BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Letters to Friends. Show all posts
Showing posts with label Letters to Friends. Show all posts

Tuesday, August 1, 2006

Of Economic Sanctions

မိတ်ဆွေများသို့ အလွမ်းမှတ်တမ်း
အောင်ဒင်

(၃) စီးပွားရေးပိတ်ဆို့မှုအကြောင်း

သြဂတ်စ် ၁၊ ၂ဝဝ၆။
မေရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

၁။ မိတ်ဆွေတို့ရေ

အခုစာရေးနေတဲ့အချိန်မှာပဲ အမေရိကန် သမ္မတ အိမ်ဖြူတော်ကနေ ကြေငြာချက်တခု ထုတ်ပြန်တာကို ကြားလိုက်ရတယ်။ ဇူလိုင်လ(၁၁) ရက်နဲ့ ဇူလိုင်လ (၂၆) ရက်တွေမှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အသီးသီးက တခဲနက်ထောက်ခံအတည်ပြုခဲ့ကြတဲ့ မြန်မာနိုင်ငံက နအဖ စစ်အုပ်စု အပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခက်မှုကို နောက်ထပ် သက်တမ်း၃နှစ်တိုးရေး ဥပဒေမူကြမ်းကို သမ္မတ ဘွတ်ရှ်(Bush့) က လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့အကြောင်းသတင်းထုတ်ပြန်ချက်ပါပဲ့  ။

၂ဝဝ၃ခုနှစ်မှာ နအဖစစ်အုပ်စုရဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးကို တုန့်ပြန်ဒဏ်ခက်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ကွန်ဂယက်လွှတ်တော်ကနေ ချမှတ်အရေးယူထားတဲ့ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှုဟာ ၂ဝဝ၉ခုနှစ်အထိ ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။

မိတ်ဆွေတို့ရေ

အဲ့ဒီနေ့၊ ဇူလိုင်လ (၂၆) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အထက်လွှတ်တော် စည်းဝေးခန်းမကြီးထဲမှာ မြန်မာနိုင်ငံနဲ့ပက်သက်တဲ့ ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ကြမယ်ဆိုတာ ကြိုတင်သိထားခဲ့ပါတယ်။ မနက် ၉းဝဝ နာရီကစပြီး အထက်လွှတ်တော်အမတ်ကြီးတွေဟာ ကမBာအရေး၊ အမေရိကန်ပြည်သူများရဲ့အရေးကိစ္စတွေကို လေးလေးနက်နက်၊ ပြင်းပြင်းထန်ထန်၊ ဝေဖန်ဆွေးနွေးကြ၊ ငြင်းခုံကြ၊ ကန့်ကွက်ကြနဲ့ ဥပဒေမူကြမ်းတွေကို မဲခွဲဆုံးဖြတ်နေကြတာပါ။

ခင်ဗျားတို့သိကြတဲ့အတိုင်းအမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကကို ရီပတ်ဘလီကန်ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီ ဆိုတဲ့ နိုင်ငံရေးပါတီကြီး ၂ခုက လွှမ်းမိုးထားကြတာပါ။ အောက်လွှတ်တော်, အထက်လွှတ်တော် နှစ်ရပ်ပေါင်းကို ကွန်ဂရက် လို့ခေါ်ပြီး ဥပဒေပြုအာဏာကို ကိုင်တွယ်ထားတာပါ။ ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်၊ အထက်လွှတ်တော် ၂ရပ်စလုံးက အတည်ပြုထောက်ခံမှ သမ္မတဆီကို ရောက်ရှိမှာဖြစ်ပြီး သမ္မတက သဘောမတူရင် ဗီတိုပါဝါနဲ့ ပယ်ချခွင့်ရှိပါတယ်။ သမ္မတက သဘောတူလို့ လက်မှတ်ရေးထိုးပြီဆိုမှ ဥပဒေဟာ စတင်အသက်ဝင်တာပါ။

အဓိက နိုင်ငံရေးပါတီကြီး၂ခုက လွှတ်တော်၂ရပ်စလုံးမှာ အားပြိုင်နေကြပြီး မတူညီမှုတွေ၊ သဘောထားကွဲလွဲမှုတွေကလည်း များလှပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့၊ ရွေးကောက်ပွဲ လှူဒါန်းငွေများကို ကန့်သတ်ဖို့၊ အီရတ်စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသပြဿနာ၊ ဟာရီကိန်းမုန်တိုင်း ကက်ထရီနာကြောင့် ပျက်ဆီးခဲ့ရတဲ့ ဒေသတွေပြန်လည်ထူထောင်ဖို့၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ အမေရိကန်နိုင်ငံတွင်း တရားမဝင်နေထိုင်သူများအားအရေးယူရေ့း  စသဖြင့် အရေးကိစ္စပေါင်းများစွာမှာ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင်ပါတီအမတ်များအကြားသဘောထားကွဲလွဲမှုတွေကြီးမားလှတာကြောင့် ဥပဒေအဖြစ် အတည်ပြုနိုင်ရေးနှောင်နှေးကြန့်ကြာလှပါတယ့် ။

ဒါပေမယ့်လည်း ဒီပါတီကြီး၂ခုစလုံးရဲ့ မြန်မာနိုင်ငံရေးအပေါ်သဘောထားမှာတော့ ကွဲပြားခြားနားမှုမရှိပါဘူး။ ပါတီကြီး ၂ခုစလုံးကမြန်မာစစ်အာဏာရှင်တွေကို ဆန့်ကျင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ထောက်ခံတယ်။ အင်မတန် ကြမ်းကြုတ်ရက်စက်တဲ့ မြန်မာ စစ်အာဏာရှင် တွေကို စီးပွားရေးပိတ်ဆို့မှုအပါအဝင် ဖိအားပေးမှုတွေနဲ့ အရေးယူရမယ်လို့ လက်ခံယုံကြည်တယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့၊ နောက်ကြောင်းပြန်လှည့်လို့မရတော့တဲ့ ဒီမိုကရေစီရေးတိုးတက်မှုတွေမရှိမချင်း စီးပွားရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လက်ထားရှိဖို့လည်း သူတို့သဘောတူကြတယ့် ။

ဒါကြောင့်လည်း နေ့လည် ၁၂းဝဝနာရီအချိန်မှာ ရီပက်ဘလီကင်ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဆီနိတ်တာ မစ်ခ်ျမက်ကော့နယ်လ် က ၂ဝဝ၃ခုနှစ်က မြန်မာစစ်အုပ်စုကို အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့မှုဟာ ၂ဝဝ၆ခုနှစ်မှာ သက်တမ်းကုန်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းမှာလည်း နိုင်ငံရေးတိုးတတ်ပြောင်းလဲမှုတွေလုံးဝမတွေ့ရသေးတဲ့အတွက်၊ ဒီစီးပွားရေးပိတ်ဆို့မှုကို ၂ဝဝ၉ခုနှစ်အထိ နောက်ထပ် သက်တမ်း၃နှစ်တိုးဖို့အဆိုပြုတဲ့အခါ၊ ရီပက်ဘလီကင်ပါတီရဲ့ ထင်ရှားတဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဆီနိတ်တာ ဂျွန်မက်ကိန်း၊ ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြတဲ့ ဆီနိတ်တာ မက်စ်ဘောကပ်စ် နဲ့ ဟယ်ရီရိဒ် တို့က ချက်ချင်းထောက်ခံကြတယ်။ ပြီးတော့ ပါတီကြီး ၂ရပ်စလုံးက အထက်လွှတ်တော် အမတ်များ အားလုံးက ဒီအဆိုပြုချက်ကို တခဲနက်ထောက်ခံကြောင်းအသံနဲ့ မဲပေးအတည်ပြုလိုက်ကြတယ်။

