Aung Din

Posted May 26, 2009

As an exile supporting the democracy movement, led by Nobel Laureate Aung San Suu Kyi, in my homeland, Burma, I have placed faith and confidence in the international community to help end the tyranny of the military regime. Many countries in the world, including the United States, the European Union, the Association of Southeast Asian Nations (Asean), China, India, Japan, Canada, Australia and Korea have been involved in addressing the situation in Burma with different levels of interest, influence and responsibility. We appreciate those efforts, but the time has come to re-evaluate how best to collectively engage the international community to push for freedom in Burma.

The common belief is that nothing will change in Burma without serious action from China and India, Burma's two most powerful neighbors, and Asean. However, we must realize that Burma is a virtual captive state of China. Beijing sells weapons to Burma’s generals and provides loans and grants that keep the regime afloat. In return, China receives concessions on gas and oil drilling and energy corridors for strategic pipelines. India, the world’s largest democracy, abandoned Burma’s democracy movement a decade ago in the hopes of cozying up to the regime’s generals to check Chinese expansionism and for help in dealing with border issues. We assume that Asean, of which Burma is a member, will act responsibly to persuade the regime to stop its brutality against its own people. However, as several members of it, namely Cambodia, Vietnam, Brunei and Laos are being ruled by the authoritarian governments, similar to the regime in Burma, no meaningful action from Asean can be expected. They all cannot be depended on to facilitate negotiations between the regime and its people.

To date, no consensus has been reached between the nations involved in dealing with Burma. Meetings on Burma at the United Nations Security Council always typically ended with divisions among the 15 members. Some states, led by the U.S., France and Britain would like to see focused, direct involvement by the Security Council. Others, led by China and Russia, want to push the Burma issue out of the Security Council, arguing that internal political strife does not rise to the level necessary for Security Council involvement. By using the “threat of a veto,” China effectively limits the role of the Council in Burma to statements of concern that lack accountability because they are not backed up by a credible threat of international action. The same divisions exist among the 14 member nations, known as “Friends of Secretary-General Ban Ki-moon on Burma.”

The situation has become frustrating. People die, intimidation and oppression continue, and nothing gets done. Meanwhile, Aung San Suu Kyi is facing charges of violating her house arrest and will likely be sentenced to still more years under an armed guard isolated from her people. Talk alone is not meaningful action. Continuing within this framework will only help the regime to strengthen its grip on power. Redesigning a new and effective international mechanism is urgently required to help the people of Burma. The time has come to think outside the diplomatic box for the creation of a new international alliance to deal with Burma’s intransigent regime.

The governments of Thailand, Singapore, Indonesia, Malaysia and the Philippines, which can be called the “Asean Five,” have expressed their willingness to see a peaceful solution in Burma. They all have a desire to mediate between the Western democracies and the regime, as they are eager to improve the image of Asean, which has been tainted badly by the generals in Burma. Establishing a small multinational partnership on Burma, with participation of the U.S., the EU and the Asean Five, can be the driving force behind a new mechanism to bring attention, pressure, carrots and sticks to a multinational negotiating process with the regime and Burma’s democracy movement.

The “Seven Friends of Burma” (SFB) would call seniors diplomats from the group to meet as soon as possible and develop a mutually acceptable mechanism with common goals and clear benchmarks for change in Burma, and then share responsibility to act together to end Burma’s manmade disaster. The U.S. and EU should be prepared to offer incentives to the regime, and the Asean Five could take responsibility for being the “front-men” in securing positive changes from the regime in order for such incentives to be realized.

Indonesian President Susilo Bambang Yudhoyono would be the perfect candidate for the group to negotiate with Senior Gen. Than Shwe, the paramount leader of the regime, to accept this mechanism and explain a process that brings permanent peace to Burma while addressing concerns of both the regime and democracy movement. Incentives alone may not work; therefore, threatening to bring Burmese generals before the International Criminal Court for crimes against humanity they have committed could be powerful leverage to assist the SFB in their work. This smaller group will be able to act more nimbly and have more flexibility than the larger groups that have dominated discussion on Burma without meaningful action.

There are pitfalls to this process. The Asean Five may be reluctant to engage in such a manner, and China may make the situation difficult by putting pressure on the group members to back off its client state. This new alliance will not be successful without strong leadership of U.S. President Barack Obama, along with Secretary of State Hillary Clinton. The position of the U.S. Policy Coordinator on Burma, created by the Tom Lantos Block Burma Jade Act of 2008, should be filled as soon as possible as a signal of continuing U.S. commitment and seriousness towards Burma. The U.S. policy review on Burma that started three months ago should be finalized by maintaining sanctions and pressure, increasing diplomacy and taking a leadership role in the SFB.

In the end, true change must come from inside Burma. Yet real international action—whether in regards to Chile, Argentina, Guatemala, South Africa, the Philippines, Northern Ireland, or countless other countries—has proven a winning component of change. Situations that previously appeared intractable have a way of changing when the right strategy and high-level, constant attention are in place. We, democracy activists, look to leadership from the United States and hope for action from President Obama.

Aung Din served over four years in prison in Burma, as a political prisoner between 1989 and 1993. He is now the executive director of the Washington, D.C.-based U.S. Campaign for Burma, which advocates the U.S. Congress and administration regarding U.S. policy on Burma.


Friday, May 15, 2009

Burma: Addressing the Challenge Ahead


Burma: Addressing the Challenges Ahead

U.S. Capitol Hill– Senate Room 6 (SC-6)

Friday, May 15th 9am – 12:30pm

Panel #2: Rule of Law and Policy Options


Aung Din, Executive Director, U.S. Campaign for Burma
==============================================================================


Ladies and Gentlemen, Distinguished Guest,


You have heard about child soldier recruitment, forced labor practice and forced relocation, plight of refugees and IDPs, destruction of villages in Eastern Burma from the previous panelists and speakers before me. Now, I would like to touch some other important issues.

# First, I would like to bring your attention to the situation and position of the main opposition party, the National League for Democracy, led by detained Nobel Peace Prize Recipient Daw Aung San Suu Kyi. As you are aware, NLD won a landslide victory in the 1990 election, but its election results was denied by the junta. Since then, NLD has been calling for the junta to convene the Parliament meeting and establish a meaningful dialogue between the military, NLD and ethnic representatives for sustainable national reconciliation. NLD has tried many ways and many times to engage with the junta. However, the military junta has always blocked meaningful participation of the NLD in its constitution writing process and an entire road map. Instead, the military junta has been consistently trying to eliminate the NLD from the political landscape. Despite severe harassment, arrest and attack by the junta, the NLD is still standing strongly and still the leading force of Burma’s nonviolent democracy movement.

The NLD held a special meeting at its Headquarter in Rangoon on April 28-29, 2009. All Centeral Executive Committee Members, except Vice Chairman U Tin Oo and General Secretary Daw Aung San Suu Kyi who are under house arrest, met with party leaders from all States and Divisions and Members of Parliament-elect and discussed current situation in Burma and the role of the NLD for two days. At the end of the meeting, NLD leadership was able to produce an important document, called the “Shwegondaing Declaration”, named referred to the Shwegongdaing Street, where the party Headquarters is situated. With this declaration, the NLD has claimed that it will consider to participating in the election, schedule in 2010, if the following three conditions are met.

(1) All political prisoners, including the leaders of the NLD, are unconditionally released.
(2) The provisions of the 2008 constitution which are not in accord with democratic principles are amended.

(3) All inclusive free and fair elections are held under international supervision.

All of us, all political forces inside and outside Burma have supported the NLD’s declaration and strongly believe that these conditions are the best solution to put our country on the path of real national reconciliation and democratization. We also know that the junta will not come voluntarily to meet these conditions without strong and collective pressure from the international community.


# Here, I would like to touch the constitution as the second issue. All of you will agree that all political prisoners should be released, and the election should be held under the international supervision. But, you may not understand why the NLD demands that the constitution should be revised. Many of you know that the constitution reserves 25% seats in the Parliament for the military personals, to be appointed by the Commander-in-Chief. And many think that this is acceptable under current situation. Actually, there are so many provisions that are not acceptable by Burma’s democracy forces. Let me clarify more.


This constitution grants the supreme power to the military’s Commander-in-Chief. He is granted power to administer the military affairs freely, including budget, recruitment, procurement, appointment and promotion, troop positioning, etc. He will appoint 25% of the seats in National Parliament and all lower level Parliaments at States and Regions. He will appoint three ministers, for Defense, Home Affairs and Border Affairs, in the Central Government and lower level administrations at States and Regions, Districts and Self-Administered Division and Zones. He can even appoint more military officials if he is requested. He is the Chief of all armed forces in Burma and can simply declare a “state of emergency” if there is an attempt to amend the constitution, and seize control of all powers. He has no term limits, no age limit for retirement, and will be selected by the National Defense and Security Council (NDSC), in which 7 out of 11 members are himself and his appointees. Military personals who are accused of committing crimes will be tried by the military courts, not by the state judiciary system.

The Parliament will be convened once a year, and it does not have power to debate the military affairs. Military affairs and budget will be discussed by appointed military officials in the Parliament and the Parliament has to adopt the legislation regarding military affairs, submitted by the appointed military officials. The Parliament also does not have power to reject the nominees of the Presidents to serve in his Cabinet, various Departments and Courts as well as budget. Actually, the Parliament is just a rubber stamp of the President and the Commander-in-Chief.

The President will have certain degree of power, but he can only be elected with the favor of the Commander-in-Chief. 440 members of the Lower House and 224 Members of the Upper House will combine to become an Electoral College and it will be divided to three groups, (1) 330 elected members of the Lower House, (2) 168 elected members of the Upper House, and (3) 166 appointed military members from both Houses. All groups submit a candidate each and three candidates will be voted by the whole Electoral College. As the constitution describes the well acquaintance of military affairs as one of the qualifications of the President and the military has a chance to nominate a military official as its candidate, the President elected by the Electoral College will surely be a former or current military official. As the Commander-in-Chief controls 166 votes in the Electoral College, no one can be elected without his blessing.


Clearly, the future Burma after the 2010 election will be a state controlled by a small state within. There will be two power centers, the President, who will run the show, and the Commander-in-Chief, who will pull the string behind the scene. The military itself is a small, but powerful state within the state, which controls everything and stands above the law. All the people of Burma, including ethnic nationalities will become the subjects of the military. Amending the constitution is almost impossible as it requires OVER 75% of vote in the Parliament.

As you are aware, there are eight major ethnic nationalities, and dozens of races in Burma. All of them had their own territory, culture, language, history, and significant number of population. They all want to stay in the country, but they want the country to be built as a Federal Republic with equality among all ethnic nationalities. Some took up arms and have been fighting in civil wars for many decades to claim for equality, autonomy, and ethnic rights. This constitution makes these ethnic nationalities subordinates of the Burman majority. The constitution grants the President the power to appoint the Prime Ministers of the states, and their cabinet members. Military officials, appointed by the Commander-in-Chief, will be sitting unelected in the State Parliaments, and hold the key positions of Security and Border Affairs in the State Cabinets. The President has power to appoint judges to run the judiciary system in the States. The ethnic nationalities have no power to choose their leaders, their judiciary system will be run by the Judges, appointed by the President, and their State Parliaments will be controlled by military officials. The Burmese military will continue to control their regions and administer their daily lives.

# That leads to a dangerous situation now. Since 1989, more than a dozen ethnic armed groups have entered into a ceasefire agreement with the junta, expecting that political discussion will be followed as next step. However, there were no political dialogues to discuss their demands. Even though they were allowed to attend the national convention and submit their demands, the junta rejected them. Now, the constitution was approved by force and frauds without considering their rights. And now, the junta is forcing them to reduce their troops and transfer them under the control of Burma’s army. The junta has issued an order to ethnic ceasefire groups, operating along the China-Burma border, to reduce their troop level from current 40,000 fully-equipped soldiers to about 7,000 and transfer them under the control of the Commander-in-Chief by October this year. After that, the junta will transform these troops as the “Border Guard Forces”, commanded by the junta’s officials and under the direct control of the regional military commands.

We have learned from the history. Reducing the large number of ethnic armed forces by order, without securing jobs for them and without granting their rights they have been fighting for decades, will not achieve the happy ending. Refusal of these armed groups to the order of the junta will be the escalating of civil wars in China-Burma border. Emergence of several new armed groups, defected from major armed forces, are also possible and they might become war lords, drug producers and traffickers and criminal gangs, as well as small revolutionary forces without anybody control. Without effective intervention from the international community, wars, bloodshed and violence in Burma will be exploded and compounded, and the stability of the region will be threatened.

# Sadly, when the situation in Burma today is alarmingly deteriorating and moving down a dangerous path, the international response has been frozen since the U.S. has started its slow and indefinite process of policy review on Burma. Many business and pro-junta groups are also taking this opportunity to change the current U.S. policy to their favor of lifting sanctions, engaging with the junta and recognizing the 2010 election. Last month, Nobel Peace Prize Recipient and Arch Bishop Desmond Tutu of South Africa, who wrote an opinion piece in the Washington Post, correctly reminded that I quote “the voices of those it (the regime) has silenced must be heard as if the walls of their jails did not exist” Unquote.


Now, let me read the recommendations made by two prominent opposition groups inside Burma to the U.S. Administration regarding the policy review. The All Burma Monks’ Alliance and the 88 Generation Students, two groups which were instrumental of organizing peaceful protests in many parts of Burma in August and September 2007, widely known as the Saffron Revolution, have sent a letter to Secretary Clinton on May 5, 2009. Two figures wanted by the junta dead or alive, Monk leader Ashin Aww Bar Sa and student leader Tun Myint Aung, signed the letter from their hiding places, as they felt critical to relay their message to Secretary Clinton, while their arrest could be imminent. They have recommended to Secretary Clinton as follows.


(1) We believe that no sanctions should be lifted on the junta until political prisoners have been released and a meaningful dialogue between the junta, the NLD and representatives of our many ethnic groups has finalized a new constitution.

(2) We believe that U.S. leadership with strong diplomatic effort to organize other nations, especially Burma’s neighbors China, India and ASEAN, as well as the EU to work together to address the situation in Burma with common interest, shared responsibility, unified action, and clear benchmark will be the best way to make sanctions and engagement effective and produce positive results.

(3) We support the direct engagement between the U.S. and Burma’s military junta. However, such direct engagement should reach to the sole decision maker of the junta, Senior General Than Shwe.

(4) We suggest you should consider additional measures that include the addition of Burmese crony businessmen and the junta’s political surrogates to visa ban and financial sanctions lists; and calling for a global arms embargo at the U.N. Security Council; if the junta still refuses to implement the meaningful change.

I hope Secretary Clinton hear their voices, which represent those who are silenced by the junta, and put into serious consideration, as suggested by Bishop Tutu.


Thanks,


Aung Din

Tuesday, May 5, 2009

Of My Father Part One


ဖေ ဖေ့ အ ကြောင်း


တစ်။


မြန်မာ နိုင်ငံ ကို နာ ဂစ် မုန်တိုင်း ကြီး ဝင်ရောက် တိုက် ခိုက်ဖျက်ဆီး ခဲ့တာ တစ် နှစ် ပြည့်တဲ့ နေ့၊ ၂၀၀၉ ခုနှစ် မေလ နှစ် ရက် နေ့၊ နေ့လည် တစ်နာရီ ငါး မိနစ် မှာ ကျနော့ ဖေဖေ ဦး ကျော်ရှိန် ကွယ်လွန် သွားခဲ့ ပါတယ်။


အသက် ရှစ်ဆယ့်လေး နှစ် ရှိ ပြီ ဖြစ် တဲ့ ဖခင်ကြီး ကွယ် လွန်ချိန် မှာ သူ့ဘေး မှာ ရှိနေတာက တော့ အနှစ် ငါးဆယ် နီးပါး လက် တွဲ ခဲ့တဲ့၊ ဘဝ ရဲ့ မုန်တိုင်း တွေ ကို အ တူ ရင် ဆိုင် ခဲ့ တဲ့၊ ကျနော့ မေမေ တစ် ယောက် ထဲ ပါ။ သားကြီး ဖြစ်တဲ့ ကျနော် က အမေရီကား မှာ၊ သားလတ် ရွှေ ဖုန်းလူ က သူ့အရင် နှစ်ထောင့်ခုနှစ် ခုနှစ် ဩဂုတ် လ မှာ ကွယ်လွန် သွားခဲ့ပြီ။ သမီး အငယ်ဆုံး မိုးမိုး နဲ့ သမက် ဘောက်လွန် တို့ က မလေးရှား မှာ၊ သမီး မနော်ဟရီ နဲ့ တစ်ဦး တည်း သော မြေးကလေး ကိုကို ခေတ်နေ တို့က ဩစတြေးလျ မှာ၊ မေမေ တစ်ယောက် တည်း ကိုသာ ဘဝ တ လျှောက် လုံး အဖော်ပြု ခဲ့ ရ တဲ့ ဖေဖေ၊ ခုတော့ လဲ မေမေ့ ကို တစ် ယောက်ထဲ ခွဲထား ခဲ့ ပါ ပြီ၊


နှစ် ။


ကြေကွဲ ရတာတွေ များလွန်း လို့ နှလုံးသားက ထုံကျင် နေသလားမသိ၊ ဖေဖေ ဆုံးကြောင်း နေရိန်ကျော် က မနက် အစောကြီး ဖုံး ခေါ်ပြီး သတင်းပေး တော့ အံ့ဩ တုန်လှုတ်မိ တာ က လွဲလို့ အနေ ထိုင် မပျက်ခဲ့၊ အိပ်ရာက ထပြီး မေမေ့ ဆီ ဖုန်းဆက်ဖို့ ကြိုးစား၊ အ ကြိမ် ကြိမ် ကြိုးစား ပေမဲ့ မအောင်မြင်၊ ဒါနဲ့ ပဲ အသိပေး ရမဲ့ လူတွေ ကို သတင်း ပို့၊ ဖုန်း နဲ့ မိတ်ဆွေ တချို့ က မေးတာ ကို ဖြေကြား၊ ငိုဖို့ သတိမရခဲ့ ပါဘူး၊


ဒါပေမဲ့ နောက်တစ်နေ့မနက် သူငယ်ချင်းတွေ ပေးပို့တဲ့ ဖေဖေ့ ရဲ့နောက်ဆုံး ဓတ်ပုံ တွေ ကို မြင်ရတဲ့ အခါမှာတော့ မျက်ရည် တွေ မ ထိမ်းနိုင် မသိမ်း နိုင် ပြိုကျလာပါတော့ တယ်၊ ကျနော့ ရဲ့ ဖခင်ကြီး၊ ကျနော့ ရဲ့ လက်ဦး ဆရာ၊ ကျနော့ ရဲ့ သူရဲကောင်း၊ ဘဝ တပါး ကို ကူး ပြောင်း သွားခဲ့ပြီ ….။

သုံး ။


ဖေဖေ နဲ့ ပတ်သက် ပြီး ကျနော်မသိ ရ တာတွေ အများ ကြီး ပါ၊ မန္တလေး သား တစ်ယောက် ဖြစ်တယ် ဆိုတာက လွဲ လို့ သူ့ရဲ့ မိဘ ဆွေမျိုး တွေ ဘယ်သူ ဘယ်ဝါ ဆိုတာ ကျနော် မသိပါ၊ ဖေဖေ ကလဲ တခါ မှ မပြော ဖူးပါ၊ ကျနော့ တသက် ဖေဖေ့ ဘက် က ဆွေမျိုး တစ်ယောက် မှ မတွေ့ ဖူး မ သိဖူး ခဲ့ပါ။

ဖေဖေ့ ကိုယ်မှာ ဒဏ်ရာ တွေ အများကြီး ပါ၊ ရင်ဘတ် မှာ၊ ပခုံးမှာ၊ ကျောမှာ၊ ဗိုက် က ဒဏ်ရာ ကြီး က တော့ နောက်ကျော ထိ ပေါက်သွားတဲ့ လှံ စွပ် ဒဏ်ရာ ပါ၊ ဂျပန် တော်လှန်ရေးကာလ က ရခဲ့တာ လို့ ပြော ဖူးပါ တယ်၊ ပခုံး ဒဏ်ရာ က
အင်္ဂလိပ် ကို တော်လှန် တုံး က ရခဲ့ တဲ့ သေနတ် ဒဏ်ရာ ဖြစ် ပြီး ရင်ဘတ် က ဒဏ်ရာ ကတော့ ပဲခူး ရိုးမ တနေရာ မှာ ဖေဖေ ပါဝင် တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ တပ်ဖွဲ့ နဲ့ ဖဆပလ အစိုးရ တပ် ရင်ဆိုင်တိုက်ပွဲ မှာ ရခဲ့တာ လို့ ဆိုပါတယ်၊ နယ်ချဲ့ဆန့်ကျင်ရေး နဲ့ ဖက်ဆစ် တော်လှန် ရေး မှာ ပါဝင်ခဲ့ ပေမဲ့ ဖေဖေ့ မှာ လွတ်လပ်ရေး မော်ကွန်းဝင် လက်မှတ် မရှိပါ၊


ကျနော် ငယ်ငယ်က ဖေဖေ့ ကို အိမ်မှာ အချိန် ကြာကြာ မြင် ရခဲ ပါတယ်၊ "မေးစရာ နဲနဲ ရှိ လို့ ခဏ လောက် လိုက် ခဲ့ ပါ" ဆိုပြီး လာခေါ်တဲ့ ရိုင်းရိုင်း ကြမ်းကြမ်း လူကြီး တွေ နောက် ဖေဖေ လိုက် ပါသွား ပြီး တခါတခါ လနဲ့ ချီ ပြီးကြာ၊ တခါတခါ နှစ် နဲ့ချီ ပြီး ကြာ ပျောက်ဆုံးနေ ခဲ့ ပါတယ်၊ ရေကြည် အိုင် တို့ ၊ အင်းစိန်ထောင် တို့ ၊ စစ်ထောက်လှမ်းရေး တို့ ၊ ဆိုတာ ကျနော် ငယ်ငယ် ကတဲက ယဉ်ပါးနေရ တဲ့ စကားလုံး တွေပါ၊

အိမ် ကို ဖေဖေ ပြန် ရောက် လာ တော့ လဲ ဒဏ်ရာ ဒဏ်ချက် တွေ ရောဂါ တွေ နဲ့ပါ၊ အချိန် အတော် ကြာကြာ ဆေးကု ရ ပါတယ်၊ အဲဒီ အချိန် တွေ က တော့ ကျနော် တို့ မောင်နှမ တွေ ဖေဖေ နဲ့ အတူ ကြာကြာ နေခွင့်ရတဲ့ ကာလ တွေပေါ့၊ ဖေဖေ မရှိ တဲ့ အချိန် တွေမှာ လဲ ကျနော် တို့ မိသားစု အားမငယ် ရ၊ အထီး ကျန် မ ဖြစ် ရပါ၊ ဖေဖေ့ မိတ်ဆွေ တွေ အိမ် ကို ပုံမှန် လာပြီး အားပေးကြ၊ ငွေကြေး ထောက်ပံ့ ကြပါတယ်၊ ဖေဖေ့ မိတ်ဆွေ တွေ ကလဲ လူစုံပါပဲ၊ ကျွန်းပြန်ကြီး တွေ၊ ရှေ့နေတွေ၊ စာရေးဆရာ တွေ၊ ဆရာဝန် တွေ၊ သတင်းထောက် တွေ၊ ဆိုက်ကား ဆရာ တေ၊ွ ဈေးသယ်တွေ၊ အငှါးကား မောင်းသူ တွေ၊ ကျောင်းဆရာ တွေ၊ အစုံပါပဲ၊


ဖေဖေ က ကျနော့ကို ဘယ်လောက်ပဲ ချစ်ချစ် အလိုမလိုက် ခဲ့တာ တွေလဲ အများကြီးပါပဲ၊ သူ့ရဲ့ ကန့်သတ်ချက် တွေ ကြောင့် ကျနော့ ငယ်ဘဝ မှာ လမ်းပေါ် ထွက် ပြီး ကစားခွင့် မရခဲ့ပါဖူး၊ ဒါကြောင့် ကျနော် အခြား ကလေး တွေ လို ဂျင် မပေါက်တတ် ခဲ့ ဖူး၊ စွန် မ လွှတ် တတ် ခဲ့ ဖူး၊ စက်ဘီး မစီး တတ် ခဲ့ ဖူး၊ ငယ်ငယ် ကလေး ကတဲ က ဖေဖေ က ကျနော့ကို တိတ်တိတ် ဆိတ်ဆိတ် နဲ့ စာ အုပ် တွေ တစ် အုပ် ပြီး တစ် အုပ် ဖတ် ဖို့ ပဲ အားပေး သင်ကြား ခဲ့ တာပါ၊ ဖတ် ရ တဲ့ စာ အုပ် တွေ ကိုလဲ ကြည့်ကြပါဦး၊ ကျနော် ငါးနှစ် သား မှာ ဖတ်ရတာက ဇိနတ်ထပကာသဏီ၊ အရင်းကျမ်း၊ ရေသောက်မြစ်သုံးသွယ်၊ အနုပဋိလောမ ရုပ်ဝါဒ၊ ငါတို့ခတ်နဲ့ အပြိုင်၊ စစ်ရေး ခြောက်စောင် တွဲ၊ အဲဒီ လို စာအုပ် ကြီး တွေ ပါ၊ ဖတ် ရုံတင်လား ဆိုတော့ မဟုက်သေး ပါဘူး၊ ဖေ ဖေ့ မိတ်ဆွေ တွေ ကျနော် တို့ တောင် ဥက္က လာပ က အိမ် ကလေး မှာ စုဝေး ကြ စကား ပြော ကြ တဲ့ အခါ ဖေဖေ က ကျနော့ကို ခေါ်ပြီး သူ့ မိတ်ဆွေ တွေ ရှေ့ မှာ အဲဒီ စာအုပ် ကြီး တွေ ထဲ က စာ သား တွေကို အလွတ် ရွတ် ပြခိုင်းပြန် ပါတယ်၊ ကျနော် အလွတ် ရွတ် ပြ တာ ကို နားထောင် ပြီး ဖေဖေနဲ့ သူ့မိတ်ဆွေ တွေ သဘော ကျနေ ခဲ့ ကြ တာ ပေါ့၊

ကျနော် တို့ အိမ်ကလေး မှာ အင်မတန် ဧည့်သည် များ လှပါတယ်၊ အထူးသဖြင့် ရုံးပိတ်ရက် တွေမှာ ပါ၊

အားလုံး လိုလို က နိုင်ငံ ရေး သမား ဟောင်း ကြီး တွေ ပါ၊ ကျနော် မှတ်မိ နေ တဲ့ သူ တချို့ က ဆရာ ဗန်းမော် တင်အောင်၊ လေထီး လို့ခေါ်ကြတဲ့ အဘ လေထီး ဦးအုန်းမောင်၊ မီးရထားကြီး လို့ ခေါ်ကြတဲ့ အဘ ဦးလှမောင်၊ ကျူရှင် ပြနေ တဲ့ ဆရာ ကေတီ ဦးကျော်တင့်၊ ရှေ့နေကြီး အဘ တီပီ ဝမ်း၊ ရုပ်ရှင် ဒါ ရိုက်တာ ရှူမဝ ဦးချစ်စိန်၊ ဓတ်ပုံဆရာ ဥက္က လာ ဦးဝင်းမောင်၊ စာရေးစရာ ညိုဝင်း၊ စ သူတွေပါပဲ၊ မောင်မောင်ကျော် ရဲ့ အဖေ ကျောင်းဆရာ ကိုနေဝင်း လဲ လာပါတယ်၊ သူတို့တွေ အားလုံး လိုလို ဖေဖေ့ အရင် ဆုံးပါး သွာခဲ့းကြပါပြီ။ ကျနော် ကအဲဒီ စကား ဝိုင်း တွေ မှာ ရေနွေးကြမ်း အိုး တွေ တ အိုး ပြီး တ အိုး ချ ပေး ပြီး သူတို့ ရဲ့ ဘဝ အတွေ့ အကြုံ တွေ၊ နာကျင်မှု တွေ၊ စွန့် စားခန်း တွေ ကို တမေ့တမော နားထောင်ခဲ့ရတာပါ၊

ကျနော့ ရဲ့ ငယ်ဘဝမှာ ရွှေယုံ နဲ့ ရွှေကျား သက်ကယ်ရိပ် သွား တဲ့ ပုံပြင် တွေ တစ်ခါမှ မကြား ခဲ့ရပါဖူး၊ ဖေဖေ နဲ့သူ့ မိတ်ဆွေ တွေ ရဲ့ တော်လှန်ရေး ကာလ အတွေ့အကြုံ တွေ၊ ကိုကိုး ကျွန်း အကျဉ်းစခန်း က တိုက်ပွဲ တွေ၊ စစ်အာဏာ ရှင် စနစ် ကို ဆန့်ကျင် ကြတာ တွေ၊ ဒါတွေသာ ကျနော့ ငယ်ဘဝ ရဲ့ အိပ်ရာဝင် ပုံပြင် တွေ ဖြစ် ခဲ့ပါတယ်၊


လေး ။


ဖေဖေ နဲ့ ကျနော် အမြင်မတူ ကြတာတွေ လဲ အများကြီးပါ ပဲ၊ ကျနော် တစ်ဆယ့်ရှစ် နှစ် သား အရွယ် စက်မှုတက္ကသိုလ် စတက် ချိန် မှာ ကဗျာ လေး တွေ စ ရေးပါတယ်၊ ကျနော့ ညီ ရွှေ ဖုန်းလူ က လဲ စာမေးပွဲ တဖုံးဖုံး ကျ ပြီး ကဗျာ ရေး နေပါပြီ၊ ဖေဖေ က ကျနော တို့ ကဗျာ ရေး တာ လုံးဝ မ ကြိုက် ပါဖူး၊ စိတ် လေလွင့် တယ် လို့ ယူဆပါတယ်၊ ကျနော် က ကဗျာဆရာ ကြီး ဒဂုန် တာရာ ကို ကြိုက် တယ် ဆိုတော့ ဖေဖေ က ပြောဖူးပါတယ်၊ "ကို ဌေးမြိုင် က စိတ်ကူးယဉ် သမား ကွ၊ သူ့ ကို ကြိုက် ရင် မင်း တို့မှားးလိမ့် မယ်" တဲ့၊

ဒါပေမဲ့ ကျနော် တို့ ရဲ့ ကဗျာ အပေါ် ရူး သွပ်မှု ကို သူ တားလို့ မရနိုင်တော့ မှန်း သိတဲ့ အခါကျ တော့ လဲ ကျနော် မထင်မှတ် တဲ့ အကူအညီ ပေးပြန်ပါတယ်၊ အဲဒီခတ် ကာလ တစ်ထောင့်ကိုးရာ့ရှစ်ဆယ် ဝန်းကျင်မှာ ကျနော် တို့ လူငယ် ကဗျာ သမား တွေအ တွက် မိုးဝေ နဲ့ ရှူမဝ
မဂ္ဂဇင်း ကြီး နှစ်စောင် ဟာ မီးရှူးတန်ဆောင် ပါ၊ မိုးဝေ နဲ့ ရှူမဝ ကိုပဲ ကဗျာ တွေ ပို့ပြီး မိုးဝေ နဲ့ ရှူမဝ မှာ ကဗျာ ပါမှ အောင်မြင်တယ် လို့ ယုံကြည် ကြတာပါ၊ အဲ ဒီ မဂ္ဂဇင်း ကြီး နှစ်စောငီ မှာ ကဗျာ ပါ ဖို့က လဲ အင်မတန် မလွယ်ကူတဲ့ အနေအထား ပါ၊ ဖေဖေ က တစ်နေ့ တော့ ကျနော့ ကို စာ တစ် စောင် ပေးပါတယ်၊ "မင်း မိုးဝေ သွား ရင် ယူ သွား" တဲ့၊ စာ က မိတ် ဆက်စာ တိုတို လေးပါ၊ အယ်ဒီတာချုပ် ဆရာ နတ်နွယ် ကို အမည်ရင်း ဦး လှမြင့် နဲ့ လိပ်စာ တပ်ပြီး ရေးထားပါတယ်၊ "ကိုလှမြင့် ရေ၊ အခု စာနဲ့ လာ သူ ဟာ ကျနော့ သား အကြီးကောင် ပါ၊ တတ်နိုင်သလောက် ဖေးမ စေချင်ပါတယ်" တဲ့၊


