BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, June 28, 2013

Burma's Parliament Watch Part 26

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၁၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၂၆) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (စ)

နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစားရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ

ဒီဥပဒေက နိုင်ငံတော်အေးချမ်းသာသာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁၀/၂၀၁၁ အဖြစ်နဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့ နေ့စွဲနဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ၊ အများပြည်သူမသိစေချင်လို့ သတင်းစာတွေမှာ ဖော်ပြခြင်းမရှိခဲ့ပါ၊ နိုင်ငံတော်ပြန်တမ်းမှာသာ စာမျက်နှာ ၄၇၅ နဲ့ ၄၇၆ မှာဖော်ပြပါတယ်၊ ဒီဥပဒေရဲ့ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) မှာ "ဤဥပဒေသည် ချက်ခြင်းအာဏာတည်ရမည်" လို့ ပြဋ္ဌန်းထားတာမို့ ထုတ်ပြန်တဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့ကစပြီး ဒီဥပဒေဟာ အသက်ဝင်တည်ရှိနေပြီး တည်ဆဲဥပဒေတစ်ခုဖြစ်နေပါပြီ၊ ဒီဥပဒေဟာ နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်ရေးအာဏာနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုအာဏာ၊ ငွေရေးကြေးရေးစီမံခန့်ခွဲရေးအာဏာတွေကို ကန့်သတ်ချုပ်ချယ်ထားတာမို့ အမြန်ဆုံး ဖျက်သိမ်းသင့်ပါတယ်၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အထူးရန်ပုံငွေပေးတဲ့ ဥပဒေ

ဒီဥပဒေရဲ့ နိဒါန်းမှာ အခုလိုဖော်ပြထားပါတယ်၊
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်ဟုလည်းကောင်း၊ ပုဒ်မ ၁၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ ၁၃၉တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက်တပ်မတော်က ဦးဆောင်ရမည်ဟုလည်းကောင်း ပြဋ္ဌန်းထားသည်၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အချုပ်အချာအာဏာမဆုံးရှုံးစေရေးအတွက် အရေးကြီးလိုအပ်သော အသုံးစားရိတ်များ သုံးစွဲနိုင်ရန်အလို့ငှါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဤဥပဒေကို ပြဋ္ဌန်းလိုက်သည်"။

ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ) မှာ "အထူးရန်ပုံငွေဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရာတွင်လည်းကောင်း၊ အထူးလိုအပ်သည်များကို သုံးစွဲနိုင်ရန် ထူထောင်ထားသောရန်ပုံငွေကို ဆိုသည်၊" လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ အခန်း (၂) အထူးရန်ပုံငွေထူထောင်ခြင်း၊ ပုဒ်မ ၃ မှာ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အရ အထူးရန်ပုံငွေသို့ နှစ်စဉ်လိုအပ်သော ငွေကြေးပမာဏကို နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ဖြင့် ဖြည့်ဆည်းပေးရမည်။" လို့ ပြဋ္ဌန်းထားပါတယ်၊ 

အခန်း (၃) မှာ ဒီအထူးရန်ပုံငွေနဲ့ပါတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လုပ်ပိုင်ခွင့်များကို အောက်ပါအတိုင်း ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၄) မှာ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို ထမ်းဆောင်ရာတွင် ကုန်ကျသောအသုံးစားရိတ်များကို အထူးရန်ပုံငွေမှ ပြည်တွင်းသုံးငွေ (သို့မဟုတ်) နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲခွင့်ရှိသည်၊" ပုဒ်မ (၅) မှာ "အထက်ပါ အထူးရန်ပုံငွေသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို၊" ဟု ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၆) မှာတော့ "နှစ်စဉ်အထူးရန်ပုံငွေအသုံးစားရိတ်များကို ဘဏ္ဏာရေးနှစ် ကုန်ဆုံးသည့်အခါတွင် နိုင်ငံတော်သမ္မတထံ ရှင်းလင်းတင်ပြဆောင်ရွက်ရမည်၊" လို့ ပြဋ္ဌန်းထားပါတယ်၊

ဆိုတော့ ဒီဥပဒေကို အရပ်သုံးစကားနဲ့ ရှင်းအောင်ပြောရရင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို ထမ်းဆောင်ရန်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်းသမျှငွေကြေးကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက်မလိုပဲ နိုင်ငံတော်ဘဏ္ဏာထဲကနေ နှစ်စဉ်ဖြည့်ဆည်းပေးပြီး အဲဒီရန်ပုံငွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိတ်တိုင်းကျ အသုံးပြုခွင့်ပေးတဲ့ ဥပဒေပါ၊ 

ဒီအထူးရန်ပုံငွေဆိုတာ နိုင်ငံတော်အရ/အသုံးခန့်မှန်းခြေငွေစာရင်းမှာ ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက်ခွင့်ပြုတဲ့ နှစ်စဉ်အသုံးစားရိတ်အပြင် ထပ်မံခွဲဝေပေးရတာပါ၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀၃)၊ ပုဒ်မခွဲ  (ခ) ပုဒ်မငယ် (၄) မှာလည်း "ပြည်ထောင်စု၏ ဘဏ္ဏာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတွင်ပါရှိသော တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာစာချုပ်တစ်ခုခုအရဖြစ်စေ ကျခံရမည့် အခြားအသုံးစားရိတ်များနှင့် စပ်လျင်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်၊ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းမပြုရ" လို့ ပြဋ္ဌန်းထားပြန်ပါတယ်၊ ဒီတော့ "နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစားရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ" ဟာ တည်ဆဲဥပဒေဖြစ်နေပြီမို့ ကာကွယ်ရေးဦးစီးချုပ်တောင်းဆိုသမျှကို ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ခွင့်မရှိ၊ အတည်ပြုပေးရမှာပါ၊

ပြည်သူလူထုကို မျက်ကွယ်ပြုသည့်ဥပဒေ

ကျနော့်အမြင်မှာတော့ ဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများမှာပါဝင်တဲ့ ပုဒ်မ ၄၊ နိုင်ငံတော်၏ အချုပ်အချာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌တည်သည်" ဆိုတဲ့ ပြဋ္ဌန်းချက်ကို တိုက်ရိုက်ချိုးဖောက်တယ်လို့ ထင်ပါတယ်၊

ပြည်သူလူထုဟာ နိုင်ငံတော်အချုပ်အချာအာဏာရဲ့ မူလပိုင်ရှင်ပါ၊ ပြည်သူလူထုက သူတို့ကို ကိုယ်စားပြုဖို့ ပြည်ထောင်စုလွှတ်တော်ကို ရွေးချယ်တင်မြှောက်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်နဲ့ ပြည်သူလူထုကိုကိုယ်စားပြုပြီး တိုင်းပြည်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို စီမံခန့်ခွဲနိုင်ကြတာပါ၊ ပြည်ထောင်စုလွှတ်တော်က ပြည်သူလူထုကို တာဝန်ခံရသလို နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ကလည်း ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ပြည်သူလူထုကို တာဝန်ခံရပါတယ်၊ ဒါကြောင့်လည်း ပြည်သူလူထုဟာ နိုင်ငံတော်သမ္မတရဲ့ တိုင်းပြည်ဘဏ္ဏာသုံးစွဲမှုတွေကို ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် သိရှိနိုင်ပါတယ်၊ စီစစ်မေးမြန်းနိုင်ပါတယ်၊ ဒါပေမည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူမဟုတ်ပါ၊ ပြည်သူလူထုကို ကိုယ်စားပြုသူမဟုတ်ပါ၊

၂၀၁၃ ခုနှစ် မတ်လ ၁၃ရက်နေ့က အတည်ပြုပြဋ္ဌန်းခဲ့တဲ့ ၂၀၁၃ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဏာငွေ အရ/အသုံး ဆိုင်ရာဥပဒေအရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ အသုံးစားရိတ်ဟာ ကျပ်သန်းပေါင်း တစ်သန်းကျော် (ကျပ်သန်းပေါင်း ၁၀၆၇၃၆၅ ကျော်) ရှိတယ်လို့ သိရပါတယ်၊ ဒီငွေပမာဏဟာဖြင့် စုစုပေါင်း ဘတ်ဂျက်ရဲ့ ၂၁ ရာခိုင်နှုံးရှိပါတယ်၊ ဒါပေမည့် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူးရန်ပုံငွေမှာ ဘယ်၍ဘယ်မျှခွင့်ပြုလိုက်တယ်ဆိုတာ ကျနောတို့ ပြည်သူတွေ သိခွင့်မရပါ၊ 

ကာကွယ်ရေးဝန်ကြီးဋ္ဌာနအသုံးစားရိတ်က ၂၀၁၁-၁၂ မှာ တိုင်းပြည်ဘဏ္ဏာရဲ့ ၂၉ ရာခိုင်နှုံး၊ ၂၀၁၂-၁၃ မှာ ၂၃ရာခိုင်နှုံးရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဝေဘန်ဆွေးနွေးချက်တွေအရ ဒီနှစ်မှာ ၂၁ရာခိုင်နှုံးအထိ လျှော့ချခဲ့တာလို့ သိရပါတယ်၊ ဒီ ကာကွယ်ရေးအသုံးစားရိတ်ကို တိုင်းပြည်ဘဏ္ဏာရဲ့ ၁၇ ရာခိုင်နှုံးအထိ လျှော့ချဖို့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးစတီဗင်သာဘိတ် ကအဆိုပြုပေမည့် ထောက်ခံသူ ၆၀ဦးပဲရှိပြီး ကန့်ကွက်သူ ၄၄၅ ယောက်နဲ့ ရှုံးနိမ့်သွားတယ်ဆိုတာလည်း သိရပါတယ်၊ ဒါပေမည့် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူးရန်ပုံငွေဟာ အရင်နှစ်တွေမှာ ဘယ်လောက်ရှိခဲ့ပြီး ဒီနှစ်မှာ ဘယ်လောက်အထိ တိုးမြှင့်သွားတယ်ဆိုတာကိုလည်း ပြည်သူများသိခွင့်မရှိပါ၊ ဒီတော့ တစ်ဘက်မှာ အများပြည်သူမြင်တွေ့နိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ အသုံးစားရိတ်ကို လျှော့ချပြပြီး အခြားတစ်ဘက်မှာ ပြည်သူလူထုမမြင်မတွေ့နိုင်တဲ့ အထူးရန်ပုံငွေကို မြှင့်တင်သုံးစွဲနေတာရော မဖြစ်နိုင်ဘူးလား၊ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊
ဒီရန်ပုံငွေဟာ နည်းနည်းလေးတော့ မဖြစ်နိုင်ပါ၊ တိုင်းပြည်ဘဏ္ဏာရဲ့ သိသာထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်၊ 

ကာကွယ်ရေးဦးစီးချုပ်က တောင်းသမျှကို နိုင်ငံတော်သမ္မတက ဖြည့်ဆည်းပေးရမှာဖြစ်လို့ နိုင်ငံတော်သမ္မတရဲ့ အာဏာကို သေးသိမ်စေရာရောက်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်က ဒီအထူးရန်ပုံငွေကို ငြင်းပယ်ခွင့်၊ လျှော့၍ခွင့်ပြုခွင့် မရှိတာမို့ လွှတ်တော်ရဲ့ ငွေရေးကြေးရေးစီမံခန့်ခွဲမှုအာဏာကို သေးသိမ်စေပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်က ဒီရန်ပုံငွေကို ဘယ်လို ဘယ်ပုံသုံးစွဲသလဲဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမှ မေးမြန်းခွင့်၊ တင်ပြစေခွင့်၊ စာရင်းစစ်ခွင့်မရှိလို့ တာဝန်ခံမှု၊ တာဝန်ယူမှုကင်းမဲ့ပါတယ်၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူလူထုပိုင်ဆိုင်တဲ့ ဘဏ္ဏာငွေတွေကို စိတ်တိုင်းကျသုံးစွဲခွင့်ပြုထားတဲ့ ဥပဒေမို့ ဒီ "နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစားရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ" ကို ပြည်ထောင်စုလွှတ်တော်မှ အမြန်ဆုံးဖျက်သိမ်းသင့်ပါတယ်၊

လေးစားစွာ၊

အောင်ဒင်
ဇွန် ၁၄၊ ၂၀၁၃

Friday, June 21, 2013

Burma's Parliament Watch Part 25

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၈၊ ဇွန်လ ၆ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၂၅) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (င)

၂၀၀၄ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ

ဒီဥပဒေကို နအဖစစ်အစိုးရက ၂၀၀၄ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ဥပဒေအမှတ် ၅/၂၀၀၄ အဖြစ်နဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုးပြီး ပြဋ္ဌန်းခဲ့ပါတယ်၊ အခုဆိုရင် ၉နှစ်သက်တမ်းရှိပါပြီ၊ ၉နှစ်သက်တမ်းအတွင်းမှာ ဒီဥပဒေရဲ့ သက်ရောက်မှုကို အဓိကခံစားရတာက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေပါ၊ ကိုသူရ (ခေါ်) ဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချို၊ နေဖုန်းလတ် စတဲ့ ဒီမိုကရေစီရေး အကြမ်းမဖက်လှုပ်ရှားသူတွေကို စစ်အစိုးရက ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးပြီး ပုဒ်မတွေအများကြီးနဲ့ တရားစွဲဆိုပြီး ကြီးမားတဲ့ ထောင်ဒဏ်တွေချမှတ်ရာမှာ  ဒီဥပဒေရဲ့ ပြစ်ဒဏ်ပေးပုဒ်မ ၃၃ (က) နဲ့ ပုဒ်မ ၃၈ တွေကိုလည်းအသုံးချခဲ့ပါတယ်၊ ဒီဥပဒေရဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၁၅နှစ်ဖြစ်ပြီး မင်းကိုနိုင်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် ၆၅နှစ် နဲ့ ၆လအပြစ်ပေးရာမှာ အနှစ် ၆၀က အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက် ၄ခုအတွက်ပါ၊ ဒီဥပဒေဟာလည်း ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတဲ့ ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံး ရုပ်သိမ်းသင့်တဲ့ဥပဒေဖြစ်ပါတယ်၊

ဥပဒေအကျဉ်းချုပ်

ဒီဥပဒေမှာ အခန်းပေါင်း ၁၃ခန်း၊ ပုဒ်မပေါင်း ၅၂ခုပါဝင်ပြီး စာမျက်နှာ ၁၈မျက်နှာ ရှည်လျားတာမို့ အသေးစိတ်မဖော်ပြတော့ပါ၊ အခန်း (၂) မှာ ဥပဒေပြဋ္ဌန်းရခြင်းရဲ့ရည်ရွယ်ချက်များအဖြစ် ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အရေးကြီးတဲ့ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာကို ပံ့ပိုးဖို့၊ ကွန်ပြူတာကွန်ယက်တွေကတဆင့် အသုံးချနေတဲ့ လျှပ်စစ်ဆက်သွယ်မှုတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့၊ ကွန်ပြူတာကွန်ယက်တွေက တစ်ဆင့် နိုင်ငံတကာနဲ့ ဒေသတွင်းအစိုးရများ၊အဖွဲ့အစည်းများ၊ ဋ္ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပြန်အလှန်ဆက်သွယ်ရာမှာ ထိရောက်လျင်မြန်ဖို့၊ စသဖြင့်ဖော်ပြထားပေမည့် အမှန်တကယ်ရည်ရွယ်ချက်က နိုင်ငံသားများရဲ့ ကွန်ပြူတာ၊ အင်တာနက်သုံးစွဲမှုနဲ့ ကွန်ပြူတာကွန်ယက်များကို ထိန်းချုပ်ဖို့၊ စောင့်ကြပ်ကွပ်ကဲဖို့နဲ့ သတင်းဖြန့်ချိခြင်း၊ ဖလှယ်ခြင်းများကို အရေးယူဖို့ပဲ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပြင်ပနိုင်ငံများနဲ့ ဆက်သွယ်တဲ့ အီးမေးတစ်စောင်တွေ့ရုံနဲ့ ထောင်ဒဏ် ၁၅နှစ်အပြစ်ပေးတာပါ၊

အဲဒီလို ထိန်းချုပ်နိုင်ဖို့အတွက် အခန်း ၄ မှာ အစိုးရက "လျှပ်စစ်ဆက်သွယ်ရေးဆိုင်ရာ ဗဟိုအဖွဲ့" ကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းလုပ်ငန်းများဆိုင်ရာ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများမှ ကိုယ်စားလှယ်များပါဝင်ပြီး ဖွဲ့စည်းပါတယ်၊ အခန်း ၅မှာ အဲဒီ ဗဟိုအဖွဲ့ကနေ "လျှပ်စစ်ဆက်သွယ်ရေးများ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့" ကို ဖွဲ့စည်းပါတယ်၊ ဒီဥပဒေအရ ဗဟိုအဖွဲ့နဲ့ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့တွေဟာ နိုင်ငံသားများရဲ့ ကွန်ပြူတာပိုင်ဆိုင်မှု၊ အသုံးချမှု၊ အင်တာနက်သုံးစွဲမှု၊ ကွန်ပြူတာကွန်ယက်များကို သုံးစွဲမှုတွေကို ခွင့်ပြုနိုင်၊ ငြင်းပယ်နိုင်၊ တားဆီးနိုင်၊ ကန့်သတ်နိုင်၊ အရေးယူနိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းများဖြစ်လာပါတယ်၊ တစ်နည်းပြောရရင်တော့ နိုင်ငံသားများရဲ့ နေ့တဓူဝ သွားလာလှုပ်ရှားဆောင်ရွက်မှုတွေကို ကန့်သတ်ချုပ်သောဥပဒေများနဲ့တင် မလုံလောက်တော့လို့ နိုင်ငံသားများရဲ့ ကွန်ပြူတာများ၊ အီးမေးများ၊ အီလက်ထရောနစ်ဆက်သွယ်မှုများကို ဒီဥပဒေနဲ့ ကန့်သတ်ချုပ်ချယ်တာပါ၊ 

ဒီဥပဒေ ပုဒ်မ ၃၃ အရ မည်သူမဆို (က) နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ အပြုအမူတစ်ခုခုကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့ ဆောင်ရွက်တယ်ဆိုရင်၊ (ခ)  နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ သတင်းအချက်အလက်တွေကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့လက်ခံရရှိရင်၊ ပေးပို့ရင်၊ တဆင့်ထပ်မံဖြန့်ချိတယ်ဆိုရင်၊ ထောင်ဒဏ်အနည်းဆုံး (၇) နှစ်ကနေ အများဆုံး (၁၅) နှစ်အထိကျခံစေရမည်၊ ဒဏ်ငွေလည်းပေးဆောင်ရနိုင်သည်လို့ ပြဋ္ဌန်းထားပါတယ်၊

ပုဒ်မ ၃၄ ကတော့ လျှပ်စစ်ဆက်သွယ်ရေးတွေကို ဝင်ရောက်ဖျက်ဆီးရင်၊ သတင်းအချက်အလက်တွေကို ခိုးယူရင်၊ စသဖြင့် ကွန်ပြူတာကွန်ယက်ဆိုင်ရာပြစ်မှုတွေကို ကျူးလွန်ရင် ထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်၊ ပုဒ်မ ၃၅၊ ၃၆ နဲ့ ၃၇ တို့ကတော့ ကြီးကြပ်ရေးဘုတ်အဖွဲ့က ထုတ်ပေးတဲ့ ခွင့်ပြုချက်လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ရင်ပုဒ်မ ၃၅ အတွက် ထောင်ဒဏ် ၃နှစ် သို့မဟုတ် ငွေဒဏ်သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး၊ ပုဒ်မ ၃၆ နဲ့ ၃၇ အတွက် ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်၊ ပုဒ်မ ၃၈ ကတော့ ရှေ့မှာ ပြဋ္ဌန်းထားတဲ့ ပြစ်ဒဏ်တွေကို ထပ်မံထင်ရှားစေတာပါ၊ "မည်သူမဆို ဒီဥပဒေပါ ပြဋ္ဌန်းချက်တွေကို ချိုးဖောက်ဖို့ ကြံစည်အားထုတ်တယ်၊ ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်လည်း အလားတူပြစ်ဒဏ်များကျခံစေရမည်" လို့ ပြဋ္ဌန်းထားပါတယ်၊ 

ဆိုလိုတာကတော့ ရှေ့မှာပြဋ္ဌန်းထားတဲ့ ပြစ်မှုတွေကို အမှန်တကယ်မကျူးလွန်တောင်မှ ကျူးလွန်ဖို့ ကြံစည်တယ်၊ ကျူးလွန်သူတစ်စုံတစ်ယောက်နဲ့ ပါတ်သက်မိတယ်ဆိုရင်လည်း အပြစ်ရှိတယ်လို့ ခြိမ်းခြောက်တာပါ၊

အံ့ဩစရာကောင်းတာက ဒီမိုကရေစီရေးလှုပ်ရှားသူတွေသာ ဒီဥပဒေ ပုဒ်မတွေနဲ့ အရေးယူထောင်ချခံရပြီး ဘလော့တွေ (Blog)၊ ဖေ့စ်ဘုက် (Face Book) စာမျက်နှာတွေမှာ လူမျိုးရေး၊ ဘာသာရေးအဓိကရုံးဖြစ်အောင် လှုံ့ဆော်ရေးသားနေကြသူတွေကိုတော့ ဒီဥပဒေနဲ့ ဖမ်းဆီးအရေးယူတာ မတွေ့ရပါ၊ 

ဦးသိန်းညွန့် ကြိုးပမ်းပြန်ခြင်း

ပထမအကြိမ်ပြည်သူ့လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေး ဒဿမနေ့ဖြစ်တဲ့ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က "အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း" ကို တင်သွင်းခဲ့ပါတယ်၊ 

ဦးသိန်းညွန့်က ဥပဒေကြမ်းတင်သွင်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြရာမှာ "အမျိုးသားလုံခြုံရေးရှူထောင့်ကို ကျနော်တို့နားလည်ပါတယ်၊ လက်ခံပါတယ်၊ သို့သော် တစ်ကြိမ်တည်းမှာ လူ့အခွင့်အရေးနဲ့ ဥပဒေတစ်ခုအား မိမိမူလရည်ရွယ်ချက်နဲ့ ပြဋ္ဌန်းချက်များကွဲလွဲနေတယ်၊ ပြဋ္ဌန်းချက်များမသဲကွဲဘူး၊ စကားလုံးမတိကျဘူး၊ ဥပဒေကို နိုင်ငံရေးရည်မှန်းချက်နဲ့ အသုံးချနိုင်တဲ့ ပြဋ္ဌန်းချက်မျိုးဖြစ်ရင်တော့ ဒီဥပဒေများကို ပြန်လည်ရုပ်သိမ်းပြီးတော့ အသစ်ဆွဲသင့်ပါတယ်၊ ဒါ့ကြောင့် ၂၀၀၄ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဥပဒေကြမ်းအဆိုတင်သွင်းရခြင်းဖြစ်ပါတယ်၊" လို့တင်ပြပါတယ်၊

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဦးသိန်းညွန့်ရဲ့ အဆိုကို ပြန်လည်ရှင်းလင်းတင်ပြရာမှာ "ခေတ်စနစ်နှင့် ပိုမိုလျော်ညီပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်သည့် e-Commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်သည့်၊ ထူးချွန်ထက်မြက်သော မြန်မာ IT လူငယ်များ၏ တီထွင်မှုစွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ IT ပညာရှင်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေးတိုင်ပင်ပြီး နိုင်ငံတကာမှ ဥပဒေနှင့်    ပညာရှင်များ၏ အကူအညီကိုရယူကာ အသစ်ရေးဆွဲရန် သင့်လျော်ကြောင်း၊ အဆိုပါ e-Commerce ဥပဒေအသစ်မပေါ်ပေါက်မီကာလအတွင်း အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေတွင်ပါဝင်သည့် အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များအပိုင်းတွင် ပါဝင်သည့် ပြဋ္ဌန်းချက်များကို လိုအပ်ပါက ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲခြင်းတို့သာ ပြုလုပ်သင့်ပြီး ဥပဒေအသစ် အတည်ပြုပြဋ္ဌန်းပြီးမှသာ ယခု ဥပဒေတစ်ခုလုံးကို ရုပ်သိမ်းခြင်းပြုသင့်ပါကြောင်း" ရှင်းလင်းပါတယ်၊

ဒုတိယ ဝန်ကြီး ဦးသောင်းတင်ရဲ့ ရှင်းလင်းချက်ကို ဦးသိန်းညွန့်က လက်ခံပြီး သူတင်သွင်းတဲ့ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခြင်းမပြုပဲ ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ပေးဖို့တောင်းဆိုတာမို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးသိန်းညွန့်တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် မရှိကြောင်းနဲ့ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့ ဆောင်ရွက်မှုကို စောင့်ကြည့်ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်၊

ဘာတွေဆက်ဖြစ်မှာလဲ

အခုအတိုင်းဆို "အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း" ဟာ တင်သွင်းသူကိုယ်တိုင်က မဲခွဲဖို့ မတောင်းဆိုတာမို့ အရေးနိမ့်သွားခဲ့ပါပြီ၊ ဦးသိန်းညွန့်က ဒုတိယဝန်ကြီး အကြံပြုသလို အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များအပိုင်းကိုပဲ ရုပ်သိမ်း သို့မဟုတ် ပြင်ဆင်မည့် "အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း"ကို လာမည့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းမှာလားဆိုတာတော့အသေအချာမသိရပါ၊ 

ဒုတိယဝန်ကြီးတင်ပြသွားတဲ့ ခေတ်နဲ့လျော်ညီတဲ့ "e-Commerce” ဥပဒေသစ်ကို ဘယ်သူတွေက ဘယ်တော့ရေးဆွဲပြီး ဘယ်အချိန်မှာ လွှတ်တော်ကို တင်ပြမလဲဆိုတာလည်း အသေအချာမသိရပါ၊ ပြည်ထောင်စုလွှတ်တော်ကို ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ ဆက်သွယ်ရေးဥပဒေကြမ်းမှာလည်း အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေက ပုဒ်မ ၃၃ နဲ့အလားတူပြစ်ဒဏ်နဲ့အရေးယူမှုတွေကို ထည့်သွင်းထားတာတွေ့ရပါတယ်၊
 
သေချာတာကတော့ အစိုးရအာဏာပိုင်တွေ အလိုမတွေ့တဲ့ အီးမေးတစ်စောင်ကို ပေးပို့ရုံ၊ လက်ခံရရှိရုံ၊ တဆင့်ဖြန့်ဝေရုံ၊ မိမိရဲ့ ကွန်ပြူတာထဲမှာ ရှိနေရုံနဲ့ ထောင်ဒဏ် ၁၅နှစ် ကျခံရမည့် ဥပဒေဆိုးကြီးတစ်ခုကဖြင့် လွတ်မြောက်နေဆဲ၊ ရှင်သန်နေဆဲ၊ ဒီမိုကရေစီလှုပ်ရှားသူများကို အန္တရာယ်ပြုဖို့ အသင့်ရှိနေဆဲပါ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
မေ ၁၄၊ ၂၀၁၃

Saturday, June 15, 2013

Examining the Transition to Democracy in Burma, National Endowment for Democracy

Examining the Transition to Democracy in Burma
Examining the Transition to Democracy in Burma
Examining the Transition to Democracy in Burma




Examining the Transition to Democracy in Burma from National Endowment for Democracy on Vimeo.

Honoring Min Ko Naing and “Examining the Transition to Democracy in Burma”

On June 4, 2013, the National Endowment for Democracy (NED) was finally able to honor Burmese activist Min Ko Naing with its 2012 Democracy Award at an event in the U.S. Capitol. NED President Carl Gershman presented the award, highlighting Min Ko Naing’s tremendous moral courage and leadership in the struggle for democracy in Burma. Senator John McCain (R-AZ), House Democratic Leader Nancy Pelosi (D-CA), and U.S. Representative Joe Crowley (D-NY) also spoke at the event underscoring the U.S. Congress’ longtime support for the democracy movement and political prisoners in Burma.
The award presentation was preceded by a panel discussion on “Examining the Transition to Democracy in Burma” featuring both Min Ko Naing and fellow Burmese activist, political prisoner, and leader of the 88 Generation Ko Ko Gyi, moderated by NED Senior Director for Asia and Global Programs Brian Joseph. 
In September 2012, when NED originally honored four activists representing the democracy movement in Burma with its annual award, Min Ko Naing, one of the recipients, stayed in Burma to demonstrate solidarity with other activists who had not yet been granted passports by the Burmese government.
A student leader during the 1988 popular democracy uprising, Min Ko Naing also played a key role in the initial protests that resulted in the 2007 Saffron Revolution and has spent 21 years as a political prisoner since 1988. Since his release in January 2012, Min Ko Naing has been one of the leaders of the 88 Generation (Peace and Open Society) and a vital activist in Burma’s emerging civil society. Ko Ko Gyi is also one of the leaders of the 88 Generation (Peace and Open Society) group, a former political prisoner, and an important political voice in the country.
“Burma is one of the great stories of the modern struggle for democracy,” Carl Gershman said. “If we’ve come as far as we’ve come [in Burma], it’s because of courageous civic activists” like Min Ko Naing.

Panel Discussion

In a wide-ranging discussion, Min Ko Naing and Ko Ko Gyi spoke about their experiences each spending nearly 20 years as political prisoners in Burma, the role of the 88 Generation in Burma’s transition, and the challenges that remain to democracy in the country.
“We believe that civil society is the foundation of democracy,” Min Ko Naing said. New policies and reforms in Burma will need to pass through the Parliament but will also require changes in the community, so the role of civil society is complementary and equally important, Ko Ko Gyi explained. The 88 Generation is working to strengthen civil society and educate the Burmese public about their rights.
Senator McCain praised Min Ko Naing and Ko Ko Gyi for providing hope and inspiration for Burma’s democracy movement, but also noted that the democratic transition in Burma was still ongoing. He said, “there’s a lot of work to be done to ensure Burma stays on the right path. This cause lives on in the work and legacy of great freedom fighters like Min Ko Naing whom we honor today.”
Representative Crowley agreed, and called for the United States to maintain a “carefully calibrated” approach to Burma. He warned that overstating the positive changes and successes of the democratic transition in Burma risks overlooking the important challenges that still remain, including the issue of Burma’s ethnic nationalities who “need to feel like they have a future in the country.”
Brian Joseph asked Min Ko Naing and Ko Ko Gyi, as two of the leading moral figures in the country, to speak on the increasingly important issue of ethnic and religious pluralism in Burma and the recent outbreak of communal violence in the country. Both men spoke about the importance of tolerance and of rejecting hate speech and violence. Min Ko Naing said that he is working with leaders from all religious communities to stop the violence together and prevent future conflict. “We don’t want to allow the hate language among the different groups,” Ko Ko Gyi said, “We tried to make harmony between the different religions and the different communities. That is our goal and objective. Without stability, we cannot achieve democracy and development.”

Democracy Award Presentation

Presenting the Democracy Award to Min Ko Naing, Gershman described Min Ko Naing’s role as a leader of the Burmese democracy movement, beginning in 1988 when he organized the All Burma Federation of Student Unions to lead a general strike in protest of the military government.
“I want you to know that you actually have achieved your goal. You have liberated your people and for that we honor you,” Gershman said.
Pelosi congratulated Min Ko Naing for his “courageous efforts to promote democracy and human rights in Burma” and praised the Endowment for its leadership in “placing before the eyes of the American people the courage and plight of the people of Burma.”
Accepting the award, Min Ko Naing thanked the NED and the U.S. Congress for their consistent support of the democracy movement in Burma. “It was surely a fact that the international recognition and unyielding support serve as a great spiritual encouragement to those who are fighting for freedom at one corner of the world,” he said.

About the Speakers

Min Ko Naing has been described by the New York Times as Burma’s “most influential opposition figure after Daw Aung San Suu Kyi.” Currently, he is a leader of the 88 Generation (Peace and Open Society), a civil society organization in Burma. He was the chairman of the All Burma Federation of Students Union (ABFSU) and a leader of the pro-democracy protests in 1988 (popularly known as the “8888 Uprising”) that were eventually stopped by a brutal government crackdown. Min Ko Naing spent much of the last 20 years imprisoned by the state for his activities, and was released on January 13, 2012 in a mass presidential amnesty.
During the past two decades, Min Ko Naing has received numerous international awards for his courage, conviction, and dedication to nonviolence and democracy. These awards include the 2009 Gwangju Prize for Human Rights; the 2005 Civic Courage Prize, which he shared with Anna Politkovskaya and Munir Said Thailib; the 2000 Homo Homini Award from People in Need; and the 1999 John Humphrey Freedom Award, which he shared with Dr. Cynthia Maung.
Ko Ko Gyi is one of the leading figures of the struggle for democracy and human rights in Burma. He was actively involved in the 1988 popular democracy uprising, becoming the Vice-Chairman of the All Burma Federation of Student Organizations (ABFSU), a leading national student organization in Burma, whose leadership included Min Ko Naing and Aung Din. On December 11, 1991, he was arrested for participating in a student gathering at Rangoon University celebrating the awarding of the Nobel Peace Prize to Aung San Suu Kyi. He spent the next 14 years in prison, and after two more arrests, was finally released in 2012 in a mass presidential pardon.
Ko Ko Gyi spent nearly 19 years in prison for his commitment to democracy, human rights and justice for the people of Burma. He is now one of the leaders of the 88 Generation (Peace and Open Society), a leading civil society organization working to achieve permanent peace and establish an open society in Burma.
Brian Joseph is Senior Director for Asia and Global Programs at the National Endowment for Democracy. He served as Director for South and Southeast Asia programs at NED from 2005 to 2009. In this capacity, he oversaw millions of dollars worth of grants to hundreds of civil society organizations in the region. He travels regularly to the region. Brian has spoken widely and written about Burma, Pakistan, Thailand, human rights in Asia, and democracy promotion in closed societies. He has testified before the Senate Committee on Foreign Relations’ Subcommittee on East Asia and Pacific Affairs and the Congressional Human Rights Caucus, provided high-level briefings for State Department officials, and lectured at the Foreign Service Institute.
Brian formerly served as a volunteer South Asia regional coordinator for Amnesty International USA and he is a member of the International Human Rights Funders’ Group and the Burma Donors’ Forum.
- See more at: http://www.ned.org/events/examining-the-transition-to-democracy-in-burma#sthash.HB1E0lGK.dpuf

Wednesday, June 12, 2013

Burma's Parliament Watch Part 24

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၇၊ မေလ ၃၀ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၂၄) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (ဃ)

မအောင်မြင်ခဲ့သော ဥပဒေဖျက်သိမ်းရန်ကြိုးပမ်းမှုများ

တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီအမတ်များက အများစုလွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မတရားတဲ့ ဥပဒေတွေ ရုတ်သိမ်းရေး သို့မဟုတ် ပြင်ဆင်ရေး စိုက်လိုက်မတ်တပ်ကြိုးစားဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ထူးထူးခြားခြားတွေ့ရပါတယ်၊ အဲဒီပုဂ္ဂိုလ်ကတော့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပါတယ်၊ သူ့ရဲ့ အကြိမ်ကြိမ်ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုအပြည့်အဝမရှိသေးပေမည့် တိုးတက်မှုတစ်စုံတစ်ရာတွေ့မြင်ရပါတယ်၊ ဒါကြောင့်မို့ ဦးသိန်းညွန့်ရဲ့ တာဝန်သိသိအားထုတ်မှုကို လေးစားအသိအမှတ်ပြုရမှာပါ၊

ပထမအကြိမ်ကြိုးစားမှု

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဦးသိန်းညွန့်က "၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ" ကို ဖျက်သိမ်းရန်အဆိုကို တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်တဲ့အခါ အရေးနိမ့်သွားခဲ့ပါတယ်၊

ဦးသိန်းညွန့်တင်သွင်းတဲ့ “အရေးပေါ်စီမံမှုအက်ဥပဒေ ဖျက်သိမ်းရေး ဥပဒေကြမ်း” ကို ၂၀၁၁ ခုနှစ် ဩဂုတ်လ ၃၀ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တဲ့အခါ အစည်းအဝေးတက်သူ ၃၈၅ဦးရှိတဲ့အနက် ဦးသိန်းညွန့်အပါအဝင် (၈) ဦးပဲထောက်ခံမဲပေးပြီး တပ်မတော်သားကိုယ်စားလှယ်များအားလုံးနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ စုစုပေါင်း (၃၃၆) ဦးက ကန့်ကွက်မဲပေးခဲ့ကြပါတယ်၊ ကြားနေသူက ၄၁ ဦးရှိတယ်လို့ သိရပါတယ်၊ အရေးနိမ့်ခဲ့ဦးတော့၊ တာဝန်သိသိနဲ့ ကြိုးစားခဲ့တဲ့ ဦးသိန်းညွန့်နဲ့ ထောက်ခံသူများဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါက်တာသန်းဝင်းနဲ့ ဦးခိုင်မောင်ရည်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီမှ ဒေါ်နန်းဝါနု၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကြည်ညွန့်၊ ချင်းအမျိုးသားပါတီမှ ဒေါ်ဇာတလဲမ်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဒေါ်မိမြင့်သန်းတို့ကို လေးလေးစားစားအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်၊

ဒုတိယအကြိမ်ကြိုးပမ်းမှု

ဥပဒေတစ်ခုလုံးပယ်ဖျက်ဖို့ကြိုးစားတာ မအောင်မြင်တဲ့နောက် ဦးသိန်းညွန့်က ဒီဥပဒေထဲက ပုဒ်မ ၅(င) နဲ့ ၅ (ည) နှစ်ခုကိုသာ ဖျက်သိမ်းရေးအဆိုပြုတဲ့ "အရေးပေါ်စီမံမှုအက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) ကို ပြင်ဆင်သည့်ဥပဒေကြမ်း" အား ပြည်သူလွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေး ဒဿမနေ့ (၂၀၁၂ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့) မှာ တင်သွင်းပါသေးတယ်၊  ဦးသိန်းညွန့်တင်သွင်းတဲ့ ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ရှမ်းပြည်နယ် ကွမ်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ထောက်ခံပြီး တာဝန်ရှိတဲ့ ဝန်ကြီးဋ္ဌာနဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက လက်ခံဆွေးနွေးရန် သဘောတူတဲ့အတွက် လွှတ်တော်လုပ်ထုံးလုပ်နည်းများအရ  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဦးသိန်းညွန့်တင်သွင်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မီတီသို့ လွှဲအပ်ကြောင်းကြေညာတယ်လို့ သိရပါတယ်၊ အဲဒီနေ့မှာပဲ ဦးသိန်းညွန့်ကပဲ "မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ်၊ အိန္ဒိယအက်ဥပဒေ ၁၄) ကိုရုတ်သိမ်းသည့်ဥပဒေကြမ်း" ကို တင်သွင်းပြီး ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူပြီး လုပ်ထုံးလုပ်နည်းများအရ ဥပဒေကြမ်းကော်မီတီထံ လွှဲအပ်ခဲ့ပါတယ်၊

အဲဒီနောက် (၇) လကျော်ကြာပြီးမှ ဦးသိန်းညွန့်တင်သွင်းတဲ့ ဥပဒေကြမ်းနှစ်ခုထဲက "မတရားသင်းများအက်ဥပဒေ (၁၉၀၈ခုနှစ် အိန္ဒိယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း" ကို ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ရဲ့ ၂၀ရက်မြောက်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဆွေးနွေးကြပါတယ်၊ အဲဒီအစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္က္ကဋ္ဌက လွှဲပြောင်းပေးတဲ့ ဥပဒေကြမ်းကို လေ့လာသုံးသပ်ရတဲ့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မီတီရဲ့ အဖွဲ့ဝင် ဦးဘရှိန်က သူတို့ကော်မီတီရဲ့ သုံးသပ်ချက်ကို တင်သွင်းပါတယ်၊ ဒီကော်မီတီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မီတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များနဲ့ ညှိနှိုင်းဆွေးနွေးပြီး ရရှိလာတဲ့အကြံပြုချက်အဖြစ် "မတရားအသင်းများအက်ဥပဒေကို ယခုအချိန်ကာလ၌ ရုပ်သိမ်းရန်မသင့်သေးကြောင်း၊ သို့ရာတွင် ဤဥပဒေကြောင့် မတရားနစ်နာဆုံးရှုံးမှုများ မဖြစ်ပွါးစေရန်အတွက် ပြင်ဆင်သင့်သည့်အချက်အလက်များကို ထည့်သွင်းပြဋ္ဌန်းနိုင်ရန် မတရားအသင်းများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအဖြစ်သာ တင်သွင်းဆောင်ရွက်သင့်ကြောင်း" လွှတ်တော်သို့တင်ပြပါတယ်၊ ဒီလို ကော်မီတီရဲ့ တင်ပြချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောထားကို တောင်းခံတဲ့အခါ ကန့်ကွက်သူမရှိတဲ့အတွက် ဦးသိန်းညွန့်တင်သွင်းတဲ့ "မတရားအသင်းများအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း" ကို ပြဋ္ဌန်းရန်မသင့်ကြောင်းနဲ့ "မတရားအသင်းများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" အဖြစ်ပြန်လည်တင်သွင်းရန် ဆုံးဖြတ်ချက်ချပါတယ်၊

ဥပဒေကြမ်းကော်မီတီက လေ့လာသုံးသပ်နေတဲ့ ဦးသိန်းညွန့်တင်သွင်းထားတဲ့ "အရေးပေါ်စီမံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကိုတော့ ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မီတီက အစီရင်ခံတင်ပြတာ၊ မဲခွဲဆုံးဖြတ်တာ မတွေ့ရပါ၊ ပြန်လည်ကျင်းပမည့် သတ္တမပုံမှန်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊

ဦးကျော်နိုင်ဋ္ဌေး၏ ကြိုးပမ်းမှု

အဲဒီနောက် ဆက်လက်ကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး၊ ၂၄ရက်မြောက်နေ့၊ ၂၀၁၃ခုနှစ် မတ်လ ၈ရက်နေ့မှာ အင်းတော်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဋ္ဌေးက "မတရားအသင်းများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" ကို လက်ခံဆွေးနွေးရန်အဆိုတင်သွင်းပါတယ်၊

ထူးခြားမှုတစ်ခုအနေနဲ့ ပြောရမှာက ဦးကျော်နိုင်ဋ္ဌေးဟာ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ပါ၊ သူ့ရဲ့ ဥပဒေကြမ်းကတော့ ၁၉၀၈ခုနှစ် မတရားအသင်းများအက်ဥပဒေရဲ့ ပြစ်ဒဏ်ပေးပုဒ်မများဖြစ်ကြတဲ့ ပုဒ်မ ၁၇ (၁) နဲ့ ပုဒ်မ ၁၇ (၂) နဲ့ ပုဒ်မ ၁၈ တို့ရဲ့နောက်မှာ ပုဒ်မ ၁၉ ဆိုပြီး ဖြည့်စွက်တာပါ၊ အဲဒီ ဖြည့်စွက်ချက်ကတော့ "ပုဒ်မ ၁၉၊ ဤဥပဒေတွင် မည်သို့ပင် ပြဋ္ဌန်းပါရှိစေကာမူ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ဖြစ်စေ မိမိ၏ နေ့စဉ်ပုံမှန်စားသောက်သွားလာလုပ်ကိုင်ဆောင်ရွက်မှုအတွက်သော်လည်းကောင်း၊ မိမိ၏အသက်ဘေးအန္တရာယ်ကို ရုတ်ချည်းကြောက်ရွံ့ရသည့်အတွက်သော်လည်းကောင်း၊ မတရားအသင်းများနှင့် ဆက်နွယ်ပါတ်သက်ဆောင်ရွက်ရခြင်းသည် ဤဥပဒေအရ ပြဋ္ဌန်းသည့်ပြစ်မှုများတွင်အကျုံးမဝင်ဟု မှတ်ယူရမည့်အပြင် တရားစွဲဆိုခြင်းမခံထိုက်စေရ၊" ဖြစ်ပါတယ်၊

ဦးကျော်နိုင်ဋ္ဌေးရဲ့ တင်ပြချက်မှာ "ဒီနေ့ဆိုရင် ကျနော်တို့ပြည်သူများဟာ လက်နက်ကိုင်သောင်းကျန်းသူတွေရှိနေတဲ့ဒေသမှာ မလွဲမရှောင်သာ နေထိုင်ကြရမည့် အနေအထားရှိပါတယ်၊ ပြည်သူတွေဟာ နီးရာဓားကို ကြောက်ကြရတယ်၊ ဒီတော့ကာ မတရားအသင်းအဖြစ် ကြေညာထားခြင်းခံရတဲ့ လက်နက်ကိုင်သောင်းကျန်းသူများရဲ့ အဖွဲ့အစည်းတွေကို ကူညီနေရတဲ့ ဘဝမျိုးတွေကို ရောက်တယ်၊ နီးရာဓားကို ကြောက်ရတဲ့အတွက် ရိက္ခာတောင်းရင်ပေးရတယ်၊ ငွေကောက်ခံရင်ဆောင်ကြရတယ်၊ ဒီအခါမှာ အထက်ကျနော်တင်ပြခဲ့တဲ့ ဒီဥပဒေ ပုဒ်မ ၁၇ (၁) အရအကျုံးဝင်နေတဲ့အခါ ဒီပုဒ်မဟာ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝ၊ စားသောက်နေထိုင်မှုကို အကာအကွယ်ပေးရုံမဟုတ်တော့ပဲနဲ့ ပြည်သူတွေကို ဒုက္ခပေးတဲ့ ဥပဒေပုဒ်မ မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) ဆိုတာဖြစ်လာတာ ဖြစ်ပါတယ်" ဆိုပြီး သူကိုယ်တိုင် ၁၉၉၅ခုနှစ်က ဖားကန့်ရတနာမြေကိုသွားတဲ့အခါမှာ လုံးခင်းမြို့နယ်ကို ဖြတ်သန်းဖို့အတွက် လက်နက်ကိုင်သောင်းကျန်းသူများထံက မှော်နင်းလက်မှတ်လို့ခေါ်တဲ့ ဖြတ်သန်းခွင့်လက်မှတ်ကို သတ်မှတ်ထားတဲ့ ငွေကြေးပေးဝယ်ယူဖြတ်သန်းခဲ့ရပုံကို နမူနာအဖြစ်တင်ပြပါတယ်၊

ဦးကျော်နိုင်ဋ္ဌေးရဲ့ ဥပဒေကြမ်းတင်သွင်းတာကို ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ရှမ်းပြည်နယ် မိုင်းရယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် (ခေါ်) ဦးစိုင်းဟပ်က လွှတ်တော်မှ လက်ခံဆွေးနွေးရန် ထောက်ခံတင်ပြပါတယ်၊ အဲဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးရန်သင့်၊ မသင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒကို တောင်းခံရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မီတီထံ လွှဲပြောင်းပေးလိုက်ပါတယ်၊ ဒီတော့ ပြန်လည်ကျင်းပမည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မီတီက လေ့လာသုံးသပ်ချက်တွေကို တင်ပြပြီး ဒီဥပဒေကြမ်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်လိမ့်မယ်ထင်ပါတယ်၊

ဥပဒေကြမ်းတစ်ခုရဲ့ ခရီး

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေတစ်ခုအတည်ပြုဖို့အတွက် စတင်တင်သွင်းချိန်ကနေ ဆုံးဖြတ်ချက်ချချိန်အထိ ပျမ်းမျှအားဖြင့် တစ်နှစ်ကျော်ကျော်လောက် ကြာမြင့်ပါတယ်၊ ဥပဒေပြဋ္ဌန်းရာလုပ်ငန်းစဉ်အဆင့်ဆင့်က ဒီလိုပါ၊

