BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, March 26, 2011

Singing with Expectation in a Evening


မျှော်လင့်ခြင်း သီချင်းတပုဒ်ရဲ့ ညနေ
အောင်ဒင်/ဒတ္ထ
(ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၁၉၈၆ မေ)












၁။။
ကမ်းမထွက်ခင်၊ ဦးထိပ်တင်
အာရုံဝင်စား၊ မြတ်ဘုရားနဲ့
တရားသံဃာ၊ ရတနာ
ဆယ်ဖြာစုံလက်၊ ပူးညွှတ်ယှက်။

ကမ်းမထွက်ခင်၊ ဦးထိပ်တင်
ရေငန်ရှင် အဘိုး
ကျွန်တော်မျိုးတို့၊ ရိုကျိုးတောင့်တ
စောင်မ တော်မူ၊ ကြည့်ရှုတော်မူ။

၂။။
အိမ်သူ နှုတ်ဆက်၊ ကမ်းအထွက်
ရေတက် ရေကျ၊ ရေထ ရေသေ
ဗေဒင် မမေး၊ ကံရွေးမပါ
ကွန်ပျူတာ မလို
တံငါအိုလက်၊ လမ်းညွှန်ဘက်
ငါးသိုက်ပွက်ထ၊ ပိုက်တန်းချ
ရေရဲ့မာနနဲ့ အပြိုင်။

ပင်လယ်ပြင်ရဲ့ ရာသီရုပ်
မျက်တောင်တလှုပ်၊ တိမ်အုပ်တရွေ့
ကွေ့ဝိုက် ပြောင်းလဲ၊ ဝဲနဲ့ မုန်တိုင်း
လှိုင်းနဲ့ကျောက်ဆောင်
မိုးမှောင်လျှပ်ပြက်၊ ရက်စက် ရိုင်းစိုင်း
အနိုင်မပိုင်းခင်
"အဘိုးရယ်....
ရပ်ခိုင်းလိုက်ပါ၊ ရပ်ခိုင်းလိုက်ပါ...."
သံစာဆုတောင်း၊ ကံများ မကောင်းခဲ့ရင်....။

၃။။
'အို....ငါးကြင်းတွေဆန်
ငါးတန်တွေ သောင်ရေစီးမှာလ
ကိုတံငါ လှေယဉ်စီးပါလို့
ပိုက်ကြီး....ငယ်
ရေ....ချ....လာ....'
....သီချင်းချိုမြ၊ ဆိုမဝ
ညနေ ကမ်းက၊ အကြိုမ တို့
မျှော်ရကျိုးနပ်ပါစေကွယ်။






0 comments: