BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Thursday, January 25, 2001

Min Ko Naing


မင်းကိုနိုင်


သူငယ်ချင်းရေ

မင်းဟာ

မုန်တိုင်းကို
အံတုနေတဲ့ မြက်ပင်လေးတစ်ပင် ဖြစ်တယ်
ဒါပေမယ့်
မုန်တိုင်းက မင်းကို အနိုင်ရမှာ မဟုတ်ဘူး …


မင်းဟာ

မီးတောက်မီးလျှံတွေကြားထဲက
ပန်းပွင့်လေးတစ်ပွင့် ဖြစ်တယ်
ဒါပေမယ့်
မီးတောက်မီးလျှံတွေက မင်းကို ဝါးမြိုနိုင်မှာ မဟုတ်ဘူး …


မင်းဟာ

အမှောင်ထုကြီးထဲက
အလင်းတိုင်လေးတစ်တိုင် ဖြစ်တယ်
အနက်ရောင်
အမှောင်ထုကြီးက မင်းကို အ±ှုံးပေးရမှာ အသေအချာပေါ့ … ။ ။


ေ
အာင်ဒင်
၂၅
ဇန်နဝါရီ ၂ဝဝ၁
မဲဆောက်