လွှတ်တော်နှစ်ရပ်ရှိတဲ့အထဲက ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းတစ်ခုကို စတယ်ဆိုပါစို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်ထောင်စုလွှတ်တော် (လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေး) ၌သာ တင်သွင်းဆုံးဖြတ်ရမည်ဟု သတ်မှတ်ပြဋ္ဌန်းထားသည့်ကိစ္စရပ်များမှအပ ကျန်ကိစ္စများနှင့် စပ်လျင်းသော ဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော်သို့တင်သွင်းခွင့်ရှိပါတယ်၊ အဲဒီ ဥပဒေကြမ်းတင်သွင်းမှုကို အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံတယ်ဆိုရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအားလုံးရဲ့ သဘောထားကိုရယူပါတယ်၊ အများစုက မထောက်ခံရင် အဲဒီအဆင့်မှာပဲ ဥပဒေကြမ်းအရေးနိမ့်ပါတော့တယ်၊ အများစုက လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံကြရင်တော့ အဲဒီဥပဒေကြမ်းကို လေ့လာသုံးသပ်ပြီး လွှတ်တော်ကို ပြန်လည်တင်ပြီဖို့ ဥပဒေကြမ်းကော်မီတီသို့ လွှတ်တော်ဥက္ကဋ္ဌက လွှဲပြောင်းပေးပါတယ်၊
ဥပဒေကြမ်းကော်မီတီကလည်း ဥပဒေကြမ်းတစ်ခုကို လေ့လာသုံးသပ်ဖို့ အနည်းဆုံး သုံးလ နဲ့ ခြောက်လလောက် အချိန်ယူတတ်ပါတယ်၊ 

ဥပဒေကြမ်းကော်မီတီက လေ့လာသုံးသပ်ပြီးတော့ ကော်မီတီရဲ့ တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို လွှတ်တော်သို့ ပြန်လည်တင်ပြပါတယ်၊ ကော်မီတီရဲ့ အကြံပြုချက်တွေကတော့ ဥပဒေကြမ်းကို မပြင်ဆင်ပဲ အရှိအတိုင်း အတည်ပြုသင့်ကြောင်းထောက်ခံတာ၊ သို့မဟုတ် ပြင်ဆင်ချက်များဖြည့်စွက်ဖို့အကြံပေးတာ၊ သို့မဟုတ် ဥပဒေကြမ်းကို အတည်ပြုဖို့ မသင့်လို့ ပြန်လည်ရုပ်သိမ်းဖို့ အကြံပေးတာ၊ စတာတွေ ဖြစ်ပါတယ်၊ ဥပဒေကြမ်းကော်မီတီရဲ့ အကြံပြုချက်ကို အခြေခံပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောထားရယူပြီး ဥပဒေကြမ်းကို အတည်ပြုသင့်၊မပြုသင့် ဆုံးဖြတ်ပါတယ်၊ အဲဒီအဆင့်မှာ မူလဥပဒေကြမ်းတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြမ်းကို ကိုယ်တိုင်ပြန်ရုပ်သိမ်းတာမျိုးလဲ ရှိနိုင်ပါတယ်၊ မရုပ်သိမ်းပဲ မဲခွဲလို့ အများစုက မထောက်ခံရင် ဒီဥပဒေကြမ်း ဇာတ်သိမ်းပါပြီ၊ ထောက်ခံရင် ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ကို ပို့ရပါတယ်၊ ဒီအဆင့်မှာ အများထောက်ခံမဲရဖို့ဆိုရာမှာ ပြည်သူ့လွှတ်တော်မှာ အများစုနေရာရထားတဲ့ ကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်များရဲ့ ထောက်ခံမှုရဖို့ အင်မတန်အရေးကြီးပါတယ်၊ ဆိုတော့ ပြည်သူ့လွှတ်တော်အဆင့်မှာ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့ အနည်းဆုံး (၇) လလောက် ကြာမြင့်ပါတယ်၊ အဲဒီမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးများမှာ ဆွေးနွေးရမည့်အချက်များကို ဆုံးဖြတ်တာမို့ သူ့ရဲ့ စိတ်ဆန္ဒအပေါ်မူတည်ပြီး ဥပဒေကြမ်းတစ်ရပ်ကို ဆွေးနွေးဖို့ ပိုပြီးမြန်ဆန်တာ၊ ပိုပြီးကြံ့ကြာတာလည်း ဖြစ်နိုင်ပါတယ်၊

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပေးပို့လာတဲ့ အတည်ပြုပြီးသားဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ချပြပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်၊ အဲဒီမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ၊ ဝေဘန်ကြ၊ အကြံပြုကြပြီး အရှိအတိုင်းအတည်ပြုတာ၊ သို့မဟုတ် ကန့်ကွက်ပယ်ချတာ၊ သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ချက်များနဲ့ ပြည်သူ့လွှတ်တော်သို့ပြန်ပို့တာစတဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို မဲခွဲဆုံးဖြတ်ပါတယ်၊ အမျိုးသားလွှတ်တော်က ပယ်ချလိုက်တယ်ဆိုရင် ဒီဥပဒေကြမ်း ဘဝနိဂုံးချုပ်ပါပြီ၊ ပြည်သူ့လွှတ်တော်က ပေးပို့တဲ့အတိုင်း အမျိုးသားလွှတ်တော်ကလည်း အတည်ပြုတယ်ဆိုရင်ဖြင့် ဒီဥပဒေကြမ်း ရှင်သန်ထမြောက်ပါပြီး၊ 

အမျိုးသားလွှတ်တော်က ပြင်ဆင်ပြီးမှအတည်ပြုတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဆွေးနွေးရပါတယ်၊ ဒီလိုနဲ့လွှတ်တော်နှစ်ရပ်ကအတည်ပြုထားတဲ့ ဥပဒေကြမ်းကိုမှ နိုင်ငံတော်သမ္မတထံပေးပို့ရပါတယ်၊ နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပြီး ဥပဒေအဖြစ်ထုတ်ပြန်ပါတယ်၊ တစ်ခါတစ်ရံ သမ္မတက လက်မှတ်မထိုးပဲ ပြင်ဆင်ရန်အကြံပြုချက်များနဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့တာမျိုးလည်းရှိပါတယ်၊ အဲဒါဆိုရင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ပြီး သမ္မတရဲ့ အကြံပြုချက်များကို ပြန်လည်သုံးသပ်မဲခွဲဆုံးဖြတ်ကြပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလက်မှတ်မထိုးတာတောင်မှ လွှတ်တော်နှစ်ရပ်စလုံးက အများစုမဲနဲ့ အတည်ပြုတဲ့ ဥပဒေကြမ်းဟာ ဥပဒေဖြစ်လာပါတယ်၊ ဒါပေမည့် အဲဒီလို ဥပဒေကြမ်းကနေ ဥပဒေဖြစ်လာဖို့ တစ်နှစ်ကျော်ကျော်လောက် ကြာမြင့်တတ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကလည်း တစ်နှစ်မှ ၂လလောက်ပဲ အလုပ်လုပ်တာမို့ ဥပဒေများရဲ့ ခရီးဟာ ဝေးလွန်းလှပါတယ်၊

ဆက်ပါဦးမည်၊

လေးစားစွာ၊

အောင်ဒင်
မေလ ၁၃ရက်၊ ၂၀၁၃