ကျနော် က လဲ အဲဒီ စာ ကလေး ယူ ပြီး ကျောက်မြောင်း က မိုးဝေ တိုက် ကို သွား ပါ တယ်၊ ဆရာ နတ်နွယ် ကိုတွေ့ ပြီး ဖေဖေ့ စာ ကိုပေးပါတယ်၊ ဆရာနတ်နွယ် က စာကို ဖတ်ကြည့် ပြီး ဖေဖေ့ ရဲ့ ကျမ်းမာရေး အခြေအနေကို မေးပါတယ်၊ ကျနော့ ကို လဲ လူရင်း တစ် ယောက် လို ပုံမှန် တိုက် ကို ဝင်ထွက် ဖို့မှာပါတယ်၊ အဲဒီ နောက်ပိုင်း ကျနော့ ကဗျာ လေး တွေ မိုးဝေ မှာ ဖော်ပြ ခြင်း ခံရပါတယ်၊ ဖေဖေ နဲ့ ဆရာ နတ်နွယ် တို့က ဆရာ ဦးညိုမြ ရဲ့ အိုးဝေ သတင်းစာ မှာ လက်ထောက် အယ်ဒီတာ လေး တွေ အဖြစ် အမှုထမ်း ခဲ့ ကြ တယ် လို့ သိရပါတယ်၊

မတတ်သာ လို့ သီးခံ နေရပေမဲ့ ကျနော့ ဆီ လာလည်ကြတဲ့ သူငယ်ချင်း ကဗျာသမား တွေ ကို တော့ ဖေဖေ သိပ် ကြည့် လို့ မရခဲ့ ပါဖူး၊ မကြာ ခဏ လာ ပြီး ကျနော့ ကို လဘက်ရေ ဆိုင် သွား ဖို့ ခေါ်တတ်တဲ့ "နွေလယ်နေ" ကို သူ တော်တော် မျက်မုန်းကျိုး ပါတယ်၊ တခါတရံ မှ လာတတ်တဲ့ အကိုကြီး ကိုအောင်ချိမ့် နဲ့ ကို ချောနွယ် တို့ ကို လဲ လူကြီး လမ်းသူရဲ တွေ ဆိုပြီး မဆက်ဆံ ပါ၊ ကျနော့ ကဗျာ သူငယ်ချင်း များ ထဲ မှာ သူ ခင်ခင် မင်မင် ဆက်ဆံ တာ ဇေယျဝတီ မင်းလွင်စိုး လို့ ခေါ် တဲ့ ကိုအောင် မြင့် နဲ့ အခု နော်ဝေ နိုင်ငံ ကို ရောက်နေ တဲ့ နှင်းခါးမိုး ခေါ် ကိုဝေလင်း တို့ နှစ်ယောက် ပဲရှိ ပါတယ်၊


ငါး ။


တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ခုနှစ်၊ စက်တင်ဘာ ငွေစက္ကူအရေးအခင်း၊ တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ် မတ်လ အရေးအခင်း၊နဲ့ ဂျွန် လ အရေးအခင်း၊ တွေထဲ ပါဝင်ခဲ့တဲ့ အချိန် တွေကစပြီး ကျနော် အိမ် မှာ မနေရဲ တော့ပါ၊ နေရာမျိုးစုံ ရွှေ့ပြောင်း ပုန်းအောင်း နေခဲ့ရ ပါတယ်၊ အဲဒီ အချိန် တွေမှာ ကျနော့ ကို လက်ခံ ဖွက် ထားပေး ကြ တာ က ဖေဖေ့ ရဲ့ မိတ်ဆွေ ကြီးများ ပါပဲ၊ သူတို့အား လုံး က သူတို့ရဲ့ မျိုးဆက် ထဲက ကလေး တစ်ယောက် သူတို့ မ ပြီး ပြတ် ခဲ့ တဲ့ တာဝန် တွေ ကို ဆက်ပြီး ထမ်း ဆောင်နေတာကို ဂုဏ်ယူကြ ဝမ်းသာကြ ပါတယ်၊ အဲဒီ အချိန်မှာ ဖေဖေ ဟာ သူ့ရဲ့ မိတ်ဆွေ များ အလယ်မှာ သူ့သား ကျောင်းသားခေါင်းဆောင်လေး နှစ်ယောက် အတွက် ဂုဏ် တက်နေခဲ့ ရတာပေါ့၊


ဒါပေမဲ့လဲ မတူညီ မှု တွေ က တော့ ရှိနေတာပါပဲ၊ တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ် အရေးတော်ပုံ ကြီး ရဲ့ အမြင့်မားဆုံး ကာလ မှာ နိုင်ငံတော် ဝန် ကြီးချုပ် ဟောင်း ဦးနု က စင်ပြိုင်အစိုးရ တည်ထောင်ပါတယ်၊ ကျနော် က အဲဒီ စင်ပြိုင်အစိုးရ ကို လက်တွေ့ အခြေအနေ အရ လိုအပ် တယ် လို့ ယုံကြည် ပြီး ပထမ ဆုံး ထောက်ခံ ခဲ့ပါတယ်၊ ဒါတင်မက စင်ပြိုင်အစိုးရ ကို အများက ထောက်ခံ ကြ အောင် လဲ စည်းရုံး ခဲ့ပါတယ်၊ ဒါကြောင့် လဲ ဘဘ ဦးနု က ကျနော့ ကို အစိုးရ အဖွဲ့ အတွင်းဝန် အဖြစ် တာဝန်ပေး ခန့်အပ်ပါတယ်၊ ဒါ ကို ဖေဖေ နဲ့ သူ့မိတ်ဆွေ ကြီးများ က သ ဘောမကျ ကြပါဖူး၊ အတိတ်ကာလ က အဖြစ်အပျက် တွေ အတွက် ဦးနု ဟာ သူ တို့ ထောက်ခံရ လက်တွဲရမဲ့ လူ မဟုက်ပါဖူး၊ ဒီ တော့ သူ တို့ထဲ က တစ် ယောက် လို့ သတ်မှတ် ထား တဲ့ ကျနော် က ဦးနု အနား မှာ ထောက်ခံနေတာ သူတို့ လက်မခံ နိုင်ပါဖူး၊


ဒီလိုနဲ့ သူ့မိတ်ဆွေ ကြီးများ ရဲ့ တာဝန်ပေးချက် အရ ကျနော် ပုန်းအောင်း ရာ နေရာ ကို ဖေဖေ တစ်ယောက် နေ ပူ ကြီးထဲ မှာ ထီးအနက်ကြီး ဆောင်း ပြီး မောကြီးပန်းကြီး ရောက်လာခဲ့ ပါတယ်၊ ကျနော့ ကို တွေ့တွေ့ ချင်း ဒေါသတကြီး နဲ့ ဦးနု ကို မထောက်ခံ ဖို့၊ ဦးနု ရဲ့ စင်ပြိုင်အစိုးရ က နှုပ်ထွက် ဖို့ ပြောပါတယ်၊ ကျနော် ကလဲ ကျနော့ ယုံကြည် မှု ကို ပြန်ပြီးရှင်းပြပါတယ်၊ နောက်ဆုံး ကျနော့ ကို ပြော မရတော့တဲ့ အဆုံး နေပူကြီး ထဲ မှာ ပဲ ဖေဖေ တစ်ယောက် ဒေါသတကြီး နဲ့ ထီးအနက်ကြီး ဆောင်းပြီး ထွက်ခွါ သွား တာ ကို ငေး ကြည့် ရင်း ကျနော် ကျန်ရစ် ခဲ့ရပါတယ် ၊

ခြောက် ။


အခု လဲ ကျနော် ကျန်ရစ်ခဲ့ ရပြန် ပါပြီ၊

ပြောမရ တဲ့ သား တစ်ယောက် ကို အပြစ် တွေ နဲ့ ချန် ထားခဲ့တာလား…..။။။။။။။။။.



အောင်ဒင်

မေလ ငါး ရက်၊ နှစ်ထောင့်ကိုး

Monday, May 4, 2009

Funeral - Passing of My Beloved Father



Saturday, May 2, 2009

Passing of My Father


Passing of My Father, U Kyaw Shein


May 2, 2009


On the day of the one year anniversary of the Cyclone Nargis, May 2, 2009, my father U Kyaw Shein (84 years old) passed away at 1:05 PM at our family home in suburban Rangoon.


He was not only my father, but also my mentor and my hero, who had fought for independence from the British and Japan during the 1940s, and challenged the military dictatorship in his entire life. As a member the Communist Party of Burma (CPB), leader of Trade Union, editor and journalist, he worked hard to help his country for better future, stood for the abused and poor and confronted the injustices.
Therefore,

he spent more times in Insein prison and Ye Kyi Aing interrogation center of the Military Intelligence than with family.


He taught me to stand for the truth and fight for the truth. He was the major driving force of me when I started to join in anti-government activities in 1980s. When I was in prison, he was detained twice, 14 days each, by military intelligence and interrogated for the letters that I smuggled out from the prison to my colleagues.

Now, he left us without seeing the freedom of his beloved country from the military dictatorship, which he lad longed and fought for.


I lost two of my family members in less than two years. My younger brother Taryar Min Wai passed away on August 5, 2007 and now my father passed away on May 2, 2009. I couldn’t see them before they died. I hope they will forgive me for not being with them at their last days.


I appreciate my friends who are now around my mother, consoling her on my behalf, and helping her to make the funeral. All I can do is making good things more and more and sharing merits to my father and other unsung heroes, who sacrificed their lives for the people of Burma during the long and difficult journey to democracy. I believe my father will rest in peace.


I wish no one suffers such a tragedy anymore.


Aung Din