BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, January 2, 2010

The Unspeakable


မပြောဖြစ်ခဲ့တဲ့ စကားများ

အောင်ဒင်

ဇန်နဝါရီ ၂၊၂၀၁၀


မိန်းကလေး ရဲ့

အဲဒီ… ကောင်းကင်ကြီးထဲမှာလေ

မကျဖြစ်ခဲ့တဲ့ နှင်းတွေရှိတယ်

သိမ်ငယ်နက်ရှိုင်း၊ အလွမ်းရိုင်းတို့

ပိတ်ဆို့ကာဆီး၊ ဒီခရီးမှာ

နှင်းမှန်ပါ လျက်၊ အကြွေခက်ခဲ့။


မိန်းကလေး ရဲ့

အဲဒီ… တိမ်တိုက်တွေ ထဲမှာလေ

မရွာဖြစ်ခဲ့တဲ့ မိုးတွေရှိတယ်

တိုးဝင်နှောင်ဖွဲ့၊ လွမ်းခဲ့သမျှ

အိပ်ပျက်ညတွေ

ကြေမွ မျှော်ကိုး၊ တိတ်တခိုးမို့

မိုး မှန်သော်လည်း၊ မရွာရဲခဲ့။


မိန်းကလေး ရဲ့

အဲဒီ… ဥယျဉ်ကြီးထဲမှာလေ

မပွင့်ဖြစ်ခဲ့တဲ့ ပန်းတွေရှိတယ်

အဆင်းမဲ့၊ အလှမဲ့၊ အနံ့မဲ့၊ အရောင်မဲ့

သခင့် ရဲ့ဆံဖျား၊ ခစားပိုင်ခွင့်မရှိ

ပန်း အသိနဲ့

ပန်းမှန်သော်လည်း၊ မပွင့်ရဲ့ခဲ့။


မိန်းကလေး ရဲ့

ဒီလူ့ရဲ့ ရင်ထဲမှာလည်း

မကျဖြစ်ခဲ့တဲ့ နှင်းတွေရှိတယ်

မရွာဖြစ်ခဲ့တဲ့ မိုးတွေရှိတယ်

မပွင့်ဖြစ်ခဲ့တဲ့ ပန်းတွေရှိတယ်

ပြီးတော့…

မပြောဖြစ်ခဲ့တဲ့ စကားတွေရှိတယ်

မင်း သိစေချင်ရဲ့

၊။။။။။

10 comments:

wai lin tun said...

နှစ်သစ်မှာ ကဗျာအသစ်ရတယ်။ ကျတ်သရေ ရှိလိုက်တာ။ သေချာပါတယ်ဗျာ။ ကျနော့်တို့ကို ပြန်လည်နုပျိုလန်းဆန်းစေတာ၊ ပြန်လည်မွေးဇွားပေးတာ ကဗျာပဲ။
ချမ်းမြေ့ပါစေ

tin min htet said...

အသိခက်တဲ့ အကြည့်တွေနဲ့ပဲ
နှစ်ကိုယ်ကြားပြောပြနေရ လေသလား ..

Aung Din said...
This comment has been removed by the author.
Aung Din said...

ကိုဝေလင်း၊ ကိုတင်မင်းထက်

ကဗျာလာဖတ် တာ ကျေးဇူးတင်ပါတယ်ဗျာ။

အောင်ဒင်

Moe Cho Thinn said...

မပြောဖြစ်လဲ ..
ဒီကဗျာလေး ပေးဖတ်လိုက်ပါ ငါ့အကိုရ..။ :)

Aung Din said...

ဒီလိုလုပ်မယ်လေ၊ ကော်ပီတွေ အများကြီးပွါး ပြီး လေယဉ်ပေါ်က ကျဲချလိုက်မယ်၊ ညီးဆိုင်မှာ လည်းကော်ပီတွေထားပြီး စိတ်ဝင်စားမည့်သူလေးတွေကို ပေးပေးပါလား?
ဟဲဟဲဟဲ
အောင်ဒင်

Khet Mar said...
This comment has been removed by the author.
Khet Mar said...

အကိုရေ
ဘာကြောင့်မှန်းမသိ နှင်းပွင့်တွေ မိုးစက်တွေ
မြင်ရင်ကို ရင်ခုန်နေတာ။ ဒီကဗျာလေးဖတ်လိုက်ရတော့အချစ်ဝတ္ထုလေး
တစ်ပုဒ်ရေးချင်သွားတယ်။ အဲဒီအတွက်ကျေးဇူးပါပဲ။ ခက်တာကအချစ်ဝတ္ထုမှရေးတတ်သေးရဲ့လား
ကိုယ့်ကိုကိုယ်မသေချာတော့တာပဲ။

မေငြိမ်း said...

အဲလို ကဗျာလေးတွေ ခဗျားဆီကနေ ပြန်ရတာ.. အရသာရှိလိုက်တာ..။

Tin Moe Aye said...

အကူအညီ လိုရင် ပြောပါ။ ကူညိချင်လွန်းလို. :P