BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, August 3, 2009

Remembering Tar Yar Min Wai (Shwe Phone Lu)


တာရာမင်းဝေ (၁၉၆၆-၂၀၀၇) ကွယ်လွန်ခြင်း နှစ်နှစ် ပြည့် အမှတ်တရ စာစုများ


တာရာမင်းဝေ ကွယ်လွန်ခြင်း နှစ်နှစ် ပြည့် အမှတ်တရ အဖြစ် ဒီစာအုပ် ကလေး ကို စီစဉ် ထုတ်ဝေ လိုက်ပါတယ်၊ ၂၀၀၇ ဩဂတ်စ် ၅ သူ ကွယ်လွန်ချိန် ကတည်း က စီစဉ်ဖို့ ဆန္ဒ ရှိခဲ့ပေ မဲ့ အကြောင်းအမျိုးမျိုး ကြောင့် တာဝန်မကျေခဲ့ ပါ၊ ခုတော့ ထုတ်ဝေ ဖြစ်ပါ ပြီ၊ အဲဒီ စာအုပ်ကလေးကို ဒီလင့် မှာ ဒေါင်းလုဒ် လုပ်နိုင်ပါတယ်၊ ပုံနှိပ် စာအုပ် ဖြစ်ဖို့တော့ နောက်တစ်လလောက် ကြာပါဦးမယ်၊

http://sites.google.com/site/moemaka2008/pdf-files/TayaMinWai-2009-Memorial-Book.pdf?attredirects=0


တာရာမင်းဝေ ကို ချစ်တဲ့ လူတွေ ရှိကြသလို မုန်းတဲ့လူတွေလဲ ရှိကြမှာပါ၊ သူ့ကို သတိရ နေကြတဲ့ လူ တွေရှိသလို မေ့ပျောက် ထားချင်တဲ့လူတွေလဲ ရှိကြမှာပါ၊ သူဟာ လူအားလုံး အတွက် တာဝန်ကျေနိုင် ခဲ့သူ မဟုတ်တာ သေချာပါတယ်၊ ဒါပေမဲ့ သူ့ကြောင့် နာကျင်ခဲ့ရ သူ တွေတော့ သိတ် များများ ရှိမယ် မထင်ပါ၊ သူဟာ သူ့ကို မုန်းတဲ့ လူတွေ ကို တောင် နာကျင်အောင် တုန့်ပြန် ရက်သူ မဟုတ်ပါ၊ သူ့ကို ချစ်တဲ့ လူတွေ အတွက် ဒီစာအုပ် ကလေး ဟာ အလွမ်းပြေစရာ ဖြစ်ပါလိမ့်မယ်၊သူ့ကြောင့် နာကျင်ခံစား ခဲ့ သူတွေ အတွက် လဲ ဒီစာအုပ် ကလေး ဟာ မျက်ဖြေလကာင်္ ဖြစ်ပါစေ လို့ ဆုတောင်းပါတယ်၊


သံယောဇဉ် ကြီးမားစွာ နဲ့ အမှတ်တရ ကဗျာ စာစု များ ပါဝင် ရေးသားကြတဲ့ မင်းကိုနိုင်၊ ခေလွန်း၊ကိုဖြိုး၊ မိုးလှိုင်ည၊ ညိမ်းညို၊ ပန်ဒိုရာ၊ ဆရာမ စန်းစန်းတင်၊ နွေဆူးလကာင်္၊ ထိုက်သူနိုင်၊ မောင်အိုး၊ ဆရာ အောင်ဝေး၊ နေဘုန်းလတ်၊ ထင်မင်းမင်းလတ်၊ ခက်မာ၊ ဘိုကြည်၊ စိုးထက်ခိုင်၊ မေငြိမ်း၊ မင်းဇင်၊ မြင့်စိုး၊ ပန်းချီ ထိန်လင်း၊ မင်းလွင၊် ဆရာ မောင်စွမ်းရည်၊ နဲ့ ကိုမောင်ရစ် တို့ကို၊ကျေးဇူး အထူး တင်ရှိကြောင်း ပြောပါရစေ၊ တချို့က သူ့ ကို ရွှေဘုန်းလူ အနေ နဲ့ သိကြွမ်း ခဲ့ကြပြီး တချို့ကတော့ သူ့ကို တာရာမင်းဝေ အဖြစ် ရင်းနှီး ခဲ့ကြ၊ သူ့ကဗျာ များ၊ ဝတ္ထု များ ကို နှစ်သက် ခဲ့ကြ သူတွေပါ၊ တချို့ကတော့ သူ့ကို ရွှေဘုန်းလူ အနေ နဲ့ရော၊ တာရာမင်းဝေ အဖြစ် နဲ့ ပါ ဘဝ နှစ်ခု စလုံး နဲ့ ပါတ်သက်ခဲ့ ကြသူတွေပါ၊ သူတို့ရဲ့ ပါဝင်ရေးသား မှု ကြောင့်သာ ဒီစာအုပ် ကလေး အသက်ဝင် လာတာပါ၊အချိန်တိုတို အတွင်းမှာ တက်သုတ်ရိုက် စီစဉ်ရ တာမို့ အချို့ ရင်းနှီးသူများ ထံ စာမူ မတောင်းနိုင် ခဲ့ တဲ့အတွက် တောင်းပန်ပါရစေ၊

မျက်နှာဖုံး ဒီဇိုင်းရေးဆွဲ ပေးတဲ့ ပန်းချီဆရာကိုသန်းဌေးမောင် ကို လဲ ကျေးဇူးတင်ရပါတယ်၊ စာအုပ် အတွင်း မှာ သူ့ပန်းချီကား တွေသုံးဖို့ ခွင့်ပြု တဲ့ ထိန်ထိန် (ပန်းချီ ထိန်လင်း) ကိုလဲ ကျေးဇူးတင်ပါရစေ၊ စာအုပ် ဖြစ်မြောက်အောင် ဖွဲ့စည်း ပြင်ဆင်ပေး တဲ့ ကိုမောင်ရစ်၊ ကိုဦး၊ မသန္တာ နဲ့ မိုးမခ အဖွဲ့သား များ ကိုလဲ မမေ့မလျော့ မှတ်တမ်းတင် ရပါတယ်၊ တာရာမင်းဝေ ရဲ့ ကဗျာတွေ၊ စာမူ တွေကို စနစ်တကျ စုစည်း ထားတဲ့ ခေလွန်း ကိုလဲ အထူး ကျေးဇူးတင်ရပါတယ်၊စာမူ တွေကို စာလုံးပေါင်း၊ သတ်ပုံ စစ်ပေး တဲ့ မ မေငြိမ်း ကိုလဲ မှတ်တမ်းတင်ရမှာပါ၊ နောက်ဆုံးမှ ရောက်လာတဲ့ စာမူတချို့ (ဆရာ မောင်စွမ်းရည်၊ မောင်ရစ်၊ ပန်းချီ ထိန်လင်း၊ ဝင်းမြင့်အောင် နဲ့ ဒီကျေးဇူးမှတ်တမ်း) ကို စာလုံးပေါင်း သတ်ပုံ စစ်ချိန် မရခဲ့ပါ၊ စာအုပ် အတွင်းတွင် ဖော်ပြထားသည့် ကိုမုတ်သုန်၊ ကိုမောင်နိုး၊ ကို ဘိုဘိုထွန်း တို့၏ ပန်းချီ ဒီဇိုင်း များ၊ ခေလွန်း၊ ကိုဖြိုး၊ မိုးလှိုင်ည တို့ ရဲ့ ကဗျာများ အတွက် ခွင့်ပြုချက် မတောင်းနိုင်ခဲ့ပါ၊


တာရာမင်းဝေရဲ့ နောက်ဆုံး အချိန်တွေ မှာ အနီးကပ် စောင့်ရှောက်ခဲ့ ပြီး ဈာပန အစီအစဉ် လှပ အောင် ဝိုင်းဝန်းခဲ့ကြ တဲ့ သူငယ်ချင်း များအားလုံးကို လဲ အထူးပဲ ကျေးဇူးတင် လွမ်းဆွတ်မိပါ တယ်၊ အတော်များများ ဟာ မတရား သ ဖြင့် အကျဉ်းချ ခံနေ ကြရ တာ မို့ သူတို့အကျဉ်းထောင်များ က အမြန်ဆုံး ပြန်လွတ်ကြပါစေ လို့လဲ ဆုတောင်းပါတယ်၊

ကဗျာ ရေး ဖို့ လူဖြစ်လာ တာမို့ တမလွန် မှာလဲ သူကဗျာတွေဆက်ရေး နေမှာ ပါပဲ၊ တမလွန် မှာ ဆက်ရေးနေမဲ့ သူ့ရဲ့ ကဗျာ တွေကို ကျနော် တို့ ဖတ်ခွင့်မရှိတော့ပါ၊ အနှစ် လေးဆယ် နေခဲ့ တဲ့ဘဝ မှာ သူ ချန်ထားရစ် ခဲ့ တဲ့ ကဗျာတွေ နဲ့ ပဲ သူ့ကို လွမ်းဆွတ် နေရ ပါတော့မယ်၊ ရွှေဘုန်းလူ (ခေါ်) တာရာ မင်းဝေ တမလွန်မှာ ငြိမ်းချမ်းပါစေ၊


မေတ္တာဖြင့်၊


အောင်ဒင်

ဩဂတ်စ် ၅၊ ၂၀၀၉

3 comments:

tin min htet said...

ကိုအောင်ဒင် ခင်ဗျား
စာအုပ်အတွက်ကျေးဇူးပါ။ အကို့ ဘလော့ဂ်လင့် ကိုလည်း ကျွန်တော့်ဆီမှာ တင်ထားချင်လို့ ယူသွားပါတယ်။

လေးစားစွာဖြင့်
တင်မင်းထက်

Anonymous said...

သို့ 
ကိုအောင်ဒင်ခင်ဗျာ တာရာမင်းဝေ (၁၉၆၆-၂၀၀၇) ကွယ်လွန်ခြင်း နှစ်နှစ် ပြည့် အမှတ်တရ စာစုမျာ့း စာအုပ် ပိုသေးရင် ၁အုပ်လောက် ဖတ်ခြင်းလို ဖြစ်နိုင်ရင်ပို့ ပေးပါလာခင်ဗျာ။
ကျေးဇူးတင်းစွာဖြင့်။
အောင်နိုင်ဦး
170-0005
tokyo.toshimaku3-38-15
minamiootsuka .shatosei shelou 302
arnoldnaing@hotmail.com

ငြိမ်းဝေ said...

ကိုအောင်ဒင်
တာရာမင်းဝေရဲ့ အမှတ်တရစာအုပ် ကိုဘိုကြည်ကတဆင့် ရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ငြိမ်းဝေ