BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, May 27, 2009

Calling to Exclude China from Addressing Situation in Burma



မြန်မာ နိုင်ငံ ဆိုင်ရာ က မ္ဘာ့ အ ခင်း အကျင်း သစ်
(သို့မဟုတ်) မြန်မာ နိုင်ငံ ပြဿ နာများ ကို တရုပ် နိုင်ငံ မပါဘဲ ဖြေရှင်း ရန် တောင်းဆို ခြင်း


အောင်ဒင်


ကျနော့ ရဲ့ အမိမြေ၊ မြန်မာ နိုင်ငံ က ငြိံမ်း ချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ကြီး ကို အဝေးက ထောက်ခံ ပံ့ ပိုး နေတဲ့ သာမန် ပြည်သူ တစ်ယောက် အနေ နဲ့ နိုင်ငံ တကာ မိသားစု ကြီး ဟာ မြန်မာ နိုင်ငံ က စစ်အာဏာရှင် တွေ ရဲ့ အကြမ်းဖက် အုပ်ဆိုး မှု ကို ကူညီအဆုံးသပ် ပေးနိုင်လိမ့် မယ် လို့ ယုံကြည် မျှော်လင့်ခဲ့ ဖူးပါတယ်။ က မ္ဘာ့ နိုင်ငံ အတော်များများ၊ အထူးသဖြင့် အမေရိ ကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ နိုင်ငံ များ၊ အာဆီယံ၊ တရုတ်၊ အိံ န္ဒိံယ၊ ဂျပန်၊ ကနေဒါ၊ သြ စ တြေလျ၊ စတဲ့ နိုင်ငံ များ မြန်မာ နိုင်ငံ အရေး ဖြေရှင်းရာမှာ ကွဲပြားတဲ့ စိတ်ဝင်စားမှုတွေ၊ အဆင့်မတူ တဲ့ လွှမ်းမိုးမှု တွေ၊ မတူညီ တဲ့ တာဝန် ယူ မှု တွေ နဲ့ ပါဝင်ပတသက်နေကြပါတယ်။ အဲ့ ဒီ နိုင်ငံ တွေရဲ့ မြန်မာ နိုင်ငံ အရေးစိတ်ဝင်စားမှု အပေါ် ကျေးဇူး တင်ပေ မဲ့၊ အခု အချိန်ကတော့ ဒီ နိုင်ငံ များ ရဲ့ ပါဝင်ပတ်သက် မှု တွေ ကို သေသေ ချာချာ ပြန်လည် သုံး သပ် ပြီး နိုင်ငံ တကာ မိသားစု ကြီး က မြန်မာ ပြည်သူ တွေ စစ်ကျွန် ဘဝက လွတ် မြောက် အောင် အထိရောက် ဆုံး စွမ်းဆောင် နိုင်မဲ့ နည်းလမ်း သစ် တစ်ရပ်ကို ရှာ ဖွေဆောင်ရွက် ဖို့ အရေးတကြီး လိုအပ် နေပါပြီ။


