BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, October 31, 2008

Coffee



ကော်ဖီ

အောင်ဒင်
အောက်တိုဘာ ၃၀၊ ၂၀၀၈

ချစ်သူရေ
မင်းကိုငါ နံမည်တခုပေးမယ် …. ကော်ဖီ
မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
မင်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ
မင်းရဲ့နာမည်အသစ်ဟာ …. ကော်ဖီ။

မင်းကိုသတိရလိုက်ရုံနဲ့
ညတွေဟာအဆုံးမဲ့၊ အစမဲ့ရှည်လျား
တဟုန်ထိုး တိုက်ခတ်လာတဲ့ အလွမ်းလှိုင်းလုံးတွေကြား
အိပ်ပျက်ညတွေ များသထက်များ …။

ဘယ်တော့များမှ
တို့ဆုံဆည်းကြမှာလဲ
မချင့်မရဲ ပူပန်မှုတွေ
ရင်ထဲထိုးဖောက် နှောက်ယှက်သွား
စိတ်ကိုမှန်တဲ့မြှားချက်များ …။

မင်းအချစ်ဟာ ခါးသက်သက်
ကော်ဖီတခွက်လို စွဲမက်ဖွယ်
ကြေကွဲမှုတွေပေးတယ်
သတိရခြင်းတွေပေးတယ်
အလွမ်းနဲ့ပူပင်သောကတွေပေးတယ်
အတူတူနေရဖို့ တောင့်တခြင်းတွေပေးတယ် ….။

မိန်းကလေး ရယ်
မင်းရဲ့နာမည်အသစ်ဟာ … ကော်ဖီ … ။

7 comments:

Moe Cho Thinn said...

ဘယ်သူများပါလိမ့်.. ကော်ဖီ တဲ့။
တို့ အကိုကြီး လူနည်းနည်း ဆန်လာပြီ..အော် ယောင်လို့၊ ကဗျာဆန်လာပြီ ပြောတာ။ :D

wai lin tun said...

အဟား.. လန်းသွားတာပဲ။ အခြေအနေက ထင်ထားတာထက် အများကြီး ကောင်းနေသေးတာပဲ။ ကဗျာဆရာပြန်လာပြီဟေ့။ ဒတ္ထပြန်လာပြီ။ ဈေးကွဲချိန်ကျရင် အဒေါ်ကြီးဆိုင်မှာ ဆုံကြရအောင်ဗျာ။
ကော်ဖီသောက်ဖို့..။

MANORHARY said...

ကိုကိုရေ..အဲဒါ တကယ့်ကော်ဖီလားဟင်
;P

ကိုအောင် said...

ကိုအောင်ဒင် ခင်ဗျာ ကျနော့်လင့်ခ်မှာ အကိုလင့်ခ်ကို
တင်ထားခွင့်ပြုပါ။

Anonymous said...

WELCOME! WELCOME! WELCOME!
thanks for coming back to POETRY FIELD!!!

Nyein Chan Aung said...

လာသွားတယ်ကိုအောင်ဒင်

ယောနသံစင်ရော် said...

ကိုအောင်ဒင်..အရမ်းဧည့်ဝတ်ကျေတယ်.. ကာဖီသောက်လို့ကောင်းတယ်။