BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Interviews. Show all posts
Showing posts with label Interviews. Show all posts

Monday, November 23, 2015

နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူနှင့် မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုအောင်ဒင်နှင့်တွေ့ဆုံခြင်း (7 Day Daily)

‘‘အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတော့ ဖြစ်လာနိုင်တယ်’’

နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူနှင့် မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုအောင်ဒင်နှင့်တွေ့ဆုံခြင်း
http://www.7daydaily.com/story/50118

ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ဖြစ် လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခြေ အနေကို ဘယ်လိုခန့်မှန်းထားပါသလဲ။

ကျွန်တော်အခုကြည့်တာ ခန့်မှန်းခြေလေးမျိုးရှိတယ်။ ပထမခန့်မှန်းခြေကတော့ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုအနိုင်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားပြုတဲ့ ဒုတိယသမ္မတလောင်းတစ်ယောက်ကို တင်သွင်းနိုင်မယ်။ ကြံ့ခိုင်ရေးကကျတော့ လွှတ်တော်
နှစ်ရပ်စလုံးမှာ အများစုမရဘူး။ အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ တပ်နဲ့ နောက်တစ်ခါ ကြံ့ခိုင်ရေးနှင့် မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတွေပေါင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာကိုရမယ်။
ဒါပေမဲ့ ဒုသမ္မတလောင်းတစ်ယောက်ကိုတော့ တိုင်းရင်းသားပါတီတွေက ရွေးချယ်နိုင်လိမ့်မယ်ထင်တယ်။ ကြံ့ခိုင်ရေးရဲ့သမ္မတလောင်းက သီးခြားမဟုတ်ဘဲ တပ်နဲ့တွဲပြီး တပ်ရဲ့ကိုယ်စား လှယ်အဖြစ် တင်ရမယ့်သဘော ဖြစ်သွားမယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့ဗျာ။ သမ္မတလောင်းအနေနဲ့ကတော့ NLD က သမ္မတလောင်းတစ်ယောက်။ တိုင်းရင်းသားပါတီတွေက သမ္မတလောင်းတစ်ယောက်နဲ့ ကြံ့ခိုင်ရေးနဲ့ တပ်နဲ့ပေါင်းပြီး သမ္မတလောင်း တစ်ယောက်ပေါ့။ အဲဒီ သမ္မတလောင်းတစ်ယောက် ရွေးတဲ့အခါမှာတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့ပေါင်းထားတဲ့ သမ္မတလောင်းက
သမ္မတနေရာကို ရလိမ့်မယ်လို့ထင်တယ်။ ဒါကတော့ ပထမခန့်မှန်းချက်ပေါ့။

ဒုတိယခန့်မှန်းချက်က NLD က လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုရမယ်။ ဒါပေမဲ့လည်း သမ္မတလောင်းတင်နိုင်တဲ့ အနေအထားတို့၊ လွှတ်တော်ဥက္ကဋ္ဌနေရာရနိုင်တဲ့ အနေအထားမရှိဘူး။ ဒီချုပ်က
လွှတ်တော်နှစ်ရပ်မှာ နေရာအများစုရမယ်။ သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌဖြစ်နိုင်တဲ့ အရေအတွက်လည်း မဟုတ်ဘူး။သမ္မတလောင်းတင်နိုင်တဲ့ အရေအတွက်လည်းမဟုတ်ဘူး။ ကြံ့ခိုင်ရေးကပဲသမ္မတရာထူးရမယ်။ လွှတ်တော်နှစ်ရပ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုတော့ ကြံ့ခိုင်ရေးကရမယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကိုတော့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတစ်ခုခုက ရမယ်။ ဒါဒုတိယခန့်မှန်းချက်ပေါ့။

တတိယခန့်မှန်းချက်ကကျတော့ဒီချုပ်အားကောင်းမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမယ်။ နောက်ဒီချုပ်ခေါင်းဆောင် တစ်ယောက်ကိုလည်း ပြည်သူ့လွှတ်တော်ကဒုသမ္မတလောင်း တစ်ယောက်အဖြစ် တင်သွင်းနိုင်မယ်။ အမျိုးသား လွှတ်တော်မှာကျတော့ ဒီချုပ်က နေရာအများစုရမယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေး၊ တပ်နဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရမယ်။ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းပြီးတော့ပဲ ကြံ့ခိုင်ရေးခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ် တင်မြှောက်ခံရမယ်။
အဲဒီတော့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အဓိက အတိုက်အခံပါတီဖြစ်လာမယ်ပေါ့။ သမ္မတရွေးကောက်ပွဲမှာတော့ ဒီချုပ်သမ္မတလောင်းက မဲအများဆုံးနဲ့ သမ္မတဖြစ်လာနိုင်တယ်။ ကြံ့ခိုင်ရေးနဲ့
တိုင်းရင်းသား ကိုယ်စားလှယ်က ဒုသမ္မတဖြစ်လာနိုင်တယ်။

ခန့်မှန်းချက်လေးကတော့ ဒီချုပ်အတွက် အကောင်း ဆုံးပေါ့။ လွှတ်တော်နှစ်ရပ်စလုံး ဥက္ကဋ္ဌရာထူးကိုလည်း ဒီချုပ်ကရမယ်။ သမ္မတရာထူးကိုလည်း ဒီချုပ်ကရမယ်ဆိုတော့ လွှတ်တော် ဥက္ကဋ္ဌအာဏာတွေရော၊ သမ္မတအာဏာတွေရော ဒီချုပ်ကလွှမ်းမိုးပိုင်ဆိုင်နိုင်မယ့် အနေအထားပေါ့။

ခန့်မှန်းချက် (၁)ကနေ (၄)အထိ မှာ(၁)ကဖြစ်နိုင်ခြေအရှိဆုံးပေါ့။ (၄)က ဖြစ်နိုင်ခြေအနည်းဆုံးပေါ့။

ဘယ်လိုအချက်တွေအပေါ် အခြေခံပြီး အဲဒီလိုခန့်မှန်းချက်တွေ ရလာတာလဲခင်ဗျ။

နိုင်ငံရေးပါတီပေါင်း ကိုးဆယ်ကျော်ရှိတယ်။ အဲဒီအထဲမှာ မဲဆန္ဒနယ် အားလုံးနီးပါးကို ဝင်ပြိုင်တဲ့ ပါတီကြီးကနှစ်ခုပဲရှိတယ်။  ကြံ့ခိုင်ရေးနဲ့ဒီချုပ်ပေါ့။ သူတို့ နောက်မှာ တတိယလိုက်တာက တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ပါတီ၊တစညပေါ့။ ဒါတောင်မှ သူက လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ရာကျော်ပဲ ဝင်ပြိုင်တာ။ ပြိုင်ရမယ့် နေရာပေါင်း ၁,၁၇၁ နေရာရှိတာမှာ ကြံ့ခိုင်ရေးနဲ့ ဒီချုပ်ကသာလျှင်
နေရာပေါင်း ၁,၁၃၀ ကျော် ၄၀ နီးပါး ပြိုင်နိုင်ကြတယ်ပေါ့။ ဒီပါတီနှစ်ခုရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ သူတို့ဘယ်လောက် အထိ စွမ်းဆောင်နိုင်လဲဆိုတာ ကြည့်တာပေါ့။ အဲဒီအခါမှာ တစ်က လွှတ်တော်
ကိုယ်စားလှယ် အရေအတွက်၊ မဲပေးနိုင်မယ့် လူဦးရေ အရေအတွက်၊ ပါတီကြီးနှစ်ခုရဲ့ အင်အား အဲဒါတွေကို ကြည့်တယ်။ နောက်တစ်ခုကကျတော့ သက်ဆိုင်ရာဒေသတွေမှာ တပ် မြေတွေရှိတယ်။ စစ်တပ်အား ကောင်းတဲ့နေရာတွေရှိတယ်။ နောက် စစ်တပ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တပ်တို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကနေ အမည်ပြောင်းပြီး စစ်တပ်နဲ့ မဟာမိတ်
လုပ်ထားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒါတွေပါ ထည့်တွက်တာပေါ့။ နောက်တစ်ခုက တပ်က နဂိုရှိပြီးသား ၂၅ ရာ ခိုင်နှုန်း အဲဒါတွေလည်း ထည့်တွက်တာပေါ့။ အဲဒီအချက်အလက်တွေကို ကျွန်တော်အခြေခံပြီး
စဉ်းစားတယ်။ နောက်တစ်ခုကကျတော့ ဒီပါတီကြီးနှစ်ခုစလုံး ဘယ်လောက်ပဲ အားကောင်းသည် ဖြစ်စေ ပြည်နယ်ခုနစ်ခုမှာ ဒီပါတီကြီး နှစ်ခုရဲ့ အခန်းကဏ္ဍက အတော်နည်းလိမ့်မယ်။ ပြည်နယ်တွေမှာ
တိုင်းရင်းသားပါတီတွေက တတ်နိုင်သလောက် အားကောင်းမောင်းသန်ပြိုင်ကြမှာကို။ ရွေးကောက်ပွဲဝင်မယ့် ပါတီပေါင်း ကိုးဆယ်ကျော်မှာလည်း တိုင်းရင်းသားပါတီက ခြောက်ဆယ်ကျော်ရှိတယ်။

အဲဒီအထဲမှာမှ သက်ဆိုင်ရာ ပြည်နယ်တစ်ခုလုံးကို ပြိုင်နိုင်တဲ့ ပါတီက စုစုပေါင်း ကိုးပါတီပဲရှိ တယ်။ ကျန်တဲ့ပါတီတွေက နေရာနည်းနည်းပဲ ပြိုင်နိုင်ကြတာ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပါတီကြီးနှစ်ခုကိုပဲ ကြည့်တော့တယ်။ ပြည်နယ်တွေအတွက်ဆို ခုနက ပါတီကိုးခုကိုပဲ ကြည့်တော့တယ်။ အဲဒီအခါမှာ ခုနက ခန့်မှန်းချက်တွေ ထွက်လာတာပေါ့။

တကယ်လို့ ခန့်မှန်းတဲ့ထဲက ပြည်ခိုင်ဖြိုးအားကောင်းတဲ့ အခြေအနေအတိုင်းဖြစ်သွားရင် မြန်မာ့နိုင်ငံရေးအခြေအနေက ဘယ်လိုဖြစ်သွားနိုင်မလဲ။

ကျွန်တော်ထင်တာကတော့ ဘယ်ပါတီနိုင်နိုင်ကောင်းဖို့ပဲရှိပါတယ်။ ပြည်ခိုင်ဖြိုးနိုင်တယ်ဆိုရင်လည်း လက်ရှိပေးထားတဲ့ ကတိအတိုင်း ပြောင်းလဲမှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ကတိတွေ ဆက်ပြီး
အကောင်အထည်ဖော်မှာပဲ။ ဖော်အောင်လည်း လူထုနဲ့မဲဆန္ဒရှင်တွေ၊ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်ပြီးတွန်းအားပေးနေကြရမှာပဲ။ အလားတူ ဒီချုပ်နိုင်ရင်လည်း တစ်လျှောက်လုံးမတရားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ ပါတီအနေနဲ့ သူအာဏာရရင်လည်း မတရားမှုတွေ ချုပ်ငြိမ်းဖို့ ကြိုးစားမှာပဲ။ အဲဒီအခါကျရင်လည်း အကောင်းဘက်ကို ဦးတည်မှာပဲ။

တကယ်လို့ ရလဒ်တစ်ခုခုပေါ် ပါတီတွေကို ထောက်ခံတဲ့သူတွေ နဲ့ ပါတီအောက်ခြေက လူတွေက မကျေနပ်လို့ အုံကြွမယ်ဆိုရင်ဘာ တွေဖြစ်လာမလဲ။

အဲဒါတော့ ကျွန်တော်စိတ်ပူတယ်။ အဲဒါက အများကြီးဖြစ်နိုင်တယ်။ အောက်ခြေမှာ အလံထောင်ပြီး စည်းရုံးနေကြတဲ့ ဘက်နှစ်ဖက်ပေါ့။ သူတို့ ထိပ်တိုက်တွေ့တာမျိုးဖြစ်သွားနိုင်တယ်။ တစ်ခုတော့
ရှိတာပေါ့။ ရွေးကောက်ပွဲပြီးမှာက နိုဝင်ဘာ ၈ ရက်။ တစ်နိုင်ငံလုံးရဲ့ ရလဒ်တွေသိရဖို့က တစ်ပတ်နဲ့ နှစ်ပတ်ကြား ကြာဦးမယ်။ ရလဒ်ကိုသိပြီးတာတောင် လွှတ်တော်ဥက္ကဋ္ဌဖြစ်ခြင်း၊ မဖြစ်ခြင်း၊ သမ္မတဖြစ်ခြင်း၊မဖြစ်ခြင်းက တစ်လ၊ နှစ်လလောက်ကြာဦးမယ်။ ကြားထဲမှာ လူထုကို cool down ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ထင်တယ်။ အဲဒါကတော့ ပါတီခေါင်းဆောင်တွေအပေါ် မူတည်တယ်။ ပါတီခေါင်းဆောင်တွေကရတဲ့ရလဒ်ကို လက်ခံပြီး သူတို့ ပါတီဝင်တွေကို ဖျောင်းဖျပေးနိုင်မယ်ဆိုရင်တော့ ပဋိပက္ခတွေကို ရှောင်လွှဲနိုင်မယ်။

တကယ်လို့ ပြည်ခိုင်ဖြိုး အပြည့်အဝပြန်နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ကျွန်တော်ထင်တယ်ဗျ။ ပြည်ခိုင်ဖြိုးက အပြည့်အဝတော့ မနိုင်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနည်းဆုံးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ဆိုရင် လေးရာ့လေးဆယ်
ရှိတဲ့ လွှတ်တော်မှာ အနည်းဆုံး နှစ်ရာ့နှစ်ဆယ်တော့ ရှိဖို့လိုတယ်။ အဲဒီတော့ ခုနက တိုင်းလေးခုမှာ အားကောင်းတယ်၊ တိုင်းလေးခုပေါင်းရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ရာသုံးဆယ့်ငါးနေရာရှိတယ်။ မန္တလေး တစ်ဝက်လောက် ထည့်တွက်လိုက်၊ ဧရာဝတီတို့၊ တနင်္သာရီတို့လည်း အားမကောင်းဦးတော့ တချို့တစ်ဝက်နိုင်မှာပဲ။ ဆိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို ရနိုင်တဲ့ မဲနှစ်ရာကျော် လောက်ကတော့ ဒီချုပ်ကရနိုင်တယ်။ အဲဒီအခါကျတော့ ဖြစ်နိုင်တဲ့ အလားအလာက ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်မယ်။ ဒုတိယသမ္မတ တစ်နေရာတင်နိုင်မယ်။ ဒီအဆင့်လောက်တော့ ဖြစ်မယ်ထင်တယ်။ အဲဒီလောက်ကိုတော့ ကြံ့ခိုင်ရေးနဲ့ တပ်က လက်ခံလိမ့်မယ်ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားရင် တစ်ချိန်မှာ သူက ပြည်ထောင်စု လွှတ်တော်နာယကဖြစ်လာမှာပဲ။ အဲဒီအချိန်မှာ အစိုးရနဲ့ လွှတ်တော် ထိပ်တိုက်တွေ့မှုတွေ ပိုဖြစ်လာနိုင်မလား။

ဖြစ်တော့ဖြစ်မှာပဲ။ အဲဒါမှပဲ တကယ့်ပါလီမန်ဖြစ်လာမှာပဲ။ လက်ရှိလွှတ်တော်မှာ အတိုက်အခံမရှိဘူး။ အတိုက်အခံရှိခြင်းဟာ ပါလီမန်စနစ်မှာ ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ လွှတ်တော်ထဲမှာ အာဏာရနဲ့ အတိုက်အခံကြားမှာ ထိပ်တိုက်တွေ့ဆုံ ခြင်းတွေဖြစ်လာနိုင်တယ်။ ဖြစ်လာတာက ကောင်းတယ်လို့ ယူဆရမယ်။ ဒါမှလည်း ပါတီစုံဒီမိုက ရေစီစနစ်က ပိုပြီးတော့ အသက်ဝင်လာမယ်။

တကယ်လို့ ဒီချုပ်နိုင်သွားပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် ဒီချုပ်မဲဆွယ်သလောက် လုပ်နိုင်ပါ့မလား။

အဲဒါကတော့ ရိုးရိုးသားသားပြောရင် သံသယရှိတယ်။ အဲဒီမှာဗျာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတစ်ခု ကျွန်တော်သဘောမကျဘူး။ ပါတီအလံကိုပဲကြည့်ပြီး မဲပေး၊ သူ့လူတွေမကောင်းရင်
သူတာဝန်ယူတယ်လို့ ပြောခဲ့တယ်။ တကယ့် လက်တွေ့ကျတော့ ကိုယ်စားလှယ်တစ်ယောက်စည်းကမ်းဖောက်ရင် ပါတီကနေပဲ ထုတ်ပစ်လို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားလို့မရဘူး။
အခုပြဿနာက ဒီလူတွေကို လူထုက ပါတီအလံ ကြည့်ပြီး မဲပေးလိုက်မယ်။ လူမကောင်းမှန်းသိရက်နဲ့၊ မယုံကြည်ရ မှန်းသိရက်နဲ့ မဲပေးလိုက်မယ်။ တစ်ချိန် ဒီလူတွေက ပိုဖောက်လာရင် ပါတီရဲ့ လုပ်နိုင်စွမ်းက
ပါတီက ထုတ်ပစ်ရုံပဲ။ အဲဒီအခါကျတော့ လူထုက မကောင်းတဲ့လွှတ်တော်ကိုယ်စားလှယ်ကို ငါးနှစ် ဒဏ်ခံရမှာပေါ့။ အဲဒါတော့ ကျွန်တော်မကြိုက်ဘူး။ လက်တွေ့မှာလည်း အဲဒါမျိုးရှိနိုင်တယ်။

ထပ်ဖြည့်ပြောချင်တာများ ရှိပါသေးလား။

ကျွန်တော်က အပြင်လူပါ။ အခုပြောတာအားလုံးက အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ပြီး ပြောတာပါ။ တတ်နိုင်သလောက် အချက်အလက်တွေကို လေ့လာပြီးပြောတာပါ။ ကျွန်တော်တို့က အဆိုးတွေ တော်တော်များများကို ဖြတ်ခဲ့ပြီးပြီ။ ဒါကြောင့် နောက် လာမယ့်အခြေအနေမှာ အကောင်းတွေပဲဖြစ်စေချင်တယ်။ ပြည်သူလူထုအတွက်ကတော့ နောက်ဘယ်ပါတီအစိုးရပဲဖြစ်ဖြစ်
ကောင်းအောင်လုပ်မှာပဲ။ သူတို့တာဝန်ကျေလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ ပြည်သူက ဒဏ်ခတ်မှာပဲ။

ကျေးဇူးတင်ပါတယ်။






Monday, April 13, 2015

Interview with The Irrawaddy, April 3, 2015

INTERVIEW
‘I Don’t Think it is Possible to Scrap the Entire System and Build a New One’
By KYAW ZWA MOE / THE IRRAWADDY| Friday, April 3, 2015 |

A former second vice-chairman of the All Burma Federation of Student Unions, Aung Din was incarcerated from 1989 to 1993 for participating in the pro-democracy uprising in 1988. After traveling to the United States, he worked as executive director of the US Campaign for Burma between 2003 and 2012, and was also involved with the Free Burma Coalition for two years. In this interview with Kyaw Zwa Moe, editor of The Irrawaddy’s English edition, Aung Din discusses recent reforms in the country, the evolution of the United States’ foreign policy towards Burma, and the prospects of free and fair elections in the next decade.


How much has the foreign policy of the international community changed toward Burma since the new government took power?


Many years ago, the United States determined its policy on Burma would depend on the human rights situation in the country. But these days, the US takes three factors into consideration. Human rights is still an important factor, alongside economics and geopolitics. The US would like to have a government that is friendly towards it in Burma, while it is trying to counterbalance the rise of China in the Asia-Pacific region.

Considering these factors, they believe that their engagement policy is right. There may be unexpected difficulties and setbacks in pursuing this policy, but they will not reverse from it, they will only push ahead. At the same time, they are expecting a free and fair election in 2015. If the election were free and fair, the legislative landscape will be stronger in 2016. There will be larger democratic forces and ethnic forces in the parliament. Then the parliament will be stronger than it is in its current term—at least, I expect so. To make it happen, US administration is taking steps to support the 2015 election.

From Washington’s point of view, what kind of country is Burma?


I recently talked with a senior figure in the US administration. He said they regard our country as a normal one. We have a government, opposition, government supporters and supporters of the opposition. There are conflicts, and sometimes violence and crackdowns, but that these are however quite normal for many countries of the world. That there are protests happening daily in his country. That they no longer regard our country as a failed state where there is conflict between the oppressed and the dictators. That they regard our country as a normal state because things happening in our country are not unusual. That the Burmese government now understands that they can’t demonetize banknotes, use the army in dispersing demonstrations, and that the army can’t launch a coup, and if they do not break these rules, the international community has no reason to interfere in the country’s affairs.

At the same time, many student protesters have been arrested recently, with the government reacting in the same manner as it did 20 years ago.


The international community, including the US and UN, opposed this brutal crackdown. But, there is something we need to think about with regard to their choice of words. Their declarations only chose to use words like “regret” and “disappointment”. No statement uses the words “condemn” or “denounce”. In declarations, the choice of words expresses severity.

You mean that the international community has completely toned down its voice?


They have changed the way they think. They will engage constructively with the government. They will tell the government secretly that it is doing wrong, but they will not publicly condemn it.

What are the major achievements and the major failures of the reform process?


There has been the creation of institutional mechanisms. The government is responsible to the parliament, the judicial system is responsible to the president and the parliament. These institutions are not perfect, but they have a framework. This is a very good thing. The military regime in the past was responsible to nobody.
Political prisoners have been released and opposition forces including Daw Aung San Suu Kyi were able to join the political fold. There has been an emergence of civil society organizations. The government has admitted the need for internal peace and to fight poverty.

The bad things are there are opposing factions within the government and USDP, even as the top leaders wish for change. The president is not decisive. There are many bad guys in the cabinet. In fact, some of the cabinet members are tarnishing the president’s dignity and he can’t take decisive action against them. There are people who are corrupt or abuse their positions of power in the cabinet. Racial and religious tensions are very high and they may break out into riots.

Many have questioned that if the reform process has been stalled. Nepotism still thrives in these administrative mechanisms and the government fails to address it. Though the government admits that the country is in poverty, it has no economic policies to improve the lives of the poor.


In my view, reforms can’t be completed in three or four years. It takes a longer period. During that period, it may go forward, reverse and stall from time to time. All players must take responsibility. What can we do if we want to remove the influence of evil forces acting upon the president? If civil society organizations view him as an enemy, he would respond in kind. We are calling for national reconciliation. How much the two sides are willing to bury the hatchet is questionable.

The political atmosphere today is in accord with what was set out by the military regime. In many ways it seems things will not change at all and those in charge have always maintained the upper hand.


It is difficult to say that. They have divided themselves. In the past, the military was a single entity. Now it has divided between the military and the USDP. The USDP has been divided in government. Under the constitution, the president and ministers are not allowed to discharge party duties once they join the cabinet. Even if the influence of former Snr-Gen Than Shwe still prevails, it is not that big. Now I see some USDP members who would like to listen to the voices of the people. We need to mobilize more of them. This is something we need to think about. We need to be prepared to cooperate with anyone, should they be the active generals or former military members in the USDP, if they have a desire for the development of the country.

You are a former political prisoner. During your time in the US, you were very critical of the Burmese government. How do you assess the government now?


As I became an individual activist, I took a look at both sides—the government and the democratic forces. And I found that there are both good and bad people in the government. Previously, I thought it was full of bad guys and I was surprised to see that there are also good guys. And this is welcoming. Then I take a look at the democratic forces, which I had joined with in the past. In the past, all of them were good guys. Now, there are shades of grey in both sides.
Now is the time we need to rebuild the country. If we went on like this with these tensions, it would only delay the rebuilding of the country. We are obliged to make things better, building on the current situation. We can’t just be sitting, doing nothing but blaming. Now is the time we need to grasp any available opportunity out of current situation and make things better. We have got breathing space, which is beneficial to both sides.

Do you see any possibility of a true civilian government in the next five to ten years that will be elected through free and fair elections?


I think it is unlikely. We might need to wait 20 more years. I myself was a hardliner. I studied revolutions in Eastern Europe. In those cases, the dictators were toppled by public uprisings, then elected governments came into power. But, those elected governments are not competent and there are corrupt persons among them. The problems left by the former dictators grew larger and the expectations of people diminished. This was followed by economic decline. Finally, people overthrew the governments they had elected themselves and the country became unstable. Egypt is the closest example. I don’t want our country to end like that. I don’t think it is possible to scrap the entire system and build a new one. Even if the new system could be built, there is a high risk the system will return to dictatorship, like in the case of the Soviet Union.

The two sides must make compromises, coordinate and cooperate. There should not be a ‘winner takes all’ concept anymore.


အင်တာဗျူး “စနစ်ကြီးတခုလုံး ဖြိုလိုက်ပြီး အသစ်ဆောက်ဆိုတာ မဖြစ်နိုင်ဘူး” ဧရာဝတီ

အင်တာဗျူး
“စနစ်ကြီးတခုလုံး ဖြိုလိုက်ပြီး အသစ်ဆောက်ဆိုတာ မဖြစ်နိုင်ဘူး”

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၏ ဒု ဥက္ကဋ္ဌဟောင်း ကိုအောင်ဒင်သည် ၁၉၈၈ ခုနှစ် ဒီမို ကရေစီရေး လူထုအုံကြွမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ၁၉၈၉ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဖမ်းဆီးခံခဲ့ရသည်။ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိပြီးနောက် Free Burma Coalition တွင် ၂ နှစ်၊ US Campaign for Burma တွင် အမှုဆောင်ဒါရိုက်တာ အဖြစ် ၂၀၀၃ခုနှစ်မှ ၂၀၁၂ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုးနှင့် ယခု တွေ့ ဆုံမေးမြန်းမှုတွင် ကိုအောင်ဒင်ကလက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး၊ အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ ပေါ်လစီ အရွေ့ နှင့် အနာဂတ် ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတမှုရေးဆိုင်ရာ အမြင်များကို ပြောပြခဲ့ပါသည်။

မေး။     ။
အစိုးရသစ်တာဝန်ယူပြီးတဲ့ အချိန်ကစလို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နိုင်ငံခြား ရေးမူဝါဒက ဘယ်လောက်အထိပြောင်းသွားသလဲ၊
ဖြေ။       ။ ဟိုးအရင်နှစ်တွေတုန်းက အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို လူ့အခွင့် အရေး အခြေ အနေ တွေပေါ်မှာမူတည်ပြီး သတ်မှတ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ အချက် ၃ ချက်မှာ မူတည်ပြီး စဉ်းစားပါတယ်။
လူ့အခွင့်အရေးသည် အရေးကြီးတဲ့ အချက်အလက်တွေထဲမှာ ပါတုန်းပဲ။ ပြီးရင်တော့ စီးပွားရေးနဲ့ ပထ၀ီ နိုင်ငံရေး ပေါ့။ အာရှ ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အင်းအားကြီးထွားမှုကို ချိန်ညှိဖို့ ကြိုးစားနေတဲ့ အချိန်မှာ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာတောင် အမေရိကန်နဲ့ရင်နှီးတဲ့ အစိုးရတရပ်ရှိနေစေချင်တယ်။ ဒီအချက်သုံးချက်ကို စဉ်းစားတဲ့နေရာမှာ သူတို့ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒက မှန်တယ်လို့ သူတို့က ယုံကြည်တယ်။ သွားတဲ့လမ်းတလျှောက်မှာမမျှော်လင့်တဲ့ အခက်အခဲတွေ၊ ဆုတ်ယုတ်မှုတွေ ရှိကောင်းရှိမယ် ဒါပေမယ့် သူတို့ နောက် ဆုတ်ဖို့ မရှိဘူး။ ရှေ့ကိုပဲဆက်တိုးသွားမှာပဲ။
တချိန်ထဲမှာပဲ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက် ပွဲတခု ဖြစ်ဖို့ သူတို့က မျှော်လင့် နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲက တကယ်တမ်းသန့်ရှင်းမျှတမယ်ဆိုလို့ရှိရင် ၂၀၁၆ ရဲ့ လွှတ်တော်အခင်းအကျင်းက ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစု တွေ  လွှတ်တော်မှာ ပိုပြီးတော့ များလာလိမ့်မယ်။
အဲဒီအခါကျရင် လွှတ်တော်က လက်ရှိ လွှတ်တော်ထက်ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် အမေရိကန်အစိုးရက  ၂၀၁၅ ရွေးကောက်ပွဲ ကို အားပေးဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။

မေး။      ။
အမေရိကန် အစိုးရရဲ့ အမြင်မှာ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံမျိုးလဲ။
ဖြေ။       ။ ကျနော် ဒီမလာခင် အမေရိကန်အစိုးရ နိုင်ငံရေးအရာရှိတယောက်နဲ့ ကျနော် တွေ့တယ်။ တွေ့တဲ့အခါကျတော့ မင်းတို့နိုင်ငံကို ပုံမှန် နိုင်ငံ တခုလို့ သူတို့သဘောထားတယ်လို့  သူကပြောတယ်။ ကျနော်တို့မှာ အစိုးရရှိတယ်၊ အတိုက် အခံ ရှိတယ်၊ အစိုးရကို ထောက်ခံသူရှိတယ်၊ အတိုက်အခံကို ထောက်ခံသူရှိတယ်။ ပဋိပက္ခတွေလည်းရှိတယ်။ တခါတခါ မှာ အကြမ်းဖက်မှုတွေ၊ ဖြိုခွဲမှုတွေရှိတယ်။ ဒါပေမယ့် ဒါတွေက ကမ္ဘာ့နိုင်ငံ အများအပြားမှာ ဖြစ်ရိုး ဖြစ်စဉ်ပုံမှန်တွေပဲတဲ့။
သူတို့နိုင်ငံမှာဆိုရင်လည်း နေ့စဉ်နဲ့အမျှ ဆန္ဒပြမှုတွေဖြစ်နေကြတာပဲ။ မင်းတို့နိုင်ငံကို အရင်တုန်းက ငါတို့သတ်မှတ်ခဲ့သလို ဖိနှိပ်ခံပြည်သူများနဲ့ ဖိနှိပ်သူ အာဏာရှင်များအကြား နေ့တဓူဝ တိုက်ပွဲဖြစ်နေတဲ့ failed state မဟုတ်တော့ဘူး၊ ပုံမှန် နိုင်ငံတခုလို့ ငါတို့ သတ်မှတ်ထားတယ်တဲ့။ normal state လို့သတ်မှတ်ထားတာကလည်း နိုင်ငံတွင်းမှာဖြစ်နေတာ တွေက ပုံမှန်မဟုတ်တဲ့  ဖြစ်စဉ်တွေ မဟုတ်တော့လို့တဲ့။ ခုချိန်မှာ မြန်မာအစိုးရကလဲ သူတို့ ငွေစက္ကူတွေကို တရားဝင် ကြေညာ လို့ မရတော့ဘူးဘူး၊ ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့နေရာမှာ စစ်တပ်ကိုမသုံးရဘူး၊ စစ်တပ်က အာဏာသိမ်းလို့ မရတော့ဘူး ဆိုတာ ကိုနားလည်နေကြပြီ။ တကယ်လို့ သူတို့က ဒီအချက်တွေကို မချိုးဖောက်ဘူး ဆိုရင် နိုင်ငံတကာ ကလည်း မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေကို ၀င်ရောက်စွက်ဖက်ဖို့ အကြောင်းမရှိပါဘူး။

မေး။      ။
တချိန်ထဲမှာပဲ မကြာသေးခင်က ဆန္ဒပြကျောင်းသားတွေ အများကြီး အဖမ်းခံရတယ်။ အစိုးရရဲ့ တုန့်ပြန်မှုက အရင် နှစ် ၂၀ က လုပ်ခဲ့တဲ့ အတိုင်းပါပဲ။
ဖြေ။       ။ အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင် ကန့်ကွက်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ စဉ်းစားရမှာ တခုတော့ ရှိတယ်။ စကားလုံး အသုံးအနှုန်းပဲ။ သူတို့ ကြေညာ ချက် တွေမှာ အမေရိကန်အပါအ၀င် ကုလသမဂ္ဂ ကြေညာချက်တွေကို ဖတ်တဲ့အခါမှာ သူတို့သုံးတဲ့စကားလုံးက regret နဲ့ disappointment လိုမျိုးစာလုံးတွေပဲ ရွေးချယ်သုံးစွဲခဲ့တယ်။ condemn ဒါမှမဟုတ်  denounce လို စကားလုံးတွေ ပြင်းပြင်းထန်ထန် မသုံးကြတော့ဘူး။ ကြေညာချက်တွေမှာ စကားလုံးရွေးချယ်မှုက လေးနက်မှု အတိုင်းအတာကိုဖော်ပြနေပါတယ်။

မေး။      ။
နိုင်ငံတကာ အသိုင်းအ၀ိုင်းက လုံးဝလေသံလျှော့ချပစ်လိုက်တယ်လို့ ဆိုလိုတာလား။
ဖြေ။       ။ သူတို့ စဉ်းစားပုံစဉ်းစားနည်း ပြောင်းခဲ့တယ်။ သူတို့က အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ထိတွေဆက်ဆံမှု မျိုး လုပ်လိမ့်မယ်။ အမှားအယွင်းရှိရင် အစိုးရကို တိုးတိုးတိတ်တိတ် ပြောလိမ့်မယ်။ ဒါပေမယ့် လူသိရှင်ကြား ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချတာမျိုးတော့ လုပ်မှာမဟုတ်ဘူး။

မေး။      ။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အဓိက အောင်မြင်မှုနဲ့ ဆုံးရှုံးမှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။       ။ အုပ်ချုပ်ရေး ယန္တရားတွေမှာ institution ဖန်တီးမှုတွေရှိပါတယ်။ အစိုးရက လွှတ်တော်ကို တာဝန်ခံရတယ်။ တရားစီရင်ရေး စနစ်က လွှတ်တော်နဲ့ အစိုးရကို တာဝန်ခံရတယ်။ ဒီ institution တွေက မပြည့်စုံဘူး။ ဒါပေမယ့် မူ ဘောင်တခုဖြစ်လာတယ်။ ဒါက အင်မတန်ကောင်းတဲ့ အချက် ပေါ့။ အရင် စစ်အစိုးရတုန်းက ဘယ်သူ့ကိုမှ တာဝန်ခံ စရာ မလိုဘူး။
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက် အင်အားစုတွေ နိုင်ငံရေး နယ်ပယ်ထဲမှာ ၀င်ရောက်ပြီး လှုပ်ရှားခွင့်ရကြတာ ကောင်းတဲ့ အချက်ပေါ့၊  အရပ်ဖက်အဖွဲ့အစည်းတွေ ပေါ်ပေါက် လာတာလဲ ကောင်းတဲ့ အချက်ပါပဲ၊ နောက်တချက်က အစိုးရကိုယ်နှိုက်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ဆင်းရဲနွမ်းပါးမှု ကိစ္စကို ထုတ်ဖော် ၀န်ခံ လာရတာ။
ဆိုးတဲ့အချက်တွေကတော့ အပြောင်းအလဲကို ထိပ်ဆုံးက ပုဂ္ဂိုလ်တွေကသွားချင်တာ တောင်မှ မသွားဘဲနဲ့ ကန့်လန့် တိုက်နေတဲ့ အင်အားစုတွေက အစိုးရအဖွဲ့ထဲမှာ ရှိနေတယ်။ ကြံ့ခိုင်ရေးပါတီထဲ မှာရှိနေတယ်။ သမ္မတကလည်း မပြတ်သားဘူး၊ သူတို့ အစိုးရ ကိုယ်တိုင်ကိုယ်က အမဲစက်တွေ အများကြီးရှိတယ်၊ မကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။ တကယ်တမ်းကျတော့ သူရဲ့ ဂုဏ်သိက္ခာကို သူ့ရဲ့ အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်တချို့က ဖျက်ဆီးနေတာ၊ ဒီအပေါ်မှာ ပြတ်ပြတ်သားသား သူအရေးမယူနိုင်ဘူးဖြစ် နေတာ။
အဂတိလိုက်စားမှုနဲ့ပဲဖြစ်ဖြစ် အာဏာအလွဲသုံးစား လုပ်တာပဲ ဖြစ်ဖြစ် အဲ့ဒိကိစ္စတိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက သူတို့အဖွဲ့ထဲမှာ ရှိတယ်။ နောက်တခုကတော့ ဘာသာရေးမတူညီမှု ပဋိပက္ခ၊ ဘာသာရေးမတူညီမှု ပဋိပက္ခက တော်တော် ကြီးစိုးပါတယ်၊ အခုမဖြစ်သေးဘူး၊ ဖြစ်လာနိုင်တယ်၊ ဒါကြီးက ပြီးသွားတာမဟုတ်ဘူး၊ ဒါကြောင့်အဲ့လိုမျိုးမဖြစ် အောင်၊ ကာကွယ်တားဆီးနိုင်ဖို့လိုပါတယ်။

မေး။      ။ 
ဒီဘက်နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားပြီလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေများလာတယ်။ အုပ်ချုပ်ရေးယန္တယားထဲမှာ ဆွေမျိုးကောင်းစားရေးဝါဒ (nepotism) ရှိနေတုန်းပဲ။ အစိုးရကလည်း မဖြေရှင်း နိုင်ဘူး။ အစိုးရက ဆင်းရဲနွမ်းပါးမှုကို ၀န်ခံထားပေမယ့် လက်တွေ့မှာ အောက်ခြေလူတန်းစား တွေ ဘ၀မြှင့်တင်ရေး အတွက် ဘာမူဝါဒမှ မရှိဘူး။
ဖြေ။       ။ ကျနော်မြင်တာကတော့ Reform ဆိုတာ ဘယ်လောက် လုပ် လုပ်၊ ဘယ်လောက်ပဲ အရှိန်မြင့်မြင့် သုံးလေးနှစ် နဲ့မပြီးဘူး၊ အချိန်ကာလတခု၊ နှစ်တော်တော်များများ ဖြတ်သန်း သွားရ တယ်။ ဒီမှာ ရှေ့ကို ပုံမှန်ရွေ့တာရှိမယ်၊ နောက်ပြန် လှည့်တာရှိမယ်၊ မရွေ့ဘဲနဲ့ ရပ်ထားတာ ရှိကောင်းရှိမယ်၊ ကစားကွင်းထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်အားလုံးက တာဝန်ယူ ရ ပါမယ်။
ခုန သမ္မတက သူ့ဝန်းကျင်မှာ မကောင်းတဲ့ အင်အားစုတွေ ရှိနေသည် ထားဦးတော့ အဲ့ဒီအင်အားစုရဲ့ လွှမ်းမိုးမှု အောက်က လွတ်မြောက်ဖို့ဆိုရင် ကျနော်တို့ ဘာလုပ်ပေးချင်သလဲ။ ဒီဘက်က အရပ်ဘက်အဖွဲ့အစည်းများက သူ့ကို ရန်သူလို့ သဘောထားရင် သူကလည်း ဒီဘက်ကလူတွေကို ရန်သူလိုသဘောထားမှာပဲ။ အခု ကျနော်တို့ဖြစ်နေတာက အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ အော်နေကြတယ် ၊ တကယ်တမ်းလက်တွေ့မှာ သင့်မြတ်ချင်တဲ့စိတ်  ဘယ်လောက် ရှိသလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။