ဇူလိုင်လ (၁၁)ရက်နေ့ကလည်း အောက်လွှတ်တော်စည်းဝေးခန်းမမှာ လွှတ်တော်အမတ်ကြီး တွမ်လန်းတိုစ့် က တင်သွင်းတဲ့ အလားတူအဆိုပြုချက်ကို ပါတီကြီး ၂ရပ်စလုံးက အောက်လွှတ်တော်အမတ်တွေက တခဲနက်ထောက်ခံအတည်ပြုခဲ့ပြီးပါပြီ့  ။

အဲ့ဒီလို အထက်လွှတ်တော်၊ အောက်လွှတ်တော် ၂ရပ်စလုံးက ထောက်ခံအတည်ပြုထားတဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ သမ္မတ ဘွတ်ရှ်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ခြင်းဖြင့် ဒီဥပဒေဟာ စတင်အသက်ဝင်ခဲ့ပါပြီ။ နအဖစစ်အုပ်စုအပေါ်အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုဟာ ၂ဝဝ၉ခုနှစ်အထိ ဆက်လက် တည်ရှိနေပါလိမ့်မယ်။

၂။

မိတ်ဆွေတို့ရေ

အခုလိုအမေရိကန်ပြည်ထောင်စုရဲ့ နအဖစစ်အုပ်စု အပေါ်အရေးယူမှုတွေဟာ ဒါဆို ၂ဝဝ၉ခုနှစ်အထိ မပြောင်းမလဲ တည်ရှိနေမှာလား။ မဟုတ်ပါဘူး။ မြန်မာနိုင်ငံတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေရှိလာပြီဆိုရင် အဲ့ဒီအပြောင်းအလဲ တွေနဲ့လိုက်လျောညီထွေတုန့်ပြန်ဖို့၊ အပြုသဘောတုံ့ပြန်ဖို့ပြင်ဆင်ထားတာတွေရှိပါတယ့်  ။

ဒီစီးပွားရေးပိတ်ဆို့မှုကို ကွန်ဂယက်လွှတ်တော်က တနှစ်တခါပြန်လည်သုံးသပ်ကြမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံတင်ပြချက်နဲ့ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများရဲ့တင်ပြချက်တွေကို ကွန်ဂယက်လွှတ်တော်အမတ်တွေက လေ့လာသုံးသပ်ပြီး၊ မြန်မာနိုင်ငံတွင်းမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေရှိပြီဆိုရင်ဖြင့် ဒီအရေးယူမှုတွေကို ဝမ်းသာအားရ ရုတ်သိမ်းပေးကြမှာပါ။

ကြားကာလထဲမှာလည်း ကွန်ဂယက်လွှတ်တော်ကနေ သမ္မတကို လိုအပ်သလိုအရေးယူဆောင်ရွက်ဖို့ အာဏာအပ်နှင်းထားပါတယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တင်ပြမှုနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ မေတ္တာရပ်ခံချက်တွေကို သုံးသပ်ပြီး မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီရေးရာတိုးတက်ဖြစ်ထွန်းမှုတွေရှိနေပြီလို့ သမ္မတက လက်ခံယုံကြည်ရင် ဒီအရေးယူမှုတွေကို တဆင့်စီဖြစ်စေ၊ အားလုံးကို ဖြစ်စေ သမ္မတအာဏာနဲ့ ရုပ်သိမ်းပေးနိုင်ပါတယ့်  ။

ဒီတော့ စီးပွားရေးပိတ်ဆို့မှုထဲမှာ ဘာအရေးယူမှုတွေပါသလဲလို့ သိချင်မှာပါပဲ။ ၂ဝဝ၃ခုနှစ်ဇူလိုင်လမှာ ချမှတ်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးဥပဒေမှာ အရေးယူမှု ၄ မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) မြန်မာနိုင်ငံကလာတဲ့ သွင်းကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံတွင်းဝင်ရောက်ခွင့်မပြုတဲ့ အရေးယူမှု

(၂) အမေရိကန်နိုင်ငံသားတွေ၊ အမေရိကန်ဘဏ်လုပ်ငန်းတွေကို နအဖစစ်အုပ်စုရဲ့ ဘဏ်လုပ်ငန်းများနဲ့ ပက်သက်ံခြင်းမပြုဖို့၊ ပိတ်ပင်ထားဖြစ်ချက်

(၃) အမေရိကန်နိုင်ငံတွင်းမှာရောက်ရှိနေတဲ့ နအဖစစ်အုပ်စုနဲ့ အပေါင်းအပါများပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ငွေစာရင်းတွေကို အမေရိကန်အစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာထားဖို့နဲ့

(၄)ဲ့ ၁၉၉၇ခုနှစ်ကတည်းကချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုသို့ပြည်ဝင်ခွင့်မပြုရေးကန့်သတ်ချက်မှာ နအဖအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပြင် စစ်တပ်က ဗိုလ်မှူးချုပ်ရာထူးနဲ့ အထက်ရှိသူများနဲ့ မိသးစုဝင်များ၊ နအဖပိုင် စီးပွားရေးလုပ်ငန်းများမှ မန်နေဂျာနဲ့ ညွန်ကြားရေးမှူးရာထူးနဲ့ အထက်ရှိသူများနဲ့ မိသားစုဝင်များ၊ ကြံ့ဖွံ့အဖွဲ့ဝင်များ၊ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းအကျိုးဖြစ်ထွန်းနေတဲ့ စီးပွားရေးသမားများကို တိုးချဲ့ပိတ်ပင်မှု့  စတဲ့ အရေးယူမှုတွေပါဝင်ပါတယ်။

ဒါ့အပြင် ၁၉၉၇ခုနှစ်ကတည်းက ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုတ်နှံမှုမပြုရန် ကန့်သတ်ပိတ်ပင်ချက်၊ မြန်မာ့စစ်အုပ်စုအားလက်နက်နဲ့ စစ်ဖက်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ကန့်သတ်ပိတ်ပင်ချက်နဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများဖြစ်ကြတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမBာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တွေကနေ မြန်မာနအဖစစ်အုပ်စုကို ငွေကြေးချေးငှားခြင်း၊ ထောက်ပံ့ခြင်းမပြုရေး ပိတ်ပင်ကန့်သတ်ချက်တွေကိုလည်း ဆက်လက်ပြီးထားရှိဖို့ အတည်ပြုထားပါတယ်။

၃။

မိတ်ဆွေတို့ရေ

အမေရိကန်ပြည်ထောင်စုရဲ့ နအဖစစ်အုပ်စုအပေါ်စီးပွားရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်အရေးယူတာကို အကောင်းမြင် ကြိုဆိုသူတွေရှိကြသလို ပြစ်တင်ဝေဖန်သူတွေလည်းရှိကြတယ်။ အခုလိုအမေရိကန်ပြည်ထောင်စုက နအဖစစ်အုပ်စုကို စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အရေးယူဒဏ်ခတ်အောင် စည်းရုံးလှုံ့ဆော်မှုထဲ ပါဝင်သူတယောက်အနေနဲ့မိတ်ဆွေတို့ကို ရှင်းပြချင်ပါတယ့် 

မိတ်ဆွေတို့ရေ

တချို့က မေးခွန်းထုတ်ကြတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုအောက်မှာ နအဖစစ်အုပ်စုပြုကျမသွားပါလာ့း တဲ့  ။

