ဤသို့ပင်မျှော်လင့်မိပါသည်
အောင်ဒင်/ဒတ္ထ
(သဘင် မဂ္ဂဇင်း ၁၉၈၄ အောက်တိုဘာ)
အစ
အမိဝမ်းမှ ရှင်သန် ထမြောက်
အရွယ် ရောက်ရင်
ခြေလျင်တော့ လျှောက်ရလိမ့်။
စကြာဝဠာ လမ်းကျဉ်းထဲမှ
ပန်းခင်းတို့ ရယ်မောသံ
တောင်ယံ တောအနှံ့ ခရီးဆန့်
ကမ္ဘာတပတ် ပတ်လိမ့်မယ်။
လေပြေသုတ်လိမ်း ပုခက်စိမ်း
ငှက်တို့ ယိမ်းက ချော့သိပ်ကြမယ်။
'အူဝဲ' တဲ့
သားငယ်ရဲ့ ပထမ တေးသံ
ဟန်မဆောင် သွေးမပျက်
အရှက်မာန ထာဝရ ပိုင်ဆိုင်
ကံမနိုင်လည်း မာန်ခိုင်မြဲစေ။
စူးစူး ဝါးဝါး သားငိုနေရဲ့
ဘဝနဲ့လူ
အကြံတူယင်၊ ရန်သူ ဖြစ်နိုင်လိမ့်
ဖြေသိမ့်ခြင်းအတွက်၊ မျက်ရည်စက်
ခါးသက်ကြွေကျ၊ မြေခရဦးမယ်။
အမေ့ရဲ့ ရင်ကထွက်
နို့တစက်ခွန်အား၊ ဝင့်ကြွားဆောက်တည်
ဒဏ္ဍာရီဟောင်း၊ ပုံပြင်ဟောင်း
ပြန်ပြောင်းတသ၊ ကာလသစ်သန္ဓေ
အဖြေမဟုတ်ယင်
ရေတမှုတ်နဲ့ ကွမ်းတယာ
လိပ်ပြာသူမ၊ လာဆက်သလိမ့်မယ်။
ကဗျာဆရာရဲ့ သား
စကားတတ်ရင်၊ ကဗျာသင်
ခုံမင်ကြည်နူး၊ တိုင်တည်ဦး
ပန်းဖူး ကဗျာ၊ ချစ်တတ်ပါစေ။
အဖေ့ ကဗျာ၊ သားကဗျာ
ယှဉ်ကာရွတ်ဖတ်၊ မြတ်နိုးတတ်စေ
မျှော်လင့်နေမယ်။ ။
Saturday, March 26, 2011
Expectation
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment