BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, August 29, 2014

အမှတ်တရနေ့တစ်နေ့အကြောင်း





(သရုပ်ဖော် – အောင်ထက်)


အမှတ်တရနေ့တစ်နေ့အကြောင်း
အောင်ဒင်

အမှတ်တရနေ့တစ်နေ့မှာ
အဝေးကလာတဲ့လူတွေ
အနီးမှာပဲရှိပြီး မတွေ့ကြတဲ့လူတွေ
အမှတ်တရတွေ့ဆုံကြ
အမှတ်တရကြေကွဲကြ
အမှတ်တရနာကျည်းကြ
အမှတ်တရစကားတွေပြောကြ
လေးလေးနက်နက် အဓိဋ္ဌာန်တွေပြုကြ
အနာဂတ်အတွက် ပြင်ဆင်ချက်တွေရေးဆွဲကြ
ပြီးတော့
အဲဒီနေ့မပြီးဆုံးသေးခင်
ပင်မအခမ်းအနားကြီးထဲကနေ
အမှတ်တရထွက်ခွါကြ
ကိုယ့်အစုအဖွဲ့နဲ့ကိုယ်
တစ်နေရာရာမှာထပ်မံစုဝေးလို့
အမှတ်တရနေ့ကို ထပ်မံဂုဏ်ပြုကြ
အဲဒီနေ့နဲ့အဲဒီညကို
အဲဒီလို အမှတ်ရပြီးတဲ့နောက်
နောက်တစ်နှစ်မှာလည်း ထပ်မံအမှတ်ရကြဖို့
အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြပါကြောင်း…။။။

(ဩဂုတ် ၉၊ ၂၀၁၄)

(ခေတ်ရနံ့မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၄)

0 comments: