BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, December 7, 2015

တိုးတက်ပြောင်းလဲနေသော ခေတ်

(ခေတ်ရနံ့၊ ဒီဇင်ဘာလ၊ ၂၀၁၅)



တိုးတက်ပြောင်းလဲနေသော ခေတ်
အောင်ဒင်

မိဘနှစ်ပါး ချန်ထားရစ်ခဲ့တဲ့
မြို့လယ်ခေါင် လမ်းမကြီးနဘေးက
ပေ ၆၀ ပတ်လည် အိမ်နဲ့မြေကွက်ကို
ဗမာစကားမပြောတတ်တဲ့
မြန်မာနိုင်ငံသားအသစ်များထံ ရောင်းချပြီး
မောင်နှမ ၅ ယောက်အမွေခွဲယူကြတော့
ကျနော်က
ရပ်ကွက်အတွင်း၊ လမ်းကျဉ်းကျဉ်းကလေးထဲမှာ
၁၀ ပေကျယ်တဲ့ အိမ်ကလေးတစ်လုံး
အပိုင်ရလိုက်တယ်…။

နောက် အနှစ်နှစ်ဆယ်ကြာတဲ့အခါ
အဲဒီ ၁၀ ပေအိမ်ကလေးကို
ကျနော့် သားသမီး ၃ ယောက်
ရောင်းချပြီး အမွေခွဲကြလိမ့်မယ်
သူတို့တွေ တစ်ယောက် ဘယ်လောက်စ်ီရကြမလဲ
ကျနော် စိတ်ပူမိတယ်
အဲဒီလို  အမွေခွဲနိုင်ဖို့တောင်
အဲဒီ အချိန်ထိ
ဒီအိမ်ကလေး ကျန်ရစ်ပါ့မလား
ဪ၊ မစဉ်းစားတာပဲ ကောင်းပါတယ်…။

(နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၅)

 


0 comments: