BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, November 23, 2015

စာအုပ်မိတ်ဆက်ပွဲ


စာအုပ်မိတ်ဆက်ပွဲ
------------------
ခေတ်ပြတိုက်စာပေကထုတ်ဝေတဲ့ ဆရာအောင်ဒင်ရဲ့ နွေတစ်ညနဲ့ တူသောညများစာအုပ်မိတ်ဆက်ပွဲပြု လုပ်မှာဖြစ်ပါတယ်။ဆရာအောင်ဒင်ဟာ သူပါဝင်လှုပ်ရှားခဲ့ တဲ့ ၈၈ နိုင်ငံရေးဖြတ်သန်းမှု ၊ရေကြည်အိုင်၊စစ်ကြောရေးစခန်း၊အင်းစိန်ထောင်တွင်း ဖြတ်သန်းမှု အတွေ့ အကြုံ များကိုမှတ်တမ်းတင်ထားတဲ့ကိုယ်တွေ့ မှတ်တမ်းစာအုပ်။တစ်နည်းအားဖြင့်မြန်မာ့နိုင်ငံရေးအချိုးအကွေ့ ကိုမှတ်တမ်းတင်ထားတဲ့ မြန်မာ့ သမိုင်းတစ်စိတ်တစ်ပိုင်းလို့ လည်းဆိုနိုင်တဲ့ စာအုပ်ပါ။စာရေးသူအောင်ဒင်ဟာ ၈၈ မှာ စက်မှု တက္ကသိုလ်ကျောင်းသားတစ်ဦး။ ဗကသ ဒု-ဥက္ကဌ ၂ တာဝန်ယူခဲ့ သူ။
မင်းကိုနိုင်၊ကိုကိုကြီးတို့ နဲ့ အတူလက်တွဲဆောင်ရွက်ခဲ့ တဲ့သူငယ်ချင်း၊ရဲဘော်ရဲဘက်တစ်ဦးလည်းဖြစ်ပါတယ်။ကိုအောင်ဒင်ဟာ အမေရိကန်ပြည်ထောင်စုမှာနေထိုင်လျက်ရှိပါတယ်။လောလောဆယ်မြန်မာနိုင်ငံကို ခေတ္တပြန်ရောက်နေခိုက် သူရေးသားတဲ့ စာအုပ်မိတ်ဆက်ပွဲကိုတက်ရောက်မှာဖြစ်ပါတယ်။စာအုပ်မိတ်ဆက်ပွဲကို နို ၀င်ဘာလ ၁၆ ရက်၊နံနက် ၁၀ နာရီ၊ Orchid Hotel(ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်)မှာပြု လုပ်ပါမယ်။စိတ်ဝင်စားသုများ တက်ရောက်ရန်ဖိတ်ကြားပါတယ်ခင်ဗျား။

0 comments: