BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, March 8, 2013

Burma's Parliament Watch Part 12

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၆၊ မတ်လ ၇ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၂) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ဂ)

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ ဆက်ဆံရေး
"လုပ်ပိုင်ခွင့်များ" ခေါင်းစဉ်အောက်က ပုဒ်မ ၁၀ (ဈ) မှာ "လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များအား လုပ်ငန်းလိုအပ်ချက်အရ ဆက်သွယ်ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်လျှင် သက်ဆိုင်ရာလွှတ်တော်ကော်မီတီများမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော်များသို့ အသိပေးခြင်း၊" ရှိတယ်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီလုပ်ပိုင်ခွင့် ပြဋ္ဌန်းထားမှုအပေါ် ကျနော် စိုးရိမ်မိပါတယ်၊ ဒါဟာဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က စွက်ဖက်ခွင့်ရှိသလို ဖြစ်နေပါတယ်၊ တကယ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များကို မေးမြန်းစုံစမ်းတာ၊ ဆက်သွယ်လှုပ်ရှားတာ၊ ဖိတ်ခေါ်ဆွေးနွေးတာတွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေကပဲ ဆောင်ရွက်သင့်တာပါ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဌတွေရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကိုလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆၄ မှာ ပုဒ်မခွဲ (က) ကနေ (င) အထိ ပြဋ္ဌန်းထားပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၇၊ ပုဒ်မ ၁၁၂၊ နဲ့ ပုဒ်မ ၁၄၄ တို့မှာပြဋ္ဌန်းထားတဲ့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ များရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊ အဖွဲ့အစည်းဝင်များအပေါ် တစုံတရာ ဩဇာသက်ရောက်ခွင့် ပြဋ္ဌန်းမထားပါ၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများအခန်း၊ ပုဒ်မ ၁၁ (ခ) မှာ "ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းသည်" ဟု၎င်း၊ ပုဒ်မ ၁၂ (က) မှာ "နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို  ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သောဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်" ဟု၎င်း၊ ပုဒ်မ ၁၇ (က) မှာ "နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို  ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်" ဟု၎င်း၊ပြဋ္ဌန်းထားပါတယ်၊ 

အဲဒီ ပြဋ္ဌန်းချက်တွေအရ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာမျှော်လင့်တောင့်တခဲ့ကြတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေရှိနေပြီလို့ ထင်စရာအကြောင်းရှိပါတယ်၊ 

ဒါပေမည့်လဲ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရပဲ တိုင်းဒေသကြီးများနဲ့ တိုင်းရင်းသားပြည်နယ်များဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဏအားလုံးမှာ ဗဟိုက ထိန်းချုပ်မှုကို ခံနေရတာပါ၊ ဥပဒေပြုရေးကို ကြည့်ရင် ပြည်နယ်လွှတ်တော်ရဲ့ ၂၅% ဟာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြပါတယ်၊ အုပ်ချုပ်ရေးကို ကြည့်ရင်လဲ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးများကို နိုင်ငံတော်သမ္မတက ခန့်အပ်ရပြီး ထုတ်ပယ်ခွင့်လဲရှိသလို ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်တဲ့ တပ်မတော်အရာရှိကြီးများက လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီးဋ္ဌာနများကို ကိုင်တွယ်ထားကြတာပါ၊ တရားစီရင်ရေးမှာလဲ နိုင်ငံတော်သမ္မတကပဲ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကို ခန့်အပ်တာဝန်ပေးတာပါ၊ အဲဒီလို ဗဟိုအစိုးရရဲ့ လက်အောက်ခံဖြစ်နေဆဲ ပြည်နယ်လွှတ်တော် နဲ့ ပြည်နယ်အစိုးရများဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဩဇာသက်ရောက်မှုကိုပါ ထပ်ပြီးခံယူရဦးမယ်ဆိုရင် အခု အစိုးရခေါင်းဆောင်များ၊ ပြည်ထောင်စုလွှတ်တော်ခေါင်းဆောင်များ ပြောပြောနေတဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေးဆိုတာ ဘယ်လိုမှ အဓိပ္ပါယ်ရှိမှာ မဟုတ်တော့ပါ၊

အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်လွှတ်တော်ဟာ ပြည်ထောင်စုအစိုးရ အပေါ်မှာပဲ ဩဇာသက်ရောက်မှုရှိပါတယ်၊ သမ္မတက အဆိုပြုတဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများကို စစ်ဆေး အတည်ပြု/ငြင်းပယ်ခွင့်ရှိပါတယ်၊ ပြည်ထောင်စုအစိုးရဋ္ဌာနများရဲ့ ဘတ်ဂျက်အသုံးစားရိတ်ကို ပြဋ္ဌန်းခွင့်ရှိပြီး ဘတ်ဂျက်အတိုင်း သုံးစွဲခြင်းရှိမရှိ စုံစမ်းစစ်ဆေးမေးမြန်းခွင့်လဲ ရှိပါတယ်၊ ဒါပေမည့် ပြည်နယ်အစိုးရများ၊ ပြည်နယ်လွှတ်တော်များအပေါ်မှာ ဩဇာသက်ရောက်ခွင့်မရှိပါ၊ ဩဇာသက်ရောက်ဖို့ ကြိုးစားရင်လဲ ပြည်နယ်အစိုးရများ၊ ပြည်နယ်လွှတ်တော်များက လက်ခံမှာမဟုတ်ပါ၊ အမေရိကန်ပြည်ထောင်စုဟာ ပြည်နယ် ၅၀ က မိမိတို့ဆန္ဒအလျောက်အတူတကွ  တန်းတူရည်တူအဆင့်တူပူးပေါင်းနေထိုင်ဖို့သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတာပါ၊ ပြည်နယ်လွှတ်တော် နဲ့ ပြည်နယ်အစိုးရများဟာ သက်ဆိုင်ရာပြည်နယ်က ပြည်သူများကိုသာ ကိုယ်စားပြုပါတယ်၊ ပြည်ထောင်စုအစိုးရကို၊ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားမပြုပါ၊

လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ကျင့်တရားဆိုင်ရာ စီမံခန့်ခွဲမှု
လွှတ်တော်ဥပဒေသစ်၊ ပုဒ်မ ၁၁ (ဂ) မှာ "လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း" ဆိုပြီး ကျင့်ဝတ်နဲ့ စည်းကမ်းတစ်ခုပြဋ္ဌန်းထားပါတယ်၊ အင်မတန် ကောင်းမွန်တဲ့ ပြဋ္ဌန်းချက်ပါ၊ ဒါပေမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ဘယ်သူက ဘယ်လို စစ်ဆေးအရေးယူမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊ 

တခါ ပုဒ်မ ၁၃ မှာ "သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သည် နှစ်စဉ်ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် လွှတ်တော်မဲဆန္ဒနယ်မြေအလိုက် ခွဲဝေသတ်မှတ်သည့် ဖွံ့ဖြိုးရေးရန်ပုံငွေကို နယ်မြေဒေသခံပြည်သူများနှင့် ညှိနှိုင်းပြီး သတ်မှတ်ချက်များနှင့်အညီ သုံးစွဲခွင့်ရှိသည်" လို့ပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်ဟာ စိုးရိမ်စရာပြဋ္ဌန်းချက်တစ်ခုဖြစ်ပါတယ်၊
အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာလဲ အမတ်တွေဟာ နှစ်တစ်နှစ်ရဲ့ ရသုံး ခန့်မှန်းခြေငွေစာရင်းမှာ သူတို့ရဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ဖွံ့ဖြိုးရေးရန်ပုံငွေရဖို့ ကြိုးစားကြလေ့ရှိပါတယ်၊ Earmark လို့ ခေါ်ပါတယ်၊ ဒေသတွင်း လေဆိပ်မှာ လေယဉ်ပြေးလမ်းအသစ်တည်ဆောက်ဖို့၊ ပန်းခြံတွေ တည်ဆောက်ဖို့၊ စာကြည့်တိုက်တွေတိုးချဲ့ဖို့၊ တံတားတွေဆောက်ဖို့ စသဖြင့်ပေါ့၊ တိုင်းပြည်အတွက်တကယ် အကျိုးရှိတာထက် မဲဆန္ဒရှင်တွေကို  နောက်တကြိမ်ရွေးကောက်ပွဲ မဲဆွယ်ရာမှာ သူတို့ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် ပြည်ထောင်စုဘတ်ဂျက်ထဲကနေ ငွေအမြောက်အများ ခွဲဝေပေးနိုင်တယ်လို့ ဝင့်ကြွားစည်းရုံးနိုင်ဖို့ပါ၊ တချို့ Earmark တွေကျတော့ သူတို့ကို ရွေးကောက်ပွဲမှာ အများကြီးလှူဒါန်းခဲ့တဲ့ ကုမ္ပဏီတွေ၊ အလုပ်သမားသမဂ္ဂတွေရဲ့ အကျိုးစီးပွါးအတွက်ပါပဲ၊ ဒါကြောင့် တစ်နှစ် တစ်နှစ် သမ္မတက ကွန်ဂရက်ကို တင်သွင်းတဲ့ ဘတ်ဂျက်ဥပဒေမူကြမ်းဟာ သမ္မတဆီ လက်မှတ်ထိုးဖို့ ပြန်ရောက်လာရင် ကွန်ဂရက်အမတ်တွေ ထပ်ဖြည့်ထားတဲ့ Earmark တွေနဲ့ ပိုပြီးများနေတတ်ပါတယ်၊ ၂၀၁၂ ခုနှစ်မှာ သမ္မတတင်သွင်းတဲ့ ဘတ်ဂျက်မှာ တပ်မတော် အင်ဂျင်နီယာတပ်များ (Army Corps of Engineers) ကစီမံခန့်ခွဲမည့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးစားရိတ်က အမေရိကန်ဒေါ်လာ ၁၃၂သန်းပါ၊ သမ္မတဆီ ကွန်ဂရက်ကနေ အတည်ပြုပြီးပြန်ရောက်လာတဲ့အခါမှာ အဲဒီ အသုံးစားရိတ်ကို ဒေါ်လာ ၃၇၅သန်း တိုးမြှင့်ပြီး စုစုပေါင်း ဒေါ်လာ ၅၀၇သန်းဖြစ်နေတာတွေ့ရပါတယ်၊ အဲဒီ တိုးလာတဲ့ ပိုက်ဆံတွေက တပ်မတော်အင်ဂျင်နီယာတပ်များကို လွှတ်တော်အမတ် ၂၇ ယောက်ရဲ့ မဲဆန္ဒနယ်တွေမှာ ဆိပ်ကမ်းတွေတိုးချဲ့ခိုင်းတာ၊ တံတားတွေဆောက်ခိုင်းတာ၊ အဆောက်အအုံထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ခိုင်းတာပါ၊

ဒါတောင်မှ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက သူတို့ရဲ့ မဲဆန္ဒနယ်အတွက် ပြည်ထောင်စုဘတ်ဂျက်ထဲကနေ ပိုက်ဆံရှာပေးတဲ့အလုပ်ပဲလုပ်တာပါ၊ အဲဒီပိုက်ဆံနဲ့အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်တာ၊ အဲဒီပိုက်ဆံတွေကို ကိုယ်တိုင်သုံးစွဲတာ မရှိပါ၊ ကိုယ်တိုင်စီစဉ်သုံးစွဲခွင့်လဲမရှိပါ၊ မြန်မာနိုင်ငံက လွှတ်တော်အမတ်များကတော့ ကိုယ့်ဒေသဖွံ့ဖြိုးရေးဆိုပြီး နိုင်ငံတော်ဘတ်ဂျက်ထဲက ရန်ပုံငွေခွဲဝေခွင့်ရှိသလို အဲဒီ ရန်ပုံငွေကို ကိုယ်တိုင်သုံးစွဲခွင့်လဲ ရှိလာပါတယ်၊ ဒါဟာဖြင့် အင်မတန်စိုးရိမ်စရာကောင်းပါတယ်၊ အိန္ဒိယနိုင်ငံက လွှတ်တော်အမတ်များဟာလဲ ဒေသဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေတွေကို နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ခွဲဝေသတ်မှတ်ခွင့်ရှိပြီး အဲဒီ ရန်ပုံငွေတွေကို ကိုယ်တိုင်သုံးစွဲခွင့်ရှိကြပါတယ်၊ အကျိုးဆက်ကတော့ ဒေသ နဲ့လူထုအကျိုးရှိတာထက် အကြီးအကျယ်အလွဲသုံးစားလုပ်ကြတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မိသားစုတွေ၊ ရင်းနှီးသူတွေပဲ ကုမ္ပဏီတွေထောင်၊ ကန်ထရိုက်တွေရပြီး ဒေသအတွက်မလိုအပ်တဲ့လုပ်ငန်းတွေကို ဈေးကြီးကြီးနဲ့ အချိန်ဆွဲလုပ်ပြီး ချမ်းသာကြွယ်ဝသွားကြတာပါ၊ အဲဒီအချိန်မှာ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းတွေကတော့ အသုံးစားရိတ် အပြည့်အဝမရလို့ ရပ်တန့်ကြ၊ အကောင်အထည်မဖော်နိုင်ကြ၊ ဖျက်သိမ်းကြရပါတယ်၊ကျနော်တို့ နိုင်ငံမှာ အိန္ဒိယလို မဖြစ်ဘူးလို့ ဘယ်လိုအာမခံနိုင်မှာလဲ။ အဲဒီလို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်ကျင့်တရားပျက်ခဲ့ရင် ဘယ်သူက ဘယ်လို စုံစမ်းစစ်ဆေးအရေးယူမှာလဲ၊

လွှတ်တော်ကိုယ်ကျင့်တရားဆိုင်ရာ ကော်မီတီ
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်ကျင့်တရားနဲ့ပါတ်သက်ပြီး တိုင်တန်းတာကို လက်ခံဖို့နဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ သီးခြားကော်မီတီတွေ ဖွဲ့ထားပါတယ်၊ သီးခြားကော်မီတီ လို့ဆိုရတာက အခြားလွှတ်တော်ရေးရာကော်မီတီတွေမှာ လူများစုပါတီက  အများစု၊ လူနည်းစုပါတီက အနည်းစု လူများစုပါတီ၊ လူနည်းစုပါတီ အချိုးအစားအတိုင်း ဖွဲ့စည်းကြပေမည့် ဒီ လွှတ်တော်ကျင့်ဝတ်ကော်မီတီ (Ethics Committee) ကိုတော့ ပါတီနှစ်ခုစလုံးက အရည်အတွက်အတူတူနဲ့ဖွဲ့စည်းကြပါတယ်၊ ကျင့်ဝတ်ရေးရာ ဆုံးဖြတ်ကြရာမှာ လူများစုကြောင့် နိုင်တာ၊ ရှုံးတာ မဖြစ်စေပဲ မျှတအောင်လို့ပါ၊ ကော်မီတီဝင်များကိုလဲ သက်ဆိုင်ရာပါတီများထဲက သမာသမတ်အကျဆုံး အမတ်များကို ရွေးချယ်တာဝန်ပေးကြပါတယ်၊အထက်လွှတ်တော်မှာ Senate Select Committee on Ethics လို့ခေါ်ပြီး ဒီမိုကရက်တစ်ပါတီအမတ် ၃ ယောက်၊ ရီပါတ်ဘလီကန်ပါတီအမတ် ၃ ယောက်နဲ့ ဖွဲ့စည်းပါတယ်၊ အောက်လွှတ်တော်မှာ House Committee on Ethics လို့ခေါ်ပြီး  ဒီမိုကရက်တစ်ပါတီအမတ် ၅ ယောက်၊ ရီပါတ်ဘလီကန်ပါတီအမတ် ၅ ယောက်နဲ့ ဖွဲ့စည်းပါတယ်၊ 

လွှတ်တော်ရေးရာကော်မီတီများထဲမှာ အင်မတန် ဩဇာကြီးတဲ့ ကော်မီတီများဖြစ်ကြပါတယ်၊
ဒီကော်မီတီများရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်များကို အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်က ဥပဒေပြဋ္ဌန်းသတ်မှတ်ပါတယ်၊ အကြမ်းဖျင်း၊ အကျဉ်းချုပ်ကတော့ ဒီလိုပါ၊

(၁) ဒီကော်မီတီဟာ လွှတ်တော်အမတ်များ၊ လွှတ်တော်အရာရှိများအားလုံး လွှတ်တော်က ပြဋ္ဌန်းထားတဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းတွေ (Official Codes of Conduct) ကို လိုက်နာစေဖို့ တာဝန်ရှိပါတယ်၊
(၂) တိုင်တမ်းလာတဲ့ ကျင့်ဝတ်ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ဥပဒေအတိုင်း စုံစမ်းစစ်ဆေးခွင့်ရှိပါတယ်၊
(၃) သက်ဆိုင်ရာလွှတ်တော်ရဲ့ သုံးပုံ နှစ်ပုံ ထောက်ခံမဲနဲ့ ကော်မီတီ ရဲ့ စုံစမ်းတွေ့ရှိချက်နဲ့ အထောက်အထားတွေကို ပြည်ထောင်စုအစိုးရကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရအရေးယူဖို့ အကြံပေးနိုင်ပါတယ်၊
(၄) လွှတ်တော်ကျင့်ဝတ်နဲ့ ကိုက်ညီခြင်းရှိမရှိ မေးမြန်းချက်တွေကို ဖြေရှင်းပေးနိုင်ပါတယ်၊ အငြင်းပွါးစရာကိစ္စများအတွက် အကြံပြုနိုင်ပါတယ်၊

ကော်မီတီ ရဲ့လုပ်ငန်းတာဝန်တွေကို ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုအဖွဲ့အစည်းအဖြစ် ၂၀၀၈ ခုနှစ်မှာ အောက်လွှတ်တော်က လွှတ်တော်ကျင့်ဝတ်ဋ္ဌာန (Office of Congressional Ethics) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်၊ ဒီဋ္ဌာနမှာ ကျင့်ဝတ်ဆိုင်ရာကျွမ်းကျင်သူ ဥပဒေပညာရှင်များပါဝင်ကြပြီး ကော်မီတီက တာဝန်ပေးတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးပြီး ကော်မီတီထံပြန်လည်တင်ပြရပါတယ်၊

မြန်မာနိုင်ငံမှာလဲ ရှိဖို့လိုသည်၊
ကျနော်တို့ နိုင်ငံမှာတော့ လွှတ်တော်နှစ်ရပ်ကဖွဲ့စည်းထားတဲ့ ရေးရာကော်မီတီတွေ အများကြီးထဲမှာ လွှတ်တော်ကျင့်ဝတ်ဆိုင်ရာ ကော်မီတီဆိုတာ ရှာလို့မတွေ့ပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ လွှတ်တော်ဆိုင်ရာဥပဒေများမှာပါဝင်တဲ့ လုပ်ပိုင်ခွင့်၊ တာဝန်များ၊ ကျင့်ဝတ်နှင့် စည်းကမ်းများက လွဲလို့ လွှတ်တော်တစ်ခုချင်းက ထုတ်ပြန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အရာရှိများစောင့်ထိန်းလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ (Official Codes of Conduct) ကိုလဲ မတွေ့ရသေးပါ၊ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဟာလဲ သက်တမ်း နှစ်နှစ် ပြည့်ခဲ့ပါပြီ၊ အသက်ရလာနဲ့အမျှ၊ အတွေ့အကြုံတွေပိုပြည့်စုံပြီး လွှတ်တော်ကို စစ်မှန်တဲ့ပြည်သူ့ကိုယ်စားပြု အဆောက်အအုံကြီးဖြစ်အောင်၊ လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်း သန့်ရှင်း ဖြောင့်မတ်စင်ကြယ်နေအောင် လိုအပ်တဲ့ ထိန်းကွပ်မှုများ စတင် တပ်ဆင်သင့်ပါပြီ၊
အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေ နဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ၊ လွှတ်တော်အရာရှိတွေ၊ပြည်ထောင်စုအစိုးရအရာရှိများ လိုက်နာကြရတဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းတွေကို နောက်အပိုင်းမှာ ဆက်လက်တင်ပြပါ့မယ်၊

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
 


Wednesday, March 6, 2013

Burma Preview 2013 Part III


Burma Preview 2013 Part III: Cronies Court Aung San Suu Kyi to Rehabilitate their Images
(CSIS Asia Policy Blog)
by admin

By Aung Din
Editor’s Note: Key players will shape Burma in 2013, for better or worse. As a guest contributor to cogitASIA, Aung Din will examine their current role in Burma, and their potential impact in the coming year, in a short blog series, “The People to Watch in 2013.” Part III examines the role business cronies, and their changing positions as the country moves forward with reforms. The author has requested the use of Burma to refer to the country. See Part I here and Part II here

The year 2012 was a good one for business cronies of the former regime in Burma, who became some of the richest people in Southeast Asia after years of assisting the military regime in its oppression of the country’s people. In exchange for their loyalty to and wealth sharing with ruling generals and their families, these businesspeople controlled the country’s economy for over 20 years.

As the government begins embracing a new political system, and new leaders apply new political tactics, the cronies have adjusted themselves to the new playing field. They now serve as members of Parliament, leaders of the ruling Union Solidarity and Development Party, cabinet ministers, presidential advisers, peace brokers, and some have declared themselves to be philanthropists.

The wealth and business empires of these cronies greatly expanded as foreign investment returned to Burma under the government’s economic opening more than a decade ago and export opportunities to international markets increased, particularly in China and neighboring Southeast Asia countries. Foreign investors have little choice but to work with them as these cronies own most of the country’s land, buildings, banks, factories, and other economic resources – and have essential government connections.

For U.S. companies, setting up relations with many of these individuals is illegal – over 100 of them and their companies remain on the Treasury Department’s Specially Designated Nationals (SDN) list. American firms are not allowed to work with entities on the list. Some of the major players in this cohort include Tay Za, a business tycoon and close associate of the former head of the military regime Than Shwe; Khin Shwe, chairman of Zaykabar construction, one of Burma’s largest construction companies and currently a member of the upper house of Parliament; and Zaw Zaw, head of Max Myanmar Group, a conglomerate with interests in logging, mineral, rubber, construction, and tourism.

These men recently have begun courting opposition leader Aung San Suu Kyi, who said in early January: “If those so-called cronies render assistance for social work, we agree with them and [we welcome] their sincere contribution. Instead of spending money for useless activities, the money can put to good use; it is a good idea.”

Aung San Suu Kyi’s party, the National League for Democracy (NLD), held a fundraiser for its education network in December 2012 sponsored by companies including Air Bagan and Asia Green Development Bank, both owned by Tay Za, and Sky Net, a television operation subsidiary of the Shwe Than Lwin conglomerate, owned by Kyaw Win.  Shwe Than Lwin remains under the EU’s targeted sanctions. These companies donated over $240,000 to the NLD’s education network, and supported venues for the NLD’s press conference and other activities. Two sweaters knit by Aung San Suu Kyi when she was living in London 30 years ago, were auctioned at the event, raising over $123,000. Shwe FM, a radio subsidiary of Shwe Than Lwin, won one of the sweaters.

Aung San Suu Kyi recently visited her constituency, Kawt Hmu Township, with Khin Shwe, where they reportedly consulted constituents about regional development projects.  Aung San Suu Kyi also visited a children hospital in Yangon built and donated by Zaw Zaw.

On January 24, U.S. Department of Treasury deleted U Kyaw Thein, a close business associate of Tay Za, from its SDN list. When Treasury announced its sanctions on Tay Zay and his financial network in February 2008, U Kyaw Thein, a permanent resident of Singapore and director of Tay Za’s companies there, was mentioned as a key financial front man of Tay Za.

Khin Shwe, Zaw Zaw, and Tay Za are still under U. S. and EU targeted sanctions, though the United States recently removed some sanctions on four banks, one of which is controlled by Tay Za and another by Zaw Zaw.  Aung San Suu Kyi’s view of the cronies and her relations with them could potentially help them get released from the targeted sanctions. Given the mutual benefits for both parties, more fund raising events sponsored by cronies for the NLD are likely to be organized in the future, particularly as the country prepares for parliamentary elections in 2015.

Mr. Aung Din is a democracy and human rights activist and former political prisoner.


Burma Preview 2013 Part II


Burma Preview: The People to Watch in 2013, Part II (CSIS Asia Policy Blog)
by admin.
By Aung Din
Editor’s Note: Key players will shape Burma in 2013, for better or worse. As a guest contributor to cogitASIA, Aung Din will examine their current role in Burma, and their potential impact in the coming year, in a short blog series, “The People to Watch in 2013.” Part II examines the role of the umbrella ethnic resistance organization, the United Nationalities Federal Council, and its two most impactful members, the Karen National Union and Kachin Independence Organization. The author has requested the use of Burma to refer to the country.

When the Karen National Union (KNU) was under heavy attack in January 1995 and its Manerplaw headquarters was overrun by the Burmese military, the Kachin Independence Organization (KIO) was enjoying the benefits of a ceasefire agreement with the Burmese military regime – actively pursuing business opportunities and making its leaders wealthy. The KNU was helpless and hopeless as its ethnic allies in the Democratic Alliance of Burma, including the KIO, broke their promise of fighting the regime together.

History repeated itself this January, as the Burmese military attacked the KIO headquarters in Laiza with heavy artillery and air strikes, while newly elected KNU leaders enjoyed red-carpet treatment as they were hosted by President Thein Sein and Commander-in-Chief Min Aung Hlaing in Naypyidaw, Burma’s capital. Most members of the new coalition of ethnic resistance armies known as the United Nationalities Federal Council (UNFC), including the KNU, are now busy enjoying improved relations with the Burmese government and expanding business opportunities. Many are also fighting within their individual groups.

The UNFC is a coalition of 11 ethnic armed resistance groups, including the KIO and the KNU. After its annual meeting in Chiang Mai on January 10, the UNFC issued a statement that its members would not accept any talks or agreements with the government individually, and that the UNFC is the sole negotiating body speaking on behalf of the 11 groups. The organization said that “war against any ethnic nationality is tantamount to war against all of them,” in an effort to pressures the Burmese government to end its attacks against the KIO and conduct political dialogue with the UNFC as a whole. However, whether the member organizations will abide by this statement over the long term remains in doubt.

A second meeting between the Burmese government and the UNFC, with KIO leaders present, was held on February 20 in Thailand, and the government agreed to initiate political talks with the ethnic groups collectively. Following the meeting, the UNFC issued a joint statement and agreed to meet again in two months. Meanwhile, the Burmese government will hold talks with the KIO in an effort to resolve the conflict in Kachin State in the second week of March. Whether these talks will be able to end the conflict remains to be seen.

UNFC members know well that Burma’s military regime long followed a policy of divide and rule when dealing with ethnic minorities. And it always worked. Ethnic resistance armies were divided among and within groups, even without any outside pressure. Since 1948, countless coalitions of ethnic armies were established to fight the Burmese military together, but they often fought each other and collapsed.

However, the ethnic armies still hold leverage. Although most of them have agreed to ceasefires with the government, they do not accept completely President Thein Sein’s proposal for making peace. The Burmese government asked them to dismantle their armies, form political parties, and contest elections, and then work to amend the constitution once they have gained seats in the parliament. That said, all ethnic groups want to have a mutually acceptable political solution that will guarantee their rights before abolishing their armies and joining parliament. They stand firm on this demand despite their limited unity.

These ethnic armies will not be diminished by military action by the government or incomplete peace agreements. They will undoubtedly continue to survive. Their troops will not join the Burmese army nor surrender their weapons. They may weaken, have fewer troops, and lose many of their positions, but they can still wage guerrilla warfare and disturb peace and stability in the country for many years.

A mutually acceptable political solution, developed from meaningful dialogue between the Burmese government and these ethnic armies, and an amendment to the constitution to guarantee their rights is the only means to fully end the decades-old civil wars in Burma. Only a political solution that includes fair revenue sharing of the vast resources in their border areas will diminish these ethnic armies forever and improve the rights and opportunities of ethnic minorities and the country as a whole.

Mr. Aung Din is a democracy and human rights activist and former political prisoner.


Friday, March 1, 2013

Burma's Parliament Watch Part 11

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၅၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၁) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ခ)

မဲဆန္ဒရှင်များနှင့် ဆက်ဆံရေး
၂၀၁၂ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများရဲ့ အခန်း (၄)၊ တာဝန်များ ဆိုတဲ့ အပိုင်း ပုဒ်မ ၉ (စ) နဲ့ (ဆ) မှာ လွှတ်တော်ကိုယ်စားလှယ်များဟာ မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံတွေ ပြန်လည်ရှင်းလင်းတင်ပြဖို့ နဲ့ မဲဆန္ဒရှင်များရဲ့ တင်ပြချက်များနဲ့ စပ်လျင်းပြီး လွှတ်တော်ကို ပြန်လည်တင်ပြဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်၊ ဒါဟာလဲ အင်မတန်ကောင်းမွန်တဲ့ ပြဋ္ဌန်းချက်ပဲဖြစ်ပါတယ်၊ မဲဆန္ဒနယ်အလိုက် ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များက မဲဆန္ဒရှင်ပြည်သူများနဲ့ ပုံမှန်ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ တင်ပြချက်တွေကို လွှတ်တော်ကို ပြန်တင်ပြတာ၊ လွှတ်တော်အတွေ့အကြုံတွေကို ပြန်လည်ရှင်းပြတာဟာ အရေးကြီးတဲ့ တာဝန်တွေပါ၊ ဒါမှလဲ ပြည်သူလူထုနဲ့ လွှတ်တော်ဆက်ဆံရေးဟာ ပိုပြီးနွေးထွေးလာမှာပါ၊
တခုမရှင်းတာက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များရော ဒီပြဋ္ဌန်းချက်မှာ အကျုံးဝင်သလား၊ မဝင်ဘူးလား ဆိုတာပါ၊ ဒီဥပဒေရဲ့ ပုဒ်မ ၂ (စ) မှာ "လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ဤဥပဒေပါ ကိစ္စအလို့ငှါ ပြည်သူ့ (အမျိုးသား) လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့ကို ဆိုလိုသည်" လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတော့ ဒီတာဝန်တွေဟာ အရွေးချယ်ခံကိုယ်စားလှယ်ရော၊ တပ်မတော်သားကိုယ်စားလှယ်များပါ ထမ်းဆောင်ရမည့် တာဝန်တွေ ဖြစ်တယ်လို့ ယူဆရမှာပါ၊

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (Civil-Military Relation)
တကယ့်ကိုပဲ တပ်မတော်သား ကိုယ်စားလှယ်များက သက်ဆိုင်ရာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံတွေကို ရှင်းပြ၊ ပြည်သူတွေရဲ့ အသံတွေကိုနားထောင်ပြီး လွှတ်တော်ကို ပြန်လည် တင်ပြမယ် ဆိုရင် သိပ်ကောင်းမှာပါ၊ ပြည်သူ့လွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ က မြန်မာနိုင်ငံရဲ့ ဘယ်မြို့၊ ဘယ်ဒေသကိုမှ ကိုယ်စားမပြုပေမည့် အနည်းဆုံး သူတို့ရဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက တပ်မတော်သားတွေ၊ မိသားစုတွေကို တွေ့ဆုံဆက်ဆံသင့်ပါတယ်၊ အမျိုးသားလွှတ်တော်မှာပါတဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ ယောက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ (ခ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၄ ဦးကျစီ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတာမို့ ပြည်နယ် နဲ့ တိုင်းဒေသကြီး တစ်ခုစီမှာ ကိုယ်စားပြုတဲ့ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ ယောက်စီ ရှိနေပါတယ်၊ အဲဒီ တပ်မတော်သားကိုယ်စားလှယ်တွေက သူတို့ရဲ့ မိခင်တပ်ရင်း တပ်ဖွဲ့တွေကိုရော၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများက ပြည်သူတွေကိုရော လွှတ်တော်အတွေ့အကြုံရှင်းလင်းတာ၊ လူထုအသံနားထောင်တာ လုပ်သင့်တာပေါ့၊ တပ်မတော်သားတွေ နဲ့ သူတို့ရဲ့ မိသားစုတွေမှာလဲ လွှတ်တော်ကြီးကို သူတို့ရဲ့ ကိုယ်စားလှယ်များက တဆင့် ရင်ဖွင့်ချင်တာ၊ တောင်းဆိုချင်တာ၊ တိုင်တန်းချင်တာ အများကြီးရှိမှာပါ၊ 

ဒါပေမည့်လဲ နောက်ပြဿနာ တစ်ခုက တပ်မတော်သားကိုယ်စားလှယ်တွေဟာ အရွေးချယ်ခံကိုယ်စားလှယ်များလို လွှတ်တော် ၅ နှစ်သက်တမ်းအပြည့် တာဝန်ထမ်းဆောင်နိုင်သူများ မဟုတ်ကြပါ၊ အကြောင်းအမျိုးမျိုးနဲ့ ကာကွယ်ရေးဦးစီးချုပ်က သူခန့်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ်ကို လွှတ်တော်ထဲက ပြန်ခေါ်ပြီး ကိုယ်စားလှယ်အသစ်များနဲ့ အစားထိုးတာကို လွှတ်တော်အစည်းအဝေးတွေ အသစ်ပြန်စတိုင်း တွေ့နေရတာပါ၊ တကယ်တော့ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ခြင်းဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ တပ်မတော်ကိုယ်စားလှယ်များ လွှတ်တော်သက်တမ်း တစ်ခုအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း အပြန်အလှန်နားလည် ယုံကြည်မှုတွေ တည်ဆောက်လို့ တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ ဖြစ်သင့်ပါတယ်၊ လွှတ်တော်ဆိုင်ရာ ပြဋ္ဌန်းချက် ဥပဒေများဟာလဲ အရွေးချယ်ခံကိုယ်စားလှယ်များရော၊ တပ်မတော်သား ကိုယ်စားလှယ်များရော အားလုံးအပေါ် အပြည့်အဝ သက်ရောက်သင့်ပါတယ်၊ 

အခုအချိန်အထိကတော့ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်များဟာ အရွေးချယ်ခံကိုယ်စားလှယ်များနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊ လူထုကို ကိုယ်စားမပြု လူထုနဲ့ မပါတ်သက်ပဲ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ထဲကိုပဲ သစ္စာခံ၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် တာဝန်၊ ကျင့်ဝတ် နဲ့ စည်းကမ်းဆိုင်ရာ ပြဋ္ဌန်းချက်တွေဟာလဲ သူတို့အတွက် မဟုတ်၊ ငါးနှစ်ပြည့်အောင် လွှတ်တော်ထဲမှာ ရှိဖို့လဲ  မသေချာ၊ ဒီလိုနဲ့ တပ်မတော်သားကိုယ်စားလှယ်များဟာ လွှတ်တော်ထဲမှာ သီးခြားအင်အားစုကြီး တခုအနေနဲ့ ရပ်တည်ပြီး လူထုနဲ့ အလှမ်းဝေးနေဆဲဆိုတာ ဝမ်းနည်းစွာ တွေ့မြင်နေရပါတယ်၊

မဲဆန္ဒရှင်များအပေါ်မှာ ပွင့်လင်းပါ
လွှတ်တော်ကိုယ်စားလှယ်များ လူထုနဲ့ တွေ့ဆုံတဲ့အခါ အရေးအကြီးဆုံးက တော့ ပွင့်လင်းမှု၊ ရိုးသားမှုရှိဖို့ပါပဲ၊ လွှတ်တော်အဆောက်အအုံကြီးက ဘယ်လို ခန်းနားထည်ဝါတာ၊ အစားအသောက်တွေက ဘယ်လို ကောင်းမွန်တာ စတာတွေပြောဖို့ထက် လွှတ်တော်ထဲမှာ ပြည်သူလူထုအကျိုးစီးပွါးအတွက် သူတို့ဘာတွေ ဆောင်ရွက်ခဲ့တယ်၊ အောင်မြင်မှု၊ အရေးနိမ့်မှုတွေကို ရိုးသားစွာ တင်ပြဖို့ပါ၊ လူထုရဲ့ အသံကို လေးလေးစားစားနားထောင်ပြီး ဥပဒေတစ်ခု ဖြစ်သင့်တာကို ဖြစ်အောင်ကြိုးစားပေးဖို့ပါ၊
အမေရိကန်ပြည်ထောင်စုမှာတော့ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ ကိုယ်ပိုင် ဝက်ဆိုက် (Website) တွေ ရှိကြပြီး သူတို့ရဲ့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေကို အဲဒီ ဝက်ဆိုက်တွေမှာ ပွင့်ပွင့်လင်းလင်းတင်ပြထားပါတယ်၊ ဥပဒေ တစ်ရပ်ပြဋ္ဌန်းအတည်ပြုနိုင်ရေးအတွက် ဦးဆောင်အဆိုပြုခဲ့တာတွေ၊ ပြည်သူလူထုအတွက်အကျိုးမရှိဘူးလို့ ယုံကြည်တဲ့ ဥပဒေတွေ အတည်မပြုနိုင်အောင် ကန့်ကွက်ခဲ့တာတွေ၊ မဲဆန္ဒရှင်တွေကိုယ်စား သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို မေးခွန်းတွေ ထုတ်ခဲ့တာတွေ၊ လွှတ်တော်အစည်းအဝေးတွေမှာ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊အဆိုပြုချက်တွေ၊ တင်ပြခဲ့တဲ့ ဥပဒေမူကြမ်းတွေ၊ သူ့ကို ဆက်သွယ်ရမည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ စသဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့ ပါတ်သက်ပြီး ပြည်သူလူထုသိသင့်သမျှကို အဲဒီ ဝက်ဆိုက်တွေမှာ ရှာဖွေ လေ့လာနိုင်ပါတယ်၊ အရေးအကြီးဆုံးကတော့ မဲပေးမှုမှတ်တမ်း (Voting Record) ပါ၊ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် ဝက်ဆိုက်တွေမှာလဲ ဥပဒေ တစ်ခုခြင်းကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးသူ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို သူတို့ ပေးခဲ့တဲ့ မဲဆန္ဒနဲ့တကွ ထုတ်ပြန်ကြေညာပါတယ်၊

အဲဒီ မဲပေးမှုမှတ်တမ်းကို ကြည့်ပြီး မဲဆန္ဒရှင်တွေက ဒီလွှတ်တော်ကိုယ်စားလှယ် သူတို့ရဲ့ အကျိုးစီးပွါးကို အမှတ်တကယ် ကိုယ်စားပြုခြင်း ရှိမရှိ သုံးသတ်ဝေဘန်နိုင်ကြပါတယ်၊ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒရှင်တွေ လက်မခံနိုင်တဲ့ ဥပဒေကြမ်းကို ထောက်ခံမဲပေးခဲ့တယ် ဆိုရင် အဲဒီ လွှတ်တော်ကိုယ်စားလှယ်ဟာ လူထုနဲ့ တွေ့ဆုံပွဲတွေမှာ မဲဆန္ဒရှင်တွေရဲ့ မေးခွန်းထုတ်တာကို ခံရမှာ ဖြစ်သလို သူ့ဘက်က ရပ်တည်ချက်ကိုလဲ မဲဆန္ဒရှင်တွေကို လေးလေးစားစားရှင်းပြရမှာပါ၊
မြန်မာနိုင်ငံမှာတော့ အခုအချိန်အထိ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတဲ့ အခါ လက်ထောင်တာ၊ ဒါမှမဟုတ် မတ်တပ်ရပ်တာနဲ့ မဲခွဲကြပြီး ဘယ်သူ ထောက်ခံ၊ ဘယ်သူက ကန့်ကွက်၊ ဘယ်သူက ကြားနေပြီး ဘယ်သူက မဲပေးဖို့ ပျက်ကွက်တယ်ဆိုတာ မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ကြေညာခြင်း မတွေ့ရပါ၊ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်က သူတို့ရဲ့ မဲပေးမှုမှတ်တမ်းကို အများသိအောင် ပွင့်ပွင့်လင်းလင်းထုတ်ပြန် ကြေညာသင့်ပါတယ်၊ သူတို့ ဘာကြောင့် ဒီလို မဲပေးခဲ့တယ်ဆိုတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကိုလဲ ရဲရဲရင့်ရင့်ရှင်းပြသင့်ပါတယ်၊ ဒါဟာ ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ယူမှု (Transparency and Accountability) ပါ၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ မိမိတို့ ပေးခဲ့တဲ့ မဲဆန္ဒကို အများသိအောင် ကြေညာပြီး မိမိရဲ့ မဲဆန္ဒကြောင့် ဖြစ်လာတဲ့၊ ဒါမှမဟုတ် ဖြစ်မလာတဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တာဝန်ယူရမှာပါ၊

ဆိုကြပါစို့၊ မကြာသေးခင်က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအားလုံးနဲ့ လွှတ်တော်ခေါင်းဆောင်များအားလုံး ရဲ့ ပိုင်ဆိုင်မှုတွေကို လူထုသိအောင် တရားဝင် ထုတ်ပြန်ကြေညာသင့်ကြောင်း အဆိုပြုတော့ အများစုက ကန့်ကွက်လို့ အဲဒီအဆိုအရေးနိမ့်သွားပါတယ်၊ မတရားတဲ့ ဥပဒေ အချို့ကို ရုတ်သိမ်းပေးဖို့ တင်ပြတဲ့ အဆိုပြုချက်ဟာလဲ အရေးနိမ့်ခဲ့ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စအငြင်းပွါးမှုမှာ ခုံရုံးတရားသူကြီးများကို ပြစ်တင်စွတ်စွဲခြင်း မပြုသင့်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ပြင်ဆင်ခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း အဆိုပြုချက်လဲ အရေးနိမ့်ခဲ့ပါတယ်၊ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ဥပဒေအသစ်တွေ အတည်ဖြစ်ခဲ့ပါတယ်၊ အများပြည်သူအတွက် ရီစရာဖြစ်နေပြီး လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်လိုက်တဲ့ ဒေါက်တာ ဆိပ်ဖွားအရေးယူရေးကော်မရှင် ပေါ်ပေါက်လာပါတယ်၊ အဲဒီ လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိတို့ ဘယ်ဘက်က ဘယ်လို ရပ်တယ်ခဲ့တယ် ဆိုတာ ရဲရဲဝန့်ဝန့် ကြေညာသင့်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေနောက်မှာ ပုန်းအောင်းမနေသင့်ပါ၊ ပြည်သူလူထုဟာ သူတို့ရဲ့ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်က ဘယ်လို မဲပေးခဲ့တယ်၊ ဘယ်လို ရပ်တည်ခဲ့တယ် ဆိုတာကို သိခွင့်ရှိပါတယ်၊ လူထု ဆန္ဒ၊ လူထုအသံကို ကိုယ်စားပြုတယ် ဆိုတဲ့ လွှတ်တော်ဟာလဲ လူထုအပေါ် ရိုးသားပွင့်လင်းရမှာပါ၊ ဥပဒေ တစ်ခုခြင်းအလိုက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ မဲပေးမှုမှတ်တမ်းကို တရားဝင် ထုတ်ပြန်ကြေညာသင့်ပါတယ်၊
ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