BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Sunday, November 23, 2014

လူတစ်ယောက်ရဲ့ ညနေခင်း



လူတစ်ယောက်ရဲ့ ညနေခင်း

အောင်ဒင်

မောတယ်
အသက်ရှူကြပ်တယ်
အနှစ်ငါးဆယ်ကျော်ရှင်သန်ခဲ့တဲ့ ဒီခန္ဓာကိုယ်ကြီးကို
တဖြေးဖြေးကျဉ်းမြောင်းလာတဲ့ နှလုံးသွေးကြောများက
သည်းသည်းမည်းမည်း တိုက်ခိုက်နေကြ…။

ဘာမှမခက်ပါဘူး
နှလုံးသွေးကြောကျဉ်းတာကို
ဆေးသွင်းပြီး ချဲ့လို့ရတယ်
လိုအပ်ရင် ခွဲစိတ်ကုသနိုင်တယ်
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
အဆုတ်၊ ကျောက်ကပ်၊ နှလုံး
အားလုံးကို အစားထိုးကုသနိုင်တယ်
အရက်တော့ ဖြတ်ရမယ်…တဲ့…။

ခက်တာက နှစ်ခုပဲရှိပါတယ်
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
ပိုက်ဆံကို ကျောက်ခဲလေးတွေနဲ့ အစားထိုးသုံးစွဲလို့ မရသေးတာရယ်
ရှာဖွေနိုင်သမျှကလည်း အရက်ဖိုးလောက်ပဲ ရှိတာရယ်
မောတယ်…။

(နိုဝင်ဘာ ၂၃၊ ၂၀၁၄)

0 comments: