BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Testimonies. Show all posts
Showing posts with label Testimonies. Show all posts

Monday, April 13, 2015

အနုပညာ သင်ခန်းစာတွေ ရနိုင်တဲ့ `နွေတညမှ အစပြု၍´ ငြိမ်းဝေ (ကဗျာ့အိုးဝေ)

အနုပညာ
သင်ခန်းစာတွေ ရနိုင်တဲ့ `နွေတညမှ အစပြု၍´

(က)

၁၉၈၈ ခု၊ ဇူလိုင်လ ၂၈ ရက်၊ ၀ါဆိုလပြည့်နေ့။
နေ့လယ် သုံးနာရီလောက်မှာ ရွှေတိဂုံ စေတီတော်ကြီးရဲ့ အရှေ့ဘက် စောင်းတန်းများမှ တဆင့် လူတချို့ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဘုရား ရင်ပြင်တော်ပေါ် တက်လာကြ ပါတယ်။ သူတို့ တတွေဟာ မည်သူမျှ ဘုရားပေါ်တက်လို့ မရအောင် ပိတ်ဆို့ စောင့်ကြပ်နေ ကြတဲ့ လုံခြုံရေးတပ်တွေရဲ့ ရှေ့က အေးအေးဆေးဆေး ဖြတ်ကျော်လာပြီးမှ ရင်ပြင်တော်ပေါ် ရောက်လာကြ တာပါ။
ဒီလူအုပ်ဟာ စောင်းတန်း တချို့ထဲက ဘုရားဖူးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမောင်းထုတ်ပြီး ပါလာတဲ့ ဖဲထုပ်တွေ ချကာ ဖဲရိုက်တဲ့သူက ရိုက်ပါတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးမလား ဆိုပြီး ဘုရားဖူးတွေကို ပြောင်ပြောင် တင်းတင်း လိုက်မေးပါတယ်။ ပါလာတဲ့ အရက်ပုလင်းတွေ ဖန်ခွက်တွေ ချပြီး အရက်ဝိုင်း ဖွဲ့ကြပါ တယ်။ ပြီးတော့ ရင်ပြင်တော်ပေါ်က အလှူခံပုံး ဟူသမျှကို ရိုက်ခွဲပြီး အလှူငွေပိုက်ဆံတွေကို ယူလိုက်ကြပါတယ်။
ဒီလူတွေဟာ စုတ်ပြတ်နေတဲ့ အ၀တ်အစားတွေ ၀တ်စားထားကြပြီး အရက်နံ့ တထောင်းထောင်းနဲ့  မူးယစ်သေစာများ သောက်စားထားကြသူတွေ ဖြစ်ပါတယ်။ အပေါစားမိတ်ကပ်နဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ မိန်းမတွေလည်း ပါလာပါတယ်။
အဲသလို မူးယစ်ရမ်းကားနေသူတွေ ရင်ပြင်တော်ပေါ် တက်လာတဲ့အချိန်က သမ္မတသက်တမ်း နှစ်ရက်တည်းသာ ရှိသေးတဲ့၊ သားသတ်သမားလို့ နာမည်ကြီးနေတဲ့ သမ္မတသစ် ဦးစိန်လွင်ကို ဆန့်ကျင်တဲ့ အနေနဲ့၊ ဘုရားရင်ပြင်တော် ပေါ်မှာပဲ တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျောင်းသားထုရဲ့ ဆန္ဒပြဟောပြောပွဲ ကျင်းပနေချိန် ဖြစ်ပါတယ်။ ရင်ပြင်တော်ပေါ် ရုတ်တရက် ရောက်လာတဲ့ အဲဒီ လူဆိုးလူရမ်းကား အမူးသမားများရဲ့ နှောက်ယှက်မှုကြောင့် ကျောင်းသားတွေရဲ့ ဟောပြောမှုကို နားထောင်နေကြတဲ့ ပရိသတ်အဖို့ ဆက်လက်နားထောင်ဖို့ ခက်ခဲလာခဲ့ရပါတယ်။ ကျောင်းသားတွေက ဒီလိုမလုပ်ဖို့ လိုက်လံပြောဆိုတဲ့အခါ ကျောင်းသား များကို ရန်လုပ်ဆဲဆိုကြပါတယ်။
ကျောင်းသားတွေဟာ ချက်ချင်းဆိုသလိုပဲ သဘောပေါက်နားလည်လာရပြီး လူရမ်းကား လူဆိုးလူမိုက်များနဲ့ အချင်းမပွားတော့ဘဲ ဟောပြောပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဘုရားစောင်းတန်းတွေပေါ်က နည်းပေါင်းစုံနဲ့ ပြန်ဆင်းကြရပါတယ်။ လေးဘက်လေးတန် ပိတ်ဆို့စောင့်ကြပ်နေကြတဲ့ လုံခြုံရေးတပ်တွေ မသိအောင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်များထဲကတဆင့် ပုန်းလျှိုးဝင်ရောက် ထွက်ပြေးကြရပါတော့တယ်။
အဲဒီနေ့ညမှာပဲ ရွှေတိဂုံစေတီတော်ပေါ်က အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို အစိုးရပိုင် ရေဒီယိုက ထုတ်ပြန်ကြေညာ အသံလွှင့်ပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဖူးပြည်သူတွေကို အနှောက် အယှက်ပေးပြီး ဘုရားပိုင် အလှူခံရငွေတွေကို လုယက်တဲ့ ကျောင်းသားဆိုးများကို ဂေါပကအဖွဲ့ရဲ့ တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့များက ရင်ပြင်တော်ပေါ်တက်ပြီး ရှင်းလင်းခဲ့ရကြောင်း အသံလွှင့်ချက်ကို တတိုင်းပြည်လုံးက ကြားကြရ ပါတော့တယ်။

(ခ)

အထက်ပါ (က) အပိုဒ်မှာ ပါရှိတဲ့ အကြောင်းအရာတွေကတော့ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ထဲက စာပိုဒ်တချို့ကို ကျနော်နားလည်ထားသလို အကျဉ်းချုပ်ပြီး ပြန်ရေးပြလိုက်တာပါ(စာ- ၁၃၄ )။
စာရေးသူ (ကို) အောင်ဒင်ဟာ အဲဒီ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က လူဆိုးလူမိုက်များနဲ့ အချင်းမများ ရလေအောင် ဟောပြောပွဲကို ရပ်ဆိုင်းပြီး ဘုရားရင်ပြင်တော် ပေါ်က လျှို့ဝှက်စွာ ထွက်ပြေးခဲ့ရတဲ့ ကျောင်းသားများ ထဲက အသက် ၂၀ ကျော် စက်မှုတက္ကသိုလ် ကျောင်းသား ခေါင်းဆောင် တဦးပဲ ဖြစ်ခဲ့ပါတယ်။ သူဟာ နောင်အခါ ‘ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ့်တပ်ဦး’ ရဲ့ ခေါင်းဆောင်တဦး ဖြစ်လာပါတယ်။

အထက်ပါ အကြောင်းအရာတွေကို ‘အောင်ဒင်’က သူ့ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ ထည့်ရေးခဲ့တာပါ။ ‘နွေတညမှ အစပြု’ ၍ စာအုပ်ဟာ စာရေးသူ အောင်ဒင် ဖြတ်သန်းကျင်လည် ပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု များကို ပြန်လည်စုစည်း ဖေါ်ပြထားတဲ့ စာအုပ်ပါပဲ။  တနည်းအားဖြင့် ပြောရရင် မြန်မာပြည်ရဲ့ ရာဇ၀င်သမိုင်းမှာ ပြင်သစ်ပြည်က ၁၈၇၁ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးကြီးလို အင်မတန် ကြီးမားမြင့်မားလှတဲ့ လူထုအုံကြွမှုကြီး ဖြစ်တဲ့ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီး နောက်ပိုင်း ၁၉၈၉ ခု နှစ်လည်ပိုင်းအထိ အချိန် ကာလအတွင်း သူ့ရဲ့ (စက်မှုတက္ကသိုလ်ကျောင်းသား တဦးရဲ့) နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်တဲ့ သဘော ရေးသားထားတာပါပဲ။ တနည်းအားဖြင့်ပြောရရင် ‘နွေတညမှ အစပြု၍’ စာအုပ်ဟာ ‘အောင်ဒင်’ ရဲ့ အထုပ္ပတ္တိတပိုင်း စာအုပ်ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။


ရုရှစာရေးဆရာ ‘အီလျာအာရင်ဘတ်’ သည်လည်းပဲ သူဖြတ်သန်း ကျင်လည်ရတဲ့ အချိန်ကာလ တခုအကြောင်း မှတ်တမ်းသဘော ရေးခဲ့ဖူးပါတယ်။ ‘လူများ၊ သက္ကရာဇ်များ ဘ၀များ’ စာအုပ်မှာ ရေးခဲ့တာပါ။ ဒီစာအုပ်ထဲမှာ သူ့ကိုယ်သူ ဗဟိုပြုပြီး ရေးတယ်ဆိုပေမယ့် သူနဲ့ခေတ်ပြိုင်၊ သူနဲ့ စာရေးဖော်စာရေးဖက် တခြား စာရေးဆရာ၊ ကဗျာဆရာများ အကြောင်း ကိုလည်း မှတ်တမ်းသဘော ရေးခဲ့ပါတယ်။

အောင်ဒင်သည်လည်းပဲ သူ့ရဲ့ ‘နွေတညမှ အစပြု’ ၍ စာအုပ်ထဲမှာ သူ့ကိုယ်သူ ပင်တိုင်ထား ရေးတယ် လို့ စာရေးသူက ၀န်ခံထားသော်ငြားလည်းပဲ သူနဲ့ ခေတ်ပြိုင် သူနဲ့ အတူ သူလိုပဲ နိုင်ငံရေး လှုပ်ရှားတက်ကြွသူ ကျောင်းသားများ၊ ကျောင်းသား ခေါင်းဆောင်များ ကိုလည်း မှတ်တမ်းတင်ဖို့ မပျက်ကွက်ခဲ့ပါဘူး။ ဒါကြောင့်မို့လည်း ဒီစာအုပ်ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ လောလောဆယ်မှာဖြင့် အပြည့်စုံဆုံး စာအုပ်အဖြစ် အသိအမှတ်ပြုရမလို ဖြစ်လာခဲ့ပါတယ်။
‘နွေတညမှ အစပြု၍” စာအုပ်အလိုအရ ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်နဲ့ စစ်တပ်က အာဏာသိမ်းပြီး စ အချိန်တွေမှာ ကျောင်းသားတွေဟာ အုတ်နံရံကြီးကို အကြိမ်ကြိမ် ခေါင်းနဲ့ ပြေးဆောင့်ခဲ့ကြတယ်၊ မိုးကို ဒူးနဲ့ တိုက်ခဲ့ကြ တယ်။ သူတို့ကို နားလည်ဖို့ ဆိုရင် စာဖတ်သူတွေဟာ သူတို့ ပြောတာတွေ၊ သူတို့ လျှောက်လှမ်း သွားနေပုံတွေနဲ့ သူတို့ခင်းလို့ ပေါ်ပေါက်လာတဲ့ လမ်းအသွယ်သွယ်ကို ကြည့်ပြီး မြင်ပြီး မှသာ နားလည်နိုင်မှာပါ။ နားလည်ဖို့ မလွယ်ကူသလို နားလည်ဖို့ လွယ်ကူ နေတာလည်း ရှိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ကျောင်းသားတွေ၊ လူတွေက ခေါင်းနဲ့ဆောင့်လို့ ပြိုကျသွားရတဲ့ အာဏာရှင် ခေတ်သမိုင်းတွေဆိုတာ အထင်အရှား ရှိခဲ့တာပဲ။
‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍” စာအုပ်မှာ နိုင်ငံ့အရေးထဲ တစတစ ပါဝင်စူးနစ်လာကြတဲ့ ကျောင်းသားတွေကို အခုအချိန် လိုပဲ၊ နိုင်ငံရေးသမားတွေက အသုံးချလို့၊ ငြိမ်းချမ်းတဲ့ အခြေအနေကို ဖျက်လိုဖျက်ဆီး လုပ်ချင်လို့၊ ပညာကောင်းကောင်း မသင်ချင်လို့ နိုင်ငံရေးထဲ ပါဝင်လာကြတာ ဖြစ်တယ် လို့ ဟိုအရင်ကတည်းက အပြောအဆို ခံခဲ့ကြရပါလား ဆိုတဲ့ အချက်တွေကိုလည်း သွားတွေ့ရပါတယ်။

သင်ခန်းစာ ယူကြရမယ့် အချက်တွေကလည်း ဒုနဲ့ဒေး ပါပဲ။ ကျောင်းသားတွေ ကွဲကြပြဲကြ၊ အပြန်အလှန် စွပ်စွဲ ပြောဆိုကြ၊ ခေါင်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေကို အပူတပြင်း လိုက်ရှာကြ၊ ဒီကြားထဲ အာဏာရှင်တွေက ရိုက်နှက် သတ်ဖြတ် ဖမ်းဆီးထောင်ချတဲ့ အလုပ်ကို တဖက်က လုပ်ပြီး တဖက်ကလည်း ကျောင်းသားထု အတွင်း သွေးကွဲသွား စေဖို့၊ လူမိုက်လူရမ်းကား တွေနဲ့ ရင်ဆိုင် ဖြိုခွင်းတာမျိုး၊ လူထုအချင်းချင်း ရန်တိုက်ပေးတာမျိုး အပြင် ကျောင်းသား ခေါင်းဆောင် တဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖော်ထုတ်ဝါဒဖြန့် သိက္ခာချတဲ့ နည်းမျိုးစုံကိုလည်း အသုံးပြု ခဲ့ကြတာတွေဟာ အခုခေတ်လိုပဲ ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါလား ဆိုတာ ဒီစာအုပ်မှာ သွားတွေ့ရပါတယ်။

လူတွေကလည်း ကျောင်းသားတွေအပေါ် အမျိုးမျိုးသော နှလုံးသားဓာတ်ခံအပေါ်မူတည်ပြီး အခုခေတ်လိုပဲ အမျိုးမျိုး မြင်ခဲ့ကြ၊ အမျိုးမျိုး ပြောခဲ့ကြတာပါပဲ။ ကျောင်းသားတွေဟာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့ အလုပ်ကို မသိသား ဆိုးရွားစွာ လုပ်ကြတယ်၊ ကျောက်တုံးကို အပ်နဲ့ ထိုးဖောက်သလို ဖြစ်နေတယ်၊ ထင်ပေါ် ကျော်ကြားချင်ကြတယ်၊ လက်ခုပ်သံတွေကို သာယာခဲ့ကြတယ်၊ တချို့ဆိုရင် အမျိုးသားခေါင်းဆောင် ဆိုတာမျိုးအထိ စိတ်ကူးယဉ်ကြတယ် အစ ရှိသဖြင့် အပြောခံခဲ့ ဝေဖန်ခံခဲ့ကြရတဲ့ အဖြစ်ဟာလည်း အခု မျက်မှောက်ခေတ် ကျောင်းသားတွေရဲ့ အဖြစ်နဲ့ တထေရာတည်း ပါပဲ။

အာဏာရှင်တွေဟာ သူတို့ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ဘယ်တုန်းကမှ ရင်ဝယ်သားလို သဘောထား ဖြေရှင်း ကြတာ မတွေ့ရတဲ့ အဖြစ်ကိုလည်း ဒီစာအုပ်ထဲမှာ တွေ့ကြရပါတယ်။ အခု မနေ့တနေ့ကပဲ ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ သဲကြီးမဲကြီး ၀ိုင်းရိုက်ကြ၊ ကျောင်းသား သမဂ္ဂအလံကို အငြိုးတကြီးနဲ့ မြေကြီးပေါ်ချနင်းပြီး ဒေါသ ထွက်နေတဲ့ ရဲတွေလိုပဲ ရှစ်လေးလုံး ကာလအတွင်းက အင်းလျားကန်ဘောင် တနေရာမှာ ပြေးစရာ မရှိလို့ ရေထဲဆင်းပြေးရတဲ့ ကျောင်းသူတွေကို ဆံပင်ဆွဲပြီး ရေထဲနှစ် ရိုက်နှက်ကြတဲ့ လုံထိန်းတွေ ဆိုတာ ဟိုအရင် ကတည်းက ရှိခဲ့တာပဲ။


ကျောင်းသားသမိုင်းမှာ ဗိုလ်အောင်ကျော်မှရယ်လို့ နံပါတ်တုတ်နဲ့ ရိုက်သတ်ခံခဲ့ရတာ မဟုတ်ပါလား ဆိုတာ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ တွေ့ကြရမှာပါ။ အသက် ၂၀ ကျော် ကိုအောင်ဆန်းလို လူငယ်တွေ နိုင်ငံရေးထဲ ပါဝင်လာကြပြီး မြေပေါ်မြေအောက် လှုပ်ရှားမှုတွေကို အလုပ်လုပ်ရင်းသင် သင်ကြားရင်းအလုပ်လုပ်နဲ့ လူငယ် ဘ၀တွေကို စတေးသွားကြရတဲ့ အဖြစ်တွေဟာ ခုခေတ်မှရယ်လို့ မဟုတ်ပါလားဆိုတာ ‘နွေတညမှ အစပြု၍ ’ စာအုပ်မှာ အထင်းသား တွေ့ကြရပါတယ်။

တနေရာမှာတော့ တိုင်းပြည် ဒီမိုကရေစီရေး အတွက် အင်မတန် အန္တရာယ်ကြီးပြီး ကြမ်းတမ်းလှတဲ့ လမ်းကြောင်းပေါ် လျှောက်နေရပေမယ့် ချစ်သူကို လွမ်းတမိတဲ့ ညကလေး တညအကြောင်း ထည့်ရေးလိုက်တော့ ဂျာမာန်ကဗျာဆရာ ‘ဗားတော့ဗရက်’ ရဲ့ ကဗျာစာသားလေးကို သွားပြီးသတိရစေ ပါသေးတယ်။ ဗားတော့ဗရက်က ‘ချစ်သူကို တ၀က် တပျက်သာ ချစ်ရတဲ့ ခေတ်ပါလား’ လို့ရေးခဲ့ပါတယ်။

အောင်ဒင်ဟာလည်းပဲ သူ့ရဲ့ ‘နှင်းထုထဲက အလွမ်းည’ ခေါင်းစဉ် အောက်က စာပိုဒ်တွေထဲမှာ မင်းကိုနိုင်နဲ့ အတူတွဲပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲက အင်းလျားကန်ဘောင်မှာ ဂစ်တာတလက်နဲ့ ‘ခင်ဝမ်း’ ရဲ့ ‘နှင်း’ သီချင်းကို အော်ဟစ်ငိုကြွေး သီဆိုရင်း ချစ်သူကို တ၀က်တပျက်သာ ချစ်ခွင့်ကြုံ ကြရတဲ့ သူ့တို့ဘ၀ကို သူတို့ကိုယ်တိုင် ပြန်လွမ်းမိကြတဲ့အကြောင်း ထည့်ရေးခဲ့ပါတယ်(စာ-၃၃၀၊ နှင်းထုထဲက အလွမ်းည)။

သူက ဒီလိုရေးလိုက်တဲ့အခါ ပဲခူးရိုးမ တနေရာမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ဖို့ လုပ်နေတဲ့ လူငယ်တဦးသာ ဖြစ်သူ ‘ကိုဗဟိန်း’ က သူ့ချစ်သူဆီ လရောင်အောက်မှာပဲ စာထိုင်ပြီး ရေးခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းကိုလည်း သွားပြီး သတိရလိုက်မိပါသေးတယ်။

အောင်ဒင်ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်မှာ ပြန်လည် ငြင်းခုန် ဆွေနွေးစရာကိစ္စများ မရှိမဟုတ်၊ ရှိတော့ ရှိပါတယ်။ ဥပမာ ၀န်ကြီးချုပ်ဟောင်း ဦးနုက စင်ပြိုင်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာတာကို အဲဒီအချိန်က လူတွေ နိုင်ငံရေး သမားတွေနဲ့ ကျောင်းသားတွေက ဘာ့ကြောင့် မထောက်ခံခဲ့ကြတာလဲ ဆိုတဲ့ အချက် (စာ- ၂၁၃) နဲ့၊ ဒေါက်တာ မောင်မောင်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြလို့ ငြိမ်းချမ်းစွာ အပြောင်းအလဲ ဖြစ်ရေး အခွင့်အရေး တခုကို လက်လွှတ် ခဲ့ရပြန်တယ် ဆိုတဲ့ အချက် (စာ- ၃၉၄) များကတော့ ပြန်လည်ဆွေးနွေး ငြင်းခုန်ရမယ့် အချက်များ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေက ‘နွေတညမှ အစပြု၍’ စာအုပ်မှာ အဓိက မကျပါဘူး။ အဓိက ကျတဲ့ အချက်က အဲဒီခေတ်ကာလ ကြီး တနံတလျား အတွင်း ကျောင်းသားတွေရဲ့ စွန့်စား စွန့်လွှတ် ပေးဆပ်ခဲ့ကြရတဲ့ အာဏာရှင်ဆန့်ကျင်ရေး သမိုင်းကြီးကို မီးမောင်း ထိုးပြလိုက်နိုင်တဲ့ အချက်သာ အဓိက ဖြစ်ပါတယ်။
(ဂ)
တပိုင်းတစ ကိုယ်ရေး အထုပ္ပတ္တိ ဆန်ဆန် ရေးတဲ့ စာအုပ်တွေ မကြာခဏ ဖတ်ကြရပါတယ်။ ဒီအထဲမှာမှ ဗိုလ်ချုပ် စိုးဝင်းရဲ့ စာအုပ်မျိုး၊ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ စာအုပ်မျိုးတွေကို လေ့လာဖတ်သင့်ပါတယ်။ သူတို့ အထုပ္ပတ္တိ စာအုပ်တွေထဲက ယူသင့်တာယူပြီး ပယ်သင့်တာ ပယ်ကြရမှာတွေလည်း မလွဲမသွေ တွေ့ရမှာပါပဲ။

ဒီနေရာမှာ ဖြည့်စွက်ပြီးပြောရမယ်ဆိုရင် ‘အောင်ဒင် ’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ကိုလည်း လက်ရှိ တိုင်းပြည် အုပ်ချုပ်ခွင့်ရပြီး ပြဿနာများနဲ့ နပမ်းလုံးနေကြရသူများ အားလုံးကို ဖတ်စေချင်ပါတယ်။ ပညာရေး လွတ်လပ်ခွင့် တောင်းဆိုနေ ကြရတဲ့၊ ကြမ်းတမ်းခက်ထန်လှတဲ့ ဘ၀တွေ ဖြတ်သန်းကျော်လွှားနေကြရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသား မိဘများသည်လည်း ဖတ်စေချင်ပါတယ်။ အခုတလော ကျောင်းသား လှုပ်ရှားမှုတွေ အပေါ် အပြစ်မြင်လို့ ပဲ ဖြစ်ဖြစ် အကောင်းမြင်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်သူမဆို ထင်မြင်ချက် အမျိုးမျိုး ပြောဆိုနေကြသူ အားလုံးလည်းပဲ မပျက်မကွက် ဖတ်စေချင်ပါတယ်။


ကဗျာဆရာ ‘မောင်အောင်ပွင့်’ ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာခေါင်းစဉ် လိုပါပဲ။ ‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု၍’ စာအုပ်ကို ဖတ်ရှုပြီးတဲ့နောက် ကျနော်တို့ရဲ့ ဟောဒီ မျက်မှောက်ခေတ် တခေတ်ကို ‘ငါးရိုးနင်နေတဲ့ ခေတ်ကြီး တခေတ်’ သာ ဖြစ်တယ် လို့ပဲ အမည်တပ်ပြီး ကြေကွဲလိုက်ပါရစေ။     ။



Wednesday, April 25, 2012

Testimony before House Subcommittee on Asia and the Pacific














U.S. House of Representatives
Committee on Foreign Affairs
Subcommittee on Asia and the Pacific

Hearing on Burma: “Oversight of U.S. Policy Towards Burma”
April 25, 2015; 2:00 PM, Rayburn House Office Building Room 2200

Testimony of Aung Din
Executive Director, U.S. Campaign for Burma
=====================================================================

Mr. Chairman, Ranking Member, and Members of the Subcommittee,

Thank you very much for holding this hearing today. I am grateful to be here to testify about the current situation in Burma, the country in Southeast Asia where I was born and raised. Before I start, on behalf of the people of Burma, I would like to take this opportunity to state my appreciation for the United States Congress’s strong interest and consistent support for our struggle for democracy, human rights and national reconciliation.

The historic by-elections in Burma were held on April 1, 2012. Democracy leader Daw Aung San Suu Kyi and her party, the National League for Democracy (NLD), won 43 seats out the 44 they had contested. The ruling party, the Union Solidarity and Development Party (USDP), won only one seat. Despite threats, violence, vote buying and other fraudulent acts made by the authorities, the people of Burma again courageously expressed their strong desire to be free from authoritarian rule by voting for the NLD, just as they did in the 1990 elections.  The results of the NLD’s 1990 landslide victory were nullified by the military junta.

The Burmese regime may believe that allowing Daw Aung San Suu Kyi and the NLD to hold nearly 7% of the seats in Parliament will not constitute a major threat to their hold on power, as USDP and the military still control 80% of the seats in Parliament and the military still has veto power to kill any proposed legal changes. Furthermore, for this concession, what they have achieved from the by-elections is enormous. The international community recognizes their political system as all party-inclusive and legitimate. Many international leaders see them as true reformers. The pressure and sanctions imposed by the United States, Australia, Canada and the European Union are being significantly eased or suspended. The Japanese government has announced it will write off 3.7 billion dollars in debt and plans to resume development assistance. Engagement and appeasement will flourish further. More investment and more tourists, as well as more development assistance will flow in. The generals and their cronies who still control the country may be able to do shopping and send their children to schools in the United States and Europe soon. Actually, in my opinion, the Burmese government led by President U Thein Sein is the real winner of the by-elections.

Sadly, this election effectively eradicates the long standing objective and expectation of Burma’s democracy forces and ethnic nationalities – the realization of a meaningful and time-bound political dialogue between the military, democracy forces led by Daw Aung San Suu Kyi, and ethnic representatives that would lead to real democratization and sustainable national reconciliation. The NLD and Daw Aung San Suu Kyi are now entering into a new playing field with the determination to expand their political base in the Parliament and organize changes within the military controlled political system. 

The NLD has promised that it will work on three major issues in the Parliament: (1) rule of law, (2) internal peace, and (3) amendments to the 2008 Constitution. Rule of law is of vital importance as unfair laws and decrees, designed to arrest and imprison anyone who holds different opinions are still in place. The judiciary system is still an instrument of the regime’s oppressive rule. Corrupt judges run the courts without due process and make rulings as instructed by their superiors or in favor of those who pay them most. Law enforcement officials are brutal and dangerous, and arbitrary detention and torture are their only tools to get confessions they want from the accused.

Internal peace must also be a central concern. Current peace talks between ethnic armed groups and the regime will not lead to the permanent ending of civil war, without granting ethnic rights, such as a certain degree of autonomy, self-determination, proper sharing of revenue generated from natural resources located in ethnic areas which represents 60% of the country’s total area, as well as a complete end to human rights violations in ethnic areas committed by the Burmese military. Even now, severe fighting between the Burmese army and ethnic armed groups are going on in Shan and Kachin States having forced hundreds of thousands of ethnic people to flee from their homes and villages.

Amending the undemocratic 2008 Constitution is the single most important issue. This constitution grants supreme power to the military’s Commander-in-Chief, who can run the military as he deems fit. The military is independent from all administrative, legislative and judiciary authority; yet can also interfere in all branches of the government. It holds 25% of the seats in each parliament and three significant security ministries in the government, and ensures civilian judges have no jurisdiction over armed forces. Moreover, the Commander-in-Chief can assume all powers, dismiss the government and rule the country in the name of a state of emergency. If Burma hopes to move toward a genuine democratic government, civilian oversight of the military and removal of the military’s authority over the government are imperative.

All three major campaign issues promised by Daw Aung San Suu Kyi need constitutional amendments and additional changes to laws in order to be fulfilled. She will enter into the new playing field with good faith that she can work with President U Thein Sein, Parliament Speakers U Shwe Mann and U Khin Aung Myint, and Military Commander-in-Chief General Min Aung Hlaing, to make the country prosperous and democratic. However General Min Aung Hlaing confirmed to his troops recently that the major task of the military is to protect the constitution, signaling that he will not allow any reduction in his power. Former Major General Htay Oo, who is the General Secretary of the USDP, also recently said that the Constitution is perfect and there is nothing to amend it, including the leading role of the military in politics.

The constitution was purposefully crafted to be difficult to amend. At least 20% of lawmakers have to submit the Bill to amend the Constitution to the Union Parliament, a Joint Session of the Lower and Upper Houses, and the amendment can only be approved by a vote of more than seventy-five percent of all the representatives of the Union Parliament. This effectively gives a veto power to the military with its 25% of seats in the Parliament. Even if all 75 percent of the elected representatives stand together for the amendment, they can’t win if they can’t get even one vote from the military bloc.

The by-election is just the beginning of new challenges for Daw Aung San Suu Kyi and the NLD. There is the risk, of course, that she may be contained, confined and co-opted in the regime’s political system without achieving anything. Or, she may be able to crack the door wider and recruit more and more members of the USDP and the military to join in the alliance of the agents of reform. There are so many uncertainties lying ahead. The current stand-off between the ruling party and the NLD over the language of the Parliamentary oath has made the NLD and DASSK unable to attend parliament yet, which resumed on April 23rd. We can see from this stand point the magnitude and depth of obstacles that DASSK will face. But, governments around the world are rushing to reward the regime with the excuse of encouraging the reformers.

On April 4, 2012, just three days after the by-election, Secretary of State Hillary Clinton announced the U.S. response to the outcome of the by-elections: the U.S. Agency for International Development (USAID) will establish an official presence in Burma; restrictions imposed upon the UNDP will be lifted; and an U.S. Ambassador to Burma will be nominated. In addition, selected Burmese officials and parliamentarians will be invited to the United States, and private organizations from the U.S. will be allowed to operate in Burma in the non-profit sector. In addition two major financial sanctions, the bans on investment and financial services, will be eased for selected targets. These steps are undoubtedly being well received by the generals in Burma, who are still engaged in killing innocent civilians in ethnic areas and keeping hundreds of political prisoners behind bars and have not relinquished any of their power. The generous awards from the United States and the more generous awards from the European Union are a major victory for the Burmese regime, which holds the policy of “give little, cheat more, and gain much” to encourage the U.S. and EU policy of engagement.

To be sure, there have been significant changes in Burma over the past six months, but it would be a mistake to assume that they are irreversible or that all things are pointing in a positive direction. Responding to positive changes is one thing; racing to provide rewards may be regrettable.

I support the measures announced by Secretary Clinton, except the targeted easing of bans on investment and financial services. I strongly believe that this is too much and too fast. I asked my colleagues inside Burma, including NLD leaders, ethnic leaders, the 88 Generation Student leaders and some economists. They all said that they were not consulted by any U.S. officials and they do not think this is the time to ease these important sanctions. They are afraid that these measures will lead to another targeted easing or permanent lifting of import restrictions, which will have to be renewed by Congress before the end of July. They also believe such easing of sanctions will only help cronies and families of authorities as they have power, resources, connections, and institutions to profit from the easing of sanctions. We can see some economic reform on the surface. But, actual practice of doing business in Burma remains unchanged, totally controlled by the regime and its allied cronies.

In addition, the premature lifting of financial sanctions can greatly jeopardize the fragile peace negotiations currently underway between the regime’s civilian authorities and ethnic nationality groups.  The majority of Burma’s ethnic nationalities populations believe the regime is engaging in these negotiations to win economic concessions from the ethnic armed groups.  If the international community rewards the regime with economic gains, critical leverage is lost to ensure national political reconciliation and peace is achieved.   

I agree that the U.S. should respond to the positive developments in Burma with positive measures. However, such responses by the U.S. should be carefully calibrated. Having over 40 seats in the Parliament through the by-election is just a start for Daw Aung San Suu Kyi. Two days before the by-elections, when a journalist asked her how she would rate the current state of changes towards democracy in Burma on a scale of one to ten, she said we are “on the way to 1.” She knows clearly that there is still a long way to go.

I am sure she will aim to win the majority of seats in the general election in 2015. The sanctions we have are leverage for her, Burma’s democracy movement, and ethnic nationalities, a kind of the money in the bank. We need to use it carefully, so it will last until we achieve major results. However, the Obama administration is now in the process of implementation of easing of major financial sanctions. That’s why I would like to make the following recommendations and request Congress to balance the fast track action of the administration.

(1)   Before the removal of any financial sanctions takes place, the SDN (Specially Designated Nationals) list on Burma, managed by Office of Foreign Assets Control (OFAC), MUST be updated to include more cronies and hardliners. It has been almost three years since the list has been updated.  Many cronies, who are sanctioned by the EU and Australia, are still not included in the U.S. SDN list. This list should be a must-check reference for U.S. companies that will do business in Burma.
(2)   The process of selecting targets to be eased for investment and financial services should take sufficient time and should be made through broader consultation with the human rights community in the United Stated and key stakeholders inside Burma, especially ethnic nationalities. 
(3)   The implementation of targeted easing of bans on investment and financial services should wait until we see clearly how NLD MPs and Daw Aung San Suu Kyi are treated by the USDP and the military in the Parliament and an end to attacks against the Kachin.
(4)   Binding requirements or a compulsory framework for responsible business conduct should be imposed for any U.S. business that will invest in Burma. Elements from OECD Guidelines on Multinational Enterprises, Conflict Minerals Provision of the Dodd-Frank Act, the Tibet Policy Act, Foreign Corrupt Practices Act, can be drawn to create such framework.
(5)   U.S. must pressure the Burmese regime to allow former political prisoners to obtain passports, so they can make trips abroad, in response to the U.S. easing of visa restrictions on Burmese officials.
(6)   U.S. must pressure the Burmese regime to allow members of Burmese civil society to form and operate non-profit organizations freely, in response to the U.S. granting permission to U.S. organizations to support non-profit sectors in Burma.
(7)   U.S. must pressure the Burmese regime to release all remaining political prisoners unconditionally, lift all restrictions imposed upon all former political prisoners, and allow former political prisoners to go back to schools or resume their professions in legal representation, medical practice, teaching, etc.
(8)   As the U.S. plans to establish an official USAID presence in Burma and support the UNDP country program, the U.S. must pressure the regime to allow international organizations to have unhindered access to areas affected by natural disasters and armed conflict.
(9)   U.S. must remind and keep reminding the Burmese regime that their full cooperation with Daw Aung San Suu Kyi and democratic MPs in the Parliament and achieving negotiated political settlement with ethnic nationalities through a meaningful political dialogue outside the Parliament are the sole factors to justify fully lifting of all sanctions.
(10)                       U.S. Congress must renew import restrictions from Burma.

Lastly, I would like to highlight the assumption of reformers vs. hardliners within the Burmese regime. Many international players believe that they have to encourage so-called reformers by lifting sanctions and pressure, and so reformers will be encouraged and hardliners will be undermined. There is a possibility that the positive responses being made by the international community may become irreversible while the changes in the country are not irreversible yet. This is a very tricky issue. Encouraging the so-call reformers in the regime should not undermine democracy activists, ethnic nationalities, and human rights defenders, the true agents of change in Burma.

Thank You.


Wednesday, June 29, 2011

Oral Presentation before House Subcommittee, June 22, 2011









U.S. House of Representatives
Committee on Foreign Affairs
Subcommittee on Asia and the Pacific


Hearing on Burma:

“Piercing Burma’s Veil of Secrecy: The Truth Behind the Sham Election and the Difficult Road Ahead”

June 22, 2011

12:30 PM, Rayburn House Office Building Room 2172

Testimony of Aung Din
Executive Director, U.S. Campaign for Burma

=========================================

UNCHANGED BURMA

Mr. Chairman, Ranking Member Faleomavaega and Members of the Subcommittee,

Thank you very much for holding this hearing today. I have submitted my prepared testimony for the record. I also would like to submit the resolution on Burma adopted by the UN Human Rights Council in March 2011, which Daw Aung San Suu Kyi made reference to in her message, for the record. And here, I would like to raise one important issue that is bothering me too much.

For many years, the international community has tried to stop human rights violations in Burma, perpetrated by the military regime. The United States, EU, Australia, and Canada have employed economic sanctions on the regime as forms of pressure for positive change. Many years have passed and they began to doubt that imposing sanctions and pressure alone is not enough, and therefore they started to engage with the regime directly. I support the United States policy of engaging with the regime while maintaining sanctions. But, as I have reminded from the beginning, engagement should have a time frame, clear benchmarks and it should involve an appropriate measure to respond for any development. However, as of today, the existing sanctions are still not fully implemented yet, the engagement remains open ended, and I don’t see any effort by the U.S. government to exercise the pressure in a more effective and well-coordinated way.

The regime knows very well how to manipulate the current form of engagement.

From the beginning, the regime took the upper hand by withholding the issuance of the visas. They will not reject applications for visas flatly. They will make some excuses such as “Oh, our leaders are now very busy and they may not be able to host you appropriately. Please try again later.” Those diplomats who are eager to visit Burma have no choice but to wait for indefinite period or find someone who is close to the regime for help. While waiting for the visa, they will try to refrain from criticizing the regime publicly. This can be called “Visa Blackmail”.

After delaying weeks or months, the regime issues visas for the diplomats. Then the regime will try to control their schedule. The visas will only allow for a two or three day stay in the country and the regime will make them to spend most of the time at their Capital, Nay Pyi Taw, for meetings with several officials. The diplomats will not have much time left to see the opposition leaders. This can be called “Schedule Control”.

The next and important steps of the regime are making “Hollow Promises” and selling the story of “Reformers Vs Hardliners”. In most of the meetings with the regime leaders, the diplomats will not have much chance to raise their concerns - rather, they must listen to long and often needless lectures from them. At the end of the meeting, the regime will make some promises, such as “we are planning to release some prisoners” or “we will consider to allow the ICRC to visit prisons”, etc. Then, the diplomats will meet some officials who will actually listen to them. The diplomats will be amazed by the good command of the English language these officials possess. Then they will be amazed more as the regime’s officials hardly argue or deny the complaints they make about the human rights situation. They will be told by the officials, “we know there is something wrong in our country, we want to fix it and we want to make changes, but there are hard liners within and above our ranks”. Then they will tell the diplomats to give them time. It might sound like this, “You know you need to understand us and give us some time. Don’t put so much pressure on us. If you continue to do so, we cannot convince the hard liners to make the change. And don’t forget your Aung San Suu Kyi is also very stubborn, a hard liner herself.”

Many diplomats have bought such story right away. They heard some promises from the regime’s leaders. They found some reform-minded persons within the murderous regime. They were very much encouraged. That’s why when they came back from Burma and reported to the respective government and organization, their message is “We need to give them some time to implement what they have promised and for reformers to be able to convince the hardliners to do positive things.” They also claim that “This is not the right time to impose more pressure”.

These four steps, “Visa Blackmail”, “Schedule Control”, “Making Hollow Promises” and “Selling the story of Reformers Vs Hardliners”, have worked very well for the regime over the years. They have been successful in diluting and confusing the international diplomats by responding to their engagement with such a tactic. Unfortunately, and unintentionally, the international community has made the regime stronger and the democratic opposition weaker by legitimizing the regime, waiting for hollow promises, and doing nothing while waiting. Now, expectations are high again among the diplomats that some elements in the so-called new government are reform-minded, that they deserve to be given time and that putting more pressure on the regime now is not a good idea. For these diplomats, there will never be “a right time” to impose more pressure on the regime.

Mr. Chairman,

Please help us to end the “Open-ended Engagement Policy” and “This is not the Right Time Attitude”. The world has given the regime plenty of time. Now is the time to support and strengthen the democracy movement by weakening the regime stronger and harsher.


Thank You.