မေး။       ။
ဒါပေမယ့် အခု Political Atmosphere က သူတို့ အရင်စစ်အစိုးရ ချထားတဲ့ နိုင်ငံရေးလမ်းကြောင်း အတိုင်းပဲ သွားနေတယ်။ အဲဒါကို နည်းနည်းမှ ပြောင်းလဲမယ့် အနေအထားမရှိဘူး။ လုပ်ပိုင်ခွင့် ရှိတဲ့သူတွေက အားသာချက် အမြဲတမ်း ယူထားကြတယ်။
ဖြေ။       ။ အဲဒါကပြောဖို့ ခက်ပါတယ်။ သူတို့လည်း သူတို့ဟာသူတို့ ပြိုကွဲသွားတာပဲ၊ အရင်တုန်းက စစ်တပ်ဆိုတာ တစုတစည်းထဲ ရှိခဲ့တာ။ အခုကျတော့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီဆိုပြီး ကွဲသွားတယ်။ ကြံ့ခိုင်ရေးကနေ အစိုးရ ထပ်ဖြစ် သွားတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည်၊ ၀န်ကြီးများသည် အစိုးရအဖွဲ့ထဲ ရောက်သွားတဲ့ အချိန်ကစပြီး ပါတီတာဝန် မထမ်းဆောင်ရတော့ဘူး။
တကယ်လို့ ဗိုလ်ချုပ်သန်းရွှေရဲ့ သြဇာက ရှိတယ်ဆိုဦးတော့ အ ကြီးအမား မဟုတ်တော့ဘူး။ အခု ကြံ့ခိုင်ရေးပါတီထဲမှာ လူထုအသံ နားထောင်ချင်တဲ့ သူအချို့ ကျနော်တွေ့ရပါတယ်။  ကျနော်တို့က သူတို့ကို ပိုပြီးစည်းရုံးဖို့ လိုတာပေါ့ဗျာ။ အဲဒါတခုက ကျနော်တို့ စဉ်းစားစရာပေါ့။ နောက်တခုက လက်ရှိ တပ်ထဲက သော် လည်းကောင်း၊ ကြံ့ခိုင်ရေး ဖြစ်သွားတဲ့ ဗိုလ်ချုပ်ဟောင်းတွေသော် လည်းကောင်း၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်ကောင်း အောင် လုပ်ကြမယ်ဆိုရင် ကျနော်တို့ဘက်က ပူးပေါင်းဆောင်ရွက်မယ့် အနေအထား ရှိဖို့တော့ လိုတာပေါ့။

မေး။      ။
ကိုအောင်ဒင်က နိုင်ငံရေး အကျဉ်းသားဟောင်း တယောက် ဖြစ်ပါတယ်။ အမေရိကန်မှာ ရှိနေတုန်းကလဲ အစိုးရကို အများကြီး ဝေဖန်ခဲ့တယ်။ အခု အစိုးရကို ဘယ်လို အကဲဖြတ်ချင်ပါသလဲ။
ဖြေ။       ။ ကျနော် ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုဘူး။ ကျနော် တယောက်တည်း ဖြစ်တဲ့အခါကျတော့ ၂ ဘက် လုံးကို ကြည့်ပါတယ်။ အစိုးရဘက်ကိုလည်း ကြည့်တယ်၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုဘက်ကိုလည်း ကြည့်တယ်။ အစိုးရဘက်မှာလည်း ဆိုးတဲ့လူတွေ ရှိသလို ကောင်းတဲ့လူတွေလည်း ရှိတယ်။ အရင်တုန်းက ဒီအဖွဲ့အစည်းက အဆိုး ချည်းပဲလို့ မြင်ထားရာကနေ အဲ့ဒီအထဲမှာလည်း ကောင်းတဲ့လူတွေ ရှိပါလားလို့ မြင်လာတဲ့အခါမှာ အံ့သြစရာ ဖြစ်လာ တယ်။ နောက်ပြီးတော့ ဒါတွေက ကြိုဆိုစရာ ဖြစ်လာတယ်။ တချိန်က ကျနော်ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကို ကြည့်တဲ့အခါကျတော့လည်း အရင်ကတော့ လူကောင်းတွေချည်းပဲပေါ့။ ရှင်းရှင်းပြောရရင် ဟိုဘက်က အမဲ။ ဒီဘက်က အဖြူပေါ့။ ခုက နှစ်ဖက်စလုံးမှာ မီးခိုးရောင်တွေက ရှိလာပြီ။
ဒီချိန်က တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမယ့်အချိန်၊ ပြည်လည်တည်ဆောက်ရမယ့် အချိန်မှာ တင်းမာမှုတွေနဲ့ ဆက်သွားမယ်ဆိုရင် ပြန်လည်တည်ဆောက်ခြင်းက ဒီထက်ပိုပြီးတော့ နှေးကွေးလိမ့်မယ်၊ ရှိတဲ့အနေအထားကနေ ကျနော်တို့က ကောင်းအောင်ဆက်လုပ်ရမယ့် တာဝန်ရှိတယ်။ မကောင်းဘူးဆိုပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ဘေးထွက်ထိုင်နေလို့လည်း မရဘူး။ ရှိနေတဲ့ အနေအထားမှာ ရနိုင်တဲ့အခွင့်အရေးကို ယူပြီးတော့ ပိုကောင်းသထက် ကောင်းအောင် ဆက်လုပ်ရမယ့် အချိန်လို့ ကျနော်က မြင်ပါတယ်။ အခု ကျနော်တို့ဘက်မှာလည်း အသက်၀၀ရှုဖို့ အခွင့်အရေး ရှိလာတယ်။ အဲဒီတခုက နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။

မေး။       ။
တကယ့်ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ သမ္မတကနေ အုပ်ချုပ်တဲ့ အစိုးရတရပ်၊ အဲ့ဒါမျိုးကို နောက်ထပ် ငါးနှစ်၊ ဆယ်နှစ် မှာ တွေ့ရ မယ့် အလားအလာရှိပါသလား။
ဖြေ။       ။ ကျနော်ထင်တယ် မဖြစ်နိုင်သေးဘူးဗျ။ နောက်ထပ် နှစ် ၂၀ လောက်လည်း စောင့်ချင် စောင့်ရလိမ့်မယ်။ အရင်တုန်းက ကျနော်လည်း အင်မတန်ကို မာတယ်ပေါ့နော်။ Hardliner ပေါ့။  အရှေ့ဥရောပကတော်လှန်ရေး တွေ ကျနော် လေ့လာတယ်။ အဲဒီမှာ လူထုအုံကြွမှုနဲ့ အာဏာရှင်အစိုးရ တွေ ပြုတ်ကျသွားတယ်။ အာဏာရှင် အစိုးရကနေ လူထုရွေးကောက်တင်မြှောက်တဲ့ အစိုးရတွေ တက်လာတယ်။ ဒါပေမယ့် အဲ့ဒီ လူထုကိုယ်စားပြု အစိုးရက အရည်အချင်း မပြည့်စုံတာရယ်၊ နောက် သူတို့ထဲမှာလည်း အကျင့်ပျက်ခြစားမှုတွေ ရှိကြတယ်။ ရှေ့က အာဏာရှင် ချန်ထားရစ်ခဲ့တဲ့ ပြဿနာ အထုပ်ကြီးတွေက သိပ်ကြီးလာတယ်။ နောက် လူထုက မျှော်လင့်ချက် သိမ်ငယ်လာတယ်။ အဲဒါနှစ်ခု ပေါင်းဆုံ လာတဲ့ အခါကျတော့ စီးပွားပျက်လာတယ်။ နောက်ပိုင်း လူထုကိုယ်၌က သူတို့တင်ခဲ့တဲ့ အစိုးရကို ပြန်ဖြုတ်ချတယ်။ တိုင်း ပြည်က မတည်မငြိမ်ဖြစ်လာတယ်။ လတ်တလော အီဂျစ်က အနီးဆုံး နမူနာပဲ။

ကျနော့်တိုင်းပြည်ကို အဲဒီလို မဖြစ်စေချင်ဘူး။ လူတွေပါဝင်တဲ့၊ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကြီးတခုကို လုံးဝဖြိုလိုက်ပြီးတော့ အသစ်ဆောက် ဆိုတာ မဖြစ်နိုင် ဘူးလို့ ကျနော်ထင်တယ်။ ဖြစ်ရင်လည်း အန္တရာယ်ကြီးပြီးတော့ နောက်ဆုံး ဆိုဗီယက် ရုရှားမှာလို အာဏာရှင်စနစ်ပဲ ပြန်သွားမယ့်သဘော ရှိတယ်။ နှစ်ဖက် အပေးအယူ လုပ်ရမယ်၊ ညှိနှိုင်းရမယ်၊ ပူးပေါင်းဆောင်ရွက်ရမယ်။ တဖက်ကို ဘယ်လိုပြောရမလဲ အနိုင်ရသူ အ ကုန်ယူပေါ့၊ Winner Takes All ဆိုတာတော့ မရှိသင့်တော့ဘူး။




ခေတ်ရနံ့မဂ္ဂဇင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလထုတ်မှာပါတဲ့ အယ်ဒီတာအဖွဲ့မှ မေးမြန်းထားတဲ့ ဦးအောင်ဒင်ရဲ့အင်တာဗျူး၊ အပိုင်း (၃)

