BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, September 1, 1988

Ye Yint Hmu



(ပန်းချီ ထိန်လင်း၊ Prisoner Poster color 38X27)

ရဲရင့်မှု

အောင်ဒင်/ဒတ္ထ
၂၊ စက်တင်ဘာ၊ ၁၉၈၈
စက်မှုအားမာန်၊ အမှတ်စဉ် (၂)


ရီစရာကောင်းလှတယ်
ငါတို့ရဲ့
မြင့်မြတ်စင်ကြယ်တဲ့
"သမဂ္ဂ" အဆောက်အအုံကို
လူသတ်သမားရဲ့လက်က
အုပ်မြစ်ချပေးချင်သတဲ့
ယဉ်ကျေးသယောင်
ဟန်ဆောင်စကားလုံးများ
စက်ဆုတ်စရာကောင်းလှတယ်။

ရာဇဝင်ကို
မင်နဲ့ဖျက်လို့မပျက်နိုင်ဘူး
အဓိပတိလမ်းမကြီးပေါ်မှာ
သွေးစက်တွေနေရာအနှံ့
ငါတို့ရဲဘော်တွေရဲ့ ဝိညာဉ်တွေဟာ
သမဂ္ဂမြက်ခင်းပြင်ထဲမှာ
သစ်ပုတ်ပင်ကြီးပေါ်မှာ
ဘွဲ့နှင်းသဘင်ခန်းမထဲမှာ
တောင်ငူဆောင်ရှေ့မှာ
ငါတို့ရဲ့တိုက်ပွဲများစွာကိုဂုဏ်ပြု
ကြည်နူးမှုအထောင်အသောင်းနဲ့
နှင်းဆီပန်းတွေကောင်းကောင်း ပွင့်ကြတယ်။

ကံ့ကော်ရွက်တွေပေါ်မှာရေးကြ
ကတ္တရာလမ်းမမှာရေးကြ
အဆောင်နံရံမှာရေးကြ
ငါတို့ "ကျောင်းသားများသမဂ္ဂ"
တို့ဘဝရဲ့ အလှပဆုံးသော အိပ်မက်
သွေးစက်တွေ စွန်းကွက်လို့
အိပ်မက်ထဲကထွက်ခဲ့ပြီ
အိပ်မက်ဟာ တကယ်ဖြစ်ခဲ့ပြီပဲ .. ။ ။

(၁၉၈၈ အရေးတော်ပုံကာလအတွင်း ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ဝေတဲ့ စက်မှုအားမာန် စာစောင်မှာ ပါဝင်ခဲ့တဲ့ ကဗျာ၊ ကိုတင်မင်းထက်က ပို့ပေးပါတယ်၊)