ကျနော်တို့ ယေဘူ ယျ ယုံကြည်ကြတာက "တရုတ်၊ အိ န္ဒိ ယ၊ စတဲ့ မြန်မာ့ အိမ် နီးချင်းနိုင်ငံ တွေ နဲ့ အာဆီယံ လိုံ့ ခေါ်ကြတဲ့ အရှေ့တောင် အာရှ နိုင်ငံ များ အသင်း တို့ ရဲ့ ထိရောက်တဲ့ လေးနက် တဲ့ ဆောင်ရွက်ချက် တွေမပါဘဲ မြန်မာ နိုင်ငံ မှာ အပြောင်းအလဲ တွေ ဖြစ်မလာ နိုင် ဖူး" လို့ပါ၊ ဒါပေမ ကျနော်တိဲု့ သဘောပေါက် ရမှာက မြန်မာ နိုင်ငံ ဟာ တရုပ် ရဲ့ လက်အောက်ခံ နိုင်ငံ ဘဝ ကို ရောက်နေ ပြီဆိုတာ ပါဘဲ။ တရုတ် အစိုးရ က မြန်မာ စစ် အုပ်စု ကို လူသတ်လက်နက် တွေ ရောင်းချ၊ ချေးငွေ တွေ ထောက်ပံ့ ငွေ တွေ ပေးပြီး အကြမ်းဖက် အုပ် စိုး မှု ကို ရှင်သန်ကြီးထွားစေတယ်၊ အပြန်အလှန်အား ဖြင့် တရုတ် အစိုးရ က မြန်မာ နိုင်ငံ ကနေ သဘာဝ ဓတ်ငွေ့ နဲ့ ရေနံ တူးဖော် ခွင့်၊ မဟာဗျူဟာမြောက် ရေနံ တင်ပို့ ရေး ပိုက်လိုင်း တည်ဆောက် ခွင့် တွေရနေပါ တယ်၊


က မ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ လို့ ခေါ်ကြတဲ့ အိ န္ဒိ ယ နိုင်ငံ က လဲ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ကြီး ကို စွန့်ပယ်ခဲ့တာ လွန်ခဲ့တဲ့ ဆယ် နှစ် ကျော် ကတဲကပါ၊ တရုတ် အစိုးရ ရဲ့ မြန်မာ နိုင်ငံ တွင်း ခြေကုပ်ယူ ချဲ့ထွင်မှု တွေ ကို စောင့် ကြပ် ထိန်းမတ် နိုင်ဖို့ မျှော်လင့်ချက် တွေ နဲ့၊ နယ်စပ် ဒေသ အခြေ ဆိုက် နာ ဂ သူပုန် တွေ ကို တိုက်ခိုက်ရာမှာ အကူအညီ ရဖို့ မျှော်လင့်ချက် တွေ နဲ့၊ အိ န္ဒိ ယ အစိုးရ က မြန်မာ စစ် အုပ်စု ကို နွေးထွေး ကြင်နာ နေတာ ကြာပါပြီ။ အာဆီယံ ကို ကြည့် ရင်လဲ အဖွဲ့ဝင် နိုင်ငံ တချို့၊ အထူးသဖြင့် ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ လော၊ ဘရူနိုင်း နိုင်ငံ တွေမှာ မြန်မာ စစ် အုပ်စု နဲ့ အလား သ ဏ္ဍာန် တူ တဲ့ အာဏာရှင် အစိုးရ တွေက အုပ်ချုပ် နေကြ တာပါ၊ ဒီတော့ အာဆီယံ အဖွဲ့ကြီး ကနေ မြန်မာ နိုင်ငံ အတွက် ထိရောက်တဲ့ ဆုံးဖြတ် ချက် တွေ ချ ဖို့၊ အရေး ယူ ဖို့ ဆိုတာ မျှော်လင့် နိုင်စရာ မရှိပါ၊ ဒီနိုင်ငံ တွေ အားလုံး ဟာ မြန်မာ နိုင်ငံ မှာ စစ် အုပ်စု နဲ့ ပြည် သူ တွေ အကြား နားလည် မှု တွေ တည်ဆောက် နိုင် ဖို့ အား ကိုး ရမဲ့ နိုင်ငံ တွေ မဟုတ် ပါ ဖူး။