ခေတ်ရနံ့မဂ္ဂဇင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလထုတ်မှာပါတဲ့ အယ်ဒီတာအဖွဲ့မှ မေးမြန်းထားတဲ့ ဦးအောင်ဒင်ရဲ့အင်တာဗျူး၊ အပိုင်း (၃)

မေး ။ ။ အခု ကိုအောင်ဒင် ပြောပြသွားတာဆိုရင် ကျွန်တော်တို့က ဒီ ၂ဝ၁၅ ရွေးကောက်ပွဲလည်း အရေးကြီးတယ်။ ၂ဝ၁၅ ရွေး ကောက်ပွဲမှာ ရွေးချယ်တင်မြှောက်လိုက်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေကလည်း အတော်အရေးပါ တာကို တွေ့လိုက်ရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အတွေ့အကြုံ နည်းသေးတယ်ပေါ့နော်။ အဲဒီတော့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ယောက်ကို ရွေးချယ်တဲ့အခါမှာပေါ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ဘယ်လိုအချက်အလက်တွေမှာ The Criteria ပေါ့။ ဘယ်ပေါ်မှာမူတည်နေပြီး ရွေးချယ်သင့်သလဲပေါ့။ အဲဒါလေးလည်း အကြံပြုပါဦး။ ဘာလို့လဲဆိုတော့ ကိုအောင်ဒင်က အမေရိကန် ပြည်ထောင်စုမှာနေတာလည်း အတော်ကြာပြီး၊ အမေရိကန်လွှတ် တော်နဲ့လည်း တော်တော်နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ အခါကျတော့၊ လေ့လာဖူးတဲ့အခါကြတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ရွေးချယ်ပုံ၊ ရွေးချယ်နည်းက ဘယ်အချက်တွေပေါ်မှာ ဦးတည်ပြီးတော့ အဓိက စံထားပြီးတော့ ရွေးချယ်သင့်သလဲဆိုတာလေးလည်း ကျွန်တော် တို့နိုင်ငံရဲ့အနေအထားလေးပေါ်မှာ အခြေပြုပြီးတော့ ပြောပေးပါဦး။

အောင်ဒင်။ ။ ယေဘုယျအားဖြင့်တော့ ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းတွေမှာ မူကနှစ်ခုရှိမယ်။ တစ်ခုကျတော့ ပါတီက ချမှတ်ထားတဲ့မူ၊ ပါတီက ချမှတ်ထားတဲ့မူဆိုတာ တစ်နိုင်ငံ လုံးနဲ့ဆိုင်တယ်နော်။ ဒီပါတီအာဏရလို့ရှိရင် တိုင်းပြည်နဲ့ ပတ်သက် ပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဘယ်လို အပြောင်းလဲတွေလုပ်မယ်၊ ဘယ်လို ပြင် ဆင်မယ်၊ ဒါက ပါတီရဲ့မူပေါ့။ အဲဒီမူ တွေအားလုံးကို ပါတီကရွေးချယ်ထား တဲ့ကိုယ်စားလှယ်လောင်းက လက်ခံပြီး သားဖြစ်ရမယ်။ ဒါက တစ်အချက်ပေါ့ နော်။ နှစ်အချက်ကသူယှဉ်ပြိုင်မယ့် မဲ ဆန္ဒတွေရဲ့ လိုအပ်ချက်။ အဲဒါကျတော့ သူကိုယ်တိုင်ဆင်းပြီးတော့ လေ့လာသုံး သပ်ရမယ်၊ ကြည့်ရမယ်။ သူရောက်နေ တဲ့ သူကိုယ်စားပြုမယ့် ပြည်သူတွေက ဘာကိုလိုအပ်သလဲ။ ပြည်သူတွေရဲ့အသံ ကို နားထောင်ရမယ်။ သူကိုယ်စားပြု မယ့် မဲဆန္ဒတွေမှာ ဘာတွေလိုအပ်သလဲ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး ဘာတွေလိုအပ်သလဲ။ အဲဒါတွေ သူသိရှိနားလည်ဖို့လိုတယ်။ သူရဲ့တာဝန် က သူဟာရွေးကောက်ပွဲမဲဆွယ် စည်းရုံး တဲ့ကာလမှာ လူထုကို ပါတီရဲ့နိုင်ငံလုံး ဆိုင်ရာမူဝါဒတွေကို ကျေကျေညက် ညက် ရှင်းပြနိုင်ရမယ်။ အထူးသဖြင့်ပေါ့ ဗျာတို့ပါတီရဲ့ မူဝါဒသည်လိုချ မှတ်ထား တယ်။ ဒီမူဝါဒက ဘာလို့လက်ရှိ မူဝါဒ ထက်ကောင်းသလဲဆိုတာကို သူကိုယ် တိုင်ကသိရှိရမယ်။ အဲတော့ အဓိက ဘာဖြစ်မလဲဆိုတော့ လက်ရှိ စနစ်ကြီးရဲ့အားနည်းချက်ကို သိရမယ်။ အဲဒီအားနည်းချက်ကိုဘယ် လိုပြင်မလဲ။ ငါတို့ပါတီ အာဏာရလို့ရှိရင် ဘယ်လိုပြင်မလဲဆိုတဲ့ မူဝါဒအသစ်ကို နားလည်ရမယ်။ အဲဒီမူဝါဒအသစ်ကိုမဲဆန္ဒရှင်လူ အများ လက်ခံယုံကြည်အောင် စည်းရုံးနိုင်စွမ်းရှိရမယ်။


နောက်တစ် ချက်ကတော့ ဒီဒေသဆိုင်ရာ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကို သူဘယ်လိုဖြည့်ဆည်းမလဲ။ အဲဒီမှာလည်း ကတိတစ်ခုဆိုတာ အလွယ်တကူ မပေးသင့်ဘူး။ မဖြစ်နိုင်တာကို ကတိမပေးရဘူး။ တကယ်လည်း အာဏရလည်းရရော ကတိကို အကောင်အထည် မဖော်နိုင်ခဲ့တဲ့ နိုင်ငံရေးသမားတွေ အများကြီး အများကြီး ရှိပါ တယ်။ ဒါဟာ နိုင်ငံတကာမှာရှိတယ်။ ကျွန်တော်တို့ဆီမှာ လူထုက အဲဒါကိုစောင့်ကြည့်နေတယ်။ အဲတော့ ဖြစ်နိုင်လို့ရှိရင် ရိုးရိုး သားသားပေါ့ဗျာ။ ကတိကိုပေးနိုင် သလောက်ပေး၊ မပေးနိုင် တာ မပေးနဲ့။ လူထုက ဒါကိုကြည့်မယ်။ လူထုက(၁)အချက် ပါတီ နောက်ခံကိုကြည့်မယ်၊ နောက်ပါတီက ချမှတ်ထား တဲ့ ပေါ်လစီက ဘာလဲ။ ဒီပါတီအာဏာရလို့ရှိရင် တိုင်းပြည်ကိုသူတို့ဘယ်လို ပြောင်းမလဲ။ အဲဒါကို လူထုက ဘယ် လောက်ယုံကြည်မလဲပေါ့၊ အဲဒါကိုကြည့်မယ်။ ဒုတိယအချက်က ပုဂ္ဂိုလ်ရေးဆိုင် ရာ။ နောက် တစ်ချက်ကတော့ဗျာ အရေးကြီးတာ ကိုယ်ကျင့်တရားပဲ။ ကိုယ်စား လှယ်လောင်းသည်ကိုယ်ကျင့်တရားဖြူစင်သူ၊ ဖြောင့်မတ်သူလည်း ဖြစ်ရမယ်။ ကျွန်တော်က ဘုရားတကာ၊ ကျောင်းတကာဖြစ်ရမယ်လို့ ပြောတာမ ဟုတ်ပါဘူး။ သူ့ရဲ့ငါးပါးသီလလုံခြုံတာကို ဆိုလိုတာ မဟုတ်ဘူး။ ဒါပေမဲ့ ရိုးရိုးသား သားဖြူဖြူစင်စင်နဲ့ ရပ်ရေးရွာရေးကို အများအကျိုးကို သယ်ပိုးထမ်းရွက်နိုင်တဲ့ သူ အဲဒီလိုဖြစ်ရမယ်။ နောက်တစ်ခါ တစ်စုံတစ်ရာ ကျောထောက်နောက်ခံနဲ့ ဝင်ပြိုင်နိုင်တဲ့လူဆိုလည်း၊ တစ်စုံတစ်ရာ ကျောထောက်နောက်ခံဆိုတာအင်မတန် ပိုက်ဆံချမ်းသာတဲ့ ခရိုနီသူဌေးကြီးလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ရဲ့ မိသားစုဝင် တစ် ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ ပြည်သူ့ စစ်လို့ခေါ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့အကြီးအကဲလည်း ဖြစ်မယ် . . . စသည်စသည်ဖြင့်ပေါ့၊ ကြီးမားသော သြဇာရှိ လက်ရှိ အာဏာရှိ ပုဂ္ဂိုလ်များရဲ့ အမျိုးအနွယ်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီ လိုမျိုးကျောထောက်နောက်ခံအားကောင်း တဲ့သူ၊ တစ်စုံတစ်ရာနဲ့ ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားတဲ့ ပုဂ္ဂိုလ်များကို ပြည်သူလူထုက ပြတ်ပြတ်သားသား ငြင်းပယ်သင့်ပါ တယ်။ အဲဒီတော့အဓိကကိုယ် စားလှယ် လောင်းရဲ့ကျင့်ဝတ်သိက္ခာရှိဖို့လိုတယ်။ ကိုယ်စားလှယ်လောင်းရပ် တည်တဲ့ပါတီရဲ့ မူဝါဒတွေကို လေ့လာကြည့်ဖို့လိုတယ်။ ကိုယ်စား လှယ်လောင်းက ဒီဒေသဆိုင်ရာအကျိုးစီးပွားရေးကို ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိတစ်ခုကို သေချာနားလည်ဖို့လို တယ်။ ဒါတွေကို ကြည့်ပြီးတော့ပဲ မဲပေးရွေးချယ်ဖို့လိုတယ်။


မေး ။ ။ ကိုအောင်ဒင်အနေနဲ့တော့ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း အကောင်းဘက်က ဘာပဲဖြစ်ဖြစ် အကောင်းမြင်တဲ့သဘော တွေ့ရပါတယ်။ ကျွန်တော်တို့ အထူး သဖြင့် ပြုပြင်ပြောင်းလဲရေးကိုလုပ်မယ်လို့ ပြည်သူတွေက အားကိုး တဲ့ ဒီမိုကရက်တစ် အင်အားစုတွေပေါ့။ အထူးသဖြင့် (NLD) ပေါ့။ သူတို့ရဲ့ လက်ရှိအနေအထား၊ နောက်တစ်ခု ဘာတွေဆောင် ရွက်သင့်တယ်လို့များ ထင်ပါသလဲ။

အောင်ဒင်။ ။ အဲဒါတော့ဗျာ။ ကျွန်တော် ပါတီတစ်ခုချင်းကို သီးခြား ကျွန်တော် မပြောချင်တော့ပါဘူး။ ကျွန်တော်မှာ ပြောဖို့လည်း အခွင့်မရှိပါဘူး။ သက်ဆိုင်ရာ ပါတီများက ရွေးကောက်ပွဲမှာ အနိုင် ရချင်တယ်ဆိုရင် သူတို့ဘာလုပ်ရမယ်ဆိုတာကို သူတို့ဘာသာ သူတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ သူတို့ဟာသူတို့ ဒီပါတီရဲ့ ရွေး ကောက်ပွဲဆိုင်ရာ မဟာဗျူဟာနည်းဗျူဟာတွေလည်း ချမှတ် ထား ပြီးသား ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အပြင်ကနေပြီးတော့ ဒီပါတီက ဒီလိုမျိုးလုပ်သင့်တယ်ပြောလည်း သိပ်ပြီးတော့ အဓိပ္ပာယ်မရှိပါဘူး။ သူတို့လည်း လက်ခံချင်မှ လက်ခံလိမ့်မယ်။ အဲဒီတော့ ရိုးရိုးလေးပဲ တွေးကြည့်ရအောင်ပါ။ နိုင်ငံတစ်ဝန်းမှာ လူထုကို ယုံကြည်စိတ်ချမှုရှိအောင် စည်းရုံးနိုင်တဲ့ ပါတီက ကိုယ်စား လှယ်လောင်း တော်တော်များများက ရွေးကောက်ပွဲမှာ အနိုင်ရ မှာပေါ့။ သူတို့ရွေးချယ်တင်မြှောက်မယ့် ကိုယ်စားလှယ်လောင်း များ ကိုယ်၌က အခုနပြောတဲ့ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံ တဲ့ပုဂ္ဂိုလ် တွေ ဖြစ်ရမယ်။ ဒါဟာ သူတို့ကိုယ်၌ ကြိုတင်ပြီးတော့ သေချာ စစ်ဆေးဖို့လိုမယ်။ ဒါဟာ တစ်အချက်။ နှစ်အချက်က သက်ဆိုင် ရာပါတီက ချမှတ်ထားတဲ့ ပေါ်လစီတွေကို ဒီကိုယ်စားလှယ် လောင်းတွေက သေချာနားလည်အောင် ရှင်းပြကြပါလိမ့်မယ်။ တတိယအချက်ကကျတော့ သက်ဆိုင်ရာ ကိုယ်စားလှယ် လောင်း လိုအပ်တဲ့ ငွေရေး၊ ကြေးရေး အပါအဝင် အခြားသော အခက်အခဲ တွေကို ပါတီကနေပြီးတော့ တာဝန်ယူ ဖြေရှင်းပေးနိုင်ဖို့လည်း လိုတယ်။ အဲဒီလိုမှ ဒီကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲမှာ စိတ်ချ လက်ချ သူဝင်ပြိုင်လို့ရမှာပါ။


မေး ။ ။ ဟုတ်ကဲ့။ နောက်တစ်ခုကတော့ မြန်မာ့နိုင်ငံရေးမှာ အပွင့်တွေ တော်တော်ခေတ်စားနေတယ်။ လေးပွင့်ဆိုင်၊ ခြောက်ပွင့် ဆိုင် စသဖြင့်ပေါ့။ လောလောဆယ်လည်း ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ဒီရက်ပိုင်းမှာ ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ သတင်းတွေကလည်း ခပ်စိပ်စိပ် လေး ကြားလာရပါတယ်။ အဲဒီလို ဆွေးနွေးပွဲတွေရဲ့ အကျိုးသက် ရောက်မှုကိုလည်း ဘယ်လို သဘောထားရှိပါလဲ။

အောင်ဒင်။ ။ ဒိုင်ယာလော့ခ်လို့ပဲ ပြောမယ်နော်။ ဒိုင်ယာလော့ခ်ဆိုတာ ကတော့ ပြဿနာတွေဖြစ်လို့ရှိရင် ဒိုင်ယာလော့ခ်နဲ့ပဲ ဖြေရှင်းကြ မယ်။ အလွယ်တကူပြောလေ့ရှိကြတယ်။ အထူးသဖြင့် Non-Violence အကြမ်းမဖက်လှုပ်ရှားမှုရဲ့ အဓိက ကြွေးကြော်သံဟာ ပြဿနာအားလုံးကို အကြမ်းမဖက်ဘဲ စားပွဲဝိုင်းပေါ်မှာ ဒိုင်ယာ လော့ခ်နည်းနဲ့ ဖြေရှင်းကြတယ်ပေါ့။ ဒါ သိပ်ကောင်းတာပဲ။ ဒိုင်ယာ လော့ခ်ကို ရွေးချယ်ထားတယ်ဆိုလိုရှိရင် သေချာတာကတော့ အရေးကြီးဆုံးက ဒိုင်ယာလော့ခ်မှာ ဆွေးနွေးပွဲမှာပါမယ့် ပုဂ္ဂိုလ် အားလုံးဟာ ဘယ်လောက်ထိညှိနှိုင်းနိုင်မလဲဆိုတာကို ကြိုတင် ပြင်ဆင်ထားဖို့လိုတယ်။ အဲလိုမဟုတ်ဘဲနဲ့ ဒိုင်ယာလော့ခ်ကို သွား မယ်ဆိုရင် ဆွေးနွေးပွဲကိုတော့ ရောက်လာပါရဲ့၊ သို့သော်လည်း တစ်ဖက်နဲ့တစ်ဖက်မှာ ညှိနှိုင်းဖို့၊ ဆွေးနွေးဖို့ ဖြေလျှော့မှု မရှိဘဲနဲ့ နှစ်ဖက်စလုံးက ကိုယ်လိုချင်တာကိုပဲ ရရမယ်ဆိုပြီး တင်းခံထားရင် အဲဒိုင်ယာလော့ခ်က ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ အခုလည်း လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်စသဖြင့်ပေါ့ဒိုင်ယာလော့ခ် တွေပြောတယ်။ ကျွန်တော်ကတော့ ဖြစ်လာရင်တောင် အောင်မြင်ပါ့မလား။ ခြောက်ပွင့်ဆိုင်လည်းဖြစ်နိုင်တာပဲ၊ သို့သော်လည်း အဲဒီလို ခြောက်ပွင့်ဆိုင်ဖြစ်လို့ ရလဒ်ထွက်လာမလားဆိုတာ သိပ်မ သေချာဘူး။ မျှော်လင့်လို့မရဘူး။

ဥပမာတစ်ခု ပြောမယ်ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒိုင်ယာလော့ခ် တောင်း တယ်။ တစ်ဖက်မှာ ဒီ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေ လုပ်တယ်။ လူထုဆွေးနွေးပွဲတွေလုပ်တယ်။ အဲဒီမှာ မိန့်ခွန်း တွေပြောတယ်။ အဲဒီမှာအဓိကပြောတာကတော့တပ်မတော် စစ်တန်းလျားကို ပြန်သွားရေးပါပဲ။ ဆိုတော့ ဒိုင်ယာလော့ခ် ပြောထားပေမယ့် ဒိုင်ယာလော့ခ်မှာ သူရဲ့ရပ်တည်ချက်ကဘာဆိုတာကို ဟိုဘက်က မြင်နေရတယ်။ နောက် ဒိုင်ယာလော့ခ် ကို လက်ခံလိုက်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ပြောမှာက 'တပ်မတော်ကို စစ်တန်းလျားပြန်သွား၊ လွှတ်တော်ထဲကထွက်၊ ဒါကိုပဲ ပြောမယ်' လို့ ဟိုဘက်က၊ တပ်မတော်ဘက်က နားလည်ပြီးသား ဖြစ်နေတယ်။ သူတို့က စစ်တန်းလျားကိုပြန်သွားဖို့ အဆင်သင့်မရှိ ဘူးလေ။ သူတို့ကိုယ်တိုင်က လိုအပ်ချက်အရ နိုင်ငံရေးမှာ သူတို့ ဆက်လက်ပါဝင်ဖို့လိုတယ်လို့ သူတို့ယုံကြည်ထားတာပေါ့။ အဲလို အချိန်မှာ ဒိုင်ယာလော့ခ်တော့တောင်းပါမယ်။ ဒိုင်ယာလော့ခ် တောင်းနေတဲ့သူရဲ့ရည်ရွယ်ချက်ကစစ်တပ်ကိုစစ်တန်းလျားပြန်သွား ရေးဆိုလို့ရှိရင်၊ စစ်တပ်ဘက်ကရိုးရိုးလေးပဲစဉ်းစားမယ်။ ဘာလို့ တွေ့မှာတုံး၊ တွေ့ လည်းဘာမှထူးခြားတဲ့ညှိနှိုင်းမှုမရှိဘူးလေ။ အဲဒီ တော့ ဒိုင်ယာ လော့ခ်ဆိုတာပထမတော့ငြင်းမယ်ပေါ့။ မငြင်းပဲတွေ့ တော့လည်း အောင်မြင်မှုဆိုတဲ့ ရလဒ်ကို ကျွန်တော်တို့မြင်ရမှာ မဟုတ်ပါဘူး။ ဒိုင်ယာလော့ခ်ဆိုတာ တကယ်ရိုးရိုးလေး။ ဒီအကြမ်း မဖက်လှုပ်ရှားမှု အားလုံးအတွက် အဖြေရှာရမယ့်နည်းလမ်းလည်း ဖြစ်တယ်။ သို့သော်လည်း ဒိုင်ယာ လော့ခ် နည်းနဲ့ အဖြေရှာမယ် ဆိုလို့ရှိရင် ရသင့်သလောက် ရတာကို လက်ခံပြီးတော့ ပေးသင့် သလောက်လည်းပြန်ပေးရမယ်ဆိုတာကို နားလည်ဖို့ လိုအပ်တယ်။


မေး ။ ။ ဟုတ်ကဲ့ မေးတာလည်း တော်တော်များသွားပါပြီ။ ကိုအောင်ဒင်ပြောတဲ့ အထဲမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ ပါလာတာ တွေ့ရပါတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့နိုင်ငံ ရှေ့ဆက် သွားမယ့်အပိုင်းမှာ တပ်ရဲ့အခန်းကဏ္ဍ၊ တပ်ရဲ့အရေးပါပုံတွေကို ကျွန်တော်တို့ ဘယ်လို သဘောထားသင့်သလဲပေါ့။ စစ်တပ်နဲ့ ပတ်သက်တဲ့ သဘောထားလေး ပြောပေးပါဦး။

အောင်ဒင်။ ။ စစ်တပ်နဲ့ ပတ်သက်လို့ ကဗျာ၊ ဒီ အခုလောလောဆယ်မှာ စစ်တပ်က တိုင်းပြည်ရဲ့အုပ်ချုပ်မှုအာဏာရော၊ ဥပဒေပြု အာဏာရော အားလုံးမှာ သူက လွှမ်းမိုးထားတယ်။ အရေးကြီးတဲ့ ကဏ္ဍ လွှမ်းမိုးထားတယ်ဆိုတော့ အရေးကြီးတဲ့နေရာက ပါနေတာပေါ့။ လွှတ်တော်မှာ ဆိုလို့ရှိရင်လည်း ၂၅ ရာခိုင်နှုန်းသော တပ်မတော် သားကိုယ်စားလှယ်တွေရဲ့ထောက်ခံချက်မပါဘူးဆိုလို့ရှိရင်ဖွဲ့စည်းပုံ ဥပဒေကိုပြင်ဆင်နိုင်စရာအကြောင်း မရှိဘူးပေါ့။ စစ်တပ်သည် မြန်မာနိုင်ငံကို အခုချိန်မှာဆက်လက်လွှမ်းမိုးထားဆဲပဲ။ ကျွန်တော် ထင်တယ် နောက်ကာလတစ်ခုလည်း ဆက်လက်လွှမ်းမိုးနေဦးမှာပဲ။ စစ်တပ်သည်အလွယ်တကူနဲ့ နိုင်ငံရေးထဲက ထွက်မှာမဟုတ် ဘူး။

အဲဒီမှာဘာပြန်တွေ့လဲဆိုတော့ဗျာ၊ ကျွန်တော်တို့ ၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစပြီးတော့ အခုထိပေါ့၊ ဖြစ်တဲ့ ပြဿနာက တကယ်တော့ အရပ်သားနိုင်ငံရေးသမားများနဲ့စစ်တပ် ကြားမှာ အပြန်အလှန် မယုံကြည်မှုပဲ။ အပြန်အလှန်မယုံကြည်မှု၊ မယုံကြည်မှုကြီးလာတဲ့အခါ မှာတော့ အရပ်သားနိုင်ငံရေးသမား တွေအာဏာရတဲ့အချိန်မှာလည်း စစ်တပ်ကိုတစ်စုံတစ်ရာ နှိမ့်ချ ခဲ့တာ၊ အသုံးချခဲ့တာလည်း ရှိပါတယ်။ အခု စစ်တပ်က အာဏာ ရတဲ့အချိန်မှာ သူတို့က အရပ်သားနိုင်ငံရေးသမားကို မယုံ ဘူး။ မယုံတဲ့အခါမှာ အရပ်သားနိုင်ငံရေးသမားကို ပြန်ပြီးတော့ ချိုးနှိမ် ထားတာရှိတယ်။ အဲတော့စစ်တပ်က ဘယ်အချိန်မှာ နိုင်ငံရေး နယ်ပယ်ကထွက်မလဲဆိုတော့ စစ်တပ်နဲ့အရပ်သားနိုင်ငံရေးသမား တွေ အပြန်အလှန် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန် အလှန်ယုံကြည်မှု ရှိကြတဲ့အချိန် အဲဒီတော့မှပဲ စစ်တပ်က နိုင်ငံရေး နယ်ပယ်ကနေ ထွက်သွားမယ်လို့ ထင်ပါတယ်။ အခု ဖြစ် ရမှာက အရပ်သားနိုင်ငံရေးသမားဘက်က စစ်တပ်နဲ့ပိုပြီးတော့ နားလည် မှုတွေရှိအောင် ယုံကြည်မှုတွေတည်ဆောက်ဖို့ ကြိုးစား သင့်သလိုပဲ စစ်တပ်ကိုယ်၌ကလည်း အရပ်သား နိုင်ငံရေးသမား တွေပေါ်မှာ သည်းခံမှုအတိုင်းအတာ ကြီးကြီးမားမားနဲ့ပူးပေါင်း ဆောင်ရွက် သင့်တယ်၊ နောက်တစ်ခါအပြန်အလှန်နားလည်မှုတွေတည်ဆောက် သင့်တယ်။ ပထမဆုံးပြောလို့ လုပ်လို့ရတာက အခုလွှတ် တော်ထဲ မှာရှိနေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကို ကျွန်တော်က သူတို့ကို လောလောဆယ်မှာ ထွက်သွားလို့ ကျွန်တော်မပြောဘူး။ သို့သော် သူတို့ကိုအမြဲတမ်း ခန့်ထားစေချင်တယ်။ အခုဆို ကာကွယ်ရေး ဦးစီးချုပ်ဘက်က တပ်မတော်ကိုယ်စားလှယ်တွေကို အမြဲတမ်း ပြောင်းလဲမယ့်အစား သက်တမ်း ၅ နှစ်၊ သက်တမ်း တစ်ခုမှာ ဒီကိုယ်စားလှယ်တွေ၊ သူတို့ ကိုယ်တိုင်ခန့်အပ်ထားတဲ့ ကိုယ်စား လှယ်တွေ ၅နှစ် သက်တမ်းအပြည့်ခန့်အပ်ထားစေချင် တယ်။ အဲဒီ ၅နှစ်အတွင်းမှာ ဒီတပ်မတော် ကိုယ်စားလှယ်တွေကို အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ပြီးတော့ အလုပ်အတူတူလုပ်စေချင်တယ်။ အဲဒါမှသာ လျှင်အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးတိုးတက်လာနိုင်တယ်။ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်၌က သူလည်းတကယ်ကျတော့ဗျာ ပါတီခေါင်းဆောင်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့လွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းရဲ့အကြီးအကဲဆိုတော့ သူကလည်း အဲဒီမှာ နိုင်ငံရေးပါတီခေါင်းဆောင်တစ်ယောက်ဖြစ်သွားတယ်။ သူ့ကိုယ်၌ကလည်း လွှတ်တော်ထဲမှာရှိနေတဲ့ ဒီအရပ်ဘက် နိုင်ငံရေးပါတီများရဲ့ ခေါင်းဆောင်များနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ လုပ်သင့်တာပေါ့။ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်အချင်းချင်း တွေ့ဆုံ ကြ၊ ညှိနှိုင်းကြပူးပေါင်းဆောင်ရွက်ကြနဲ့ ပါတီခေါင်းဆောင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမယ်၊ ညှိနှိုင်းကြမယ်ဆိုလို့ရှိရင် ဘာပဲပြောပြော အရပ်ဘက်စစ်ဘက်ဆိုင်ရာဆင်ဆံရေး ပိုပြီးတော့ တိုးတက်လာတဲ့ လက္ခဏာတွေ့ရမှာပေါ့။ တဖြည်းဖြည်းနဲ့ အဲလို ဆက်ဆံကြမယ်ဆိုလို့ရှိရင် အပြန်အလှန်မယုံကြည်မှုတွေလျှော့ နည်းပြီး တော့ အပြန်အလှန် ယုံကြည်မှုတွေ ပိုတိုးလာမယ့်အနေ အထားရှိတာပေါ့။ ယုံကြည် အောင်လုပ်ကြမယ်ဆိုရင် နှစ်ဖက် စလုံးမှာတာဝန်ရှိတယ်။ အထူး သဖြင့်တော့ စစ်တပ်ဘက်မှာ ပိုပြီး တော့ တာဝန်ရှိတယ်။ စစ်တပ်ကပိုပြီးတော့ ပွင့်လင်းရမယ်၊ စစ်တပ် က ပိုပြီးတော့ တံခါးဖွင့်ပေးရမယ်၊ စစ်တပ်က ပိုပြီးတော့ ဒီအရပ်ဘက်နိုင်ငံရေးသမားဆီကို ရောက်အောင်သွားရမယ်။ ဘာလို့လဲဆိုတော့ လောလောဆယ်မှာ သူကအာဏာကို အဓိကချုပ်ကိုင်ထားတဲ့ အဓိကယန္တရားဖြစ်နေလို့ပါပဲ။


အယ်ဒီတာအဖွဲ့