(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၅၊ ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၁၀၁) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (ခ)
#နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း
ဆုံးဖြတ်ခြင်း
ဒီဥပဒေမှာ နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုလည်း
ထည့်သွင်းရေးဆွဲရမှာပါ။ မဆလပါတီအစိုးရလက်ထက် ၁၉၈၀ ခုနှစ်မှာ နိုင်ငံတော်ကောင်စီ အမိန့်အမှတ်
၂/၈၀ နှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က နိုင်ငံရေးအကျဉ်းသားများ အားလုံးကို
ချွင်းချက်မရှိလွှတ်ပေးခဲ့ပါတယ်။ ထိုစဉ်က အကျဉ်းဦးစီးဋ္ဌာန၏ မေတ္တာရပ်ခံချက်အရ နိုင်ငံတော်ကောင်စီက
အောက်ပါအတိုင်း နိုင်ငံရေးအကျဉ်းသားများကို
သတ်မှတ်ပေးခဲ့ပါတယ်။
(က)
၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ
(ခ) ပြစ်မှုဥပဒေ ပုဒ်မ-၁၂၁ မှ ၁၃၀(ခ) အထိပါ အစိုးရကိုဆန့်ကျင်သော ပြစ်မှုများ
(ဂ) ပြစ်မှုဥပဒေ အခန်း (၈) ပါ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများနှင့်ပတ်သတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က) အရ ပြစ်မှုများ
(ဃ) ၁၉၅၀-ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ ဥပမာ- ပုဒ်မ ၅(ည)
(င) နိုင်ငံတော်ကိုဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
(စ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ ပုဒ်မ ၁၀(က)၊ ၁၀(ခ) နှင့်
(ဆ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ အားလုံးသည် “နိုင်ငံရေးပြစ်မှု” ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်။
(ခ) ပြစ်မှုဥပဒေ ပုဒ်မ-၁၂၁ မှ ၁၃၀(ခ) အထိပါ အစိုးရကိုဆန့်ကျင်သော ပြစ်မှုများ
(ဂ) ပြစ်မှုဥပဒေ အခန်း (၈) ပါ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများနှင့်ပတ်သတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က) အရ ပြစ်မှုများ
(ဃ) ၁၉၅၀-ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ ဥပမာ- ပုဒ်မ ၅(ည)
(င) နိုင်ငံတော်ကိုဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
(စ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ ပုဒ်မ ၁၀(က)၊ ၁၀(ခ) နှင့်
(ဆ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ အားလုံးသည် “နိုင်ငံရေးပြစ်မှု” ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်။
ဒီဘက်ခေတ်မှာတော့ နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း ဆုံးဖြတ်ခွင့်ကို
ခရိုင်အဆင့်တရားသူကြီးတစ်ဦးကို တာဝန်ပေးသင့်ပါတယ်။ တရားရုံးများမှာ တရားသူကြီးများက
အမိန့်ချမှတ်ရာမှာ ဥပဒေနဲ့ကိုက်ညီတဲ့ ပြစ်ဒဏ်ကိုသာ ချမှတ်မှာဖြစ်ပြီး ပြစ်ဒဏ်ကျအကျဉ်းသားသည်
"နိုင်ငံရေးအကျဉ်းသားဖြစ်သည်" လို့ ဆုံးဖြတ်ပေးရန်တာဝန်မရှိပါ။ အကျဉ်းထောင်အာဏာပိုင်များကလည်း
တရားရုံးက လွှဲပြောင်းပေးလိုက်တဲ့ ပြစ်ဒဏ်ကျသူကို သာမာန်အကျဉ်းသားအဖြစ်ပဲ သတ်မှတ်ဆက်ဆံမှာ
ဖြစ်ပါတယ်။ အဲဒီအတွက် ပြစ်ဒဏ်ကျခံရသူက ၎င်းသည် "နိုင်ငံရေးအကျဉ်းသားဖြစ်သည်"
ဟု ယုံကြည်လျင် သက်ဆိုင်ရာ ခရိုင်တရားသူကြီးထံကို "နိုင်ငံရေးအကျဉ်းသား"
အဖြစ် သတ်မှတ်ပေးရန် ဦးတိုက်လျှောက်ထားရမှာဖြစ်ပါတယ်။ ခရိုင်တရားသူကြီးက လျှောက်လွှာလက်ခံရရှိတဲ့နေ့မှ
ရက် နှစ်ပါတ်အတွင်းမှာ အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောက်ပါပြဋ္ဌာန်းချက်ကို
အခန်း (၁) မှာပဲ "နိုင်ငံရေးအကျဉ်းသား" အဓိပ္ပာယ်ဖော်ပြချက်နဲ့ ဆက်ပြီး ပြဋ္ဌာန်းသင့်ပါတယ်။
"တရားရုံးတွင်
တရားရင်ဆိုင်နေရသော အချုပ်သား သို့မဟုတ် တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်သော အကျဉ်းသားသည်
"နိုင်ငံရေးအကျဉ်းသား" ဖြစ်ကြောင်းကို ခရိုင်အဆင့်တရားသူကြီးတစ်ဦးဦးမှ
ဆုံးဖြတ်နိုင်သည်။ သက်ဆိုင်ရာ တာဝန်ခံအရာရှိသည် သက်ဆိုင်ရာအချုပ်သား သို့မဟုတ် အကျဉ်းသားအား
၎င်း၏ ရှေ့နေမှတဆင့်ဖြစ်စေ၊ အကျဉ်းထောင်မှ တဆင့်ဖြစ်စေ အကျဉ်းထောင်တည်ရှိရာဒေသကို စီရင်ပိုင်ခွင့်ရှိသော
ခရိုင်တရားရုံးသို့ နိုင်ငံရေးအကျဉ်းသားအဆင့်သတ်မှတ်ရေး လျှောက်ထားလွှာကို အမြန်ဆုံးတင်သွင်းနိုင်ရန်
ကူညီစီစဉ်ပေးရမည်။ သက်ဆိုင်ရာ ခရိုင်တရားသူကြီးမှ အချုပ်သား/အကျဉ်းသား၏ လျှောက်ထားလွှာရရှိသည့်နေ့မှ
ရက် နှစ်ပါတ်အတွင်း အဆုံးအဖြတ်ပေးရမည်။ တရားသူကြီး၏ အဆုံးအဖြတ်အတိုင်း အကျဉ်းထောင်
တာဝန်ခံအရာရှိက ဆက်လက်အကောင်အထည်ဖော်ရမည်။"
#ကျန်းမာရေးဝန်ထမ်း
ဒီဥပဒေကြမ်း အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ပုဒ်မ
၂၊ ပုဒ်မခွဲ (ရ) မှာ "ကျန်းမာရေးဝန်ထမ်း" ဆိုသည်မှာ အကျဉ်းဦးစီးဋ္ဌာနတွင်
အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းတာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ညှိနှိုင်း၍ဖြစ်စေ၊
ဝန်ကြီးဋ္ဌာနမှ တိုက်ရိုက်ဖြစ်စေ တရားဝင်အသိအမှတ်ပြုခန့်ထားသော ဝန်ထမ်းကို ဆိုလိုသည်"
ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ မလုံလောက်ပါ။ ဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြင်ဆင်ရေးသားဖို့
လိုအပ်ပါတယ်။
"ကျန်းမာရေးဝန်ထမ်း" ဆိုတာ အကျဉ်းသားများအတွက်
အင်မတန်အရေးကြီးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက်သာမကပါ။ ဒီဥပဒေကြမ်း ပုဒ်မ (၂၇)၊
ပုဒ်မခွဲ (က)၊ (ခ) နဲ့ (ဂ) များအရ အကျဉ်းသားများအား အခြားအကျဉ်းထောင်သို့ မပြောင်းရွှေ့မီ
ကျန်းမာရေးဝန်ထမ်းက စစ်ဆေးကြည့်ရှူရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းရဲ့ ကျန်းမာရေးဆေးစစ်ချက်နှင့်
ပြောင်းရွှေ့ရန်အခြေအနေသင့်ကြောင်း ထောက်ခံချက်ပါမှ အကျဉ်းသားကို အခြားထောင်သို့ ပြောင်းရွှေ့နိုင်မှာ
ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းက ပြောင်းရွှေ့ရန်မသင့်လို့ မှတ်ချက်ပေးတဲ့ အကျဉ်းသားကို
အခြားထောင်သို့ ပြောင်းလို့မရပါ။ အဲဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့
"ကျန်းမာရေးဝန်ထမ်း" ဆိုတာကို ဥပဒေမှာ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် အဓိပ္ပာယ်ဖွင့်ဆိုခြင်းမရှိရင်
အဲဒီ "ကျန်းမာရေးဝန်ထမ်း" ဆိုတာ ထောင်ထဲမှာ "မည်သူမဆို" ဖြစ်နိုင်ပါတယ်။
ပြီးတော့ ကျန်းမာရေးဝန်ထမ်းဆိုတာ အကျဉ်းဦးစီးဋ္ဌာနရုံးမှာ တာဝန်ထမ်းဆောင်ဖို့ မဟုတ်ပဲ
အကျဉ်းထောင်များ၊ စခန်းများမှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။
ကျနော် ထောင်ကျခဲ့စဉ်က (၁၉၈၉-၁၉၉၃) အင်းစိန်ထောင်မှာ ထောင်ဆရာဝန်
နှစ်ဦးပဲရှိပါတယ်။ ဒီဆရာဝန်နှစ်ဦးက ထောင်ပေါင်းများစွာသော အချုပ်သား၊ အကျဉ်းသားတွေအားလုံးကို
တာဝန်မယူနိုင်ပါ။ ဒါကြောင့် အကျဉ်းဦးစီးဋ္ဌာန ဝန်ထမ်းအချို့ကို ဆေးသင်တန်းပေးပြီး ဆေးမှူးခန့်ပါတယ်။
အကျဉ်းဦးစီးဝန်ထမ်းဆေးမှူးတွေက သာမာန်တပ်သား သို့မဟုတ် ဒုတပ်ကြပ်အဆင့်တွေဖြစ်ပြီး တစ်ထောင်လုံးမှ
၃/၄ ယောက်ပဲ ရှိပါတယ်။ ဒီဝန်ထမ်းဆေးမှူးတွေဟာ တကယ်တော့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက သင်တန်းဆင်း၊
လိုင်စင်ရ သူနာပြုများ၊ ကျန်းမာရေးမှူးများလို ဆေးပညာတကယ် တတ်ကျွမ်းသူများမဟုတ်ကြပဲ
ဆေးအမျိုးအစားခွဲခြားတတ်ရုံလောက်၊ ဆေးထိုးအပ်ကိုင်တတ်ရုံလောက်သာ နားလည်ကြတာပါ။ ဒါပေမည့်
သူတို့ကပဲ တစ်ထောင်လုံးကို လှည့်ပြီး ဆေးကုနေကြတာပါ။ နောက်တော့ အကျဉ်းသားဆေးမှူးတွေ ပေါ်လာပြန်ပါတယ်။ ဝန်ထမ်းဆေးမှူးတွေနဲ့တင်
မလုံလောက်တဲ့အခါကျတော့ အကျဉ်းသားများထဲက ပညာအရည်အချင်းအတန်အသင့်ရှိသူ၊ ဆေးအမည်တွေ ရေးတတ်၊
ဖတ်တတ်သူ၊ ဒါမှမဟုတ် အာဏာပိုင်များက စောင့်ရှောက်ကြည့်ရှူရမည့်သူအချို့ကို အကျဉ်းသားဆေးမှူးအဖြစ်
တာဝန်ပေးပြန်ပါတယ်။ ဆရာဝန်ဆိုတာကို အကျဉ်းသားတွေက ထောင်ပိုင်တန်းစီလှည့်တဲ့နေ့မှပဲ
ထောင်ပိုင်နဲ့အတူ ပါလာတတ်တာကို တွေ့ဖူးကြတာပါ။ ဒါကြောင့်မို့ "ကျန်းမာရေးဝန်ထမ်း"
ဆိုတာကို အတိအကျအဓိပ္ပာယ်မဖွင့်ဆိုရင် အကျဉ်းထောင်ထဲမှာ "ဆရာဝန်၊ ဝန်ထမ်းဆေးမှူး၊
အကျဉ်းသားဆေးမှူး" စသည်ဖြင့် မည်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အဆိုပါ ပုဒ်မ
၂၊ ပုဒ်မခွဲ (ရ) ကို အောက်ပါအတိုင်း ပြင်ဆင်သင့်ပါတယ်။
"ကျန်းမာရေးဝန်ထမ်း
ဆိုသည်မှာ အကျဉ်းဦးစီးဋ္ဌာန လက်အောက်ခံ အကျဉ်းထောင်များ၊ စခန်းများတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရန်
ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ညှိနှိုင်း၍ဖြစ်စေ၊ ဝန်ကြီးဋ္ဌာနမှ တိုက်ရိုက်ဖြစ်စေ တရားဝင်အသိအမှတ်ပြုခန့်ထားသော
အနည်းဆုံး လက်ထောက်ဆရာဝန်အဆင့်ရှိသူများကို ဆိုသည်။"
#အကျဉ်းသားများကို
စီမံခန့်ခွဲခြင်း
ဒီဥပဒေကြမ်း၊ အခန်း (၃) က "အကျဉ်းသားများကို စီမံခန့်ခွဲခြင်း"
နဲ့ ပါတ်သက်ပါတယ်။ "အကျဉ်းသားများကို ခွဲခြားထားရှိခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) ကနေ (စ) အထိ အကျဉ်းသားများကို အမျိုးသမီး၊ အမျိုးသား ခွဲခြားထားရှိရန်၊
အသက် (၁၆) နှစ်ပြည့်ပြီး (၁၈) နှစ် မပြည့်သေးတဲ့ လူငယ်အကျဉ်းသားများအား အခြားအကျဉ်းသားများနှင့်
ခွဲခြားထားရှိရန်၊ အသက် (၁၆) နှစ် မပြည့်သေးတဲ့ ကလေးသူငယ်များကို အကျဉ်းထောင်များမှာ
အကျဉ်းသားအဖြစ် လက်ခံခြင်းမပြုရန်၊ အချုပ်အကျဉ်းသားနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများကို
ခွဲခြားထားရှိရန်၊ ပြစ်ဒဏ်ကျအကျဉ်းသားများနှင့် တရားမအကျဉ်းသားများကို ခွဲခြားထားရှိရန်၊
သေဒဏ်ကျခံရသော အကျဉ်းသားများအား အခြားအကျဉ်းသားများနှင့် ခွဲခြားပြီး သီးသန့်အခန်းတွင်
ထားရန်၊ စတာတွေကိုဖော်ပြထားပါတယ်။ ဒီပုဒ်မ ၂၄ မှာ နိုင်ငံရေးအကျဉ်းသားများအတွက် အောက်ပါအတိုင်း
ထည့်သွင်းရေးဆွဲသင့်ပါတယ်။
"ခရိုင်အဆင့်တရားသူကြီးတစ်ဦးဦးမှ
နိုင်ငံရေးအကျဉ်းသားဖြစ်သည်ဟု ဆုံးဖြတ်သော နိုင်ငံရေးအကျဉ်းသားများအား အခြားအကျဉ်းသားများနှင့်
ခွဲခြားထားရှိရမည်။"
အကျဉ်းထောင်များထဲမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုက ယောက်ျားချင်း၊
မိန်းမချင်း ခိုးကြောင်ခိုးဝှက် လိင်တူဆက်ဆံကြတာပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ ပြစ်ဒဏ်နှစ်ကြီးကြီးကျတဲ့
ရာဇဝတ်အကျဉ်းသားများက ပြစ်ဒဏ်နည်းပြီး အင်အားချို့တဲ့တဲ့ အခြားအကျဉ်းသားများကို နိုင့်ထက်စီးနင်းဖိအားပေးပြီး
လိင်တူဆက်ဆံကြတာတွေ ရှိပါတယ်။ ယောက်ျားစစ်စစ်ကိုတောင် ခြိမ်းခြောက်အနိုင်ကျင့်ပြီး
လိင်စိတ်ပြောင်းအောင် လုပ်တတ်ကြတဲ့ အကျဉ်းထောင်ထဲမှာ မိန်းမစိတ်ပေါက်နေတဲ့ အမျိုးသားတွေကို
အခြားအမျိုးသားများနဲ့ အတူထားရင်၊ ယောက်ျားစိတ်ပေါက်နေတဲ့ အမျိုးသမီးတွေကို အခြားအမျိုးသမီးများနဲ့ အတူထားရင် ပြဿနာပိုပြီး
ကြီးမားနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအချက်ကိုလည်း ပုဒ်မ ၂၄ မှာ ထည့်သွင်းရေးဆွဲသင့်ပါတယ်။
"မိန်းမစိတ်ပေါက်နေသည့်အမျိုးသားများကို
အခြားအမျိုးသားများနှင့် ခွဲခြား၍ သီးသန့်အခန်းတွင်ထားရှိရမည်။ ယောက်ျားစိတ်ပေါက်နေသော
အမျိုးသမီးများကို အခြားအမျိုးသမီးများနှင့် ခွဲခြား၍ သီးသန့်အခန်းတွင်ထားရှိရမည်။"
0 comments:
Post a Comment