BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Book Cover Advertisement. Show all posts
Showing posts with label Book Cover Advertisement. Show all posts

Monday, November 23, 2015

စာအုပ်မိတ်ဆက်ပွဲ


စာအုပ်မိတ်ဆက်ပွဲ
------------------
ခေတ်ပြတိုက်စာပေကထုတ်ဝေတဲ့ ဆရာအောင်ဒင်ရဲ့ နွေတစ်ညနဲ့ တူသောညများစာအုပ်မိတ်ဆက်ပွဲပြု လုပ်မှာဖြစ်ပါတယ်။ဆရာအောင်ဒင်ဟာ သူပါဝင်လှုပ်ရှားခဲ့ တဲ့ ၈၈ နိုင်ငံရေးဖြတ်သန်းမှု ၊ရေကြည်အိုင်၊စစ်ကြောရေးစခန်း၊အင်းစိန်ထောင်တွင်း ဖြတ်သန်းမှု အတွေ့ အကြုံ များကိုမှတ်တမ်းတင်ထားတဲ့ကိုယ်တွေ့ မှတ်တမ်းစာအုပ်။တစ်နည်းအားဖြင့်မြန်မာ့နိုင်ငံရေးအချိုးအကွေ့ ကိုမှတ်တမ်းတင်ထားတဲ့ မြန်မာ့ သမိုင်းတစ်စိတ်တစ်ပိုင်းလို့ လည်းဆိုနိုင်တဲ့ စာအုပ်ပါ။စာရေးသူအောင်ဒင်ဟာ ၈၈ မှာ စက်မှု တက္ကသိုလ်ကျောင်းသားတစ်ဦး။ ဗကသ ဒု-ဥက္ကဌ ၂ တာဝန်ယူခဲ့ သူ။
မင်းကိုနိုင်၊ကိုကိုကြီးတို့ နဲ့ အတူလက်တွဲဆောင်ရွက်ခဲ့ တဲ့သူငယ်ချင်း၊ရဲဘော်ရဲဘက်တစ်ဦးလည်းဖြစ်ပါတယ်။ကိုအောင်ဒင်ဟာ အမေရိကန်ပြည်ထောင်စုမှာနေထိုင်လျက်ရှိပါတယ်။လောလောဆယ်မြန်မာနိုင်ငံကို ခေတ္တပြန်ရောက်နေခိုက် သူရေးသားတဲ့ စာအုပ်မိတ်ဆက်ပွဲကိုတက်ရောက်မှာဖြစ်ပါတယ်။စာအုပ်မိတ်ဆက်ပွဲကို နို ၀င်ဘာလ ၁၆ ရက်၊နံနက် ၁၀ နာရီ၊ Orchid Hotel(ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်)မှာပြု လုပ်ပါမယ်။စိတ်ဝင်စားသုများ တက်ရောက်ရန်ဖိတ်ကြားပါတယ်ခင်ဗျား။

Saturday, August 29, 2015

လူကြိုက်နည်းမယ့် ရွေးကောက်ပွဲ

လူကြိုက်နည်းမယ့် ရွေးကောက်ပွဲ
--------------------------------
ဆရာအောင်ဒင်ရဲ့ စာအုပ်သစ်။ မြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်ချက်နှင့် ၂၀၁၅ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာ အမြင်သဘောထားများတင်ပြထားတဲ့စာအုပ်။ သြဂုတ်လ ၃၁ ရက်နေ့ မှာ ခေတ်ပြတိုက်စာပေကနေ စတင်ဖြန့်ချီပါမယ်။ရောင်းဈေး ၂၀၀၀-ကျပ်။ဆက်သွယ်ရန် ၀၉ ၇၃၀၃ ၇၇၂၇၊၀၉ ၅၀၇ ၉၆၇၈။





Sunday, March 1, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၂) ဆောင်းပါးပေါင်းချုပ်

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၂)

အောင်ဒင် 

(ပြည်သူ့ခေတ်ဂျာနယ်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပုံနှိပ်ဖော်ပြခဲ့သော ဆောင်းပါးများ)

ခေတ်ပြတိုက်စာပေ (အမှတ် ၁၃၈/၁၄၀၊ ပထမထပ်-ဝဲ၊ ၄၉ လမ်း၊ အထက်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ တယ်လီဖုန်း ၀၉-၇၃၀ ၃၇၇၂၇) မှ ၂၀၁၅ ခုနှစ်၊ မတ်လတွင် ထုတ်ဝေဖြန့်ချီပါတယ်။ အမှာစာများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုသိမ်းဆွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်းတို့က ရေးပေးကြပြီး မျက်နှာဖုန်း ပန်းချီဒီဇိုင်းကို ကာတွန်းကိုဝင်းအောင် (မန္တလေး) ကရေးဆွဲပေးပါတယ်။

Thursday, November 13, 2014

စာအုပ်မိတ်ဆက်ပွဲ ဖိတ်စာ၊ အောက်တိုဘာ ၂၂၊ ၂၀၁၄၊ ရန်ကုန်


ဒီမိုကရေစီ၊ ခွဲခြားဆက်ဆံခြင်းနှင့် မြေအောက်စာတမ်းများ


အနှစ်နှစ်ဆယ် ကဗျာစု


Thursday, July 3, 2014

Beginning from a Summer Night, Book Launch Photo Records



အောင်ဒင် ရေးသားတဲ့ "နွေတစ်ညမှ အစပြု၍" စာအုပ်မိတ်ဆက်ပွဲကို ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ် (၅၈/၆၀) မှာတည်ရှိတဲ့ ဟုမ်းမီဒီယာ (HOME/ House of Media and Entertainment) မှာ ကျင်းပခဲ့ပါတယ်။ စာရေးသူကိုယ်တိုင်မတက်ရောက်နိုင်ပဲ စာရေးသူရဲ့  မိခင်ကြီး ဒေါ်လှကြည်နဲ့ ညီ၊အစ်ကို၊ မောင်နှမများ၊ သူငယ်ချင်း၊ အပေါင်းအသင်းရောင်းရင်းများ၊ သတင်းဋ္ဌာနများ တက်ရောက်ခဲ့ကြပါတယ်။
 
အခန်းအနားမှူးအဖြစ် မခင်လေး (အမရာဇော်) က ဆောင်ရွက်ပြီး ထုတ်ဝေသူ ကိုဇော်မင်းကျော် (ပြည်သွေးနိုင်)၊ ကိုမင်းကိုနိုင်၊ ကိုသူရ (ဇာဂနာ)၊ ကိုကိုကြီး၊ ကိုမြင့်ဦးတို့က မိတ်ဆက်စကားများ ပြောကြားကြပါတယ်။ ကိုကိုကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပမည့် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ တွေ့ဆုံပွဲကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကိုယ်စားတက်ရောက်ဖို့ ခရီးထွက်နေရလို့ လူကိုယ်တိုင် မတက်ရောက်နိုင်ပဲ ကြိုတင်အသံသွင်းထားတဲ့ စကားနဲ့ မိတ်ဆက်ပါတယ်။


 အောင်ဒင်ရဲ့  မေတ္တာရပ်ခံမှုအရ ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၈၈ ခု၊ မတ်လ (၁၃) ရက်နေ့မှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်မှုမှာ ကိုဘုန်းမော်၊ ကိုစိုးနိုင်တို့နဲ့ အတူ သေနတ်ဒဏ်ရာရခဲ့ပြီး မသေမပျောက်ကံကောင်းခဲ့တဲ့ ကိုမြင့်ဦးက မတ်လ ၁၃ ရက်အတွေ့အကြုံကို ရှင်းပြပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ၊ ကဗျာရေးဖော်များ၊ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး (၁၉၈၈) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၁၉၈၈-၈၉) မှ ရဲဘော်များလည်း ပျော်ပျော်ပါးပါး တက်ရောက်အားပေးခဲ့ကြပါတယ်။


Saturday, June 28, 2014

Book Launch


Tuesday, May 27, 2014

Beginning From A Summer Night, Blog Introduction



နွေတစ်ညမှ အစပြု၍

အောင်ဒင်

အသက်ကလည်း ၅၀ ပြည့်ခဲ့ပြီး အလုပ်လည်းမရှိတာမို့ ပြည်တွင်းက ဂျာနယ်၊ မဂ္ဂဇင်းအချို့မှာ ဆောင်းပါးလေးတွေ ရေးနေရင်း ကိုယ်တိုင်ရဲ့  ဘဝအထုပတ္တိကို အပိုင်း (၃) ပိုင်း၊ စာအုပ် (၃) အုပ် ရေးသားပြုစုနေပါတယ်။ ငယ်ဘဝရဲ့  တစ်စိတ်တစ်ပိုင်း၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာက ပါဝင်ရင်း စစ်ထောက်လှမ်းရေးများရဲ့  ဖမ်းဆီးခံရတဲ့နေ့အထိကို ပထမပိုင်း၊ အကျဉ်းထောင်များအတွင်း (၄) နှစ် (၃) လကျော် အကျဉ်းကျခဲ့တဲ့ ဘဝဖြတ်သန်းမှုတွေကို ဒုတိယပိုင်း နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိပြီး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အဝေးကနေ တတ်နိုင်သလောက် အားဖြည့်ကူညီခဲ့တာတွေကို တတိယပိုင်းဆိုပြီး
ရေးဖို့ စီစဉ်ထားပါတယ်။

"နွေတစ်ညမှ အစပြု၍" ဆိုတာ ကျနော့်ကိုယ်တိုင်ရေး ဘဝမှတ်တမ်းများရဲ့  ပထမပိုင်းဖြစ်ပါတယ်။ သူငယ်ချင်းများဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုသူရ (ဇာဂနာ) တို့က အမှာစာများရေးပေးကြပြီး နောင်တော်ကြီး ကိုအော်ပီကျယ်က မျက်နှာဖုံးပန်းချီရေးဆွဲပေးပါတယ်။ သူငယ်ချင်း ကိုဘိုဘိုထွန်းရဲ့  "ပန်းကြာဖြူ" ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ပြီး ကိုပြည်သွေးနိုင် (ခေတ်ရနံ့) ရဲ့  "ခေတ်ပြတိုက်" စာပေက ၂၀၁၄ ခုနှစ်၊ ဇွန်လမှာ တန်ဘိုး ကျပ် ၄၀၀၀ နဲ့ ဖြန့်ချိပါလိမ့်မယ်။ ခေတ်ပြတိုက်ရဲ့  လိပ်စာက အမှတ် (၁၃၈/၁၄၀)၊ ပထမထပ် (ဝဲ)၊ ၄၉ လမ်း (အထက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ ဖုံးနံပါတ် (၀၉) ၇၃၀ ၃၇၇၂၇ ဖြစ်ပါတယ်။ စာအုပ်ရဲ့  စာမျက်နှာ(၅) မှာ အောက်ပါရည်ညွှန်းချက်ကလေးကို လေးလေးစားစားဖော်ပြထားပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ကျဆုံးသွားခဲ့ကြသော
ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူများ…သို့၊

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အစဦးကာလမှစ၍
စွန့်လွှတ်စွန့်စား အတူလှုပ်ရှားခဲ့ကြသော
"ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ့်တပ်ဦး" နှင့်
"ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်" မှ
ေေေ
ကျောင်းသား၊လူငယ်၊ ရဲဘော်များ…သို့၊

ကချင်ပြည်နယ်၊ အေဘီအက်စ်ဒီအက်ဖ် (ABSDF) မြောက်ပိုင်းတွင်
ထောက်လှမ်းရေးဟုစွပ်စွဲခံရပြီး အကျဉ်းချ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ကြရသော ကိုထွန်းအောင်ကျော် (အထက်ဗမာပြည် ဗကသ)၊
ညီလေး မောင်မောင်ကြွယ် (အခြေခံပညာကျောင်းသားသမဂ္ဂ)
အပါအဝင် ကျောင်းသား၊လူငယ်၊ ရဲဘော်များ…သို့၊

ထောက်လှမ်းရေးဟုပင် စွပ်စွဲ၍ အကျဉ်းချ၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံရပြီး အသက်မသေလွတ်မြောက်ခဲ့သော
မိတ်ဆွေကြီး ကိုနေဝင်းအောင် (လုပ်သားကောလိပ် နည်းပြဆရာဟောင်း)…သို့၊

Thursday, February 6, 2014

Advertisement in the Mirror Newspaper


Tuesday, January 21, 2014

The Irrawaddy, Peace and Memories by Aung Din; Book Cover

 

ဧရာဝတီ၊ ငြိမ်းချမ်းရေးနှင့် အမှတ်တရများ

တရုတ်ပြည်ကြီးကို လျှပ်စစ်ဓာတ်အားတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံရဲ့ မိခင် ဧရာဝတီမြစ်ကြီးကို အစကနေ ပိတ်ဆို့ပြီး မြစ်ဆုံဆည်ကြီး တည်ဆောက်မည့်စီမံကိန်းကို ကန့်ကွက်ရေးသားခဲ့တဲ့ ဆောင်းပါး ရှစ်ပုဒ်၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ဝေဘန်ရေးသားခဲ့တဲ့ ဆောင်းပါး ကိုးပုဒ်၊ ချစ်ခင်မြတ်နိုးရသူများအကြောင်း လွမ်းဆွတ်တဲ့ ဆောင်းပါး လေးပုဒ် တို့ကို စုပေါင်းပြီး ဆရာ ပြည်သွေးနိုင် (ရနံ့သစ်) ရဲ့ ခေတ်ပြတိုက်စာပေက ထုတ်ဝေမှာ ဖြစ်ပါတယ်၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ စတင်ဖြန့်ချီပါလိမ့်မယ်၊ မျက်နှာဖုံး ပန်းချီဒီဇိုင်းက ပန်းချီ လင်းဝဏ္ဏပါ၊ ဒီဆောင်းပါးတွေကို မိုးမခ၊ ကုမုဒြာသတင်းဂျာနယ်၊ ရနံ့သစ်မဂ္ဂဇင်း၊ ဧရာဝတီနဲ့ Weekly Eleven Journal များမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်၊

အောင်ဒင်

Sunday, November 3, 2013

Poem Book Advertisement


Tuesday, October 8, 2013

Poem Book Cover and Advertisement

 

ကဗျာရေးသက် နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအနေနဲ့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ရေးဖြစ်ခဲ့တဲ့ ကဗျာအချို့ကို "ရန်ကုန် ငြိမ်းချမ်းရေး ကဗျာစု" အမည်နဲ့ စာအုပ်ထုတ်ဖို့ စီစဉ်နေပါတယ်၊ ကိုကိုကြီးတည်ထောင်တဲ့ ကေကျူ (KQ) စာအုပ်တိုက်က ထုတ်ဝေမှာဖြစ်ပြီး စီစဉ်ပေးသူက ကိုသက်ဇော်ပါ၊ အောက်တိုဘာလကုန်မှာ စတင်ဖြန့်ချိပါလိမ့်မယ်၊ မျက်နှာဖုံးပန်းချီဒီဇိုင်းကို ကိုမုတ်သုန်က ရေးဆွဲပေးပြီး အတွင်းပုံများကို ကိုမောင်နိုး နဲ့ ကိုစိုးနိုင်တို့ ရေးဆွဲပေးကြပါတယ်၊ အမှာစာများကို ကိုရဲ (သစ္စာနီ) နဲ့ ကိုသိန်းဇော် (မန္တလေးသိန်းဇော်) တို့က ချီးမြှင့်ပေးကြပါတယ်၊ 

Thursday, October 3, 2013

Burma's Parliament Watch Book Cover and Advertisement


ပြည်သူ့ခေတ်ဂျာနယ်မှာ အပါတ်စဉ် ဖော်ပြခဲ့တဲ့ "ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့်" ဆောင်းပါးများ အပိုင်း (၁) မှ အပိုင်း (၃၄) အထိ စုစည်းပြီး ခေတ်ပြတိုက်စာပေမှ ထုတ်ဝေမှာဖြစ်ပါတယ်၊ ၂၀၁၃ခုနှစ် အောက်တိုဘာလကုန်မှာ ဖြန့်ချိပါမယ်၊ မျက်နှာဖုံး ပန်းချီဒီဇိုင်းကို သူငယ်ချင်း ဘိုဘိုထွန်းရေးဆွဲပေးပါတယ်၊ အမှာစာကို ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်က ရေးသားပေးပါတယ်၊