BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Friday, July 1, 2011

Dialogue Can Be Realized Only When we Are Strong












(Photo Credit: BBC Burmese Service)

ကိုယ့်ဘက်က အင်အားကောင်းမှ တန်းတူညီမျှ ဆွေးနွေးနိုင်ကြမယ်

အောင်ဒင်

(၁)

ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ကျနော်တို့ နိုင်ငံမှာ ပြန်လည်ထွန်းကားဖို့နဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံးနည်းလမ်းက မြန်မာစစ်အုပ်စု နဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းခြင်းပဲဖြစ်တယ်လို့ ကျနော်တို့ လက်ခံယုံကြည်ထားကြပါတယ်၊ အဲဒီလို ယုံကြည်မှုအတိုင်း စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့၊ ဒိုင်ယာလော့ (Dialogue) လုပ်ဖို့တောင်းဆိုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ၊ အခုထိတော့ စစ်အုပ်စုက လုံးဝလက်မခံညင်းဆန်နေဆဲပါ၊

တကယ်တော့လဲ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊အားလုံးဟာ ဘယ်လိုက စခဲ့စခဲ့ နာက်ဆုံးအဆင့်မှာနှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်းဖြင့်အဆုံးသတ်ရတာပါ၊ ဒါပေမည့် ဒိုင်ယာလော့တိုင်းဟာ ကောင်းမွန်တဲ့ရလာဒ်ကို မဖန်တီးနိုင်ပါဘူး၊ အထူးသဖြင့် တဘက်ရန်သူက အင်အားကြီးမားပြီး အနိုင်ရနေချိန်မှာ ဒိုင်ယာလော့ဆိုတာ ဖြစ်နိုင်ဖွယ်မရှိသလို ဖြစ်ပြန်ရင်လဲ အားနည်းတဲ့ ဘက်က အရှုံးပေးလက်နက်ချရတဲ့ အခြေအနေနဲ့ အဆုံးသတ်တတ်ပါတယ်၊ ကျနော်တို့နိုင်ငံကို ဗြိတိသျှကိုလိုနီအစိုးရက နယ်ချဲ့တော့ အင်္ဂလိပ်-မြန်မာ စစ် သုံးကြိမ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ စစ်ပွဲ သုံးခုစလုံးကို နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး အဆုံးသတ်ခဲ့ရပေမည့် အဲဒီဆွေးနွေးပွဲတွေက ကျနော်တို့ဘယ်လိုအရှုံးပေးရမယ်ဆိုတာကို ပြဋ္ဌန်းအတည်ပြုတဲ့ပွဲတွေပဲဖြစ်ခဲ့ရပါတယ်၊ ၁၉၄၇ ခုနှစ် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း နဲ့ ဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်တဲ့ ဗြိတိသျှအစိုးရတို့ တွေ့ဆုံဆွေးနွေးတဲ့အချိန်ကျတော့ မြန်မာပြည်သူတွေဘက်က ခေါင်းဆောင်ကောင်းများရဲ့ ဦးဆောင်မှုအောက်မှာ ညီညွတ်အားကောင်းနေတဲ့အချိန်၊ လွတ်လပ်ရေးရယူဖို့စိတ်ဓာတ်ထက်သန် ပြင်းထန်နေတဲ့အချိန်၊ စစ်အတွေ့အကြုံ၊ လူထုတိုက်ပွဲအတွေ့အကြုံမြင့်မားပြီး ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လွတ်လပ်ရေးကိုအရယူဖို့ ဆုံးဖြတ်ထားတဲ့အချိန်၊ တဘက်မှာ ဗြိတိသျှအစိုးရအနေနဲ့က ဒုတိယကမ္ဘာစစ်ကြီးမှာ ဦးဆောင်တိုက်ခိုက်ခဲ့ရလို့ ပင်ပန်းပြီး စီးပွါးရေးအကြပ်အတည်း၊ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အားနည်းနေတဲ့အချိန်ပါ၊ ဒါကြောင့်မို့လို့ အဲဒီ ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို တနှစ်အတွင်းလွတ်လပ်ရေးပေးမယ်ဆိုတဲ့ ကတိကဝတ် ကိုရခဲ့တာပါ၊

ဒီတော့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုတာမှန်ပေမည့် ကိုယ့်ဘက်က အင်အားမကောင်းရင် ဒိုင်ယာလော့ဆိုတာ ဖြစ်လာနိုင်စရာမရှိဘူးဆိုတာရယ်၊ ဖြစ်ရင်တောင်မှ တန်းတူညီမျှဆွေးနွေးခွင့်ရပြီး အားလုံးအတွက်အကျိုးရှိတဲ့ ရလာဒ်တွေ ထွက်ပေါ်လာမည့်အခြေအနေမျိုးမှာ မရှိပဲ ကိုယ့်ဘက်ကပဲ လျှော့ပြီးရင်း လျှော့ရတဲ့အခြေအနေမျိုးကိုပဲ ရောက်စေနိုင်ပါတယ်၊ စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သီးခြားဆွေးနွေးမှုတွေ လုပ်ခဲ့ဘူးပါတယ်၊ အဲဒီဆွေးနွေးပွဲတွေမှာ စစ်အုပ်စုက အပေါ်စီးကနေ "ခင်ဗျားတို့ လက်နက်ချကြ၊ ဥပဒေဘောင်ထဲဝင်လာကြ၊ ကျုပ်တို့ကို မဆန့်ကျင်နဲ့၊ ဒါဆို ခင်ဗျားတို့ကို ကျုပ်တို့က သူကောင်းပြုမယ်" လို့ဆိုပြီး လက်အောက်ခံပြုရေးဆွေးနွေးတာမျိုးပဲဖြစ်ခဲ့ပါတယ်၊ ကချင်က မထုနော် တို့၊ စခုံတရိန်းတို့၊ ပအို့က အောင်ခမ်းထီ တို့၊ ကရင်က ဖဒိုအောင်ဆန်း တို့ ကတော့ သူကောင်းပြုခံပြီး သူတို့ရဲ့ တော်လှန်ရေးကို ကျောခိုင်းသွားကြပြီး သဘောမတူတဲ့အဖွဲ့တွေကတော့ စစ်အုပ်စုရဲ့ ထိုးစစ်ကို ရင်ဆိုင်နေကြရပါပြီ၊ ဒါကြောင့်အရေးအကြီးဆုံးက ဒိုင်ယာလော့ကို တောင်းဆိုနေတဲ့တချိန်တည်းမှာပဲ ကျနော်တို့ ဒီမိုကရေစီအင်အားစုကြီး အားကောင်းကြံ့ခိုင်ညီညွတ်ကြဖို့ လိုအပ်သလို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကလဲ စစ်အုပ်စုက တဖွဲ့ခြင်းခွဲခြားတိုက်ခိုက်တာ၊စည်းရုံးတာကို စုပေါင်းပြီး ညီညီညာညာတုံ့ပြန်ကြဖို့လိုပါတယ်၊ အဲဒီလို ဒီမိုကရေစီအင်အားစုကြီး နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အားကောင်းမှ၊ ညီညွတ်မှ၊ ခိုင်မာမှ စစ်အုပ်စုနဲ့ တန်းတူညီမျှဆွေးနွေးနိုင်ကြမှာပါ၊

(၂)

ကျနော်က တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ထောက်ခံသူပါ၊ ဒါပေမည့်လဲ ကျနော်တို့ ဒီမိုကရေစီအင်အားစုကြီး နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားကောင်းသန်မာညီညွတ်မှ နဲ့ စစ်အုပ်စုအားနည်းမှပဲ ကျနော်တို့ တောင်းဆိုတဲ့ ဒိုင်ယာလော့ဆိုတာဖြစ်မယ်လို့ ယုံကြည်ထားပါတယ်၊ အဲဒီလို ဒိုင်ယာလော့မျိုးဖြစ်မှပဲ အားလုံးအတွက် အကျိုးရှိတဲ့ရလာဒ်တွေထွက်နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်၊ ဒါပေမည့်လဲ ပြည်တွင်းကနေ ထွက်ပြေးလာသူ တယောက်မို့ ပြည်တွင်းက ဒီမိုကရေစီအင်အားစုကြီး အားကောင်းခိုင်မာရေးဆိုတာကို အဝေးက စိတ်ဓာတ်ရေးရာ ထောက်ပံ့ရုံကလွဲလို့ မဆောင်ရွက်နိုင်သူပါ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ညီညွတ်ခိုင်မာအောင် ဆိုတာလဲ ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ၊ ကျနော်တတ်နိုင်တာ တခုကတော့ စစ်အုပ်စုအားနည်းရေးအတွက် အမေရိကန်အစိုးရက ဦးဆောင်ပြီး စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ စစ်အုပ်စုရဲ့ပိုင်ဆိုင်မှုတွေ၊ ငွေဝင်လမ်းကြောင်းတွေကို တားမြစ်အောင် လှုံ့ဆော်စည်းရုံးတာပါပဲ၊ မြန်မာနိုင်ငံစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လူသတ်ယန္တယားကြီးကို အင်အားဖြည့်ဖို့၊ လက်နက်တပ်ဆင်ဖို့ ငွေကြေးအမြောက်အများသုံးစွဲ နေပါတယ်၊အဓိကရုဏ်းတွေကိုဟန့်တားဖို့၊ ဒီမိုကရေအင်အားစုကြီးကို နှိမ်နှင်းဖို့ အတွက် သူတို့ရဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေအ တွက်ငွေကြေးအမြောက်အများသုံးစွဲပါတယ်။ အဲဒါအပြင် သူတို့ နဲ့ မိသားစုတွေရဲ့ အကျိုးစီးပွါးအတွက် တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတပစ္စည်းတွေ၊ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ်တွေ၊ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကိုရောင်းစားပြီး ရရှိတဲ့ ငွေကြေးတွေကို ပြည်ပဘဏ်တွေမှာ ခိုးဝှက်မြှုတ်နှံထားတာပါ၊

ရဲတံခွန် နဲ့ ရတနာ ကထွက်တဲ့ ဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို ရောင်းတာကတင် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း၅၀၀ ကျော်ရရှိပြီး စရောင်းချိန်ကနေ ဒီကနေ့အထိ ဒေါ်လာ သန်းထောင်ပေါင်းများစွာ ရခဲ့ပြီး ဖြစ်ပေမည့် အဲဒီပိုက်ဆံတွေဟာ လူထုရဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် မဟုတ်ခဲ့ပါ၊ ဒီတော့ မြန်မာစစ်ခေါင်းဆောင်တွေကို စီးပွါးရေးပိတ်ဆို့တာ၊ သူတို့ ခိုးဝှက်မြှုတ်နှံထားတဲ့ ပိုက်ဆံတွေ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ တားမြစ်တာ တွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ အရေးယူမှုလို့ ကျနော်ယုံကြည်ပါတယ်၊ ရိုးရိုး ရှင်းရှင်းပြောရရင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ငွေဝင်လမ်းကြောင်းတွေကို ထိထိရောက်ရောက်ပိတ်ဆို့နိုင်မယ်ဆိုရင်၊ သူတို့ရဲ့ ပြည်ပမှာသိမ်း ဆည်းထားတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်မယ်ဆိုရင် စစ်အုပ်စုဟာ တဖြေးဖြေးနဲ့ အားနည်းလာလိမ့်မယ် လို့ယုံကြည်ထားပါတယ်၊ အဲဒီလို ယုံကြည်တဲ့ အတွက် အမေရိကန်အစိုးရကို မြန်မာ့ဒီမိုကရေစီ အင်အားစုကြီးကိုအမြင့်မားဆုံး ထောက်ခံပံ့ပိုးဖို့ နဲ့ မြန်မာစစ်အုပ်စုကို အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူဖို့ စည်းရုံးလှုံ့ဆော်နေခဲ့တာ အခုဆို ၁၀ နှစ်ရှိပါပြီ၊

(၃)

လွန်ခဲ့တဲ့ နှစ်နှစ် သမ္မတ အိုဘားမား တက်လာတဲ့အချိန်က စပြီး မြန်မာနိုင်ငံဆိုင်ရာအမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ပြီး ဆန်ရှင်နဲ့ ဖိအားပေးမှုတွေကို ဆက်လက်ဆုတ်ကိုင်ထားပြီး တချိန်တည်းမှာ မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမယ် ဆိုတဲ့ (Pragmatic Engagement Policy) မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် အမေရိကန်အစိုးရကလဲ မြန်မာစစ်ခေါင်းဆောင်များနဲ့ ဒိုင်ယာလော့လုပ်မယ်ပေါ့၊ အဲဒီ မူဝါဒသစ်ကို ကျနော် ထောက်ခံပါတယ်၊ အရင်တုံးက အမေရိကန်က စစ်အုပ်စုကို ကြားလူကတဆင့် ဆက်ဆံပြီး အပြောင်းအလဲ လုပ်ဖို့တိုက်တွန်းခဲ့တယ်၊ အခု ကြားလူ/ကြားနိုင်ငံကို မသုံးတော့ပဲ တိုက်ရိုက်စကားပြောမယ်၊ စစ်အုပ်စုက အပြုသဘောတုန့်ပြန်မှ၊ အပြောင်းအလဲတွေလုပ်မှ ဆန်ရှင်ကို ရုပ်သိမ်းမယ်၊ ဒါဟာ ကောင်းမွန်တဲ့ မူဝါဒ တရပ်ပါ၊ ဒါပေမည့် အဲဒီလို တိုက်ရိုက်ဆက်ဆံမှုအပေါ်မှာ စစ်အုပ်စုက အမြတ်ထုတ် အခွင့်အရေးယူပြီး နိုင်ငံတကာ ဖိအားပေးမှုတွေကို ဝေဝါးအောင်၊ လျော့နည်းအောင် လှည့်ဖျားနိုင်တာမို့ သတိကြီးကြီးထားဖို့ အကြံပြုတောင်းဆိုခဲ့ပါတယ်၊

တကယ်တော့ အာဏာရှင်များနဲ့ ဒိုင်ယာလော့လုပ်တဲ့နေရာမှာ အထက်ကတင်ပြခဲ့သလို ကိုယ့်ဘက်က အားကောင်းဖို့လိုပါတယ်၊ မဟုတ်ရင် အာဏာရှင်က ဒိုင်ယာလော့ဆိုတာကို လေးစားမှုမရှိပဲ တဖက်က အားနည်းလို့၊ အရေးနိမ့်နေလို့ စကားပြောဖို့ကမ်းလှမ်းတာလို့ မြင်ပါလိမ့်မယ်၊ အဲဒီလို မြင်တဲ့အခါကျတော့ အာဏာရှင်က သူလိုချင်တာကိုပဲ တဘက်သတ်တောင်းဆိုပြီး သူ့ဘက်ကတော့ တစုံတရာပြန်ပေးဖို့စဉ်းစားမှာမဟုတ်ပါ၊ ဒါကြောင့် ကျနော်က အမေရိကန်အစိုးရကို ကိုယ့်ဘက်က အားကောင်းအောင်အရင်လုပ်ဖို့၊ ဒိုင်ယာလော့ လုပ်မည့် အချိန်ကာလကို တစ်နှစ်ဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ အတိအကျသတ်မှတ်ဖို့၊ အဲဒီ တိကျတဲ့အချိန်ဇယားထဲမှာ ကိုယ့်ဘက်က လိုချင်တာတွေ၊( နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံသားအားလုံး တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး မတူညီမှုတွေကို ညှိနှိုင်းဖြေရှင်းဖို့) စတာတွေကို ခိုင်ခိုင်မာမာတောင်းဆိုဖို့၊ ပြီးတော့ စစ်အုပ်စုက အပြုသဘောတုန့်ပြန်ရင် ကိုယ့်ဘက်က လိုက်လျောနိုင်တာတွေကို ချပြဖို့ နဲ့ စစ်အုပ်စုက မတုန့်ပြန်ရင် ကိုယ့်ဘက်က ပိုပြီးအရေးယူနိုင်တာတွေကို ပြင်ဆင်ထားဖို့၊ အဲသလို အကြံပြုခဲ့ပါတယ်၊ အခုထိတော့ အမေရိကန်ရဲ့ စစ်အုပ်စုနဲ့ဒိုင်ယာလော့ဟာ နှစ်နှစ်သာကြာလာတယ်၊ ဘာရလာဒ်မှမထွက်ဘူးဆိုတာကို ဝန်ခံကြပေမည့် ကျနော်အကြံပြုသလို ဖြစ်မလာသေးပါ၊

(၄)

တဖက်မှာလဲ ဆန်ရှင်ဟာ ထိရောက်မှုမရှိဘူး ဆိုပြီး အမေရိကန်အစိုးရကို ဆန်ရှင်တွေလုံးဝရုတ်သိမ်းပြီး စစ်အုပ်စုနဲ့ ရင်းနှီးအောင်ဆက်ဆံဖို့ တိုက်တွန်းလှုံ့ဆော်နေကြသူတွေလဲအများကြီးပါ၊ သူတို့ရဲ့ အဓိက ဝေဘန်ချက်ကတော့ တရုပ်အစိုးရက မြန်မာစစ်အုပ်စုကို စီးပွါးရေးအထောက်အပံ့၊ နဲ့ နိုင်ငံရေးအကာအကွယ်ပေးနေတာမို့ အမေရိကန်ရဲ့ ဖိအားပေးမှုဟာ အကျိုးသက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်၊ ဒါကြောင့် စီးပွါးရေးပိတ်ဆို့မှုကိုရုတ်သိမ်း၊ မြန်မာစစ်အုပ်စုကို ရင်းရင်းနှီးနှီးဆက်ဆံပြီး ယုံကြည်မှုရအောင်ကြိုးစားရင် တဖြေးဖြေးနဲ့ အပြောင်းအလဲတွေလုပ်အောင် စည်းရုံးသိမ်းသွင်းနိုင်လိမ့်မယ်၊ တရုတ်လက်ထဲကနေ မြန်မာစစ်အုပ်စုကို ဆွဲထုတ်နိုင်ဖို့ကပိုအရေးကြီးတယ် လို့ အဲဒီ ညဏ်ကြီးရှင်များက ကြွေးကြော်ကြပါတယ်၊

တရုတ် ရဲ့အကာအကွယ်ပေးမှုကြောင့် အမေရိကန် ရဲ့ ဖိအားပေးမှုတွေ ထိရောက်သင့်သလောက် မထိရောက်ဘူးဆိုတာ အတိုင်းအတာတခုထိတော့မှန်ပါတယ်၊ ဒါပေမည့် တရုတ်အစိုးရက အာဏာရှင်များအားလုံးရဲ့ ဖခင်ကြီး၊ သူကိုယ်တိုင်က သူ့ပြည်သူတွေကို အကန့်အသတ်တွေ၊ အကြမ်းဖက်မှူတွေနဲ့ အုပ်ချုပ်နေသလို တကမ္ဘာလုံးက အာဏာရှင်အစိုးရများကို ဦးဆောင်ဦးရွက်ပြုနေသူဖြစ်ပါတယ်၊ တရုတ် နဲ့ အမေရိကန်ရဲ့ တန်ဘိုးထားမှုတွေက အရှေ့နဲ့အနောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြပါတယ်၊ တရုတ်က ဒီမိုကရေစီ၊ တရားမျှတမှု နဲ့ လူ့အခွင့်အရေးဆိုတာကို ကွန်မြူနစ်ပါတီရဲ့ အာဏာကို ခြိမ်းခြောက်မှုအဖြစ်သဘောထားတယ်၊ အမေရိကန်က ဒီမိုကရေစီ၊ တရားမျှတမှု နဲ့ လူ့အခွင့်အရေးဆိုတာကို လူ့အဖွဲ့အစည်းတိုင်းမှာ မလွဲမသွေရှိသင့်တဲ့၊ လူသားတိုင်း ခံစားပိုင်ခွင့်ရှိတဲ့ အခြေခံရပိုင်ခွင့်များလို့ ယုံကြည်တယ်၊ တရုတ်အစိုးရက အာဏာဟာ သေနတ်ပြောင်းဝမှာတည်တယ်လို့ ကျင့်သုံးပြီး အမေရိကန်က အာဏာဆိုတာ လုထုရဲ့ လွတ်လပ်စွာရွေးချယ်တင်မြှောက်မှုနဲ့ပဲ ရရှိသင့်တယ်လို့ လက်ခံတယ်၊ ဒါကြောင့် တန်ဘိုးထားမှုခြင်းဆန့်ကျင်ကြတဲ့ နေရာမှာ အမေရိကန်အစိုးရကို သူ့ရဲ့ တန်ဘိုးထားမှုတွေကို စွန့်လွှတ်ပြီး တရုတ်အစိုးရလို ကျင့်ကြံဖို့တောင်းဆိုတာ အဓိပ္ပာယ်မရှိပါ၊

မြန်မာစစ်အုပ်စုနဲ့ ရင်းနှီးကျွမ်းဝင်သွားရင် အပြောင်းအလဲတွေလုပ်အောင် ဖြေးဖြေးချင်း စည်းရုံးနိုင်လိမ့်မယ်လို့ ဆိုတာလဲ စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊ အမေရိကန်က အီဂျစ်သမ္မတ မူဘာရက်ကို မဟာမိတ်အဖြစ်ဆက်ဆံပြီး အထောက်အပံ့တွေအများကြီးပေးပြီး ဒီမိုကရေစီအပြောင်းအလဲတွေလုပ်ဖို့ စည်းရုံးခဲ့ပေမည့် မအောင်မြင်ပါ၊ လူထုရဲ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပြီး လူထုကိုအကြမ်းဖက်အုပ်ချုပ်ခဲ့တဲ့ မူဘာရက် ဟာနောက်ဆုံးတော့ လူထုအုံကြွမှုတွေက ဖယ်ရှားမှပဲ အာဏာက ဆင်းပေးရတာပါ၊ ဆီးရီးယား သမ္မတ အာဆတ်ကိုလဲ အပြောင်းအလဲလုပ်မည့် ခေါင်းဆောင်တယောက်လို့ အနောက်နိုင်ငံတွေက မျှော်လင့်ခဲ့ကြဘူးပါတယ်၊ အခုတော့ အဲဒီ အစိုးရတွေအားလုံးက ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းနေတဲ့ အာဆတ် ကို ဝိုင်းဝန်းရှုံ့ချနေကြရပါပြီ၊ ကျနော်တို့ တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ မြန်မာစစ်အုပ်စုနဲ့ မြန်မာပြည်သူများအကြား ပြန်လည်သင့်မြတ်ရေးဖြစ်ပါတယ်၊ မြန်မာစစ်အုပ်စုနဲ့ အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများရဲ့ ပြန်လည်သင့်မြတ်ရေးမဟုတ်ပါ၊

နောက်တချက်က ဆန်ရှင်က မထိရောက်ဘူးဆိုရင် အမေရိကန် ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌန်းချမှတ်ထားတဲ့ အရေးယူမှုတွေကို အမေရိကန်အစိုးရက အပြည့်အဝ၊ ထိထိရောက်ရောက်အကောင်အထည်ဖော်ရဲ့လားဆိုတာကိုလဲ ပြန်လဲ သုံးသပ်သင့်ပါတယ်၊ ကျနော်ကတော့ အမေရိကန်အစိုးရဟာ ဥပဒေ နဲ့ ပြဋ္ဌန်းထားတဲ့အရေးယူမှုတွေကို အပြည့်အဝအကောင်အထည်ဖော်ခြင်းမရှိသေးဘူး၊ အမေရိကန် သံတမန်တွေ ကိုယ်တိုင်က ဆန်ရှင်ကို အရေးကြီးတဲ့ လက်နက်တခုအဖြစ် အသုံးမချကြဘူး လို့ ထောက်ပြချင်ပါတယ်၊

အမေရိကန် သံတမန် အတော်များများက ဆန်ရှင်ဆိုတာကို အကျိုးရှိတဲ့ လက်နက်တခုလို့မမြင်ပဲ သူတို့ရဲ့ သံတမန်ရေးရာအားထုတ်မှုမှာ အဟန့်အတားတခုလို့မြင်ပါတယ်၊ ဒီဆန်ရှင်ကြောင့် သူတို့ဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ အစိုးရခေါင်းဆောင်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံခွင့်မရ၊ တွေ့ဆုံခွင့်မရ၊ သူတို့ လွတ်လွတ်လပ်လပ်သွားလာလို့မရတာ လို့အပြစ်မြင်ကြပါတယ်၊ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်က မြန်မာနိုင်ငံက တင်ပို့တဲ့ သွင်းကုန်တွေကို ပိတ်ဆို့တဲ့ အရေးယူမှုပါဝင်တဲ့ (Burmese Freedom and Democracy Act of 2003) ကို ဥပဒေပြဋ္ဌန်းခဲ့ပါတယ်၊ အဲဒီဥပဒေက သမ္မတ က ဇူလိုင်လထဲမှာ လက်မှတ်ရေးထိုးအတည်ပြုပြီး တလအကြာ ဩဂုတ်လထဲမှာမှ အသက်ဝင်တာပါ၊ ဒါပေမည့် စက်တင်ဘာလထဲမှာ လုပ်တဲ့ လွှတ်တော်ကြားနာပွဲတခုမှာ အဲဒီတုံးက ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးလုပ်နေတဲ့ ပုဂ္ဂိုလ်က ဒီသွင်းကုန်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံတွေ ရာနဲ့ချီပြီး ပိတ်ရပြီး အမျိုးသမီးလေးတွေ ထောင်ပေါင်းများစွာ အလုပ်ပြုတ် ရတယ်၊ တချို့မိန်းကလေးတွေ ပြည့်တန်ဆာ ဖြစ်သွားကြပါတယ် လို့ ထွက်ဆိုသွားပါတယ်၊ တကယ်တော့ သူထွက်ဆိုတဲ့အချိန်မှာ သွင်းကုန်ပိတ်ဆို့အရေးယူမှုက သက်ရောက်မှုရှိတာ ရက်ပိုင်းလေးပဲရှိပါသေးတယ်၊ သူပြောသလို ဘယ်လိုမှ မဖြစ်နိုင်ပါ၊ ဒါပေမည့် အမေရိကန်အစိုးရထိပ်တန်းအရာရှိ ကိုယ်တိုင်က ပြောတာမို့ ကမ္ဘာတဝှမ်းက သတင်းစာတွေမှာ ထိပ်တန်းသတင်းတပုဒ်ဖြစ်ခဲ့ပြီး အခုထိလဲ ဆန်ရှင်သည် သာမာန်ပြည်သူများကိုသာ ထိခိုက်သည်လို့ ပြောချင်သူများအတွက် ထာဝရကိုးကားစရာ ဖြစ်နေပါတယ်၊ နောက် သိပ်မကြာခင်မှာပဲ အဲဒီအရာရှိလဲ တာဝန်ကအနားယူပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေ ရုတ်သိမ်းပေးဖို့ အကြီးအကျယ်လော်ဘီလုပ်နေတဲ့ စီးပွါးရေးကော်ပိုရေးရှင်းများကိုယ်စားပြုအဖွဲ့တဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သွားပါတယ်၊ ဆိုလိုချင်တာက အမေရိကန် သံတမန်တချို့ကိုယ်တိုင်က အစိုးရရဲ့ ဆန်ရှင်မူဝါဒကို ထိထိရောက်ရောက်အကောင်အထည်ဖော်ရမည့်အစား သူတို့ကိုယ်တိုင်က ဆန်ရှင်ကို ပြစ်တင်ဝေဘန်ပြီး အားနည်းအောင်လုပ်နေကြတာပါ၊

၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က Tom Lantos Block Burmese JADE Act of 2008 ကို ပြဌန်းအတည်ပြုပါတယ်၊ အဲဒီဥပဒေမှာပါတဲ့အရေးယူမှုတွေထဲမှာ ထင်ရှားတာ နှစ်ခုက စစ်ခေါင်းဆောင်တွေ နဲ့ သူတို့ကို စီးပွါးရေး၊ နိုင်ငံရေးထောက်ပံ့နေသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ Targeted Financial Sanctions နဲ့ သူတို့ရဲ့ ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲပေးနေတဲ့ နိုင်ငံခြားဘဏ်တွေကိုအရေးယူတဲ့ Banking Sanction ပါ၊ အဲဒီဥပဒေအရ အမေရိကန် ဘဏ္ဏာရေးဝန်ကြီးဌာနက စစ်ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ၊ အလိုတော်ရိစီးပွါးရေးသမားတွေ ကို နံမည်ပျက်စာရင်းထဲ (Specially Designated Nationals/SDN) ထည့်သွင်းပြီးအရေးယူမှုတွေစတင်ခဲ့ပါတယ်၊ ဒါပေမည့်လဲ ဒီကနေ့ အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူတဲ့ နံမည်ပျက်စာရင်းဝင်ပုဂ္ဂိုလ်များအရေအတွက်ဟာ ဥရောပသမဂ္ဂ က ပြည်ဝင်ခွင့်မပြုဖို့ ငြင်းဆိုထားတဲ့အရေအတွက် နဲ့ ဩစတြေးလျအစိုးရက ပစ်မှတ်ထားအရေးယူထားတဲ့အရေအတွက်ထက် အများကြီးနည်းနေပါတယ်၊ ဥရောပသမဂ္ဂ နဲ့ ဩစတြေးလျအစိုးရက အရေးယူထားတဲ့ အလိုတော်ရိတချို့ဟာ ဒီကနေ့အထိ အမေရိကန်အစိုးရရဲ့အရေးယူမှုကနေ ကင်းလွတ်နေဆဲဖြစ်တာကို အံ့ဩဖွယ်တွေ့ရပါတယ်၊

ပိုပြီးအရေးကြီးတဲ့ Banking Sanction ကိုတော့အမေရိကန်အစိုးရက လုံးဝအကောင်အထည်ဖော်တာမတွေရပါဘူး၊ ၂၀၀၆ ခုနှစ်က အဲဒီဆန်ရှင်နဲ့ အမေရိကန်အစိုးရက မြောက်ကိုရီးယားအစိုးရ မကာအိုဘဏ်တခုမှာလျှို့ဝှက်အပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ကျော်ကို ထိန်းချုပ်လိုက်နိုင်လို့ နောက်ဆုံးမှာ ကင်ဂျုံးအီက ခြောက်နိုင်ငံဆွေးနွေးပွဲမှာ ပြန်ပါဖို့ ကတိပြုရတာပါ၊ အခုမြန်မာစစ်ခေါင်းဆောင်တွေ ရော၊ အလိုတော်ရိစီးပွါးရေးသမားတွေရော တိုင်းပြည်တွင်းက သယံဇာတတွေ၊ ပြည်သူလူထုရဲ့အကျိုးစီးပွါးတွေကို ခိုးဝှက်လုယူထားတဲ့ ဒေါ်လာ သန်း ထောင်ပေါင်းများစွာ ကို ပြည်ပနိုင်ငံတချို့က ဘဏ်တွေမှာ ရင်းနှီးမြှုတ်နှံထားကြတာပါ၊ အဲဒီငွေကြေးတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် စစ်အုပ်စုကိုအကြီးအကျယ်အားနည်းစေမှာပါ၊

ဒီအချက်တွေကြောင့် ဆန်ရှင်က မထိရောက်ဘူးဆိုတာဟာ အမေရိကန်သံတမန်တွေက ထိရောက်မှုရှိအောင်အသုံးမချတာရယ်၊ အမေရိကန်အစိုးရကိုယ်၌က ဆန်ရှင်ကိုအပြည့်အဝအ ကောင်အထည် မဖော်သေးလို့ဖြစ်တယ် လို့ ကျနော် ရဲရဲကြီးပြောနိုင်ပါတယ်၊

(၅)

ကိုယ့်ဘက်က အင်အားကောင်းမှ တန်းတူညီမျှ စကားပြောလို့ရပါလိမ့်မယ်၊ ဒီ့အတွက် ကိုယ့်ဘက်က အင်အားကိုအမြင့်မားဆုံးဖြစ်အောင် တည်ဆောက်ဖို့ နဲ့ မြန်မာစစ်အုပ်စုကို စီးပွါးရေး၊ နိုင်ငံရေးအရေးယူမှုတွေနဲ့ အားအင်ချိနဲ့အောင် အပြင်းထန်ဆုံး ဖိအားပေးရေး နှစ်ခုဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်၊ ဒါကြောင့်လဲ ကျနော်တို့ က အမေရိကန်အစိုးရ ကို လက်ရှိချမှတ်ထားတဲ့ ဥပဒေအရ အရေးယူမှုတွေကို အပြည့်အဝနဲ့ ထိရောက်အောင်အကောင်အထည်ဖော်ဖို့၊ စစ်အုပ်စုနဲ့ ဆွေးနွေးတာကို တိကျတဲ့အချိန်စာရင်းသတ်မှတ်ဖို့၊ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအပေါ်မှာ ကောင်းရင်ကောင်းသလို၊ ဆိုးရင်ဆိုးသလို တုန့်ပြန်နိုင်ရန်အဆင်သင့်ရှိဖို့ တိုက်တွန်းနေကြ တယ်၊ အဲဒီလိုတိုက်တွန်းရာမှာ ကျနော်တို့ရဲ့ U.S. Campaign for Burma အဖွဲ့ဝင်များ၊ အမေရိကန်နိုင်ငံတဝှမ်းက မြန်မာ့ဒီမိုကရေစီအရေးထောက်ခံသူများ နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ကွန်ဂရက်လွှတ်တော်အမတ်များ၊ ရဲ့ ကူညီအားပေးမှုနဲ့ ဆောင်ရွက်နေကြတာပါ၊

ဒီလှုပ်ရှားမှုရဲ့အဆင့်တဆင့်အနေနဲ့ ဇွန်လ ၂၇ ရက်နေ့က မြန်မာစစ်အုပ်စုကို နိုင်ငံရေးအရ၊ စီးပွါးရေးအရ ထောက်ခံပံ့ပိုးနေတဲ့ အလိုတော်ရိစီးပွါးရေးသမားနဲ့ ဝါဒဖြန့်ချိရေးသမား ၄၂ ယောက်ရဲ့အမည်စာရင်းကို အမေရိကန် ဘဏ္ဏာရေးဝန်ကြီးထံ ကျနော်တို့ တရားဝင်တင်သွင်းပြီး ဒီပုဂ္ဂိုလ်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူဖို့ တောင်းဆိုလိုက်ပါတယ်၊ (အဲဒီ အလိုတော်ရိ ၄၂ ယောက်စာရင်းကို အောက်မှာကြည့်ပါ၊) ဒီ ၄၂ဦးစာရင်းကိုလဲ ပြည်တွင်းက မိတ်ဆွေများ၊ ရဲဘော်များရဲ့ အကူအညီနဲ့ ပြုစုခဲ့တာပါ၊ သိတ်ပြီးပြည့်စုံတဲ့ စာရင်းတော့မဟုတ်သေးပါ၊ အမှားအယွင်းအချို့လဲ ရှိပါတယ်၊ ပြည်သူများရဲ့ အကြံပြုချက်၊ ဖြည့်စွက်ချက်တွေကိုလဲ ဖိတ်ခေါ်ပါတယ်၊ တယောက်က ထောက်ပြ လို့ ဥဿာယူနိုက်တက် ဘောလုံးကလပ်ရဲ့ ပိုင်ရှင်ဟာ အောင်ကျော်မိုး မဟုတ်ပဲ အောင်မိုးကျော် ဖြစ်တယ်လို့ သိရပါတယ်၊ ဧရာဝတီ မဂ္ဂဇင်းရဲ့ ဘလော့ ကို ပို့တဲ့ မှတ်ချက်တခုအရ စစ်ကိုင်းဒေသကြီး ကောလင်းမြို့အနောက်ဘက် ပင်လယ်ဘူး မြို့ကလေးမှာ ရုပ်ရှင်သရုပ်ဆောင်လွင်မိုး ရဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီက ဒေသခံတွေရဲ့ လုပ်ကွက်တွေကို စစ်တပ်နဲ့ပေါင်း အဓမ္မသိမ်းဆည်းပြီး လုပ်ငန်းလုပ်နေတာတွေ၊ လမ်းတွေကိုဖျက်ပြီး မြို့ကလေးကို နစ်နာအရုပ်ဆိုးအောင်လုပ်နေတာတွေ သိရပါတယ်၊ အလိုတော်ရိစာရင်းမှာ ထည့်သွင်းရမည့် အခြားပုဂ္ဂိုလ်တွေအများကြီးရှိပါသေးတယ်၊ လူထုရဲ့အကြံပြုချက်တွေနဲ့ အလိုတော်ရိများစာရင်းကို ပိုပြီး ပြည့်စုံအောင်ပြုစုပြီး အမေရိကန်အစိုးရက အရေးယူအောင် ဆက်ပြီး တောင်းဆိုပါ့မယ်၊

Banking Sanction ကိုအကောင်အထည်ဖော်ဖို့အတွက်လဲ ဇွန် ၂ ရက်နေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီက ကျင်းပတဲ့ ကြားနာပွဲနဲ့ ဇွန် ၂၂ ရက်နေ့မှာ အောက်လွှတ်တော် အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မီတီ ကကျင်းပတဲ့ ကြားနာပွဲမှာ ကွန်ဂရက်လွှတ်တော်အမတ်များကို ကျနော် တရားဝင် တင်ပြတောင်းဆိုခဲ့ပါတယ်၊ ဆက်လက်ပြီးလဲ အမေရိကန်ပြည်သူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အဖွဲ့အစည်းများရဲ့အကူအညီနဲ့ အမေရိကန်အစိုးရကို ဆက်လက်ဖိအားပေးသွားပါ့မယ်၊ မြန်မာစစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုတခုလုံးအပေါ် အကြမ်းဖက်နေမှုတွေကို ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ ကိုလဲ တကယ်ဖြစ်မြောက်လာအောင် ဆက်လက်လှုံ့ဆော်ပါမယ်၊ စစ်အုပ်စုကို ဘက်ပေါင်းစုံက အားနည်းအောင်လုပ်နိုင်မှ၊ ကိုယ့်ဘက်က အင်အားကောင်းမှပဲ ဒိုင်ယာလော့ဆိုတာ တကယ်ဖြစ်လာပြီး အဲဒီ ဒိုင်ယာလော့မှာ တန်းတူညီမျှဆွေးနွေးနိုင်ကြပြီး တိုင်းပြည်နဲ့ လူထုအတွက်အမှန်တကယ် အကျိုးရှိတဲ့ ရလာဒ်တွေ ထွက်ပေါ်လာနိုင်မှာပါ၊

လေးစားစွာ၊

အောင်ဒင်

ဇူလိုင် ၁၊ ၂၀၁၁

-------------------------------
အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (U.S. Campaign for Burma) မှ အမေရိကန်အစိုးရ သို့ တင်ပြထားသော ဥပဒေအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူသင့်သည့် မြန်မာစစ်အုပ်စုအား ထောက်ပံ့ကူညီနေသော အလိုတော်ရိစီးပွါးရေးသမားများနှင့် ဝါဒဖြန့်ချိရေးသမားများ၏ အမည်စာရင်း၊ ဇွန် ၂၇၊ ၂၀၁၁

စဉ်

လူအမည်

စီးပွါးရေးလုပ်ငန်း

ဥရောပသမဂ္ဂမှ ဗီဇာပိတ်ဆို့

ၾသစေၾတးလ် အစိုးရမွ

အမေရိကန် အစိုးရမှ

၁

ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း

ကမ္ဘောဇဘဏ်

မြန်မာဘီလျံဂရု

နီလာရိုးမ ကုမ္ပဏီ

အရှေ့ရိုးမ ကုမ္ပဏီ

လန်ဒန်စီးကရက် ကိုယ်စားလှယ်

ကမ္ဘောဇဘောလုံးသင်းပိုင်ရှင်

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၂

ဦးကျော်ဝင်း

ရွှေသံလွင် ကုမ္ပဏီ မြန်မာအင်တာနေရှင်နယ်သတင်း၊

ရွှေအက်ဖ်အမ်ရေဒီယို

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၃

ဦးမောင်မောင်မြင့်

မြန်ဂုဏ်မြင့် ကုမ္ပဏီ (ကြံ့ဖွံ့ ၏ စီးပွါးရေးလုပ်ငန်းများ)

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၎

ဦးမောင်ကို

ထာဝရ သတ္တုတွင်းကုမ္ပဏီ

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၅

ဦးအောင်ထွေး

ရွှေပန်းကုမ္ပဏီ (Golden Flower Company Ltd.)

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၆

ဦးကျော်မြင့်

ရွှေပန်းကုမ္ပဏီ (Golden Flower Company Ltd.)

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၇

နေဝင်းထွန်း

ပတ္တမြား နဂါး ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီ လီမိတက် (Ruby Dragon Jade and Gems Company Ltd.)

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၈

ဦးအိုက်ထွန်း

အိုလံပစ် ဆောက်လုပ်ရေး ကုမ္ပဏီ ၊အာရှဓန ဘဏ်

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၉

ဦးအောင်မြတ် (ခေါ်) ဦးအောင်မြင့်

မိခင်ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ

(Mother Trade and Construction Company)

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၁၀

ဦးဝင်းလွင်

ကျော်သာကုမ္ပဏီ၊ ကျော်သာဆောက်လုပ်ရေးအုပ်စု၊

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၁၁

ဒေါက်တာ စိုင်းစံထွန်း

လွိုင်ဟိန်းကုမ္ပဏီ (Alpine သောက်ရေသန့်)

ရတနာပုံယူနိုက်တက်

ဘောလုံးအသင်းပိုင်ရှင်

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၁၂

ဒေါ်စန်းစန်းရီ

စူပါဝမ်း ကုမ္ပဏီအုပ်စု

A&S International Co., Ltd.

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၁၃

အောင်ဇော်ရဲမြင့် (ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား)

ရေတံခွန် ဆောက်လုပ်ရေးကုမ္ပဏီ

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၁၄

စစ်တိုင်းအောင် (သစ်တောဝန်ကြီးဟောင်း ဦးအောင်ဖုန်း ၏သား)

Suntac International Trading Co., Ltd.

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၁၅

စစ်သွေးအောင် (သစ်တောဝန်ကြီးဟောင်း ဦးအောင်ဖုန်း ၏သား)

Suntac International Trading Co., Ltd.

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၁၆

လွင်မိုး (ရုပ်ရှင်သရုပ်ဆောင်)

သတ္တုတွင်းကုမ္ပဏီပိုင်ရှင်

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၁၇

ဦးနေအောင်

(စက်မှု (၁) ဝန်ကြီးဟောင်း နှင့် ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးအောင်သောင်း၏သား)

အောင်ရည်ဖြိုးကုမ္ပဏီလီမိတက်၊

အမရ ဘဏ်၊

International Group of Entrepreneur (IGE) Co., Ltd.

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၁၈

ဦးပြည်အောင် (ဗိုလ်မှူးဟောင်း)

(စက်မှု (၁) ဝန်ကြီးဟောင်း နှင့် ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးအောင်သောင်း၏သား)

(ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သားမက်)

အောင်ရည်ဖြိုးကုမ္ပဏီလီမိတက်၊

International Group of Entrepreneur (IGE) Co., Ltd.

Queen Star Computer Company

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၁၉

ဦးဝင်းမြင့်

ကုန်သွယ်ရေးဝန်ကြီး၊

UMFCCI ၏ ဥကဋ္ဌဟောင်း၊

ရွှေနဂါးမင်းကုမ္ပဏီ၊ ဇေယျာရွှေမြေဘောလုံးအသင်းပိုင်ရှင်

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၂၀

အောင်ကျော်မိုး (ခေါ်) အောင်မိုးကျော်

International Brewery Trading Company

ဥဿာယူနိုက်တက်ဘောလုံး
အသင်းပိုင်ရှင်

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၂၁

ဦးခင်စိုး

အဏ္ဏဝါလွှမ်းကုမ္ပဏီလီမိတက်

ရန်ကုန်၊ ပဲခူး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၁၄ဆိုင် ဖွင့်ထား၊

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၂၂

ထွန်းနိုင်ရွှေ (ခေါ်) ထွန်းထွန်းနိုင် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏သား)

မြန်မာနိုင် အုပ်စု၊ ဂျေ အန် ဂျေ ကုမ္ပဏီ (J and J Company)

ရန်ကုန်၊ မန္တလေး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၆ ဆိုင်ဖွင့်လှစ်ထား၊

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၂၃

နေလင်းအောင်

(ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်၏သား)

နီလာရိုးမ ကုန်သွယ်ရေးကုမ္ပဏီ

ရန်ကုန်၊ မန္တလေး၊ ပဲခူး နှင့် ဧရာဝတီ ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၇ ဆိုင်ဖွင့်ထား၊

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၂၄

အောင်ဇော်နိုင် (ဦးအိုက်ထွန်း ၏သား)

အိုလံပစ်ဆောက်လုပ်ရေး နှင့် အင်ဂျင်နီယာရင်းကုမ္ပဏီ

အိုလံပစ်ကုမ္ပဏီလီမီတက်

ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၁၂ ဆိုင်ဖွင့်ထား၊

Hi-Star Company Limited

High Tech Concrete Co., Ltd.

Shwe Taung International

Golden Tri Star Co., Ltd.

Asia Royal Hospital

ငွေဆောင်ကမ်းခြေဟိုတယ် နှင့်အပန်းဖြေစခန်း

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၂၅

ဇော်ဝင်းထွန်း

(ပအို့လက်နက်ချ အောင်ခန်းထီ အုပ်စု၏ စီးပွါးရေးတာဝန်ခံ)

ရွှေသံလွင် ကုမ္ပဏီလီမိတက်

ပဲခူး ဒေသကြီး ၊ မွန်၊ ကရင်ပြည်နယ်များတွင် ဓာတ်ဆီဆိုင် ၁၂ ဆိုင်ဖွင့်ထား၊

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၂၆

ဦးဇော်လေး

ရေလုပ်ငန်းနှင့်ပင်လယ်ထွက်ကုန်များ ကုမ္ပဏီလီမိတက်

ရန်ကုန်၊ ပဲခူး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၆ ဆိုင်ဖွင့်ထား၊

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၂၇

တိုးနိုင်မန်း (ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၏ သား၊ ဇေကမ္ဘာဦးခင်ရွှေ၏ သားမက်)

Red Link Company Limited

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၂၈

နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်

(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏

မြေး)

အာဏာပိုင်များနှင့် စီးပွါးရေးသမားများအကြား ဆက်သွယ်အကျိုးဆောင်ပေးနေသူ

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၂၉

ဇော်ဝင်းရှိန် (စစ်ဥပဒေချုပ်ဟောင်း နှင့် ယခု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ၏မွေးစားသား)

ဧရာဟင်္သာကုမ္ပဏီလီမိတက်၊

ဒယ်လ်တာယူနိုက်တက် (Delta United) ဘောလုံးအသင်းပိုင်ရှင်

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၃၀

ဦးလှမောင်ရွှေ

မြန်မာငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ၊ မြန်မာ အီးဂရက်စ် (Myanmar EGress) ဒုဥက္ကဌ၊

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၃၁

ဦးချစ်ခိုင်

ဧဒင် ကုမ္ပဏီအုပ်စု၊

မြန်မာ့ဦးဆောင်ဘဏ်၊

မြန်မာ့ဆန်လုပ်ငန်းအဖွဲ့ ဥက္ကဌ၊

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၃၂

အောင်စိုးသာ (ဝန်ကြီးဟောင်း ဦးစိုးသာ၊ ယခု ကြံ့ဖွံ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ၏သား)

Myanmar Information and Communications Technology (Myanmar Infotech)

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

၃၃

ဒေါက်တာ တင်ထွန်းဦး

မြန်မာတိုင်း ဂျာနယ်၊ ပြည်မြန်မာဂျာနယ်၊ သုတစွယ်စုံမဂ္ဂဇင်း

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၃၄

ဒေါက်တာနေဝင်းမောင် (ခေါ်) အောင်ထက်

ကြော်ညာနှင့်ဈေးဝယ်လမ်းညွှန်

မဂ္ဂဇင်း၊

မြန်မာ Egress၊

The Voice Journal

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၃၅

မြတ်ခိုင်

လျှပ်တပြက်ဂျာနယ်၊

အချစ်ဂျာနယ်၊

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၃၆

ဇင်ယော်မောင်မောင်

(ရုပ်ရှင်ဒါရိုက်တာ)

ဇင်ယော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ၊ Envoy Journal

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၃၇

ဇော်မင်းအေး (ဒုဗိုလ်ချုပ်ကြီး တင်အေး ၏သား)

မိုးဆန်းပန်း မီဒီယာကုမ္ပဏီ၊
Ecovision Journal,

Massager Journal

Yangon Entertainment Co.

Ruby Mart Shopping Mall

အရေးယူပြီး

အရေးယူပြီး

အရေးမယူရသေး

၃၈

နန်းကလျာဝင်း (ခေါ်) ကလျာ

(ဒုဗိုလ်ချုပ်ကြီးဝင်းမြင့်၏ သမီး)

ပေါ်ပြူလာဂျာနယ်

ပေါ်ပြူလာ သတင်းဂျာနယ်

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၃၉

ကိုကို (စက်မှုတက္ကသိုလ်)

ရန်ကုန်မီဒီယာအုပ်စု၊

The Yangon Times

အတွင်းရေးမှူး၊ မြန်မာစာပေနှင့်စာနယ ဇင်းအဖွဲ့

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၄၀

သတိုးဟိန်း

မြန်မာဩဘာကုမ္ပဏီ

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၄၁

ဖြိုးကိုကိုတင့်ဆန်း (ဟိုတယ်နှင့်ခရီးသွားလာ

ရေးဝန်ကြီး ဦးတင့်ဆန်း၏သား)

A.C.E. ဆောက်လုပ်ရေးကုမ္ပဏီ

အရေးမယူရ

သေး

အရေးမယူရသေး

အရေးမယူရသေး

၄၂

ဦးရန်ဝင်း

A 1 ဆောက်လုပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ

အရေးယူပြီး

အရေးမယူရသေး

အရေးမယူရသေး

0 comments: