BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Monday, April 20, 2009

Saying Good Bye (2)


နှုက်ဆက်ခဲ့ခြင်း (နှစ်)

အောင်ဒင်
တစ်ဆယ့်ကိုး၊ ဧပြီ၊ နှစ်ထောင့်ကိုး


မိတ်ဆွေတို့ရေ
သစ်ရွက်၊ မြေ ကြီး၊ ပန်းပွင့်
လူးလွင့်နေတဲ့တိမ်၊ ငြိမ်သက်တိပ်ဆိပ် အိပ်မက်
အေးစက်စက် အသက်ရှူသံတွေနဲ့
ကျနော်ရှိခဲ့တယ် ၊၊


လမ်းတွေပေါ်မှာ
လူတွေနဲ့အတူ စီးမျောဖူး ခဲ့
မောပန်းကြေမွညတွေ
ရီဝေယစ်မူး၊ ကုန်လွန်ဖူး ခဲ့
နွေဦးကိုကြို ဖို့ အမြဲသတိရ ပြီး
နွေဦးနဲ့ အမြဲတမ်းလွဲခဲ့သူပါ။


စက္ကူတွေ ဆုက်ဖြဲ
သစ်ပင်တွေ တစ်ပင်ပြီး တစ်ပင် လှဲခဲ့
မီးခိုးတွေတသွင်သွင်မှုက်ထုက်
ကောင်းကင်ကို အရုပ်ဆိုးစေခဲ့
ကမ္ဘာကြီး ပူနွေးလာမှု မှာ
ကျနော့အပြစ် တွေလဲ ပါခဲ့တာပေါ့။


နိုင်ငံရေး နဲ့ အနူပညာ
စုဝေးလှုပ်ရှားခြင်း နဲ့ အထီးကျန် နေလိုစိတ်
ချစ်ရခြင်းနဲ့ အညင်းပယ်ခံရ ခြင်း
မျဉ်းပြိုင်တွေ ဘယ်တော့မှမဆုံကြ
ကျနော် ကောင်းကောင်း သိခဲ့ရ။


အမှန်တရား ဆိုတာ
ဟိုး…. ဝေးဝေးက၊ မှုံပျပျ ကမ်းခြေ
ဘဝဆိုတာ…
တချို့အတွက်တော့ လှော်ရင်း နစ်တဲ့လှေ
ဒီလှေ ဒီရေ တွေထဲ၊ ကြေကွဲပြိုကျ
အကြီးမားဆုံး နောင်တတွေနဲ့
ကျနော် ရှိခဲ့တယ်။

အလွမ်းတွေ….

ဒီမြေကို လွှမ်းခြုံရစ်ပတ်
အုတ်တံတိုင်း အထပ်ထပ်နောက်က
မြင့်မြတ်စင်ကြယ် တဲ့ သူငယ်ချင်းများ
တာဝန်မကျေခဲ့သူ တစ်ယောက်ကို
ခွင့်လွှတ်နိုင်ကြ ပါစေသား ။။။



0 comments: