BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, October 22, 2008

Of Ms. Sunday and Her Friends

တနင်္ဂနွေနှင့် သူ့မိတ်ဆွေများအကြောင်း

အောင်ဒင်/ဒတ္ထ
(ရန်ကုန်တက္ကသိုလ်ပေါင်းစုံမှ ကဗျာရှင်များ ၁၉၉၄ တွင် စုပေါင်းထုတ်ဝေသော "တမိုးတည်းအောက်မှာ" ကဗျာစာအုပ်မှ)

တနင်္ဂနွေဟာ
သူ့ဘဝသူကျေနပ်နေပုံမျိုးနဲ့
ပြိုးပြက်ဝင်းလက် ချယ်သ
မှန်ရှေ့က ထလာတယ်….။

ပြီးတော့
အသစ်ဟန်ဆောင်ထားတဲ့
နံနက်ခင်းကို နှုတ်ဆက်
အလင်းတစ်ဝက်၊ အိပ်မက်တစ်ခြမ်း
မနေ့ကထိ ငုံဆဲပန်းတို့
ပွင့်လင်းဖို့ အချိန်တန်ပြီတဲ့
မာန်ဝင့် ကြွေးကျော်လိုက်တယ်….။

သူ့ရဲ့ကြည်နူးပီတိတွေဟာ
အရပ်ဆယ်မျက်နှာ မျောလွင့်
ကတ္တီပါကားလိပ်ကို ဖွင့်တယ်
ပန်းခြံဝင်းပေါက်ကို ဖွင့်တယ်….။

နီယွန်မီးခလုတ်ကို ဖွင့်တယ်
ဘီယာပုလင်းကို ဖွင့်တယ်
ကာရာအိုကေကက်ဆက်ကို ဖွင့်တယ်
မင်္ဂလာခန်း
မ ကို ဖွင့်တယ်
သူကိုယ်ပိုင် လက်ချောင်းတွေနဲ့ပေါ့….။


သူ့လက်ထဲက ကပ်ကျေးနဲ့
ဖဲကြိုးကိုဖြတ်အပြီး
ကောင်းကင် ခရီးသွား
မိုးပျံပူဖောင်းများကို ကြည့်လို့
တနင်္ဂနွေဟာ အားပါးတရ ရယ်မောလေရဲ့
တနင်္ဂနွေဖြစ်ရတာ အမြင့်မြတ်ဆုံး ဆိုပဲ….။

ဒါပေါ့…
သူ့လောက ကျဉ်းကျဉ်းကလေးထဲ
သူသိခွင့်ရသမျှကလည်း
ပေါက်ကွဲ ဂီတ
ရင်ခုန်ညရဲ့ နှင်းဆီ
ယစ်မူးရီဝေ စက်ကဖြစ်တဲ့လေနဲ့
အပျော်ကျူးတတ်တဲ့ နာရီတွေကိုး….။

တကယ်လို့များ
တနင်္ဂနွေဟာ
လောကကြီးက ဒီထက်ကျယ်ပြန့်ပြီး

သူမသိတာတွေ အများကြီးရှိသေးတဲ့အကြောင်း
သူသိသွားပြီး

အဲဒီ သူမသိသေးတာတွေကိုပါ

ထပ်ပြီးသိသွားဦးမယ် ဆိုရင်လေ….။


5 comments:

pandora said...

လာဖတ်သွားတယ် ကိုအောင်ဒင်..

အိုးဝေအောင် said...

လာဖတ်သွားတယ် ကိုအောင်ဒင်..
ဆီပုံးမရှိတဲ့ဘလော့တခုဟာ ဆုံးပြီဖြစ်တဲ့ အန်ကယ်ကြီး မရှိတော့တဲ့ အန်တီ့ရဲ့ဘ၀လို မတင့်တယ်ဘူးပေါ့ကွယ်။

ယောနသံစင်ရော် said...

ကိုအောင်ဒင် လာလည်သွားပါတယ်ရှင့်..CBox လေးဖွင့်ထားရင်ပိုကောင်းမယ်နော်...

အိုးဝေအောင် said...
This comment has been removed by a blog administrator.
မသူတော် said...

Ko Aung Din,

Just let you know that I'm the one of two people who created(ပြင်ဆင်) this book. Start from the end including Binding. :).
Who do you think? :P