BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, August 30, 2008

A Poem of a Modern-Day Student

ကျောင်းသားကဗျာ

အောင်ဒင်
(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ အိုးဝေစာစောင်၊ ၁၉၈၈ အောက်တိုဘာ)


စာသင်ခန်းထဲမှာ
ကဗျာတစ်ပုဒ် စပ်ဖူးတယ်
….
စာသင်ခန်းထဲမှာ
ဗားတော့ဘရက် ဖတ်ဖူးတယ်

စာသင်ခန်းထဲမှာ
ဆေးလိပ်ခိုးသောက်ဖူးတယ်

စာသင်ခန်းထဲမှာ
ဆရာဆူတာခံရဖူးတယ်


စာသင်ခန်းထဲ
စာမေးပွဲဖြေရမှာကို ကြောက်
စာအမေးခံရမှာကို ကြောက်
ပျင်းစရာကောင်းတဲ့ ပြဋ္ဌာန်းစာအုပ်ကြီးတွေကို ကြောက်
ရင်း
ကျောင်းအတန်တန်ပြေးဖူးတဲ့ လူတစ်ယောက်
ခုတော့ …
စာသင်ခန်းထဲ ပြန်ရောက်ချင်တယ်
စာမေးပွဲတွေ ပြန်ဖြေချင်တယ်
စာသင်ခန်း
ငါလွမ်းတယ်ကွယ် ….

တောထဲတောင်ထဲမှာ
စာမေးပွဲမရှိ
စာသင်ခန်းမရှိ
ပြဋ္ဌာန်းစာအုပ်မရှိ
လက်နက်ကိုင်နည်းလမ်းနဲ့
ကြမ်းတမ်းတဲ့ငှက်ဖျားရောဂါပိုးတွေ ရှိတယ်
လူမျိုးစုတော်လှန်ရေးသမားတွေ ရှိတယ်
သူတို့တွေနဲ့ အတူလက်တွဲလို့
စစ်အာဏာရှင်တွေကို ရင်ဆိုင်မယ်
ဗမာပြည်ကို ကယ်တင်မယ်
အမိမြေကို ပြန်ရယူမယ်


ဒီမိုကရေစီရဲ့
ရွှေရောင်ဝင်းပတဲ့လမ်းမ
ငါတို့သွေးစက်များက လမ်းပြရှေ့ဆောင်
ပန်းပွင့်များအားလုံးအတွက် အောင်ပွဲ
ငါတို့သွေးနဲ့ လဲရမယ်
….

မဝေးလှတဲ့
အနာဂတ်ရဲ့ စာသင်ခန်းထဲ
ငါမရှိလည်း ငါရှိနေသလို
မင်းမရှိလည်း မင်းရှိနေသလို
သူမရှိလည်း သူရှိနေသလို


သူငယ်ချင်းတို့ရယ် ….
စွယ်တော်ရွက်တွေ ဝေတိုင်း
ငါတို့ကို သတိရပါ …
ကံ့ကော်ပွင့်တွေ ပွင့်တိုင်း
ငါတို့ကို သတိရပါ

သမဂ္ဂအဆောက်အဦသစ်ဖွင့်ပွဲ”
ငါတို့ဝိဥာဉ်တွေလည်း
ပါဝင်ဆင်နွဲပါရစေလား
…. ။ ။



4 comments:

Cho Wunna said...

အကိုရေ
ဘလော့ဂ်လုပ်တာ ကြာနေပြီလား။
တယ်ပိရိပါလားနော်။
လုံးဝမသိဘူး။ အခုလို အရင်တုန်းက ကဗျာလေးတွေ ပြန်တင်ပေးတာ ၀မ်းသာလိုက်တာ။ နေ့တိုင်းလာဖတ်မယ်။ နေ့တိုင်း အသစ်တင်ပါဗျို့။
ချစ်သော
ညီမ ချိုသင်း

MANORHARY said...

I have that poem..

Moe Cho Thinn said...

အကို
တန်းပလိပ်လေး အသစ်ပြောင်းသွားပါလား။ အရမ်းလှတာပဲ။ ရှဉ့်လေး တကောင်က အကိုဆိုရင် နောက်တကောင်က ဘယ်သူပါလိမ့် :))

Anonymous said...

this one was done in oct 1988!
thanks!
i was one of the them but very young!
SHIT! MAN, WHEN CAN WE GET BACK HOME?
FUCK THIS SHIT 20YEARS AND ON!!!