ဒီကနေ့ အထိ မြန်မာ နိုင် ငံ အ ရေး ဝင်ရောက် ဖြေ ရှင်း ပေးနေကြ တဲ့ ကမ္ဘာ့ နိုင် ငံ တွေ ကြားမှာ အားလုံး သဘောတူ တဲ့ ဆုံးဖြတ်ချက် တစ်စုံ တစ်ခု မချ နိုင်ကြ သေးပါ ဘူး၊ ကုလသမ ဂ္ဂ လုံခြုံရေး ကောင်စီ မှာ ပြုလုပ် တဲ မြန်မာ နိုင် ငံ အရေး ဆွေးနွေး ပွဲ တွေ ဟာ လဲ အဖွဲ့ဝင် တစ်ဆဲ့ငါးနိုင် ငံ ကြားမှာ အမြဲတမ်း သဘောထား ကွဲလွဲ မှု တွေ နဲ့ အဆုံးသတ် ခဲ့ကြ တာ ပါ၊ အမေရိ ကန်၊ ဗြိတိန်၊ ပြင်သစ် ဦးဆောင် တဲ့ အုပ်စု က မြန်မာ နိုင် ငံ အရေး မှာ လုံခြုံရေး ကောင်စီ ရဲ့ ထိရောက်တဲ့ တိုက်ရိုက် ပါဝင် ပါတ်သက် မှု ကို တောင်း ဆိုနေ ကြ ပေမဲ့၊ တရုပ်၊ ရုရှား ဦးဆောင် တဲ့ အုပ်စု က တော့ မြန်မာ နိုင် ငံ မှာ ဖြစ် နေတဲ့ ပြဿ နာ တွေ ဟာ လုံခြုံရေး ကောင်စီ က ဝင်ရောက် ဖြေ ရှင်း ပေး ရ မဲ့ အခြေ အနေ မှာ မရှိ ဘူး ဆို ပြီး မြန်မာ နိုင် ငံ ပြဿ နာ ကို လုံခြုံရေး ကောင်စီ ရဲ့ အာဂျင်ဒါ စာရင်း ထဲ က ဖယ် ရှား ဖို့ ကြိုးစား နေ ကြတာပါ၊ ဗီတို ပါဝါ သုံးမယ် ဆို တဲ့ ခြိမ်း ခြောက်မှု တွေ နဲ့ တရုတ် က လုံခြုံရေး ကောင်စီ ရဲ့ မြန်မာ နိုင် ငံ အ ရေး ပါတ်သက် မှု ကို ကြေညာ ချက် တွေ ထုတ်ပြန် တဲ့ အဆင့် မှာ ပဲရှိအောင် ထိရောက်စွာ ကန့်သတ် ထား ပြန်ပါတယ်၊ အဲဒီ ကြေညာ ချက် တွေ ဟာ တကယ်တမ်း ထိ ရောက် တဲ့ အရေးယူ မှု တွေ လုပ် ဖို့ ခြိမ်း ခြောက်မှု တွေ မပါပဲ စိတ်ပူပန် မှု ကို ဖော် ပြ တဲ့ အဆင့် မှာ ပဲ ရှိလို့ မြန်မာ စစ် အုပ်စု အတွက် ဂရုစိုက် စရာ မရှိပါ၊ အလားတူ သဘောထား ကွဲလွဲ မှု တွေ ကို အဖွဲ့ဝင် တစ်ဆဲ့လေး နိုင်ငံ ပါ တဲ့ ကုလသမ ဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန် ရဲ့ မြန်မာ နိုင် ငံ ဆိုင်ရာ မိတ်ဆွေ များ အဖွဲ့ မှာ လဲ တွေ့နေရ ပါ တယ်၊


အခြေအနေ က အလွန့်အလွန် ကို တုန်လှုပ် ခြောက်ချား စရာပါ၊ လူတွေ သေနေ ကြတယ်၊ အကြမ်းဖက်မှု တွေ ဖိနှိပ်မှု တွေ က အဆက်မပြတ် ဖြစ် ပွါး နေ တယ်၊ ဘယ်သူ မှ ဒါ တွေ ကို မရပ် တန့် နိုင် ကြ ဘူး၊ အခု လတ်တလော မှာကိုပဲ ဒေါ် အောင်ဆန်း စုကြည် ဟာ သူ့ ရဲ့ နေအိမ် အကျယ် ချုပ် ကန့်သတ် ချက် တွေ ကို ချိုးဖောက် တယ် ဆို ပြီး မတရား တဲ့ စွပ်စွဲချက် တွေ ကို ရင်ဆိုင် နေရပါ တယ်၊ သူ မ ဟာ နောက်ထပ် ထောင်ထဲ မှာ နှစ် အတော် ကြာ ဆက် နေရ ဖို့ နဲ့ လူထု နဲ့ အဆက်ဖြတ် ခံ ရ ဖို့ သေချာ နေပါတယ်၊ ကြေညာချက် တွေ၊ ရှုတ်ချ တာ တွေ ဟာ အ ဓိပ္ပာယ် ရှိတဲ့ ထိ ရောက်တဲ့ အရေးယူ မှု မဟုတ် ဖူး၊ အခုလို နိုင်ငံ တကာ ရဲ့ တွန့်ဆုပ်တွေဝေ မှု တွေ နဲ့ ဆက်သွားကြ မယ် ဆိုရင် နအဖ စစ်အုပ် စု ကို ပဲ အာဏာ ကို ရှည်ကြာ ဆုပ်ကိုင်ထား နိုင် ဖို့ အခွင့် အရေး ပေး သလို ဆက်ဖြစ်နေမှာပဲ၊ မြန်မာ နိုင်ငံ အရေး မှာ နိုင်ငံတကာ အစိုးရ တွေ ရဲ့ ပါဝင်ပါတ်သက် မှု ကို တကယ် အသုံးဝင် တဲ့ ယန္တရား တစ်ခု ဖြစ် အောင် ပြင်ဆင် ဖွဲ့ စည်း ဖို့ အရေးတကြီး လို အပ် နေပါပြီ၊ ဒါမှလဲ မြန်မာ ပြည်သူ တွေ ကို ထိထိ ရောက်ရောက် ကူ ညီ နိုင်မှာပါ၊ အခု အချိန် မှာ နိုင်ငံတကာ မိသားစု ကြီး အနေနဲ့ အင်မတန် ခေါင်းမာလှ တဲ့ နအဖ စစ်အုပ် စု ကို ဘယ်လို ရင်ဆိုင်ကြ မလဲ ဆိုတာ သမားရိုးကျ သံတမာန် နည်းလမ်းများ ရဲ့ အပြင်ဖက် က နေ စဉ်းစားအဖြေ ရှာ ဖို့ တန်ပါပြီ၊


ကျနော် က" အာဆီယံ ဖိုက်" လို့ အမည် ပေး ထားတဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ နဲ့ အင်ဒိုနီးရှား နိုင်ငံ များ ဟာ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်း တဲ့ အပြောင်းအလဲ တွေ ဖြစ် ပေါ် လာ ဖို့ အထူး လိုလား ကြောင်း မကြာခဏ ထုတ် ဖော် ပြသနေကြတာပါ၊ ဒီနိုင်ငံ တွေ ဟာ မြန်မာ စစ်အုပ်စု ရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှု တွေ ကြောင့် ပျက်ဆီး ယိုယွင်း နေတဲ့ အာဆီယံ အဖွဲ့ ကြီး ရဲ့ ဂုဏ် သိ က္ခာ ကို လဲ ပြန်လည် မြှင့်တင် ချင် ကြတာ မို့ နအဖ စစ်အုပ် စု နဲ့ အနောက်ဒီမိုကရေစီ နိုင်ငံ တွေ ကြား ဝင်ရောက် ညှိ နှိုင်းပေးချင်ကြတာပါ၊ ဒီတော့ အရေအတွက် လဲ မများပဲ တကဲ့ကို စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက် ကြမဲ့ နိုင်ငံတွေ ချည်းပါ တဲ့ နိုင်ငံ တကာ ဖြန်ဖျေ ရေး အုပ်စု သစ် တစ် ခု ကို အမေရိကန်၊ ဥရောပသမ ဂ္ဂ နဲ့ အာဆီယံ ငါးနိုင်ငံ ပူးပေါင်း တည် ထောင်ကြ မယ် ဆိုရင် ဒီ နိုင်ငံတကာ ယန္တရား အသစ် ဟာ ထိရောက်တဲ့ ဖိအားပေးမှု၊ စွဲဆောင်မှု တွေ ကို ပူးတွဲ ကျင့်သုံး ပြီး မြန်မာ စစ်အုပ် စု နဲ့ မြန်မာ့်ဒီမိုကရေစီ အင်အားစု များ အကြား အဖြေ ရှာပေး နိုင်မှာ ပါ၊


ဒီ "မြန်မာ့ မိတ်ဆွေ ခွန်နှစ် နိုင်ငံ" ဟာ သူတို့ ရဲ့ အဆင့်မြင့် သံတမာန် များ ကို အမြန် ဆုံး စည်းဝေး စေ ပြီး မြန်မာ နိုင်ငံ မှာ တိုးတက်မှု တွေ ဖြစ် ပေါ်လာရေး အားလုံး လက်ခံ သဘော တူ တဲ့ အစီအစဉ်/လုပ်ငန်းစဉ် တစ်ရပ် ကို ဘုံမျှော်လင့်ချက်တွေ၊ အဆင့်လိုက် ရည် မှန်းချက်တွေ၊ နဲ့ ပြင်ဆင်ရေး စွဲ ပြီး မြန်မာ နိုင်ငံက လူ ဖန်တီး တဲ့ အကြပ် အတည်း တွေ ကို အဆုံး သတ်ရေး တာဝန်တွေ ခွဲဝေ ယူကြရ မှာပါ၊ အမေရိကန် နဲ့ အီးယူ က နအဖ ကို စွဲဆောင်နိုင်မဲ့ ကမ်းလှမ်း ချက် တွေ နဲ့ အသင့် ပြင် ထား ရမှာ ဖြစ် ပြီး အာဆီယံ ငါး နိုင်ငံ ကတော့ ဒီ စွဲ ဆောင်မှု တွေ တကယ်ဖြစ်လာ ရေးအ တွက် နအဖ ဘက်က အပြုသဘော ဆောင်ရွက် အောင် ဒီ အုပ်စု ရဲ့ ရှေ့တန်း က နေ တာဝန်ယူ ကြိုးစား ရမှာပါ၊ အင်ဒိုနီးရှား သမ္မ တ ကြီး ဆူစီလို ဘန်ဘန်း ရပ်ဟိုရိုနို ဟာဖြင့် ဒီ အုပ်စု ရဲ့ ကိုယ်စား နအဖ ရဲ့ အာဏာ အရှိဆုံး ဗိုလ် ချုပ် မှူးကြီး သန်း ရွှေ နဲ့ ညှိနှိုင်း ဆွေးနွေး ရမဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ် ပါပဲ၊ သူကနေ ပြီး သန်းရွှေ ကို မြန်မာ နိုင်ငံ မှာ ထာဝရ ငြိမ်း ချမ်းရေး ကို တည် ဆောက် ပြီး စစ်အုပ်စု နဲ့ ဒီမိုကရေစီ အင်အားစုများ ရဲ့ ပူပန် မှု တွေကို တပြိုင်နက်ထဲ ဖြေရှင်း ကြ မဲ့ လုပ်ငန်းစဉ် ကို လက်ခံလာအောင် ဆွေးနွေးရမှာပါ၊ စွဲ ဆောင်မှု တွေ သက်သတ် နဲ့ တော့ အလုပ် ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါ ကြောင့် မို့ နအဖ ဗိုလ်ချုပ် တွေ ကို သူတို့ ကျူးလွန် နေကြတဲ့ လူသား မျိုးနွယ်စု အပေါ် ရာဇဝတ်မှု များ အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး တင် ဖို့ ပြင်ဆင် ခြိန်းခြောက် ခြင်း ဟာ ဖြင့် စွဲဆောင် မှု ကမ်းလှမ်းချက် တွေ ကို နအဖ ဗိုလ်ချုပ် တွေ က စိတ်ဝင်စား လာ စေနိုင်ပါတယ်၊ ဒီ "မြန်မာ့ မိတ်ဆွေ ခွန်နှစ် နိုင်ငံ"ီ အုပ်စု သစ် ဟာ ပါဝင်သူ နိုင်ငံ တွေ များ ပြီး အလုပ် မဖြစ် အဖြေမထွက် တဲ့ လက်ရှိ နိုင်ငံတကာ အစည်းအဝေး များ ထက် ပိုပြီး ထိရောက် စွာ ဆောင်ရွက် နိုင်မှာ ပါ၊


ဒီမှာ လဲ အခက် အခဲ တွေ ရှိ နေ သေး ရဲ့၊ အာဆီ ယံ ငါးနိုင်ငံ က ဒီ အုပ်စု မှာ ပါ ဝင် ဖို့ ကို တွန့်ဆုတ် နေနိုင်ပါတယ်၊ တရုတ် အစိုးရ က လဲ ဒီ အုပ်စု ဝင် တွေ ကို သူ့ မဟာမိတ် နအဖ ကို မနှောက် ရှက် ကြဖို့ ဖိအား တွေ ပေး ပြီး အခြေအနေ ကို ပို ရှုပ်ထွေး အောင် လုပ် နိုင်ပါ တယ်၊ ပြီးတော့ ဒီ အုပ်စု အသစ် ဟာ အမေရိကန် သမ္မ တ အိုဘားမား နဲ့ နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တို့ ရဲ့ အားကောင်းတဲ့ ဦး ဆောင်မှု မပါဘဲ မ အောင်မြင် နိုင်ပါ ဘူး၊ The Tom Lantos Block Burma Jade Act 2008 မှာ ပြဌာန်း ထား တဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရ ရဲ့ အထူး ကိုယ်စားလှယ် ကို အမြန်ဆုံး ခန့်အပ် ဖို့ လို ပါတယ်၊ ဒါမှ သာ အမေရိကန် ပြည်ထောင်စု ရဲ့ မြန်မာ နိုင်ငံ အရေးံ အ ဆက် မ ပြတ် ပါဝင် ပါတ်သက် မှု နဲ့ အလေး အနက် ရှိ မှု ကို ပြနိုင်မှာပါ၊ လွန်ခဲ့ တဲ့ သုံး လ လောက် က စခဲ့ တဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ မူဝါဒ ပြန်လည် သုံး သပ် ခြင်း ကို လဲ အပြီးသတ် ပြီး လက်ရှိ အရေး ယူမှု တွေ ဖိအား ပေးမှု တွေ ကို ဆက် ပြီး ထိမ်း သိမ်း ထားဖို့၊ သံတမာန် ရေး လှုပ် ရှားမှု တွေ ကို နှစ်ဆ တိုး ဖို့ နဲ့ "မြန်မာ့ မိတ်ဆွေ ခွန်နှစ် နိုင်ငံ"ီ အုပ်စု သစ် ကို ဦး ဆောင် ဖို့ တို့ စတင် သင့် ပါ ပြီ၊


နောက်ဆုံး မှာတော့ စစ်မှန် တဲ့ အပြောင်း အလဲ တွေ ဟာ မြန်မာ နိုင်ငံ တွင်း က ပဲ ဦး ဆောင် ဖြစ် ပေါ် ရ မှာ ပါ၊ ဒါပေ မဲ့ လဲ အောင် မြင် ခဲ့ ကြ တဲ့ အခြား နိုင်ငံ များ ရဲ့ ဒီမိုကရေစီ ရေး လှုပ်ရှား မှု တွေ မှာ၊ ချီလီ မှာ၊ အာဂျင်တီး နား မှာ၊ ဂွါ့တိမာလာ မှာ၊ တောင်အာ ဖရိက မှာ၊ ဖိလစ် ပိုင် မှာ၊ မြောက် အိုင် ယာလန် မှာ၊ မရေတွက် နိုင် တဲ့ အ ခြား နိုင်ငံ တွေ မှာ၊ နိုင်ငံ တကာ အရေးယူ မှု တွေ ဟာ အပြောင်း အလဲ များ ဖြစ်ပေါ် ရေး အတွက် အောင် ပွဲ ရဲ့ လို အပ် ချက် များ ဖြစ် ခဲ့ တာ အထင် အရှား ပါ၊ အ စော ပိုင်း တုံး က ဘယ် လို မှ လုပ် လို့ မရ တော့ ပါဘူး လို့ ထင်ထား တဲ့ နည်းလမ်း တွေ ဟာ မှန်ကန် တဲ့ မဟာဗျူဟာ ကို ရှာဖွေ ကျင့် သုံး ပြီး အဆက် မပြတ် အလေး ပေး ဆောင်ရွက် မယ် ဆို ရင် အောင် မြင် မှု ကို ယူ ဆောင်ပေး နိုင်မှာပါ၊ ကျနော် တို့။မြန်မာ့ ဒီမိုကရေစီ လှုပ် ရှား သူ တွေ အားလုံး က တော့ အမေရိကန် ပြည် ထောင်စု ရဲ့ ဦးဆောင် မှု နဲ့ သမ္မတ အိုဘားမား ရဲ့ အရေးယူ မှုတွေ ကို ဆောင့်ကြည့် မျှော် လင့် နေကြ ပါ တယ်။။။။။.


(အောင် ဒင် ဟာ မြန်မာနိုင်ငံ တွင်း မှာ ၁၉၈၉ ကနေ ၁၉၉၃ အထိ လေးနှစ် ကျော် အကျဉ်းကျ ခဲ့ တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ယောက် ဖြစ်ပါတယ်၊ အခု လက်ရှိ မှာ တော့ Washington, DC အခြေဆိုက် U.S. Campaign for Burma ရဲ့ အမှုဆောင် ညွန်ကြားရေး မှူး အဖြစ် တာဝန် ယူ ရင်း အမေရိကန် အစိုးရ နဲ့ ကွန်ဂရက် လွှတ်တော် ကို မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ များ ကြံ့ခိုင် သန်စွမ်း ဖို့ စည်းရုံး နေသူ ဖြစ်ပါတယ်၊ )


(မှတ်ချက်…..Far Eastern Economic Review တွင်၂၀၀၉ ခုနှစ် မေလ နှစ်ဆယ့်ခြောက် ရက် နေ့ က ဖော် ပြ သော Burma’s Last Chance ဆောင်းပါး ကို စာရေး သူ ကိုယ် တိုင် တိုက် ရိုက် ပြန်ဆို သည်၊

http://www.feer.com/international-relations/20098/may56/Burmas-Last-Chance)

2 comments:

Anonymous said...

တော်တော်စိတ်ဝင်စားစရာပဲ။ တရုတ်တွေက သူ့ဖလော်ဆော်ဖီ ပြောင်းတဲ့အချိန်မှာ မြန်မာပြည် ကွန်မြူနစ်ပါတီက အသတ်ခံလိုက်ရတယ်။ ဦးနေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက ကံဆိုးမိုးမှောင်ကျရာကနေ ကံကောင်းသွားခဲ့တယ်။ ပထ၀ီ နိုင်ငံရေးအရ မြန်မာပြည်ဟာ တရုတ်ရဲ့သတ်ကွင်း။ ချသုံးရမဲ့ စင်တာပွန်း။ သူက မြန်မာပြည်ရဲ့ ပြောနိုင်ဆိုနိုင်ရှိသူကိုပဲ အပေါင်းအသင်းလုပ်မယ်။ ကျန်တာဘာမှမသိဘူး။ သူနဲ့စကားပြောနိုင်တာ လွတ်မြောက်လာမဲ့ ဒေါ်စု။ အဖမ်းခံနေရတဲ့ ဒေါ်စုကို သူစကားမပြောပါ။

rosary said...

I also believe it..