BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Saturday, August 30, 2008

A Lifeboat of A Father and A Son


သားအဖ နှစ်ယောက် ရဲ့လှေ

အောင်ဒင်
(
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၄)

တောင်ကျချောင်းရေတွေက
ကျနော်တို့လှေကို တိုးဝင်
ရိုက်ပုတ်
နှစ်မြုတ်တော့မယ်
… အဖေ ..

ဟိုးတောင်ထိပ်မှာတော့
မိုးရိပ်တို့ ညို့မှောင်နေ
ရဲ့
ရွာခဲ့လို့ရွာခဲ့ပြီပဲ
….

ရေစီးသန်သန် လှိုင်းထန်ထန်မှာ
လှေနံရံကို ကျစ်ကျစ်ဆုပ်
ကျနော်တုန်လှုပ်နေပါပြီ ….

အလို
…
မျက်နှာမပျက်ပါလား …
တချက်မညိုးပါလား
မိုးနဲ့ရေစီးကြားကလှေ
လှေထဲက သားအဖ
ကျနော်က
… ကြောက်လန့်၊ တုန်လှုပ်၊ တွေဝေ .. လို့
အဖေက
အ
ရိုးအပြိုင်းပြိုင်းလက်များမှ
လက်ကျန်
ကြွက်သားနဲ့
လှော်တက်အားကိုး ရေကိုတိုး
သတ္တိမာန နိုးကြားနေရဲ့ ….

ကျနော်တွေးမိတယ်အဖေ
ကျနော့်မမွေးခင် အနှစ်လေးဆယ်မှာ
အဖေ့လှေ ဘယ်နှစ်ခါမှောက်ခဲ့ပြီးပြီလဲ
ရေစီးထဲက ဘဝမာနနဲ့
လူတယောက်ရဲ့ ထာဝရသတ္တိ
စိတ်ဓာတ်ကို သံမဏိနဲ့တည်ဆောက်
ရေအောက်နစ်မြုတ်ခဲ့ နာရီများအတွက်
အဖေ့မှာ အိပ်မက်မရှိဘူးထင်ရဲ့ ….

ဟုတ်ကဲ့
… အဖေ
ရေစီးတွေကြားထဲမှာ
မုန်တိုင်းထဲမှာ
အခက်အခဲတွေကြားထဲမှာ
ကျနော်လည်း
လှော်တက်မြဲမြဲ လှော်ရဲရမှာပ
စိတ်ချ အဖေ …
ကျနော်တို့လှေ မနစ်စေရဘူး
… ။



1 comments:

Anonymous said...

I LOVE THIS ONE! I LOVE MY DAD TOO!
PUBLISHED IN 1984. soo cool!
U R GREAT!
the name DATTA was that i heard from TYMW!
keep it up Man!!!