BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, July 3, 2014

နွေ​တစ်ည​မှ​အစြ​ပု​၍ စာ​အုပ်ကို မိတ်ဆက်ဖြန့်ချိ (ကမာရွတ် မီဒီယာ)

အောင်ဒင်ရဲ့ နွေတစ်ညမှအစပြု၍ စာအုပ်ကို ရန်ကုန်မှာ မိတ်ဆက်ဖြန့်ချိ

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ စာရေးဆရာ အောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ နိုင်ငံရေးမှတ်တမ်းစာအုပ်ကို ရန်ကုန်မှာ ဇူလိုင် ၂ရက်နေ့က မိတ်ဆက်ဖြန့်ချိလိုက်ပါတယ်။ နွေတစ်ညမှ အစပြု၍စာအုပ်မှာ ဘာတွေဖော်ပြထားလဲ။
ထောင်နံရံမှာ သူရေးခဲ့တဲ့ ကဗျာတွေကြောင့် အထီးကျန်မဆန်တော့ဘဲ အဖော်ရခဲ့တာကြောင့် ဘယ်လိုနေထိုင်ရမယ်ဆိုတာ လမ်းညွှန်ခဲ့ပေမယ့် အမှန်တရားမြတ်နိုးသူတွေ နောင်ဘယ်တော့မှ အကျဉ်းထောင် နံရံတွေမှာ စာမရေးကြစေဖို့ ကိုမင်းကိုနိုင်က ဆန္ဒပြုခဲ့ပါတယ်။
Home Entertainment မှာ ကျင်းပခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲကို ကိုဇာဂနာလည်း တက်လာခဲ့ပြီး ကိုအောင်ဒင်ဟာ ဘူးလက်လှဆွေထက်စောပြီး Angry Bird လို့ ကိုအောင်ဒင်ကို ခေါ်ခဲ့တဲ့အကြောင်း၊ ကိုအောင်ဒင် ဘာ့ကြောင့် စိတ်ဆိုးတတ်တဲ့လူတစ်ယောက် ဖြစ်သွားလဲဆိုတာ ရှင်းပြခဲ့ပါတယ်။
ခေတ်ပြတိုက်စာပေတိုက်က ထုတ်ဝေဖြန့်ချိလိုက်တဲ့ နွေတစ်ညမှအစပြု၍ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ဖြတ်သန်းမှုနဲ့ ခေတ်ပြိုင်ဖြတ်သန်းခဲ့ကြသူတွေအကြောင်း ပါဝင်တယ်လို့ စာအုပ်တိုက် ပိုင်ရှင် ကိုပြည်သွေးနိုင်က ပြောပါတယ်။ အခုလို မှတ်တမ်းစာအုပ်ကို ထုတ်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။
ကိုအောင်ဒင်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီးနောက် စင်္ကာပူ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတွေကို ပြောင်းရွှေအခြေချခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်နဲ့ ဧရာဝတီငြိမ်းချမ်းရေးနဲ့ အမှတ်တရများ ဆိုတဲ့စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

http://www.youtube.com/watch?v=6-64GAoJS-M#action=share ကမာရွတ် မီဒီယာ

0 comments: