BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, December 26, 2014

ဦးထုပ်တစ်လုံး၏ အထုပ္ပတ္တိ





ဦးထုပ်တစ်လုံး၏ အထုပ္ပတ္တိ

အောင်ဒင်

တစ်ခါတစ်ရံမှာ
ခေါင်းပေါ်က ဖွာလန်ကျဲဆံပင်တွေကို ထိန်းကွပ်ဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

တစ်ခါတစ်ရံမှာ
ဆံပင်မရှိတဲ့ခေါင်းကို အရိပ်မျှပေးဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

တစ်ခါတစ်ရံမှာ
မမြင်မတွေ့ချင်သူတွေကို
မမြင်ချင်ယောင်ဆောင်နိုင်ဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

ဦးထုပ်တစ်လုံးဟာ
ကျနော့်အတွက်တော့
အင်မတန် အသုံးဝင်တာပေါ့
ရာသီဥတုကို အကာအကွယ်ပေးဖို့ လိုအပ်တယ်
စိတ်ကျန်းမာရေးကို အထောက်အကူပြုဖို့ လိုအပ်တယ်
ရန်သူစစ်စစ်မဟုတ်ကြသူတွေကို
ဥပေက္ခာပြုဖို့ လိုအပ်တယ်…။

ပြီးတော့
နောက်ကျောမှာ အကြိမ်ကြိမ်ထိုးစိုက်တဲ့ ဓားတွေကြောင့်
နာကျင်ဝမ်းနည်းပြီး မျက်ရည်ကျမိတဲ့အချိန်
ကိုယ့်မျက်နှာကို တစ်ပါးသူမတွေ့အောင်
ကွယ်ဝှက်နိုင်ဖို့လည်း လိုအပ်သေးတယ်…။

ကျေးဇူးပါ ဦးထုပ်ကလေးရယ်…။။။

(စက်တင်ဘာ ၂၀၊ ၂၀၁၄)

0 comments: