BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Thursday, December 10, 1992

The One Who Always Comes Late


နောက်ကျသူ


စာရွက်တရွက်ကို
ဆုတ်ဖြဲလိုက်တော့
ဒီဇင်ဘာကိုငါတွေ့တယ်။


နှင်းတွေ
…
နှင်းတွေ
…

မြေပြင်ပေါ်အလုအယက်ခုန်ဆင်းနေလိုက်ကြတာ ….
ေ
ၾကာက္မက္ဖြယ္တစ္စံုတစ္ခုကေန
ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေသလိုမျိုး။


ပျံလွှားငှက်တွေလည်း

အုပ်ဖွဲ့ပျံသန်းလာကြလေရဲ့

ညည်းတွားသံသဲ့သဲ့

ေ
လနဲ့အတူမျောလွင့်လာတယ်
ကံကောင်းခွင့်မရရှာတဲ့

အဆိပ်သင့်မက်မုန်ပွင့်များအတွက်တော့

ဒီဆောင်းဟာ
ခါးသက်နေရော့မယ်။


ပြိုးပြိုးပျက်ပျက်

ေ
ဆးစက်ရောင်စုံခြယ်သ
ေ
ပျာ်စရာပွဲတော်ညများ
ဝတ်
±ုံလွှာလွှာပါးပါး
ဆံမျှင်စဖားလျား

အနမ်းတို့လန်းစွင့်ဝင့်
ºကွား
အားလုံးလည်း
မူးယစ်ရီဝေ
ြေ
ခထောက်တွေ ပျံသန်းနေလိမ့်မယ်


တချိန်က

ေ
အာင်မြင်ကျော်ကြားခဲ့တဲ့ကောင်းကင်ကြီးတောင်မှ
မှုန်လို့
မှိုင်းလို့
ဒီဇင်ဘာဟန်ဆောင်လို့။


ချစ်သူများရဲ့

ချိန်းဆိုထားတဲ့နာရီ

ေ
စ့ရောက်ခဲ့ပြန်ပြီ။


ဆွတ်ပျံဖွယ်ဂီတနဲ့

ေ
အးစက္စက္ခရစၥမတ္ည
လရောင်တစ်စွန်းတစ်စကျနေတဲ့

ဝက်သစ်ချပင်အိုကြီးရဲ့အောက်

ချစ်တဲ့သူရေ

ဒီနှစ်လည်း

တစ်ယောက်တည်း
စောင့်မျှော်လွမ်းရစ်ပေဦးတော့။


စာရွက်တရွက်ကိုဆုတ်ဖြဲပြီး

ဒီဇင်ဘာကိုငါမေ့မယ်။


ဒတ္ထ

2 comments:

Anonymous said...

Good to see them here!
yeah, this poem, nyimalay. self-written bio and and the other one that i received have from your email. i reckon you wrote this one in prison?

မောင်ရှင်းသန့် said...

ဆရာဒတ္ထ ရဲ့ ကဗျာတွေ ရှာရင်းရောက်လာခဲ့တာပါခင်ဗျာ .... ။
အခုလို တင်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ .... ။
နောက်လည်း မျှော်လင့်လျှက်