မှန်ပါတယ်။ ဒီစီးပွားရေးပိတ်ဆို့မှုတခုတည်းနဲ့ နအဖစစ်အုပ်စု ပြုတ်ကျသွားမှာ မဟုတ်ပါဘူး။ စီးပွားရေးပိတ်ဆို့မှုရဲ့အဓိက ရည်ရွယ်ချက်က နအဖစစ်အုပ်စုရဲ့ ငွေဝင်လမ်းကြောင်းတချို့ကို ပိတ်ဆို့ပစ်ခြင်းအားဖြင့် နအဖစစ်အုပ်စုမှာ စီးပွားရေးအရချို့တဲ့လာမယ်။ လူသတ်ယန္တရားကြီးကို လက်နက်တပ်ဆင်နိုင်စွမ်း လျှော့နည်းလာမယ်။ အဲ့ဒီလို စီးပွားရေး၊ နိုင်ငံရေး အားအင်ချိနဲ့မှုတွေကြောင့် နောက်ဆုံးနအဖစစ်အုပ်စုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ရောက်ရှိလာဖို့ပဲ မျှော်လင့်ပါတယ်။

တချို့ကလည်း ဝေဖန်ကြတယ်။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆိုမှုက နအဖစစ်အုပ်စုကို မထိခိုက်ပဲ သာမာန်ပြည်သူတွေကိုပဲ ထိခိုက်နစ်နာသတဲ့  ။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်နအဖစစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကို ကုန်ပစ္စည်းတင်ပို့မှုကနေ နှစ်စဉ်ရနေကျဒေါ်လာသန်းလေးရာကျော်ကို ဆုံးရှုံးနေရတာပါ။ ဒီစီးပွားရေးပိတ်ဆို့မှုသာမရှိရင်နအဖရဲ့ စစ်အသုံးစားရိတ်မှာ နှစ်စဉ်ဒေါ်လာသန်းလေးရာကျော်တိုးမြင့်ရရှိပြီး၊ တိုက်လေယာဉ်ပျံတွေ၊ တင့်ကားတွေ၊ အမြောက်သေနတ်တွေ၊ စစ်သင်္ဘောတွေ ဝယ်ယူပြီး သူ့ရဲ့ စစ်တပ်ကြီးကို အင်အားဖြည့်နိုင်မှာပါ။ သူ့ရဲ့ထောက်လှမ်းရေးယန္တရားကိုလည်း အဆင့်မြင့်နည်း ပညာတွေ ဝယ်ယူ တပ်ဆင်နိုင်မှာဖြစ်ပြီး ပြည်တွင်းဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပိုပြီးနှိပ်ကွပ်နိုင်မှာပါ။ ဒီပိုက်ဆံတွေနဲ့ နအဖစစ်အုပ်စုက အကျဉ်းထောင်တွေကို တည်ဆောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ဒီထက်များများ အကျဉ်းချနိုင်မှာပါ့  ။ ဒီဝင်ငွေတွေကို ပိတ်ဆို့တားမြစ်လိုက်တဲ့အတွက် နအဖစစ်ဗိုလ်ချုပ်များအတွင်း ကိုယ်ကျိုးစီးပွားရှာနိုင်တဲ့ အခွင့်အလမ်းတွေကျဉ်းမြောင်းသွားတာကြောင့် ဗိုလ်ချုပ်တွေအချင်းချင်းပဌိပက္ခတွေ၊ အတွင်းတိုက်ပွဲတွေဖြစ်ပြီး သွေးကွဲနေကြတာလည်း အထင်အရှားပါပဲ။ ဒါကြောင့်အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုဟာနအဖကို မထိခိုက်ဘူးဆိုတဲ့ ဝေဖန်ချက် ကို ကျနော်တို့လက်မခံနိုင်ကြပါဘူး

လူထုရဲ့အထွေတွေကြပ်တည်းမှုနဲ့စီးပွားရေးချွတ်ချုံကျမှုတွေဟာလည်းနအဖစစ်အုပ်စုရဲ့ မတရားအုပ်စိုးမှု၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ ကိုယ်ကျိုးရှာအလွဲသုံးစားလုပ်မှုတွေနဲ့ တရားဥပဒေကင်းမဲ့မှုကြောင့်ပဲဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့်လို့အပြစ်ပုံချတာ သဘာဝကျလှပါဘူ့း  ၂ဝဝ၃ခုနှစ်ကချမှတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃နှစ်သက်တမ်းရှိသေးတဲ့ အရေးယူမှုဟာ နအဖစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အပေါင်းအပါတွေကိုသာ ပြစ်ဒဏ်ခတ်တာပါ။ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာစေဖို့မရည်ရွယ်ပါဘူး။

မြန်မာပြည်သူတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကလည်း ခုမှချက်ချင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ဦးနေဝင်းရဲ့ မဆလ အစိုးရလက်ထက် ၁၉၈၇ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမBာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း နဝတ၊ နအဖ စစ်အုပ်စုလက်ထက်မှာ ပိုပြီးဆိုးဝါးလာခဲ့တာပါ။ ရီစရာလည်းကောင်း၊ ရင်နာစရာလည်းကောင်း၊ စိတ်ပျက်စရာလည်းကောင်းတဲ့ထင်ရှားမှုတခုကတော့ သန်းပေါင်းများစွာသော ပြည်သူလူထုကြီးက စီးပွားရေးကြပ်တည်းမှု၊ ဆင်းရဲနွမ်းပါးမှုတွေကို ခါးခါးသီးသီးခံစားနေကြရချိန်မှာ ဗိုလ်ချုပ်ရူးကြီးသန်းရွှေနဲ့ သူ့ရဲ့ မိသားစု၊ တပည့်တပန်းနဲ့၊ အပေါင်းအပါတွေက ကမBာ့အချမ်းသားဆုံး ပုဂ္ဂိုလ်ကြီးတွေဖြစ်နေကြတာပါပဲ့  နအဖစစ်အုပ်စုရဲ့မတရားသဖြင့်အုပ်စိုးမှု တည်ရှိနေသ၍ နိုင်ငံတကာရင်းနှီးမြုတ်နှံမှုတွေ၊ ပြည်ပကုန်သွယ်မှုတွေဟာ သာမာန်ပြည်သူလူထုကို အကျိုးမဖြစ်စေပဲ နအဖစစ်ဗိုလ်ချုပ်တွေ၊ သူတို့မိသားစုဝင်တွေ၊ သူတို့နဲ့ အကျိုးစီးပွားရှာနေတဲ့ ဘိန်းဘုရင်တွေ၊ ခေတ်ပျက်သူဌေး တွေရဲ့ အကျိုးစီးပွားတွေပဲတိုးပွားလာမှာပါ

တချို့ကလည်း ပြောကြတယ်။ အမေရိကန်ပြည်ထောင်စုက သူရဲ့ အကျိုးစီးပွားမယ်မယ်ရရမရှိတဲ့ မြန်မာနိုင်ငံအရေး ကိစ္စမှာ စီးပွားရေးပိတ်ဆို့မှုတခုတည်းကိုပဲကိုင်တွယ်ပြီး ဝတ္တရားကျေဆောင်ရွက်နေတာပါ့ တဲ့။

ဒါလည်းမှားပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ အမေရိကန်အစိုးရရဲ့သံတမန်ရေးရာလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းပဲဖြစ်ပါတယ်။ ကျူးဘားက ကက်စ်ထရိုလို၊ မြောက်ကိုရီးယားက ကင်ဂျုံးအီလို၊ အီရန်က အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေလို၊ မြန်မာနိုင်ငံက ဗိုလ်ချုပ်သန်းရွှေလို ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေကို ပျော့ပြောင်းနူးညံ့စွာ သိမ်းသွင်းစည်းရုံးလို့ရနိုင်တယ်ဆိုတဲ့အယူအဆကို အမေရိကန်ပြည်ထောင်စုက လက်မခံပါဘူး။ တကယ်လည်း စိတ်ရှည်လက်ရှည်အချိန်ပေးပြီး ပျော့ပျော့ပြောင်းပြောင်း စည်းရုံးရင် အာဏာရှင်တွေစိတ်ပြောင်းလာလိမ့်မယ်ဆိုတဲ့ အယူအဆဟာအင်မတန်မှ စိတ်ကူးယဉ်ဆန်တဲ့၊ မှားယွင်းတဲ့ အယူအဆပါ။ ကမBာ့သမိုင်းတလျှောက်လုံးအာဏာရှင်တွေဟာ ဖိအားနဲ့ သူတို့အကျိုးစီးပွားကို ထိခိုက်တဲ့ ကန့်သတ်ချက်တွေကို သာတုံ့ပြန်ခဲ့ကြပြီး ဖိအားမပါတဲ့ချဉ်းကပ်မှုတွေကိုတော့ သူတို့ရဲ့ အာဏာရှင်အုပ်ချုပ်ရေးသက်တမ်းရှည်ဖို့အတွက်အခွင့်အရေးတရပ်လို အသုံးချခဲ့ကြတာပါ

ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကော်မရှင်ကနေ မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တာ ၂၈ ခုရှိပါပြီ။ အဲ့ဒီဆုံးဖြတ်ချက်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ၁၉၉ဝရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့၊ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ငြိမ်းချမ်းစွာ အဖြေရှာဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို နအဖကလိုက်နာဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကော်မရှင်မှာ ဒီဆုံးဖြတ်ချက်တွေ အသက်ဝင်လာအောင်၊ ဒီဆုံးဖြတ်ချက်တွေကို လိုက်နာအောင်၊ အရေးယူနိုင်တဲ့ သြဇာအာဏာမရှိလို့ပဲ။ ဒါကြောင့်ဒီကနေ့ကျနော်တို့က မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ အခါကျတော့ နအဖစစ်အုပ်စု ကြောက်လန့်တုန်လှုပ်လာရတယ်။ လုံခြုံရေးကောင်စီဆိုတာ ကမBာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို မလိုက်နာရင်နည်းလမ်းပေါင်းစုံနဲ့ အရေးယူနိုင်ခွင့်တွေရှိတာမို့ နအဖစစ်အုပ်စုဟာ လုံခြုံရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို မချနိုင်အောင် တရုတ်နဲ့ရုရှားအင်အားကြီးနိုင်ငံတွေကို မျက်နှာချိုသွေးချဉ်းကပ်နေရတာပါ့  ။

သိပ်မကြာသေးခင်ကပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်နဲ့ သူ့လက်ထောက် ဂမ်ဘာရီတို့ရဲ့ မေတ္တာရပ်ခံချက်တွေကို လျစ်လျူရှုပြီးနအဖက ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်သက်တမ်း တိုးချုပ်နှောင်ထားပြန်ပါတယ်။ ဖိအားမပါတဲ့ ကုလသမဂ္ဂခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်ကို ဂရုမစိုက်ကြောင်း ပြလိုက်တာပါ။ ဒါပေမယ့် ကမBာ့အလုပ်သမားအဖွဲ့ချုပ်ကြီးက မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ဖေါ်ထုတ်လို့အကျဉ်းကျနေတဲ့ စုစုနွေးနဲ့ ရှေ့နေကြီး ဦးအေးမြင့်တို့ပြန်လွှတ်ပေးဖို့တောင်းဆိုတော့ ရက်ပိုင်း၊ လပိုင်းအတွင်းမှာပဲပြန်လွှတ်ပေးလိုက်ပါတယ်။ ILO ရဲ့ တောင်းဆိုချက်မှာ တွဲဖက်ပါဝင်နေတဲ့ မလိုက်နာရင် မြန်မာနိုင်ငံစစ်အုပ်စုရဲ့ အဓမ္မလုပ်အားပေးမှုတွေကို ILO က နိုင်ငံတကာတရားရုံးကို တိုင်တန်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို နအဖစစ်ဗိုလ်တွေမထီမဲ့မြင်မပြုရဲကြပါဘူ့း  ။

စီးပွားရေးပိတ်ဆို့မှုကို တဘက်က ကိုင်စွဲထားတဲ့ အမေရိကန်အစိုးရရဲ့ သံတမန်ရေးရာလှုပ်ရှားမှုတွေကြောင့် အခုဆိုရင်ကမBာနိုင်ငံတွေကြားမြန်မာ့အရေးကို တညီတညွတ်တည်း တုံ့ပြန်နိုင်မဲ့အခြေအနေကောင်း တွေဖြစ်ပေါ်နေပါပြီ။ မနှစ်က မြန်မာ့အရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ လေ့လာသုံးသပ်ကြဖို့ အမေရိကန်ပြည်ထောင်စုက လှုံ့ဆော်စည်းရုံးတော့ အာဆီယံအဖွဲ့ဝင်လည်းဖြစ်၊ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင်လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ထောက်ခံခဲ့တယ်။ အခုအမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေမြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်တခုချမှတ်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတွေက မြန်မာ့အရေးလုံခြုံရေးကောင်စီက ဝင်ရောက်စွက်ဖက်မှာကို ဆက်လက်အကာအကွယ်မပေးနိုင်တော့ဘူးလို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုလာရပြီ ။ အာဆီယံအဖွဲ့ကြီးရဲ့ တခြားနိုင်ငံရဲ့အရေးကိစ္စကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ မူဝါဒကို ကျော်လွနခဲ့်ပြီ ။ ဒါတွေဟာဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ သံတမန်ရေးရာလှုပ်ရှားမှုရဲ့ ရလာဒ်တွေပါပဲ။

သိပ်မကြာခင် မြန်မာနိုင်ငံရဲ့အရေးကိစ္စဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တာဝန်ယူဖြေရှင်းရမယ့် ပြဿနာတခုဖြစ်လာတော့မှာပါ။ မလိုက်နာလို့မရတဲ့၊ မလိုက်နာရင်ပြင်းထန်တဲ့ အရေးယူမှုတွေခံရမယ့် အကျိုးဆက်တွေရှိတဲ့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို နအဖစစ်အုပ်စုရင်ဆိုင်ရတော့မယ်။ ကမBာ့အဆင့်အမြင့်ဆုံးအာဏာပိုင်အဖွဲ့ကြီးရဲ့ ဖိအားပါတဲ့ဆောင်းဆိုမှုတွေအောက်မှာ ကမBာ့နိုင်ငံအားလုံးက မြန်မာ့အရေးကိစ္စကို တညီတညွတ်တည်းတုန့်ပြန်ကြတော့မှာပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုအနေနဲ့ အားကိုးခိုလှုံစရာရှိမှာ မဟုတ်တော့ပဲ၊ အမျိုးသားဒီမိုကရေစီးအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့သဘောတူရတော့မှာပါ။


လေးစားစွာဖြင့်

အောင်ဒင်

Friday, July 21, 2006

Country of Martyrs

မိတ်ဆွေများသို့အလွမ်းမှတ်တမ်း
အာင်ဒင်

() အာဇာနည်တွေနေတဲ့ တိုင်းပြည်

ဇူလိုင် ၂၁၊ ၂ဝဝ၆
မရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

၁။
မိတ်ဆွေတို့ရေ

၄၉ ကြိမ်မြောက် အာဇာနည်နေ့ကို ခင်ဗျားတို့အားလုံး ရဲဝံ့ပြောင်မြောက်စွာဖတ်သန်းခဲ့ကြတယ်နော်။ ဂုဏ်ယူလေးစားမိပါတယ်ဗျာ

ရန်ကုန်တမြို့လုံးအနှံ့၊မန်မာတနိုင်ငံလုံးအနှံ့၊ နအဖစစ်အုပ်စုက သူ့ရဲ့စစ်တပ်တွေ၊ ပုလိပ်တွေ၊ အရပ်ဝတ်လုံခြုံရေးတွေကို အမြင့်မားဆုံး တပ်လှန့်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လူထုက အလေးမပြုနိုင်အောင် ခြိမ်းခြောက်ဟန့်တားကြချိန်မှာ မိတ်ဆွေတို့က ရဲဝံ့စွာ၊ ငြိမ်းချမ်းစွာ၊ပတ်သားစွာ၊ ဒီ ခြိမ်းခြောက်မှုကို အံတုခဲ့ကြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်းပြင်ပ၊ လမ်းမကြီးနံဘေးမှာ ရဲဝံ့စွာ စုဝေး၊ မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ ဥသြရှည်ဆွဲပြီး ကျဆုံးသွားခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ခင်ဗျားတို့ အလေးပြုကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်းဝင်းထဲမှာလည်း အာဇာနည်ကြီးတွရဲ့ သမိုင်းကိုပန်လည်ဖတ်ကြားလို့။ ဆရာကြီး နန်းညွန့်ဆွေရးသားတဲ့ အာဇာနည်နေ့ ကဗျာရှည်ကြီး ခင်ဗျားတို့ အားပေးနားထောင် ခဲ့ကြတယ်။ တူညီဝတ်စုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ တီရှပ်တွေ ဝတ်ဆင်ပြီး တယောက်နဲ့တယောက် လက်ချင်းချိတ်လို့ ခင်းဗျားတို့တွေ အာဇာနည်ဗိမာန်ဆီ ချီတက်ခဲ့ကြတယ်။ စစ်အုပ်စုရဲ့ တားမြစ်ပိတ်ဆို့မှုကြောင့် အာဇာနည်ဗိမာန်ထဲ အားလုံးတပြိုင်ထဲ ဝင်ခွင့်မရတော့ ခင်ဗျားတို့အားလုံး အာဇာနည်ဗိမာန်ရဲ့ပြင်ပကနေ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ညီညီညွတ်ညွတ် အလေးပြုခဲ့ကြတယ်။ နအဖ စစ်အုပ်စုရဲ့ မတရား ဖမ်းဆီး ချုပ်နှောင်ထားခြင်း ခံရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးရဲ့ ဝိညာဉ်တွေကလည်း ခင်ဗျားတို့ အားလုံးကို၊ ခင်ဗျားတို့ရဲ့ ရဲရင့်ပြောင်မြောက်မှုကိုပန်ပြီး အလေးပြုကြမှာသချာပါရဲ့

ဒီ အာဇာနည်နေ့မှာ ကျနော်တို့ချစ်တဲ့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်သမားတွေကို အံတုရင်ဆိုင်လိုက်ကြပြီ။ ခြိမ်းခြောက်မှုတွေကို ဂရုမစိုက်ပဲ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ကြတယ်။ ကန့်သတ်မှုတွေကြားက ဗိုလ်ချုပ်ကြေးရုပကို၊ ဗိုလ်ချုပ်ကျောက်တိုင်ကို နိုင်ငံအနှံ့အပြားမှာ အလေးပြုကြတယ်။ ဆရာတော်၊ သံဃာတော်များကလည်း စစ်အုပ်စုရဲ့ ဖိအားပေးမှုတွေကို မျက်ကွယ်ပြုပြီး အာဇာနည်ကြီး များအတွက် အမျှအတန်းပးဝေကြတယ်။

မိတ်ဆွေတို့ရေ
ခင်ဗျားတို့
အားလုံးကို ကျနော် အဝေးကနေမတ်မြတ်နိုးနိုး အလေးပြုလိုက်ပါရဲ့။
ကျနော်တို့ရဲ့
မန်မာပြည…. အာဇာနည်တွေနေတဲ့ တိုင်းပြည်

၂။
မိတ်ဆွေတို့ရေ

ခင်ဗျားတို့လည်း သတိပြုမိကြမှာပါ၊ စစ်အုပ်စုရဲ့ အကြောက်တရားကြီးမားမှုကို လူထုရဲ့ ဝိုင်းရံပိတ်ဆို့မှုကိုကြာက်လန့်ပြီး နအဖရဲ့ စစ်ဌာနချုပ်ကို ရန်ကုန်မြို့ကနေ မိုင်၂ဝဝကျာ် ကွာဝေးတဲ့ ပဲခူးရိုးမတောနက်ထဲရွှ့ပြောင်းခဲ့တာ ရှစ်လကျော်ခဲ့ပြီ။ အာဏာရှင် ဦးနေဝင်းခေတ် က စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး။ တည့်တည့် ပစ်တယ်။လို့ ပြောပြီး၊ လူထုကို ခြိမ်းခြောက်ခဲ့တယ်။ ဒါပေမယ့်သူ့ရဲ့ ခြိမ်းခြောက်မှုကို လူထုက တညီတညာတည်း ဆန့်ကျင်ကြချိန်မှာ ဦးနေဝင်းအစိုးရပုတ်ကျခဲ့ရတယ်။

အခုလည်း ဗိုလ်ချုပ်သန်းရွှေနဲ့ စစ်အုပ်စုက အရပ်ဝတ်အကြမ်းဖက်သမားတွေကို လက်နက် တပ်ဆင်၊ပည်သူစွမ်းအားရှင်ဆိုတဲ့ အဖွဲ့တွေ ဖွဲ့ပေးပြီးပည်သူလူထုကို ခြိမ်းခြောက်ခဲ့၊ ခြိမ်းခြောက်နေတယ်။ ဒါပေမယ့်လည်း မိတ်ဆွေတို့ အားလုံနဲ့ သတ္တိရှိတဲ့ သူရဲကောင်းပြည်သူတွေက ဒီ ခြိမ်းခောက်မှုတွေကို ထီမထင်၊ အံတုရင်ဆိုင်လိုက်ကြပြီ။ အာဏာရှင်တယောက်ရဲ့ ကျဆုံးခန်းဟာ တဖြေးဖြေး နီးလာတာ အသေအချာပါပဲ

၃။
မိတ်ဆွေတို့ရေ

ဗိုလ်သန်းရွှေနဲ့ စစ်အုပ်စု တုန်လှုပ်ခြောက်ချားရမယ့် အဖြစ်အပျက်တွေကမန်မာနိုင်ငံပြင်ပမှာလည်း ဆက်တိုက်ဖစ်ပေါ်နေကြတာပါ။ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ AIPMC (Asean Inter-Parliamentarian Myanmar Caucus လို့ခ်ါကြတဲ့ အရှေ့တောင်အာရှနိုင်ငံများက လွှတ်တောကိုယ်စားလှယ်များရဲ့မန်မာအရေးလှုပ်ရှားမှုအဖွဲ့ကမန်မာ့အရေးဆွေးနွေပွဲတရပ်ကို ဇူလိုင် ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ကျင်းပပုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ASEAN နိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ကမေBဒီယား၊ အင်ဒိုနီးရှား၊မန်မာနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ် ၂ဝကျာ်နဲ့ အိန္ဒိယ၊တာင်ကိုရီးယား၊ သြစတြေးလျ၊ နယူဇီလန်နဲ့ ဥရောပသမဂ္ဂ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ပြီး၊မန်မာနိုင်ငံအရေးကိစ္စကိုဆွးနွေးခဲ့ကြတယ်။

အဲ့ဒီစည်းဝေးပွဲကနေ အာဆီယံနိုင်ငံများကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များကမန်မာနိုင်ငံရဲ့ အရေးကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကာင်စီက ဝင်ရောက်ဖြေရှင်းပေးဖို့ တခဲနက်တာင်းဆိုခဲ့ကြတယ်။

မိတ်ဆွေတို့ရေ

မန်မာ့အရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးဖို့ ကျနော်တို့အားလုံး ကြိုးပမ်းနေချိန်မှာ အိမ်နီးချင်းနိုင်ငံများရဲ့ထာက်ခံမှု၊ ကန့်ကွက်မှုတွေကလည်း အင်မတန်မှ အရေးကြီးတယ်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုတာ ကမBာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးနှောက်ယှက်တဲ့ အရေးကိစ္စတွေကိုပဲ တာဝန်ယူဖြေရှင်းရတာမို့ အိမ်နီးချင်းနိုင်ငံများကပါ၊မန်မာနိုင်ငံရဲ့ပဿနာတွေဟာမန်မာနိုင်ငံနယ်နိမိတ်ထဲမှာပဲဖစ်ပျက်နေတာ မဟုတ်တော့ပဲ၊ နယ်နမိတ်တွေကိုကျာ်ဖြတ်ပြီးဒသတခုလုံးကို အန္တရာယ်ပြုနေပြီဆိုတာ ဝန်ခံ အသိအမှတ်ပြုဖို့ လိုပါတယ် ..

ဒါပေမယ့်လည်း အစိုးရချင်း ရိုင်းပင်းမှုနဲ့ ကိုယ်ကျိုးစီးပွား ဦးစားပေးမှုတွေကြောင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေကမန်မာအရေးကိစ္စဟာဒသဆိုင်ရာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိပါးနှောက်ယှက်နေတာကို ဝန်ခံအသိအမှတ်ပြုဖို့ငင်းဆိုနေကြတယ်။

တရုတ်အစိုးရအနေနဲ့မန်မာစစ်အုပ်စုဟာမန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေ၊ တရုတ် ရင်းနှီးမြပ်နှံမှုတွေ၊ တရုတ်လူမျိုးတွေကို အကာအကွယ်ပးနိုင်လိမ့်မယ်၊မန်မာနိုင်ငံရဲ့ ဆိပ်ကမ်းတွေကိုလည်း တရုတ်နိုင်ငံရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် ဆက်ပြီး အသုံးပြုခွင့် ပေးလိမ့်မယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် ဒီမိုကရေစီအစိုးရတရပ်မန်မာနိုင်ငံမှာပ်ါပေါက်မလာရေး၊ တရုတ်အရေးပါ့။

အိန္ဒိယအစိုးရကျတော့ အိန္ဒိယ၊မန်မာနယ်စပ်ဒေသက ကသည်းသူပုန်တွေ၊ နာဂသူပုန်တွေကို နှိမ်နင်းဖို့မန်မာစစ်အစိုးရရဲ့ ပူးပေါင်းဆာင်ရွက်မှု ကို လိုတယ်။ စက်မှုထွန်းကားလာတဲ့ အိန္ဒိယအတွက် အရေးတကြီးလိုအပ်တဲ့ သဘာဝဓါတ်ငွေ့နဲ့ စွမ်းအင်ကိုမန်မာနိုင်ငံကနေဈးပေါပေါနဲ့ရဖို့မန်မာစစ်အုပ်စုနဲ့ ပူးပေါင်ရမယ်။မန်မာစစ်အုပ်စုက တရုတ်အစိုးရအပေါ်မှာ အလွန်အကျွံ မမှီခိုစေဖို့မန်မာစစ်အုပ်စုကို စည်းရုံးရမယ်။ အဲ့ဒီလိုနဲ့ ကမBာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဆိုတဲ့ အိန္ဒိယက ကမBာပေါ်မှာ အကြမ်းကြုတ်ဆုံးမန်မာ စစ်အုပ်စုကို ပလူးပလဲ လုပ်နေတာပေါ့

ထိုင်းအစိုးရ ကျတော့လည်း ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ရဲ့ နိုင်ငံခြားရေးဝါဒက သူ့အကျိုးစီးပွား၊ သူပိုင်တှဲ့ငည စီးပွားရေးလုပ်ငန်းကြီးရဲ့ အကျိုးစီးပွား ဦးစားပေးရေးမူဝါဒဖစ်တာကြောင့်မန်မာစစ်အုပ်စုက သူ့အပေါ် အပြစ်မမြင်ရေးဟာ သူ့အရေးပေါ့ ဒီလိုနဲ့ အိမ်နီးနာချင်း နိုင်ငံများရဲ့ အစိုးရတွေဟာသူတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ဦးစားပေးပြီးမန်မာစစ်အုပ်စုကဒသတခုလုံးကို အန္တရာယ်ပြုနေတာကို မသိကျိုးကျွံပုနေခဲ့ကြတာကြာပါပြီ

၎။
မိတ်ဆွေတို့ရေ

ခြိမ်းခြောက်မှု၊ အန္တရာယ်ပြုမှုလို့ ပြောရင်၊ အများစိတ်ထဲ စစ်ပွဲတွေ၊ စစ်ဖက်ရန်ဆောင်မှုတွေ၊ အင်အားသုံးတဲ့ ပဋိပက္ခတွေကိုပဲ ပြေးမြင်မိကြတယ်။ အဲ့ဒီစစ်ပွဲတွေထက်ပိုပြီး အပျက်အစီးများတဲ့၊ ပိုပြီးကြာက်စရာကောင်းတဲ့ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေ၊ အန္တရာယ်တွေကို ဒီကနေ့ ကျနော်တို့ ရင်ဆိုင်နေကြရတာပါ

ပထမဆုံး ပြောရမှာက နှစ် ၅ဝကျာ်ပည်တွင်းစစ်ကြီးရဲ့ အကျိုးဆက်တခုဖြစ်တဲ့ ဒုက္ခသည်တွေပါပဲ။ နအဖစစ်အုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တ်ာလှန်ရေးအဖွဲ့တွေကြား တိုက်ခိုက်မှု၊ နအဖစစ်အုပ်စုရဲ့ဖတ်လေးဖြတ် စစ်ဆင်ရေးတွေ၊ အတင်းအဓမ္မနရာရွှေ့ပြောင်းမှုတွေ၊ အဓမ္မ လုပ်အားပေခိုင်းစေမှုတွေ၊ ရွာလုံးကျွတ် မီး±ှို့ဖျက်ဆီးမှုတွေကြောင့်ပည်တွင်းမှာနထိုင်လို့မရတော့ပဲဘးလွတ်ရာ နယ်စစ်ဒေသတွေကို ထွက်ပြေး တိမ်းရှောင်လာရင်း နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာသာင်တင်နေကြရသူတွေပါ။ ထိုင်း - မြန်မာနယ်စပ်မှာ၊ အိန္ဒိယ - မြန်မာ နယ်စပ်မှာ၊ ဘင်္ဂလားဒေ့±ှ် - မြန်မာနယ်စပ်မှာ၊ တရုတ် - မြန်မာနယ်စပ်မှာ၊ အဲ့ဒီဒုက္ခသည်စခန်းတွေမှာမန်မာဒုက္ခသည်ပေါင်း တစ်သန်းကျော် ရှိပြီး၊ ဒုက္ခသည်စခန်းထဲမှာ မဟုတ်ပဲ၊ အဲ့ဒီ အိမ်နီးချင်းနိုင်ငံတွေထဲမှာ တရားမဝင်ရာက်ရှိနေထိုင်နေကြရတဲ့မန်မာနိုင်ငံသားတွေ၊ သန်းကျော် ရှိပါတယ်။ အိမနီချင်းနိုင်ငံတွေဟာ ဒီ ဒုက္ခသည်တွေထောင်ပေါင်း၊သာင်းပေါင်းများစွာရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခါးခါးသီးသီး ထမ်းထားရတာပါ။ အဲ့ဒီလို ဝန်ထမ်းနေရာတာကလည်း နှစ်ပေါင်း၂ဝကျာ်ပါပြီ၊မန်မာနိုင်ငံအေးချမ်းလို့ ဒီ ဒုက္ခသည်တွေ အန္တရာယ်ကင်းကင်းနဲ့ အိမ်မပြန်နိုင်သးသ၍ ဒီ ဝနထုတ်ဝန်ပိုးကြီးတွေကို ဆက်ပြီး ထမ်းထားရဦးမှာပါ။

ဒီ ဒုက္ခသည်တွေရဲ့ စီးဆင်းမှုကလည်း ရပ်တံ့မသွားခဲ့ပါဘူး။ အခု လက်ရှိကာလမှာတင်မပဲမန်မာနိုင်ငံအတွင်းကတာတွေတောင်တွေထဲမှာနရာရွှေ့ပြောင်း ပုန်းအောင်း ခိုလှုံရင်း နအဖစစ်အုပ်စုရဲ့ သတ်ဖြတ်မှုကိုရှာင်တိမ်းနေကြရတဲ့ တိုင်းရင်းသားပြည်သူတွေ သိန်းနဲ့ တစ်သန်း ကြားမှာိပါတယ်။ ဒီ ဒုက္ခသည်တွေလည်းဘးလွတ်ရာရွှ့ပြောင်းရင်း အနှေးနဲ့အမြန်ဆိုသလို နယ်စပ်ဒေသ ဒုက္ခသည် စခန်းတွေကိုရာက်လာ ကြဦးမှာပါ

နာက်တမျိုးကတော့ဒသတွင်း မူးယစ်ဆေးဝါးသုံးစွဲသူတွေကြာက်ခမန်းလိလိ တိုးပွားနေတာပါပဲ။ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းပြီး အကျိုးတူ စီးပွားဖြစ်နေတဲ့ ဘိန်းဘုရင်တွေဟာ၊မန်မာနိုင်ငံတွင်းရွှတြိဂံဒေသက ထုတ်လုပ်တဲ့ ဘိန်း၊ ဘိန်းဖြူနဲ့ စိတ်ºကဆေးပြားတွေကို နအဖစစ်အုပ်စုရဲ့ အကာအကွယ်ပေးမှုနဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယ၊ စင်္ကာပူ၊ဟာင်ကောင်၊ မလေးရှားနဲ့ဒသတခုလုံးကိုဖန့်ဖြူးတင်ပို့နေကြတာပါ။ဒသတွင်း မူးယစ်ဆေးဝါး တင်ပို့ရောင်းချမှုတွေမင့်မား၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ တိုးပွားပြီး ရာဇဝတ်မှုတွေ ထူပြော၊ ကုန်ထုတ်စွမ်းအားတေကျဆင်း၊ အကျင့်စာရိတ္တတွေ ပျက်စီးနဲ့ ဒီ အန္တရာယ်က ကြီးမားလှပါတယ်။ စစ်ပွဲတခုရဲ့ အကျအဆုံးကိုရတွက်လို့ရနိုင်ပေမယ့် မူးယစ်ဆေးဝါးကြာင့် ပျက်ဆီးဆုံးရှုံးရတာတွေကိုရတွက်လို့ မရနိုင်ပါဘူး။

သိပ်မကြာသေးခင်က အိန္ဒိယနိုင်ငံအစိုးရနဲ့္က္ဒUNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့ရဲ့ ပူးတွဲစစ်တမ်းတခုမှာ အိန္ဒိယ နိုင်ငံရဲ့နာက်ဘက်ခြမ်းပည်နယ်တွမှာမန်မာနိုင်ငံက ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေကြောင့် မူးယစ်ဆေးစွဲသူတွေ၊ ရာဇဝတ်မှုတွေ အမြောက်အများ တိုးပွားလာတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖက်ရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူကလည်း တရုတ်နိုင်ငံတွင်း မူးယစ်ဆေးစွဲသူ များပြားလာမှုအတွက်မန်မာနိုင်ငံ နအဖ စစ်အုပ်စုကို အပြစ်တင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ဟာင်ကောင် စတဲ့ နိုင်ငံတွေမှာလည်း ဒီ အန္တရယ်ကြီးကို ခံစားနေကြရတာပါ။

မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဆက်နွယပြီး HIV/AIDSခ်ါတဲ့ရာဂါဘယဆိုးကြီးကလည်းမန်မာနိုင်ငံတွင်းမှာရော၊ဒသတခုလုံးမှာပါကြာက်ခမန်းလိလိ ပျံ့နှံ့နေပါတယ်။ ၂ဝဝ၅ ခုနှစ် ဧပြီလမှာ ထုတ်ပြန်တဲ့ Council of Foreign Relations ရဲ့ စာတမ်းတခုမှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း၊ ±ပ်နိုင်ငံ အရှေ့ခြမ်း၊ ထိုင်းနိုင်ငံနဲ့ ကမေBဒီးယးနိုင်ငံများအတွင်းမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့HIV/AIDS ရာဂါဆိုးကြီးဟာမန်မာနိုင်ငံကနေ မူးယစ်ဆေးဝါး တင်ပို့ရောင်းချတဲ့ လမ်းကြောင်းအတိုင်း ပျံ့နှံ့ရာက်ရှိ လာတယ် လို့ဆိုပါတယ်။

တချို့ မူးယစ်ဆေးစွဲလို့ ကိုယ်ကျင့်တရားတွေ ပျက်ပြီး၊ လိင် ကုန်ကူးမှု၊ လူမှောင်ခိုကုန်ကူးမှု အပါအဝင် ရာဇဝတ်မှုမျိုးစုံကလည်း တိုးပွားမင့်မားနတာပါ။ အဲ့ဒီလို အိမ်နီးချင်းနိုင်ငံများနဲ့ဒသတခုလုံးဟာမန်မာနိုင်ငံက တင်ပိုလာတဲ့ဘးဒုက္ခအန္တရာယ်တွေ ခံစားနေကြရတဲ့အချိန်မှာမန်မာစစ်ခေါင်းဆောင်တွေနဲ့ ဘိန်းဘုရင်တွေဟာ တရားမဝင် ရလာတဲ့ငွမည်းတွေကို နအဖစစ်အုပ်စုရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် စီးပွားရေး လုပ်ငန်းတွေမှာတ်နှံပြီး စီးပွားရေးအင်ပါယာကြီးတွေ တည်ဆောက်၊ အဲ့ဒီ စီးပွားရေးအင်ပါယာတွေကိုဒသတွင်းနိုင်ငံများမှာပါ ချဲ့ထွငရင်းငွမည်းလျှာ်ဖွတ်ရေးလုပ်ငန်းတွေ ကြီးမား၊ ဒီလိုနဲ့ အရှေ့တောင်အာရှဒေသရဲ့ ဒုစရိုက်ယန္တရားကြီးဟအစိုးရတွေထက်ပိုပြီး အားကောင်း၊ ပိုပြီး သန်စွမ်း၊ ပိုပြီး ကြမ်းကြုတ်လာတာပေါ့

ဒီ အန္တရာယ်တွေ၊ ဒီ အနိဌာရုံတွေကို တချို့အစိုးရတွေက မသိကျိုးကျင်ပုနေကြပေမယ့်ပည်သူတွေ၊ လူ့အဖွဲ့အစည်းတွေကသိပါတယ်။ လူထုကရွးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သိပါတယ်။ ဒါကြောင့်မို့လည်း ASEAN လို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများက လွှတ်တော်ကိုယ်စားလှယ်များရဲ့မန်မာအရေးလှုပ်ရှားမှုအဖွဲ့ဟာ ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ပေါ်ပေါက်လာပြီးဒသတခုလုံးကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့မန်မာနိုင်ငံရဲ့ပြဿနာများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမြန်ဝင်ရောက်ဖြေရှင်းပေးဖို့တောင်းဆိုနေကြတာပေါ့

၅။
မိတ်ဆွေတို့ရေ

တချို့ကလည်းလျှာ့တွက်ကြတယ်။ဒသတွင်းကပည်သူတွေက ဘယ်လောက်ပဲအ်ာအော်၊ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လောက်ပဲ ပြောပြော၊ အစိုးရတွေ မပါရင်၊ ဘာမှ လုပ်လို့မရဘူး တဲ့။ သူတို့နားမလည်တာက ဒီပည်သူတွေရဲ့ အသံ၊ ဒီ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသံဟာ ဒီ အစိုးရတွေရဲ့ သဘောထာကို ပြောင်းလဲနိုင်စွမ်းရှိတယ် ဆိုတာပါပဲ

ဇူလိုင်၂၁ ရက်နေ့မှာ စတင်ကျင်းပတဲ့ AIPMC ရဲ့ အစည်းအဝေး ပထမနေ့ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး Syed Hamid Albar က သဝဏ်လွှာပးပို့ပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ အလုပ်များမှုကြောင့် ကိုယ်တိုင် မတက်ရောက်နိုင်တာကိုတာင်းပန်ရင်း သဝဏ်လွှာကို သူ့ရဲ့လက်ထောက်အရာရှိတဦးကို ဖတ်ကြားစေခဲ့ပါတယ်။ ဒါဟာဖြင့် အင်မတန်ကြီးမားတဲ့ ပြောင်းလဲမှုကြီးပါပဲ။ AIPMC အဖွဲ့ကြီးကို မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မလေးရှားအစိုးရရဲ့ ကိုယ်စား တရာဝင်အသိအမှတ်ပြု လိုက်တာပါ။ ဒါတင် မကသေးပါဘူး၊ လက်ရှိ ASEAN အဖွဲ့ကြီးရဲ့ ဥက္ကဌဖြစ်တဲ့ မလေရှားနိုင်ငံခြားရေးဝန်ကြီးက ASEAN အဖွဲ့ကြီးရဲ့ ကိုယ်စား AIPMC ကို တရားဝင် အသိအမှတ်ပုလိုက်တာပါ။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာပါတဲ့ အင်မတန်အရေးကြီးတယ်လို့ ကျနော်ယူဆတဲ့ အချက် ချက်ကိုလည်း မိတ်ဆွေတို့ကို ပြောချင်ပါတယ်။

ပထမအချက်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီဆွးနွေးပွဲကို တက်ရောက်တဲ့ ASEAN အဖွဲ့ဝင် နိုင်ငံက လူထုကရွးချယ် တင်မြေက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိအမှတ်ပြု ကြိုဆိုလိုက်တာပါ။ ဒါဟာ ASEAN နိုင်ငံ နိုင်ငံ (စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ကမေBဒီးယား၊ ထိုင်း) က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ အစည်းအဝေးတက်ရောက်နေတဲ့မန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် ယာက်- အင်္ဂပူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒါက်တာစန်းအောင်၊ မိုးကုတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဘိုလှတင့်နဲ့ ဆိပ်ကမ်းမြို့နယ် လွှတ်တ်ာကိုယ်စားလှယ်ဒ်ါစန်းစန်းတို့ကို ASEAN အဖွဲ့ရဲ့ ဥက္ကဌ၊ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက တရားဝင် အသိအမှတ်ပြု ကြိုဆိုလိုက်တာပါ။မန်မာနိုင်ငံတွင်းမှာ နအဖစစ်အုပ်စုက အသိအမှတ်ပြုဖို့ငင်းဆိုခံနေရတဲ့ ၁၉၉ဝပည့်နှစ်ရွးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ASEAN အဖွဲ့ရဲ့ ကိုယ်စား အသိအမှတ်ပြု ကြိုဆိုလိုက်တာပါ။

ဒုတိယအချက်ကတော့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့အနေနဲ့ AIPMC ကနေမန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးဖို့တာင်းဆိုတာကို သိနားလည်တဲ့အကြောင်း၊ ဒီလူထုကရွးချယ်တင်မြေက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာင်းဆိုမှုကို သူ့အနေနဲ့ ပက္ခာ မပြုနိုင်ကြောင်းနဲ့ ဒီတာင်းဆိုချက်ဟာ ASEAN အစိုးရများရဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာလးလေး နက်နက် ထည့်သွင်း စဉ်းစားရမှာဖြစ်ကြောင်း ကတိပြုလိုက်တာပါပဲ

တတိယအချက်ကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဒသတခုလုံးမှာ ကျရောက်နေတဲမူးယစ်ဆေးဝါး၊HIV/AIDSှီရာဂါဆိုးကြီးတွေ ပျံ့နှံ့မှု၊ လူကုန်ကူးမှုတွေ တိုးပွားလာမှုစတဲ့ သမားရိုးကျ မဟုတ်တဲ့ အန္တရာယ်ကြီးတွေကို အသိအမှတ်ပြု လက်ခံသွားခဲ့တာပါပဲ

မိတ်ဆွေတို့ရေ

AIPMC ရဲ့ ရက်တာ အစည်းအဝေး ဇူလိုင် ၂၂ ရက်နေ့အပြီးမှာ ASEAN နိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၂၄ ကနေ ၂၈ အထိ ဆက်လက်ကျင်းပကြမှာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ AIPMC လွှတ်တော်ကိုယ်စားလှယ်များရဲ့တာင်းဆိုချက်ဖြစ်တဲ့မန်မာ့အရေးကစ္စ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးရေးကို အခြား ASEAN နိုင်ငံခားရေးဝန်ကြီးများထံ ဆက်လက် တင်ပြကြမှာ အသေအချာပါ။ အဲ့ဒီ ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေဒသတခုလုံးကို အန္တရာယ်ပြုနေတဲ့မန်မာ စစ်အုပ်စု ကိုပစ်တင်ရှုံ့ချကြမယ့် လက္ခဏာတွေကိုလည်းမင်တွေ့နေရပါပြီ။ ဇူလိုင် ၂၈န့လည်ကနေ ဇူလိုင်၂၉ အထိကတော့ ASEAN REGIONAL FORUM (ARF) လို့ခေါ်တဲ့ ASEANဒသဆိုင်ရာ အစည်းအဝေးဖြစ်ပြီး ASEAN နိုင်ငံခြားရေးဝန်ကြီးများနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဒါက်တာ ရိုက်စ် (RICE) အပြင် ဥရောပသမဂ္ဂနိုင်ငံများ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်စတဲ့ နိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးရင်းမန်မာ့အရေးကိစ္စ အဖြေရှာကြဦးမှာပါ။ အဲ့ဒီလို ကြိုးပမ်းအဖြေရှာမှုတွေကနေ သိပ်မကြာခင် အချိန်အတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေမန်မာနိုင်ငံကိစ္စကို တရာဝင်ဆွေးနွေးအဖြေရှာရတဲ့ အဆင့်ကိုရာက်ရှိလာတော့မှာပါ

၆။
မိတ
်ဆွေတို့ရေ……

ပည်တွင်းမှာ မိတ်ဆွေတို့ရဲ့ ရဲရင့်ပြောင်မြောက်တဲ့ လက်နက်မဲ့ အံတုမှုတွေ၊ပည်ပမှာလည်း ကြီးမားပြင်းထန်တဲ့ ဖိအားပေးမှုတွေကို တပြိုင်ထဲ ရင်ဆိုင်နေရတဲ့ နအဖစစ်အုပ်စုဟာ ပူပင်သောကတွေ ဗျာများ၊ အများကြီး ဖျားနေလောက်ပါပြီ။

ပျဉ်းမနားထက်ဝေးဝေးကို ကြက်ကလေးတွေလို ပြေးဦးမလား။
မိတ်ဆွေတို့
ကမ်းလှမ်းနေတဲ့ ငြိမ်းချမ်းရေး စကားပြောပွဲကိုကြကြေကွဲကွဲ လက်ခံမှာလား
မကြာခင်မှာ
ကွဲကွဲပြားပြား သိရတော့မယ် ထင်ပါရဲ့


အာင်ဒင်။